Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 12, 2012

လမ်းမပေါ်က အဖြူရောင်မယ်များ

                        အဖြူရောင် တီရှပ် ဆင်တူ အဖြူရောင် ဘောင်းဘီစက ဆင်တူ
                        ဖိနပ်အဖြူ ဆင်တူနှင့် လမ်းမတွေပေါ် နှစ်ယောက်တတွဲ
                        ငြိမ်းချမ်းစွာ လမ်းလျှောက်သွားနေတဲ့  အမျိုးသမီးထုကို
                       သင်မြင်ဖူးပါသလား။
မမြင်ဖူးပါဆိုရင် ကျူဘားက အမျိုးသမီးထု အကြောင်း ဖေါ်ထုတ်တင်ဆက် ပေးပါရစေ။



ကျူဘားအစိုးရနှင့် သဘောထား ကွဲလွဲဆန့် ကျင်သူ အမျိုးသမီးများဟာ အဖြူရောင် တူညီဝတ်စုံများ ၀တ်ပြီး မြို့တော် ဟာဗာနာက  စင်မြင့်တခုဆီ ချီတက်လမ်းရှောက်လို့ အင်အားပြခဲ့ကြတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလအထိပါဘဲ။ ဒါပေမဲ့ ရဲကားတွေရောက်လာပြီး အဓမ္မတင်ဆောင်ဆောင်ခေါ်ယူသွားတာမျိုးတွေ ရှိပါတယ်။ လို့ Amnesty International အဖွဲ့ ကြီးက ဆိုပါတယ်။ ၁၆ဆက်မြောက် ပုပ်ရဟန်းမင်းကြီး ဘီနီဒစ် ကျူဘားကို အလယ်အပတ် ဆိုက်ရောက်မလာမီ သီတင်းပတ်အကုန် မတ်လ ၁၆ရက် ၁၇ရက် က အမျိုးသမီးထု ခေါင်းဆောင် “ဘာသာဆိုလာ “အပါအ၀င် အဖြူရောင် တူညီဝတ် အမျိုးသမီး ၇၀ ကို ၃၈နာရီကြာ ကျူဘားအစိုးရက ကြိုတင်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်မှာ  အားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့  အဖွဲ့ ဝင် “မာဂလေ နာဗစ်” က သတင်းဌာနတစ်ခု သို့  ပြောပါတယ်။

ဒီအဖြူရောင် တူညီဝတ်စုံနှင့် အမျိုးသမီးများဟာ အဖွဲ့အစည်းတခုအနေနဲ့ထူထောင်ထားတာဖြစ်ပြီး နိုင်ငံရေးပြစ်ချက်နှင့် ဖမ်းဆီးအကျဉ်းကျခံရသူ ခင်ပွန်းသည်များ၏ဇနီးများ။ သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရသူ အကျဥင်္းကျခံရသူများနှင့် ဆွေမကင်းမျိုးမကင်း အမျိုးသမီးများနှင့် စုပေါင်းဖွဲ့ စည်းထားခြင်းဖြစ်တယ်။

ကျူဘား အာဏာပိုင် အဖွဲ့အစည်းရဲ့ ဒီလို ပြုမူ ဆောင်ရွက်ချက်တွေကို အမေရိကန်ကပြင်းပြင်းထန်ထန်  ပြစ်တင် ရှုံ့ ချလိုက်ပါတယ်။ ယူအက်စ်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ  “တော်မီဗစ်တာ” က ကျူဘားကွန်မြူနစ် အစိုးရဟာ အမျိုးသမီးတွေကို အဖက်မတန်သလို ဆက်ဆံခဲ့တဲ့အပြင် လူ့ အခွင့်အရေးကို မထေမဲ့မြင်ပြုမူလိုက်တာဘဲ” လို့  ဝေဖန်ထောက်ပြလိုက်ပါတယ်။ စပိန်ဘာသာစကားနဲ့ (Asociacion Damas de Blanco)လို့ ခေါ်တဲ့  အဖြူရောင် တူညီဝတ်အမျိုးသမီးများ အဖွဲ့ အစည်းထူထောင်ထားတာ ၉နှစ် ရှိပြီဖြစ်တယ်။ သူတို့ ဟာ တနင်္ဂနွေနေ့ တိုင်း (သီတင်းပတ်တိုင်း)မြို့ တော် ဟာဗာနာကလမ်းမကြီးများကနေ စင်မြင့်ဆီကို အဖွဲ့ လိုက် ချီတက် ပြီး တိတ်ဆိတ်ငြိမ်သက်စွာ အင်အားပြခဲ့ ကြတယ်။သူတို့ တောင်းဆိုကြတာက သူတို့ ရဲ့  ခင်ပွန်းသည်တွေ ဖခင် အကိုနဲ့ မောင်ငယ်တွေ တခြား ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုး ညာတကာတွေ  အကျဥင်္းကျခံနေရာမှ လွတ်မြောက်ရေးအတွက် ယခုလို အင်းအားပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ် တဲ့။

