Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, February 17, 2015

စိတ်ဝင်စားဖို့ အကောင်းဆုံး ကိုယ်ပါ

လူတွေကြားမှာ ကိုယ်က ပိုပြီးတော့ စိတ်ဝင်စားဖွယ်ဖြစ်နေရတာကို သူသူကိုယ်ကိုယ် ကြိုက်နှစ်သက်ကြမှာပါ။ ကိုယ်စွမ်းဉာဏ်စွမ်းနည်းနည်းပါးပါးလောက်ပဲ ထုတ်သုံးလိုက်တာနဲ့ ကိုယ့်ရဲ့ ရေပန်းစားမှုဟာ မားမားစွင့်စွင့်မြင့်သွားမယ်ဆိုတော့ ဘယ်လိုနည်းလမ်းလေးတွေဖြစ်နေမလဲ ကြည့်ရအောင်ပါ။
စကားတွေတောင်ရောက်မြောက်ရောက်မပြောပါနဲ့။ အကောင်းဘက်ကလည်းရှုမြင်ပါ။

Dilbert ကာတွန်းစာအုပ်ဖန်တီးရှင် အမေရိကန်သရော်စာ စာရေးဆရာ Scott Adams က ဒီရိုးရိုးရှင်းရှင်းအကြံဉာဏ်ကို ပေးထားပါတယ်။ " အပြောအဆိုခပ်ဖွာဖွာတွေကြောင့် ကိုယ့်ရဲ့လူသိများမှုကို လျော့ပါးစေတာကြောင့် စကားလုံး ကျစ်ကျစ်လစ်လစ် ရေး/ ပြောတတ်ပါစေတဲ့။ တတ်နိုင်သလောက် အကောင်းမြင်တဲ့ဘက်ကပဲ မကြာခဏ တွေး/ ပြောပေးပါ။ အဲဒါဟာ ကိုယ့်နဲ့အတူ အခန်းထဲမှာရှိနေကြတဲ့ ဘယ်သူ့ကိုမဆို စိတ်အထာကျစေတယ်။ စိတ်ငြိမ်းအေးကြည်နူးစေအောင် မြှင့်တင်ပေးနိုင်တယ်။ ကိုယ်က အကောင်းမြင်တဲ့ အသံအရည်အသွေး တည်ခင်းထားလိုက်တာနဲ့ပဲ အားလုံးကို စွဲဆောင်ထားမိလျက်သား အခြေအနေဖြစ်သွားစေတယ် တဲ့။

ကိုယ့်ရဲ့ သူရဲကောင်းလို ပြုမှုပါ။
ကိုယ်စိတ်အဝင်အစားဆုံးလူ ၁၀ ဦးရဲ့အမည်တွေကို ရေးချပါ။ နေရာတစ်နေရာမှာ ရပ်တည်နိုင်တဲ့ အဲဒီလူတွေရဲ့ ထူးထူးခြားခြားပင်ကိုယ်စရိုက်လက္ခဏာ ၃ ခု ကိုလည်း စာရင်းပြုစုထားပါ လို့ စာရေးဆရာ၊ ဆုရ blogger၊ NametagTV ထုတ်လုပ်သူ Scott Ginsberg က အကြံပြုပါတယ်။ ပြီးရင်တော့ သူတို့ရဲ့ပုံစံကို ကြည့်ပြီး ကိုယ့်ရဲ့မူပိုင်သရုပ်သကန်အဖြစ် ပေါင်းစပ်နိုင်မယ့်နည်းလမ်းရှာဖွေပေးပါ လို့ ဆိုတယ်။

