Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 02, 2014

ကမ္ဘာ့ ၁၀ ခုမြောက် အမြန်ဆုံးတည်ထောင်နိုင်တဲ့မြို့


နေပြည်တော်ကို ၂ဝဝ၅ ခုနှစ်မှာ စတင်တည် ထောင်ခဲ့တယ်။ ကြက်ပြေးရွာရယ်လို့ လူသိများတဲ့ နေရာမှာ စိမ်းလန်းစိုပြည်တဲ့ လယ်ကွင်းတွေကို ရှင်းလင်းတည်ထားခဲ့တာပါ။  စတုရန်းမိုင် ၂၇၂၃၇၁ ကျယ်ဝန်းပါတယ်။ ပျဉ်းမနားမြို့ ရဲ့ အနောက်ဘက် ၂မိုင် ကွာဝေးတဲ့ နေရာဖြစ်ပြီး ရန်ကုန်မြို့နဲ့ မိုင် ၂ဝဝ ခန့် ဝေးပါတယ်။ ၂ဝဝ၇ခုနှစ် တပ်မတော်နေ့ ( Myanmar Aremed Forces Day = မြန်မာလက်နက်ကိုင်တပ် နေ့) မတ်လ ၂၇ ရက်နေ့မှာ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြို့တော်အမည်ကို နေပြည်တော်လို့ တရား ဝင် ကြေညာခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာတော့ အားလုံး ပြီးစီးသလောက် ဖြစ်နေပြီမို့ နေရာသစ်ကို ပြောင်းရွှေ့ အခြေချခဲ့နိုင်တယ်။၂ဝဝ၉ စစ်တမ်းအရ လူဦးရေ ၉၂၅,ဝဝဝ ရှိပါတယ်။ ရန်ကုန်၊ မန္တလေးပြီးရင် မြန်မာနိုင်ငံ ရဲ့ တတိယအကြီးဆုံး မြို့တော်ဖြစ်သလို ကမ္ဘာမှာလည်း ၁ဝခုမြောက် အမြန်ဆုံး တည်ထောင်နိုင်တဲ့ မြို့တော် လို့ ဆိုပါတယ်။ ရှေးအခါကတော့ မန္တလေးဟာ ရတနာပုံ မင်းနေပြည်တော် ဖြစ်ခဲ့တာပါ။

Asia World နဲ့ ထူးကုမ္ပဏီ အပါအဝင် ဆောက်လုပ်ရေးကုမ္ပဏီ ၂၅ ခုကို စစ်အစိုးရက ငှားရမ်း တည်ဆောက်စေခဲ့တာပါ။ ဗေဒင်ကိန်းခန်း အလိုအရ ၂ဝဝ၅ခုနှစ် နိုဝင်ဘာလ ၆ရက် နံနက် ၆နာရီ ၃၇မိနစ် မှာ အစိုးရဝန်ကြီးဌာနတွေကို စတင် ရွှေ့ပြောင်း နေခဲ့တာပါ။ နောက် ၅ရက်အကြာ နိုဝင်ဘာလ ၁၁ ရက် နေ့မှာတော့ နံနက် ၁၁ နာရီကစလို့ တပ်ရင်း၁၁ခုနဲ့ ဝန်ကြီးဌာန ၁၁ခုတို့က ဒုတိယအသုတ်ကွန်ဗွိုင်း အဖြစ် ထရပ်ကားအစီးပေါင်း ၁,၁ဝဝ နဲ့ ရန်ကုန်ကို စွန့်ခွာ ထားရစ်ပြီး ရွှေ့ပြောင်းသွားပါတယ်။ ၂ဝဝ၆ ခုနှစ် တပ်မတော်နေ့မှာ တော့ စစ်သည် ၁၂ဝဝဝ တို့ဟာ ဂျပန် တော်လှန်ရေးနေ့ နှစ်ပတ်လည် နေ့ အခမ်းအနားအဖြစ် စစ်အင်အား လှည့်လည်ချီတက် ပြသနိုင်ခဲ့တယ်။ 

မြန်မာနိုင်ငံရဲ့ ဘုန်းလက်ရုံး အာဏာနဲ့ သြဇာရှိခဲ့တဲ့ အနော်ရထာ ၊ဘုရင့်နောင် ၊ အလောင်းဘုရား မင်းသုံးပါး ကို ရည်ညွှန်းပြီး ကျောက်ရုပ် ထုဆစ်တည်ထားတာကို လည်း တွေ့မြင်နိုင်ပါတယ်။ ပဲခူးရိုးမနဲ့ ရှမ်းရိုးမတို့ အကြား တည်ရှိနေတဲ့ နေပြည်တော်ဟာ မြောက် ဘက်မှာ ချောင်းမကြီးဆည်၊ တောင်ဘက်မှာ ငလိုက် ဆည်၊ အရှေ့မြောက်ဘက် မှာတော့ ရေဆင်းဆည် တို့ကိုလည်း သွားရာက်လည်ပတ်နိုင်သေးတယ်။ ဝါသနာပါရင် ဆည်ထဲက ငါးတွေ ကိုယ်တိုင်မျှား၊ ကိုယ်တိုင် ဆည်ဘေးမှာ မိသားစုလိုက် ပျော်ပျော်ပါးပါး ကြော်စားနိုင်ပါသေးတယ်။