ဒီလိုပါဘဲ။ အဖြူရောင်တူညီဝတ်စုံ ဆင်မြန်းပြီး ချီတက် လမ်းလျှောက်သူ  အမျိုးသမီးများကို အာဏာပိုင်များဟာ မကြာခဏ ဖမ်းဆီး ခဲ့ပြီး ၁၂ နာရီ ၊ ၁၃ နာရီ၊ ၁၈ နာရီ စသည် ဟန့်တားနှိပ်ကွပ်ပြီးနောက်ပိုင်း  နာရီပိုင်းအတွင်း ပြန်လည်လွှတ်ပေးခဲ့တယ် လို့ နိုင်ငံတကာ အသိုင်းအ၀န်းက  ပြောပါတယ်။နာရီများစွာ နှောင့်ယှက် ဟန်းတားထားပြီး အခြားအရေးယူမှု တရားစွဲဆို မှု စသည် မပြုဘူးလို့ ဆိုပါတယ်။
၂၀၁၂ခုနှစ်အတွင်း ဇန်န၀ါရီ ၂၅ရက် ၊စက်တင်ဘာ၁၆ရက် ၂၅ရက် နှင့် မတ်လ ၁၉ရက်  နေ့ တွေ တုံးက လက်တင်အမေရိကနှင့် ကရစ်ဘီယဲန် တို့မှာ ဒီလို အသင်းလိုက် အဖွဲ့လိုက် ချီတက် တောင်းဆိုမှုတွေ ထောင်နှင့်ချီရှိခဲ့ပြီး တစုံတရာ အရေးယူခြင်းမပြုဘဲ နာရီပေါင်းများစွာ ဟန့်တားမှုများသာ ရှိခဲ့တယ်လို့ဆိုတယ်။ အဖြူရောင်ကို အသုံးပြုခြင်းကတော့ ငြိမ်းချမ်းခြင်းရဲ့ အမှတ်သင်္ကေတယူ ဖေါ်ညွှန်းတာလို့ ဆိုတယ်။ သူမတို့တတွေ အဓိကထား တောင်းဆို စည်းရုံးလှုံ့ ဆော်တာကတော့ နိုင်ငံရေးအကျဉ်းသမားများ လွှတ်ပေးရေးပါဘဲ။