"မင်းရဲ့ အကြောင်းပြောပြပါ" ဆိုတဲ့မေးခွန်းအတွက် ရှင်းရှင်းဘွင်းဘွင်းပဲဖြေပါ။
ကိုယ့်အကြောင်းဆိုတော့ ကိုယ်တိုင် အသေးစိတ်အတွင်းကျကျသိနှင့်နေပြီးသားပဲပေါ့။ ဒါပေမဲ့ အများကြီး ဇာတ်လမ်းအစုံအလင် ပြောမပြပါနဲ့။ ကိုယ့်ဘဝရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းလေးကိုပဲ အနှစ်ချုပ်လေးဖြေကြည့်ပေးပါ။ cocktail တစ်ခွက်ဖော်စပ်ရတာဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးယမကာတွေပေါင်းစပ်ထားတဲ့ cocktail တစ်ခွက်ပြင်ဆင်သလို ကိုယ့်ရဲ့ ဘဝထဲက ဒီလို ဇာတ်လမ်းဇာတ်ကွက် plot ၃ မျိုးမှာ တစ်ခုမဟုတ်တစ်ခုကိုတော့ အနည်းဆုံးထည့်ပေးဖို့ လိုအပ်မှာပါ လို့ စတန်းဖိုဒ့် စီးပွားရေးတက္ကသိုလ် ပရော်ဖက်ဆာ ချစ်ပ်ဟိသ် က အကြံပြုထားတယ်။ challenge Plot (ကိုယ် ဒီနေရာကိုရောက်ရှိဖို့ အတားအဆီးတစ်ခု အောင်မြင်ကျော်လွှားနိုင်တာ)၊ creativity plot (လမ်းရိုးလမ်းဟောင်းကြီးအတိုင်း မျောပါလုပ်ဆောင်မနေဖို့ ကိုယ်ဆုံးဖြတ်ခဲ့တာ) ဒါမှမဟုတ် connection plot (ကိုယ့်ကို မေးခွန်းထုတ်တဲ့သူ နဲ့ အဆက်အစပ်ရှိနိုင်တဲ့ အကြောင်းအရာကောင်းတစ်ခုခု ဥပမာ- ကျောင်းသူ/ ကျောင်းသားကောင်းဖြစ်ခဲ့တာ၊ အလုပ်ထဲမှာ တာဝန်ကျေသူ စသဖြင့် မေးခဲ့တဲ့ သူနဲ့ အပြန်အလှန်ချိတ်ဆက်ပြောဆိုနိုင်မယ့် ကိုယ့်ဘဝထဲက အကြောင်းအရာတစ်ခုခု) တို့ကို ရွေးချယ်ပြီး တိတိကျကျဖြေပေးပါ လို့ ဆိုပါတယ်။

မေးပါ၊ ပြီးရင် နားထောင်ပေးပါ။
တခြားမိတ်ဆွေရဲ့ ဝါသနာတွေ၊ မိသားစုအကြောင်းနဲ့ ပြင်ဆင်နေတဲ့ ခရီးအစီအစဉ်အကြောင်းလေးတွေက စတင်ပါ။ ကိုယ်က အဓိကဆွေးနွေးနိုင်မယ့် အကြောင်းအရာကို သိပြီဆိုရင် အဲဒီစကားစမြည်လမ်းကြောင်းအတိုင်း လိုက်သွားဖို့ပါပဲ။ အဓိကအကြောင်းအရာ မသိသေးဘူးဆိုရင်လည်း ပိုပြီးနားလည်လာအောင် မေးခွန်းတွေထပ်မေးပါ။ ပြီးတော့ အဖြေတွေပေါ်မှာ စိတ်ဝင်စားမှုပေးထားပါ။ စိတ်ဝင်စားဟန်ဆောင်တာမဟုတ်ဘဲ အမှန်တကယ် စိတ်ဝင်စားကြည့်ပါ။ 

စာဖတ်ပါ။
လူတွေ အားလုံး စေ့ဆော်တိုက်တွန်းနေကြသလိုပဲ စာများများဖတ်ဖို့ပါပဲ။ စာဖတ်ခြင်းဟာလည်း ကိုယ့်ရဲ့ ရေပန်းစားမှုကို မြှင့်တင်ပေးပါတယ်။ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ရေးချပြဖို့ မလိုလောက်အောင် ကိုယ်တို့သိထားကြတယ်။ ဒါပေမဲ့ ကိုယ်ဘယ်လို စာတွေဖတ်နေသလဲ။ သူတို့ ဘယ်လိုစာတွေဖတ်နေမလဲ စူးစမ်းကြည့်သင့်ပါတယ်။ (ဒီဆောင်းပါးကို ရေးသူကတော့ ညွှန်းဆိုချင်တဲ့စာအုပ်တွေ၊ စာရးဆရာ စာရင်းတွေကို ချပြလိုက်တယ်။)
နှစ်သစ်ကူးအားလပ်ရက်တွေ ရလာတဲ့အခါ ဒါမှမဟုတ် နှစ်သစ်မှာ စာတွေပိုပြီးတော့ ဖတ်ဖို့စိတ်ကူးထားမယ်ဆိုရင် ဒီစာရင်းလေးထဲက စာအုပ်/ စာရေးဆရာတွေဟာ စိတ်ဝင်စားစရာဖြစ်နေမှာပါ။ စူးစမ်းဖတ်ရှုနိုင်ကြရအောင် ဖော်ပြပေးလိုက်ပါတယ်။

ဖတ်ကြည့်သင့်တဲ့ ခေတ်ပြိုင်စာရေးဆရာ/မ များ

Daniel Woodrell
ကျော်ကြားတဲ့ဝတ္ထု - The Maid's Version 
ပထမဆုံးဝတ္ထု - The Death of Sweet Mister

Frederic Tuten 
ကျော်ကြားတဲ့ဝတ္ထု - The Adventures of Mao on the Long March နဲ့ Self Portraits
ပထမဆုံးဝတ္ထု - The Green Hour

Kate Bernheimer
ကျော်ကြားတဲ့ဝတ္ထု - Horse, Flower, Bird
anthologies
ပထမဆုံးဝတ္ထု - The Complete Tales of Ketzia Gold

Elizabeth Spencer
ကျော်ကြားတဲ့ဝတ္ထု - The Light in the Piazza
နောက်ဆုံးထုတ်ဝတ္ထု - Starting Over. 
ပထမဆုံးဝတ္ထု - The Light in the Piazza and Other Italian Tales

Diane Williams
ကျော်ကြားတဲ့ဝတ္ထု - Excitability
ပထမဆုံးဝတ္ထု - Vicky Swanky is a Beauty

Karen Tei Yamashita
ပထမဆုံးဝတ္ထု - I Hotel
Brian Evenson
ကျော်ကြားတဲ့ဝတ္ထု - Windeye, the novel Immobility
ပထမဆုံးဝတ္ထု - Fugue State

Terese Svoboda
ကျော်ကြားတဲ့ဝတ္ထု - Back Glasses Like Clark Kent, Bohemian Girl
ပထမဆုံးဝတ္ထု - Trailer Girl and Other Stories

Joan Wickersham
ကျော်ကြားတဲ့ဝတ္ထု - The Suicide Index: Putting My Father's Death in Order
ပထမဆုံးဝတ္ထု - The News from Spain

Percival Everett
ကျော်ကြားတဲ့ဝတ္ထု - Erasure
ပထမဆုံးဝတ္ထု - I Am Not Sidney Poitier

Kevin Canty
ကျော်ကြားတဲ့ဝတ္ထု - Where the Money Went, Everything
ပထမဆုံးဝတ္ထု - Everything

Steve Stern
ကျော်ကြားတဲ့ဝတ္ထု - The Book of Mischief

Christine Schutt
ကျော်ကြားတဲ့ဝတ္ထု - Prosperous Friends
ပထမဆုံးဝတ္ထု - Souls

Mary Miller
ကျော်ကြားတဲ့ဝတ္ထု - Big World
ပထမဆုံးဝတ္ထု - The Last Days of California

Robley Wilson
နောက်ဆုံးထုတ်ဝတ္ထု - Who Will Hear Your Secrets?
ပထမဆုံးဝတ္ထု - The World Still Melting

David Gates
ကျော်ကြားတဲ့ဝတ္ထု - Jernigan
ပထမဆုံးဝတ္ထု - Preston Falls

Merrill Joan Gerber
ကျော်ကြားတဲ့ဝတ္ထု - The Hysterectomy Waltz
ပထမဆုံးဝတ္ထု - The Kingdom of Brooklyn

Victoria Redel
ကျော်ကြားတဲ့ဝတ္ထု - Make Me Do Things, Loverboy
ပထမဆုံးဝတ္ထု - The Border of Truth

Michael Kimball
ပထမဆုံးဝတ္ထု - Big Ray

Paule Marshall
ကျော်ကြားတဲ့ဝတ္ထု - Praisesong for the Widow, Triangular Road. 
ပထမဆုံးဝတ္ထု - Brown Girl, Brownstones

Pamela Erens
ကျော်ကြားတဲ့ဝတ္ထု - The Virgins, The Understory
ပထမဆုံးဝတ္ထု - The Understory

Kyle Minor
ပထမဆုံးဝတ္ထု - Praying Drunk

Stuart Dybek
ကျော်ကြားတဲ့ဝတ္ထု - The Coast of Chicago, Paper Lantern
ပထမဆုံးဝတ္ထု - The Coast of Chicago

အခုပဲ ဖတ်ကြည့်သင့်တဲ့စာအုပ်တွေ
The Great Gatsby by F. Scott Fitzgerald
To Kill a Mockingbird by Harper Lee
On the Road by Jack Kerouac
Tell Me a Riddle by Tillie Olsen
Great Expectations by Charles Dickens
All Quiet on the Western Front by Erich Marie Remarque
War and Peace by Leo Tolstoy
The Heart is a Lonely Hunter by Carson McCullers
Native Son by Richard Wright
The Road by Cormac McCarthy
Frankenstein by Mary Shelley
A Good Man is Hard to Find by Flannery O'Connor
The Catcher in the Rye by J.D. Salinger
The Chroncles of Narnia by C.S. Lewis

အမြဲတမ်း စိတ်ထဲတရစ်ဝဲဝဲ မေ့မရတော့မယ့်စာအုပ်တွေ
The House on Mango Street by Sandra Cisneros
What's to Become of the Boy? by Heinrich Boll
Natural Histories by Guadalupe Nettel
The Possession by Annie Ernaux
In the Orchard, the Swallows by Peter Hobbs
The Big Sleep by Raymond Chandler
The Adventures of Mao on the Long March by Frederic Tuten
The Awakening by Kate Chopin
The Complete Tales of Lucy Gold by Kate Bernheimer
The Death of Ivan Ilych by Leo Tolstoy
Ravel by Jean Echenoz
Goings by Gordon Lish
Pedro Páramo by Juan Rulfo
The Mezzanine by Nicholson Baker
Deep Ellum by Brandon Hobson
For Colored Girls Who Have Considered Suicide, When the Rainbow is Enuf by Ntozake Shange
Into the War by Italo Calvino
John the Posthumous by Jason Schwartz

Source: 5 Easy Ways to Be the Most Interesting Person in the Room by Beth Dreher | CNN Livng

ဖြိုးဖြိုး

2 comments:

Lorem Ipsum said...

ဘန်နာမှာ အမီးလည်းပါချင်ပါတယ်ဗျို့ :P
အင်္ဂလိပ်စာအုပ်ဖတ်ဖို့ကြိုးစားနေတာ...အားရင် မဖြိုး list ထဲက ဖတ်ပါဦးမယ်း))) ရှဲရှဲနီ နီရှဲရှဲ

PhyoPhyo said...

အမီးပုံပေးပါ
ကျေးဇူးညီမ ဆု
အစ်မလည်းဖတ်ချင်တယ်။ ချင်တယ်။ တယ်။