ကျွဲရှင်းရွာနဲ့ နီးတဲ့ ငါးလိုက်ဆည်က ငါးလိုက်ရေကန်မှာ ရေလွှာလျှောစီးလို့ရပါမယ်။ အပန်းဖြေ နားနေနိုင်ပါတယ်။ နေပြည်တော်နဲ့တော့ ၇ မိုင်ဝေးပါတယ်။နေရာ ထိုင်ခင်းကောင်းကောင်းရှိပါတယ်။ခရီးသွားဧည့်သည် တွေကတော့ နေပြည်တော်ကိုရောက်ရင် နေရာအနှံ့ သွားကြတာများပါတယ်။ နားနားနေနေပေါ့။ သင်္ကြန်ရက် 

များမှာဆိုရင် ပိုလို့ ပိုလို့ ပျော်စရာကောင်း သတဲ့။ ဂေါ့ဖ် ရိုက်ဖို့ ဝါသနာများပါခဲ့ရင် ရေပြာဂေါက်ကွင်းဆိုတာ အလွန်လှပ စိမ်းစို သန့်ရှင်းပါတယ်။ ပုံစံတူ ဗုဒ္ဓဂယာနဲ့ ဆာဖာရီဥယျာဉ်လည်း ရှိတယ်။

သားဖွား မီးယပ်နဲ့ ကလေးဆေးရုံ ရှိတယ်။ ခုတင် သုံးရာဆေးရုံ၊ ခုတင် တစ်ထောင် ဆေးရုံဆိုတာ ရှိ တယ်။တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားတို့မှာလည်း ဆေးရုံ သီးခြားစီရှိပြီးဖြစ်လို့ Health Care အတွက် စိတ်ချ နိုင်ပါတယ်။ လူထုဆက်သွယ်ရေးအတွက် CDMA မိုဘိုင်းဖုန်းတွေလည်း အသုံးပြုနိုင်ပါတယ်။ ၂၄နာရီ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိတဲ့ မြို့တော်ဖြစ်ပါ တယ်။ဘတ်စ်ကားလမ်း၊ ရထားလမ်း၊ လေကြောင်း လမ်းအပြည့်အဝ ဝန်ဆောင်မှုပေးနိုင်တဲ့ မြို့လည်းဖြစ် တယ်။ 

မြို့နယ်၊ ရပ်ကွက်တွေကို ဒီလိုအမည်ပေးထား တယ်။ ဇေယျသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဘောဂ သိဒ္ဓိ ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိ ရပ်ကွက်၊ ဥတ္တရသီရိ မြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်။

လှပတဲ့ ဝန်ထမ်းအိမ်ရာလေးတွေဟာ သူ့အဆင့် အတန်းနဲ့သူပါ။ အပြာရောင်ခေါင်မိုးက ကျန်းမာ ရေးဌာန ဝန်ထမ်းအိမ်တွေဖြစ်ပြီး အစိမ်းရောင်ခေါင်မိုးကလေး တွေကတော့ စိုက်ပျိုးရေးဌာနဝန်ထမ်းအိမ်ရာလို့ ဆိုပါ တယ်။ ရာထူးမြင့်တဲ့ ပုဂ္ဂိုလ်တွေက အိမ်ကောင်းကောင်းနဲ့ နေနိုင်ကြပြီး ဆင်းရဲသားတွေကတော့ ဒီလိုပါပဲတဲ့။

Florist
(Living Fashion Magazine, 2013)

3 comments:

မိုးယံ said...

သိဒ္ဓိမြိုနံမည်တွေနဲ့ မြို့တည်ထားတယ်။

လေဆိပ်ကြီးကတော့ မိုက်ပဲ။

မိုးယံ said...

သိဒ္ဓိမြိုနံမည်တွေနဲ့ မြို့တည်ထားတယ်။

လေဆိပ်ကြီးကတော့ မိုက်ပဲ။

sosegado said...

အဲဒီမြို့ကြောင့် လူတွေ တစ်ချို့ချမ်းသာသွားကြတယ်
အဆမတန်ကြွယ်ဝချမ်းသာသော ဝန်ကြီးတွေ ပေါ်လာခဲ့တယ်