၂၀၀၃ခုနှစ်က ကျူဘားကွန်မြူနစ်အစိုးရဟာ လူ့အခွင့်အရေးတောင်းဆိုသူများ၊လွတ်လပ်လိုသော ဂျာနယ်လစ်များ၊လွတ်လပ်လိုသော စာကြည့်တိုက်မှူးများ စသည် စုစုပေါင်း  ၇၅ယောက်ကို ၂၈နှစ်စီ် ထောင်ဒါဏ် အသီးသီးချမှတ်ခဲ့တယ်။ ကျူဘားအစိုးရကတော့  ဥပဒေကို ချိုးဖေါက်သူများအဖြစ်မြင်ပါတယ်။အမေရိကန်ဆီက ငွေကြေးအထောက်အပံ့ ယူပြီး ပြန်ပေးဆွဲ ခြင်း။ အကြမ်းဘက် လှုပ်ရှားခြင်းဖြစ်တယ် ။နိုင်ငံခြား သတင်းမီဒီယာတွေနှင့် ပူးပေါင်းတယ် စသဖြင့် ထုံးစံအတိုင်းစွပ်စွဲပြောနေတာပါဘဲ။
ဒီအမျိုးသမီးအဖွဲ့ အစည်း( Ladies in White) ဆိုတာ ကွန်မြူနစ် အစိုးရက နိုင်ငံရေးလှုပ်ရှားတက်ကြွသူများစွာကို  ဖမ်းဆီးအရေးယူခံရပြီး သီတင်းနှစ်ပတ်အကြာမှာ စတင် ဖွဲ့အစည်းထူထောင်ခဲ့တာဖြစ်တယ်။ သူတို့တတွေဟာ မြို့တော် ဟာဗာနာက စိန့်ရီတာ ဘုရားကျောင်းမှာ နိုင်ငံရေးအကျဉ်းသမားများအတွက် ဆုတောင်းဝတ်ပြုကြတယ်။ စီတန်းလမ်းလျှောက်ကြတယ်။ ၁၉၇၀ခုနှစ်များဆီက စစ်အာဏာသိမ်းမှုမှာ ပျောက်ဆုံးခဲ့ရတဲ့  ခလေးသူငယ်များအတွက် “အာဂျင်တိုင်း မာဒရီ ဒီ ပလာဇာ ဒီ မေယို” ဟာ အင်္ကျီကြယ်သီးပေါက်မှာ ပျောက်ဆုံးသွားတဲ့  ခလေးများရဲ့   ဓါတ်ပုံ တပုံစီ ချိတ်ဆွဲ ပြီး စီတန်းလမ်းလျှောက် ချီတက်ပြီး လမ်းတကာ အရောက်  လှည့်လည် သတင်းဖြန့်ချီခဲ့သလို  ယခု ကျူဘားအမျိုးသမီး အဖွဲ့ဝင်များဟာလည်း လူအများသိသာအောင် လမ်းမတွေပေါ်မှာ စီတန်း လမ်းလျှောက် သတင်းဖြန့် ချီနေခြင်းပါဘဲ။

၂၀၀၅ခုနှစ်မှာ နယ်စည်းမခြား သတင်းသမားများ၊ နိုင်ဂျီးရီးယား လူ့ အခွင့်အရေး စောင်ြ့ကည့်သူ ရှေ့ နေ “ဟူဝါ အီဘရာဟင်”  လေဒီ အင်ဝှိုက်  အမျိုးသမီးအဖွဲ့ ကို ဦးဆောင်လှုပ်ရှားသူ လေဒီအင်ဝှိုက် ငါးဦး စတာတို့ ကို ဥရောပ ပါလီမန်က  “Sakharov Prize” ဆုက ချီးမြှင့်ရာမှာ အခမ်းအနားကိုတော့ ပြင်သစ်နိုင်ငံ Syrasbourg မြို့မှာ ကျင်းပခဲ့တယ်။  မြန်မာနိုင်ငံက လူထုခေါင်းဆောင်  “ဒေါ်အောင်ဆန်းစုကြည်”ဟာလည်အလားတူ  အဲဒီဆုကို ၁၉၉၀ ခုနှစ်မှာ ရရှိခဲ့တယ်။ ဆုချီးမြှင့်ခံရသူ “လော်ရာ ပေါ်လင်” ကဒီဆုကိုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပြောခဲ့တယ်။
၂၀၁၀နိုဝင်ဘာမှာ အဖွဲ့ ဝင် “အိုင်ဗိုနီ” တို့  ဇနီးမောင်နှံဟာ “ဆာလောင်ခြင်း ငတ်မွတ်ခြင်း၊ ဆင်းရဲခြင်း ၇ပ်ပစ်” စတဲ့ ပို့ စတာတွေ  ကိုင်ဆောင်ပြီး  နဖူးစီးစာတမ်းများ နှင့် ပန်းခြံကို ချီတက်သွားကြရာမှာ ရဲ က ပိုစတာတွေ စာတမ်းတွေကိုသိမ်းယူဖျက်ဆီးကာ လက်ထိပ်ခတ်ပြီးရဲကားနှင့်တင် ခေါ်ဆောင်သွားတယ်။ မိန်းမကိုတော့ အမျိုးသမီးထောင်ကို တခါတည်း တန်းပို့ ပေမဲ့  တရားစွဲဆိုခြင်း ပုဒ်မ တပ်ခြင်းမရှိပါဘူး။ လူ့အခွင့်အရေး စောင့်ကြည့်သူ လေ့လာသူများက ဒါဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသက်သက်ပါ။ တစုံတရာ ဆူပူ သောင်းကြမ်းတာလဲ မရှိဘူး။ အကြမ်းဖက်တာမျိုးလည်းမရှိဘူးလို့  ဆိုပါတယ်။

