ဘရာဇီး ဒုတိယဂိုးကြီးကလက်မောင်းကြီးနဲ့ ဖမ်းထိန်းပြီးသွင်းသွားတာ၊
၈၃ မိနစ်မှာ ဖီဂိုနဲ့ ဇီဒန်းထပြန်တယ်၊ အနိုင်အရှုံးသေချာပြီဆိုပြီး၊
ရန်ဖြစ်တာတွေသူတို့မကြည့်လိုက်ရတော့ဘူး :D
ဒရောဂ့်ဘာက ခေါင်းကောင်းတော့ တစ်ဂိုးရသွားတယ်၊ ပျော်စရာကြီး အိုင်ဗရီကိုစ့်ကိုသနားလို့၊
ဘရာဇီးက ဟန်ဆောင်တယ်၊ လူချတယ်၊ အိုင်ဗရီကိုစ့်ကလဲ ပြန်ချ၊ ဟန်ဆောင်
ရန်တွေဖြစ်၊ ရန်တွေဖြစ်၊
ကာကာ က အ၀ါရပြီးသားကို တံတောင်ထပ်ကျွေးတယ်၊
အိုင်ဗရီကိုစ့်ကလဲ ကျောက်ဆောင်ကြီးနဲ့ ပစ်ပေါက်လိုက်သလိုလဲကျတယ်၊
ကာကာ နီသွားတယ်၊
ဘောလုံးရသသိပ်မြောက် မမြောက်တော့ မပြောတတ်ဘူး၊ နဲနဲလေးမှ အိပ်မငိုက်လိုက်ဘူး၊
ဘာပဲဖြစ်ဖြစ်
ကျေးဇူး ဘရာဇီး
ကျေးဇူး အိုင်ဗရိကိုစ့်
ဂွတ်နိုက်
4 comments:
ပိုရီရတာက ကာကာ ကျွေးလိုက်တာ ရင်ဘတ်ကို။ ဟိုဘက်ကလူက မျက်နှာကိုအုပ်ပြီး လဲကျသွားတယ်။
အခု တီဗွီကလာနေတယ်..
မနက်၂ခွဲ ထမကြည့်နိုင်ဘူး..
သူများအလှပျက်မှာစိုးး..
ခစ်ခစ်..
အို...........ဘာတွေလဲ .နားမလည်ဘူ.
ဘောလုံပွဲကိုပြောတာ..
အဲဒီကာကာက သူဘာမှ မသိသလိုလေးနဲ့ ပြေးဝင်လာတဲ့သူကို တတောင်နဲ့ တွက်ပစ်လိုက်တာ.. ဟိုလူကလည်း ဘာဖြစ်လို့ ပြေးဝင်လာလည်း မသိဘူး။ ဒီပွဲက ၂သင်းလုံး ကလေးဆန်သလိုပဲ။
Post a Comment