Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, August 31, 2015

ဘ၀မှာ နေပျော်အောင်နေတတ်ဖို့

(မေမေ့ရဲ့စာ)
ပုပ်ရဟန်းမင်းကြီးရဲ့  အကြံပြုချက် ၁၀ချက်
Vermont Middlebury Colldge က စာရေးဆရာ ကဗျာဆရာ Jay Parini ဟာ “Jesus: The Human Face of God “ အမည်ပေးထားတဲ့ သခင်ယေရှူ အထုပ္ပတ္တိကို ရေးသားခဲ့တယ်။ twitter@Jayprini  မှာ ကြည့် နိုင်ပါတယ်။ ဒါဟာ စာရေးသူရဲ့  ထင်မြင်ချက် အယူအဆတွေ ပေါ်လွင် ထင်ဟပ်စေတဲ့ အရေးအသားများ ပါဝင်ပါတယ်။ သူက ဖွင့် ဟ ၀န်ခံထားတာကတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ငြိမ်းချမ်းမှုကို ကိုယ်တိုင် ရှာဖွေတီထွင်သင့်ကြောင်း ကျွန်တော်တို့ ကို တိုက်တွန်း လှုံ ဆော် နေတယ် လို့  ပြောပါတယ်။ အောက်ပါ အချက် ၁၀ချက် ဟာ ပုပ် ရဟန်းမင်းကြီးနဲ့ သူ့ရဲ့  အင်တာဗျူးထဲက  ပုပ်ရဟန်းမင်းကြီး အကြံပေး တိုက်တွန်းထားတဲ့ ခေါင်းစဉ်ငယ်  Live and Let live မှ အချက် (၁၀) ကို ဖေါ်ပြ ပေးလိုက်ပါတယ်။
ဘ၀မှာ နေပျော်အောင် နေတတ်ဖို့ 


၁) သင်ကိုယ်တိုင် ဖန်တီးပါ။
ဘ၀မှာ နေပျော်စေဖို့ ဆိုရင် “ငါသည် သင်တို့ အား ဆုံးဖြတ်စီရင်နိုင်ခွင့်မရှိ။ သင်တို့ ကိုယ်တိုင် သာ စီရင်ဆုံးဖြတ်ခြင်း ပြုရပေမည် ဖြစ်သည် လို့” ခရစ်တော်ရဲ့  အလိုအရ  ရှင်မာသဲ ကျမ်းစာက ( Matthew7:1)ဆိုထားတဲ့အတွက် မိမိ ဘ၀ကို မိမိ ငြိမ်းချမ်းပျော်ရွှင် စွာ နေထိုင်သွားလာ လှုပ်ရှားနိုင်ရန် မိမိ ကိုယ်တိုင်သာ ဖန်တီးရမည် ဖြစ်ပါတယ်။

၂) ပေးကမ်းပါ။
သင့်မှာ ရှိတာတွေ ပိုက်ဆံ ဖြစ်စေ အချို့အ၀က် ကို တပါးသူ အတွက် ပေးဝေ ထောက်ပံ့ပါ။ အစဉ်အမြဲ ရေသေကြီးလို ငြိမ်ထိုင်မနေပါနှင့်။ အလှူ အတန်းများနဲ့ ပျော်မွေ့ စေလိုတာပါ။

၃) ငြိမ်းချမ်းသာယာစွာ ပြုမူ လှုပ်ရှား နေထိုင်ပါ။ 
ပုပ် ဖရန်စစ်က ၂၀ရာစုနှစ်စောစောက အာဂျင်တိုင်းစာရေးဆရာ Ricardo Guiraldes ရဲ့ စကားကို အောက်ပါအတိုင်း ကိုးကားပြောဆိုပါတယ်။ တစ်ခုသွားရင် တစ်ခုလာပါလိမ့်မယ် တဲ့။ စီးနေတဲ့ မြစ်ရေဟာ ဘယ်တော့မှ မယုတ်လျော့ပါ တဲ့။ လမ်းလျှောက်ရာမှာ ချိန်ညှိ လျှောက်မှ ပေါ့ပါး လန်းဆန်းသလို ဘယ်ကိစ္စမဆို ညီမျှစွာ နေထိုင်ပါ။

၎) ပျော်ပျော်နေပါ။
 အနာဂတ်အတွက် စိုးရိမ်ပူပန်မှု သောကတွေ မထားပါနှင့်။ ခလေးတွေနှင့် ရော နှောထိတွေ့  ကစားပေးပါ။ပိုက်ဆံ ပိုက်ဆံ ဆိုတာကို အချိန်တိုင်း ခေါင်းထဲ မထားပါနှင့်။ သင့် အချိန်တွေကို ငွေကြေးရှာမှီးသိုလှောင်ဖို့ ကိစ္စချည်း အာရုံထဲမှာထား ဖြုန်းတီး မပြစ်ပါနှင့်။ 

၅) တနင်္ဂနွေနေ့သည် သင့်မိသားစုအတွက် သက်သက် ဖြစ်ပါစေ။
 ကျမ်းစာ ( Exodus 20:8) အရ  Honor the Sabbath ဂုဏ်ပြုသော အားဖြင့် ပညတ်တော် ဆယ်ပါးအတိုင်း လိုက်နာ ကျင့်ကြံ နေထိုင်ရမည်။ တစ်နေ့ခင်းလုံး ဘုရားကံတော့ ရှိခိုးပါ။ တရားထိုင်စိတ် အမှတ်နှင့်  အေးချမ်းစွာ နေပါ။ သင့်စိတ်ဝိညာဉ်ကို အနူးညံ့ဆုံး အပျော့ပြောင်းဆုံး ထားရှိပါ။ ဒါဟာ သင့် ကျန်းမာရေးအတွက်လည်း အကောင်းဆုံး ဆေးဝါးဆိုတာ မမေ့ပါနှင့်။ 

၆) ငယ်ရွယ်သူ ကလေးများအတွက် အလုပ်ရှာပေးပါ။
ဘယ်သူက လူငယ်တွေကို ပျော်ရွှင် ချမ်းသာအောင် အလုပ်ရှာဖွေ ပေးနိုင်မည်တဲ့လဲ။ ဟုတ်ပါတယ် ပုပ် ဖရန်စစ်ပြောတာ ဟုတ်ပါတယ်။ သာမန် ရိုးစင်းတဲ့ အလုပ်တွေမှာ လူငယ်များ ပါဝင်လှုပ်ရှားစေနိုင်ဖို့  ဆော်သြ ပေးတာမျိုး ဖြစ်နိုင်ပါတယ်။ မိမိတို့  ပတ်ဝန်းကျင်က ဗီဇအားဖြင့် ဆင်းရဲ မွဲတေမှု နိမ့်ကျမှု တွေနဲ့  လုံးထွေးနေရတဲ့ လူငယ်တွေရဲ့ဘ၀ကို မြှင့်တင်ပေးဖို့၊ အကောင်းဆုံး လုပ်နိုင်ဖို့  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆက်သွယ် လမ်းပြနေပါတယ်။ ဒါဟာ ကမ္ဘာ မြေကြီးပေါ်က အလေးစားထိုက်ဆုံးကိစ္စတခုဖြစ်ပါတယ်။ နိုင်ငံရေး စကားပြောလေကန်နေတာမျိုး မဟုတ်ပါဘူး တဲ့။ တချိန်လုံး အလုပ် အလုပ် အလုပ် ဆိုတာပဲ ပြောနေကြသူတွေအတွက် ထိုက်ထိုက်တန်တန် အလုပ်သမားကောင်းပေါ်ထွက်လာစေဖို့   ရည်ညွှန်းနေတာဖြစ်ပါတယ်။ အနာဂတ်အတွက် ကာင်းမြတ်တဲ့ သရုပ်ဖေါ်မှု ဖြစ်စေချင်ပါတယ်။ ချမ်းသာကြွယ်ဝဖို့ မလိုပါဘူး။ ရိုးသားဖြူစင်ဖို့ ပဲ လိုပါတယ် တဲ့။ သင်အမှန်တကယ် ပျော်ရွှင်ချင်တယ်ဆိုရင် တခြားသူတွေအတွက် အကောင်းဆုံး အလုပ် လုပ်ပေးပါ။

၇) သဘာဝ တရားကို အရေးထား လေးစားပါ တဲ့။ 
 လူတွေဟာ အဆင်အခြင်မရှိ တရားမဲ့ ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ ဒါမှ မဟုတ် သဘာဝ ဘေးအန္တရယ်ကြောင့်  သေကြေပျက်စီးကြတယ်။ ဒါဟာ အံ့သြစရာလား။ မဟုတ်ပါဘူးတဲ့။ ဒါနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အရေးတွေမှာ လှုပ်ရှားတက်ကြွသူ Henry David Thoreau  ပြောတာက လူအများစုမှာ  ငြိမ်းချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ဖို့  ကွဲလွဲတဲ့ အယူအဆတွေ ရှိနိုင်ပါတယ်။ တချို့ က တောထဲ တောင်ထဲ သွားနေကြတယ်။ အဆုံးစွန် တိတ်ဆိတ် အေးချမ်းမှုကို အလိုရှိကြတာကိုး တဲ့။ အမှန်ကသင့်ပတ်ဝန်းကျင်ကို သင်လေးစားရပေလိမ့်မယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင် မလုပ်မိစေဖို့ ပဲ။ မြစ်တွေ ချောင်းတွေ တောတွေ တောင်တွေကို တရားမဲ့ မပြုလုပ်မိစေဖို့  အရေးကြီးပါတယ်။ သဘာဝ အရင်းအမြစ်တွေ မပျက်သုဉ်းအောင် အမှိုက်သရိုက်တွေ စုပုံမနေအောင် ပတ်ဝန်းကျင်ကို ထိမ်းသိမ်း ပြုပြင် ပေးဖို့ ပဲ။ ဒါတွေ လုပ်ရပါမယ်။ ကျွန်နုပ်တို့ ရဲ့  စိတ်ဝိညာဉ်ကို ဖြူစင်စွာထားပြီး အလုပ်တွေ လုပ်ကြရပါမယ်။ 