ယူအက်စ် ဆီနိတ်တာ များဖြစ်တဲ့ “မာကို ရူဘီယို” နှင့် “ရောဘတ် မီနီဒက်ဇ်” တို့ က ဒါဟာ “ကက်စ်ထ ရို “ ညီနောင်တို့ ရဲ့ မဟာ အကြီးစား ရက်စက်မှုဘဲ  “ဲ လို့  မှတ်ချက်ချတယ်။  “မော်လီဇာ”   “မာတီနက်ဇ်” နှင့် “အယ်လ်ဗာရက်ဇ်” တို့ ဟာ ၅၂ရက် အကျဉ်းကျပြီး ဇန်န၀ါရီ ၂၅ရက်နေ့ မှာ လွတ်မြောက်လာကြတယ်။ စူးရဲ ကြမ်းတမ်းသော ပြစ်ဒါဏ်များပါလို့  ပြောပါတယ်။ သူတို့ ဟာ ဘာအကြမ်းဘက်မှုကိုမှ မကျူးလွန်ခဲ့ ပါဘူး ။တစုံတရာ ဆူပူမှု မရှိဘဲ တိတ်ဆိတ်စွာ မိမိဆန္ဒကို လမ်းလျှောက်ဆန္ဒပြရုံ ထုတ်ဖေါ်ပြသရုံဘဲ ရှိပါတယ်တဲ့။

ကျူဘား အစိုးရနှင့် သဘောထားဆန့်ကျင်ကွဲပြားသူ လေဒီအင်ဝှိုက် အဖွဲ့ တွင်ပါဝင်သူ “ဝေမာ ဗွိလာ မင်ဒိုဇာ  “ ကတော့  အစာငတ်ခံဆန္ဒပြရင်း ကွယ်လွန်သွားပါတယ်။ အဖွဲ့ ကို ဦးစီးသူ “ဘာသာ ဆိုလာ”အပါအ၀င် ဆန္ဒပြသူ အမျိုးသမီး ၇၀ တို့ ဟာ၂၀၁၀ခုနှစ် မတ်လ ၁၆ ၊ ၁၇ရက်တို့ က လည်း သူတို့ ရဲ့  လမ်းလျှောက် ဆန္ဒပြမှုကို လျို့ဝှက် ရဲက ခွင့်မပြုခဲ့ပါဘူး။အပြီးတိုင်  ခြေမှုံး ဟန့် တားနှောင့်ယှက်ခဲ့ပါတယ်။ ဒါဟာ အမျိုးသမီးတွေကို အထူး အလေးပေး နှိပ်ကွပ်ခြင်းဖြစ်တယ် လို့လည်း ကျွမ်းကျင်သူ နိုင်ငံေ၇း အကဲခတ်များကသုံးသပ်ပြော ဆိုကြပါတယ်။ လူ့ အခွင့်အရေး စောင့်ကြည့်သူများက ပုပ်ရဟန်းမင်းကြီး အလယ်အပတ်ရောက်ရှိချိန်မှာ ကျူဘားအစိုးရနှင့် ဒီအကြောင်း ထည့်သွင်းဆွေနွေးဖို့  မျှော်လင့်ခဲ့ကြပေမဲ့ ပုပ်ရဟန်းမင်းကြီးက လေဒီအင် ၀ှိုက် အဖွဲ့ ကို လက်ခံ တွေ့ ဆုံမှာ မဟုတ်ကြောင်းစောစောကတည်းက ကြိုတင် ကြေငြာထားပြီးဖြစ်တယ်လို့ သိရပါတယ်။         ။
Faces Magazine, June, 2012

Florist
1/5/2012

No comments: