၂၀ ရာစုမြေခွေးရဲ့ ထူးခြားဆန်းပြားပန်းခြံထဲမှာ

Source : CNN Travel
တောင်အာဖရိကမှ အတုအယောင်
တောင်ဖရိက၊ Bloemfontein မှ Emoya အဆင့်မြင်ဟိုတယ် Shanty Town အကြောင်းကို ဒီရက်ပိုင်းတွေမှာ ဘလောဂ့်တွေရဲ့သတင်းတွေမှာ အတွေ့များလာရပါတယ်။ Gizmodo ဘလောဂ့်က အဲဒီဟိုတယ်လေးကို “တကယ့် ဆင်းရဲငတ်မွတ်ခြင်းကို မမြင်မတွေ့လိုတဲ့ အဆင့်မြင့်ခရီးသွားတွေရဲ့ ဆင်းရဲသားရပ်ကွက်အတုအယောင်” လို့ အမည်ပေးလိုက်ပါတယ်။ Steven Colbert ကတော့စွဲမက်ဖွယ်ဆင်းရဲနွမ်းပါးခြင်း- Glumming (glamorous slumming)လို့ ဝေါဟာရသစ်ထွင်လိုက်တယ်။ ဆင်းရဲခြင်းကို ခံစားနိုင်အောင် ဟိုတယ်အခန်းတစ်ခန်းထဲမှာ လူ ၈ ယောက် တည်းခိုရမယ့်အိမ်လေးအဖြစ်ပြုလုပ်ထားတယ်။ တစ်ဒါဇင်ခန့်ရှိတဲ့ အခန်းငယ်လေးတွေကို သစ်သားအစအနတွေနဲ့ ဆောက်လုပ်ထားပြီး သတ္ထုသားနဲ့ အစင်းလိုင်းကြောင်းများဖော်ထားပါတယ်။ ဆင်းရဲသားတွေရဲ့ နေထိုင်မှု၊ ပျော်ရွှင်မှုတွေကို ပြန်ပြီးဖန်တီးယူကြည့်နိုင်အောင် ဒီအပမ်းဖြေစခန်းလေးက ဖန်တီးထားတာပါ။ စိတ်ငြိုငြင်စရာ ရာဇဝတ်ပြစ်မှုတွေမရှိဘူး၊ ရောဂါ နဲ့ ခပ်ညံ့ညံ့ မိလ္လာစနစ်မျိုးတွေတော့ ရှိမနေပါဘူး။ Shanty Town ရဲ့ ပတ်ဝန်းကျင်ရဲ့ ပတ်ဝန်းကျင်လုံခြုံစိတ်ရမှုအပြည့်လည်း ရှိနေမှာပါ။ ကြမ်းပြင်ရဲ့ အောက်ဘက်ကနေ အပူပေးတဲ့ စနစ်လည်း တပ်ဆင်ထားပြီး wireless အင်တာနက် သုံးနိုင်ဦးမယ်။ အဲဒီလို ပြည့်စုံမှုတွေရှိနေတော့ တကယ့်ဆင်းရဲသားရပ်ကွက်မှာနေထိုင်ရသလို အတွေ့အကြုံမျိုးမဖြစ်နိုင်ဘူးဆိုပြီး စိတ်တော့မပူလိုက်ပါနဲ့ဦးတဲ့။ Shanty Town လေးမှာ ပိုပြီးလက်တွေ့ကျစေမယ့်အရာတွေတောရှိနေပါတယ်။ ရေအိမ်အခန်းတွဲတွေကို အပြင်ဘက်မှာပဲတပ်ဆင်ထားပါတယ်။ အပူပေးဖို့အတွက်ကိုလည်း အိမ်ခန်းလေးတွေရဲ့အပြင်မှာ မီးလင်းဖိုနဲ့ အသုံးပြုရမှာပါ။ အခန်းတစ်ခန်းရဲ့ ဈေးနှုန်းက တစ်ညကို ၈၂ ဒေါ်လာကုန်ကျပါလိမ့်မယ်။ တချို့ကတော့မှတ်ချက်ပေးနေကြတယ်။ အဲဒီငွေပမာဏဟာ တောင်အာဖရိကရဲ့လတစ်ဝက်စာ လခ နဲ့ ညီမျှနေပါသတဲ့။
Source : CNN Travel
ကာတာက ဖွင့်လှစ်ပြသလိုက်တဲ့ ကမ္ဘာ့အကြီးဆုံး အလံ
ကာတာနိုင်ငံဟာ ၂၀၁၃ ကမ္ဘာ့အကြီးဆုံးအလံအတွက် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီအလံဟာ ၁၀၁၀၀၀ စတုရန်းမီတာကျော်ကြီးမားပါတယ်။ နှစ်စဉ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျင်းပနေကြဖြစ်တဲ့ ကာတာအမျိုးသားနေ့အခမ်းအနားအထိမ်းအမှတ်ပြုလုပ်ခဲ့ကြတာပါ။ Brooq မဂ္ဂဇင်း နဲ့ ကာတာရာယဉ်ကျေးမှုကျေးရွာတို့ ပူးပေါင်းပြီး စည်းရုံးလှုံ့ဆော်မှုကို ၂၀၁၃ စက်တင်ဘာနေ့က ပြုလုပ်ခဲ့ကြတယ်။ အလံရဲ့အမည်ကိုတော့ Flag of Gratitude and Loyalty လို့ ပေးထားခဲ့ကြတယ်။ အလံဟာ ၅၀၉ မီတာရှည်လျားပြီး အနံဗြက်အကျယ်ကတော့ မီတာ ၂၀၀ပါ။ အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ ၁၀၁, ၀၀၀ စတုရန်းမီတာခန့်ပါ။ Gulf Times သတင်းစာအရ လူပေါင်း ၂၀၀၀ ကျော်ခန့် ဒီစီမံကိန်းမှာပါဝင်ခဲ့ကြတယ်။ Brooq မဂ္ဂဇင်း နဲ့ ကာတာရာယဉ်ကျေးမှုကျေးရွာတို့ ပူးပေါင်းပြီး အလံပုံဖော်ခဲ့တြတာပါ။ ၂၀၁၃ မေလ ၂၇ နေ့မှာ ရိုမေနီးယားက လက်ရှိကမ္ဘာ့အကြီးဆုံးအလံဆုရရှိထားပါတယ်။ အလံကို ချုပ်တဲ့အခါမှာ ၄၄ မိုင်ရှည်ပါတယ်။ အလံအတွက် အစပိတ်သားကို ပေါ်လီအက်စ်တာအသားအသုံးပြုထားတယ်။ လူပေါင်း ၄၀၀ ခန့်ပါဝင်တဲ့ အုပ်စုဟာ စက်တင်ဘာလကတည်းက စတင်ပြုလုပ်ခဲ့ကြတာပါ။
Source : www.travelandtourworld.com
အန်းကောဝပ်မှာ ခရီးသည်များပြားလှစွာ
ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင်ဖြစ်တဲ့ ကမ္ဗောဒီးယားနိုင်ငံမှ အန်းကောဝပ်ဘုရားကျောင်းကို ရောက်ရှိခဲ့ကြတဲ့ နိုင်ငံတကာကမ္ဘာလှည့်ခရီးသွားတွေအရေအတွက်ဟာ ၂၀၁၃ ရဲ့ ပထမ ၁၁ လမှာပဲ ခန့်မှန်းခြေအားဖြင့် ၁.၉၈ သန်းခန့်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဲဒီကာလအတွင်းမှာ ၁.၈၃ သန်း ရှိခဲ့တာပါ။ ခရီးသွား ၈ ရာခိုင်နှုန်းပိုပြီးမြင့်တက်ခဲ့ပါတယ်။ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ဂျပန် နဲ့ ထိုင်းခရီးသွားတွေအများဆုံးလာရောက်ကြတယ်လို့ Siem Reap ခရီးသွားဌာန ရဲ့ မှတ်တမ်းအရ သိရှိခဲ့ကြတယ်။ တရုတ်နိုင်ငံက ဘုရားကျောင်းတွေကို အလည်လာရောက်ခဲ့ကြတယ်။ တရုတ်နိုင်ငံနဲ့ တိုက်ရိုက်လေကြောင်းလည်း ရှိနေတာမို့ ခရီးသွားတွေပိုမိုများပြားခဲ့တာပါ။ ၂၀၁၃ ဒီဇင်ဘာလအစောပိုင်းမှာ Air China Province, ဒီဇင်ဘာနှောင်းပိုင်းမှာ ဘာလီ၊ ဘေဂျင်း၊ တရုတ် နဲ့ ကမ္ဗောဒီးယားရဲ့ Siem, national flag carrier, ကမ္ဗောဒီးယား Angkor Air Shanghai, China, Cambodia မှာ ပုံမှန်လေယာဉ်တွေချိတ်ဆက်ပြေးဆွဲပါလိမ့်မယ်။ အဲဒီ အန်းကောဝပ်ဆီကိုပျံသန်းမယ့် လေကြောင်းခရီးစဉ်အသစ်တွေဟာ တရုတ်ခရီးသွားတွေရဲ့ ခရီးပန်းတိုင်အဖြစ် ပိုပြီးဆွဲဆောင်စရာဖြစ်လာပါလိမ့်မယ်လို့ ဆိုတယ်။ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ၁၉၉၂ ခုနှစ်က မှတ်တမ်းတင်ထားခြင်းခံရတဲ့ အန်းကောရှေးဟောင်းသုတေသနဆိုင်ရာပန်းခြံဟာ ခရီးသွားတွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ဒေသဖြစ်ခဲ့တယ်။ ကမ္ဗောဒီးယားနိုင်ငံ၊ မြို့တော် Phnom Penh ရဲ့ Siem ဒေသ၊ အနောက်မြောက် ၃၁၅ ကီလိုမီတာမှာ တည်ရှိနေပါတယ်။ နိုင်ငံခြားသားတစ်ဦးအတွက် ဝင်ကြေးက တစ်နေ့ကို ဒေါ်လာ ၂၀ ဖြစ်ပြီး ရက်သတ္တတစ်ပတ်ခရီးဆိုရင် ယူအက်စ်ဒေါ်လာ ၆၀ ကနေ သုံးရက်ခရီးဆိုရင် ယူအက်စ်ဒေါ်လာ ၄၀ ပါ။ ပြီးခဲ့တဲ့နှစ်က၂၈ ရာခိုင်နှုန်းတစ်နှစ်ထက်တစ်နှစ် ခရီးသွားတိုးတက်လာခဲ့ပါတယ်။ ပင်လယ်ရပ်ခြားဧည့်သည်တွေ ၂ သန်း ခန့် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေကြတယ်။
Source : www.travelandtourworld.com
ဖြိုးဖြိုး
Living Fashion Magazine, February, 2013
No comments:
Post a Comment