၈) မကောင်းတဲ့ ကိစ္စမှန်သမျှ အလျှင်အမြန် ဖယ်ရှားသုတ်သင်ကြပါစို့။
ပုပ်ရဟန်းမင်းပြောတာတွေဟာ ဘာမှ ဆင်ခြေပေးစရာမရှိပါဘူး။  မိမိတို့  ကိုယ်တွင်းက စိတ်ဆိုး စိတ်ညစ်တွေ  မကောင်းတဲ့  အညစ်အကြေးစိတ်ဝိညာဉ်တွေ သိမ်းဆည်းမထားဘဲ  မြန်နိုင်သမျှ မြန်မြန်ထုတ်နှုတ်  ပြုပြင်လိုက်ကြရအောင်။  နေ့ စဉ်နေ့ စဉ် တွေ့ ကြုံ လာတတ်တဲ့ မကောင်းမှု ဒုစရိုက် တွေကို အဝေးသို့  လွှင့်ပြစ်သုတ်သင် ဖယ်ရှား လိုက်ကြရအောင်။ ဒါဆို သင်ကမ္ဘာကြီးနဲ့ အတူ တသားတည်းကျ တပြေးညီ ဖြစ် နေပျော် သွားပါလိမ့်မယ်။ 

၉) သင့် ဘာသာရေးကို ရှေ့ တန်းထား ဦးစားပေးဟောပြောခြင်း မလုပ်မိပါစေနှင့်။
မိမိကိုယ်ကို ဦးစားပေး ခြင်းသည် ကြီးစွားသော မှားယွင်း ဖေါက်ပြန်မှု ဆိုတာ သင် သိထားပါ။ ငါသည် ခရစ်ယာန်တယောက်ဖြစ်သည် ဟု အတ္တဖြင့် ပြောဆိုခြင်း မပြုပါနှင့်။ သူတို့ နည်း သူတို့ ဟန်ဖြင့်သာ ပေါ်လွင် ထင်ရှားသိသာ နိုင်ပါတယ်။ ရှင်မာဿဲ ကျမ်းစာမှာ သခင်ယေရှု က ဘာသာစကားတွေ ကွဲ လွဲ မှု ရှိတယ်။ မိမိဘာသာကို ပို နှစ်သက် တယ် ဆိုတာမျိုး အထင်မရောက်စေချင်ပါနှင့် တဲ့ (Matthew28:16-20)
စိတ်လွန်ကဲမှုကို လျှော့ချပြီး သမာသမတ်ရှိစေဖို့ ဟောပြောထားပါတယ်။

၁၀) ငြိမ်းချမ်းရေးအတွက်  အလုပ်လုပ်ပါ တဲ့။ 
ဒီဟာက ပုပ်ရဟန်းမင်းကြီး ဘုရင်ဂျီ တက္ကသိုလ် မှာ ဟောပြောစဉ်က စကားပါ။ ဂျေရူဆလင်မှာ ဂျူးတွေ ပါလက်စတိုင်းတွေကိုလည်း အတူတကွ  ညီညွှတ်မျှတစွာ ငြိမ်းချမ်းနေထိုင်စေချင်တာပါ။ သူက ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ကြပါ တဲ့။ သခင်ယေရှု ရဲ့ ဆုံးမ သြ၀ါဒကို လေးစားလိုက်နာပါ တဲ့။ သခင်ယေရှုသည် ငြိမ်းချမ်းရေးကို ဖေါ်ဆောင်လုပ်ကိုင်ကြသူများအား  မလွဲမသွေကောင်းချီးမင်္ဂလာ ကျရောက်စေမှာ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက ဒုက္ခသည်တွေအတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေဖေါ်ဆောင်ကြရပေလိမ့်မယ်။ ဆာမွန် တောင်တန်းပေါ်က အပေါ်ယံမဟုတ်တဲ့ အတွင်းကျကျ ငြိမ်းအေးချမ်းသာမှုကို ရရှိဖို့  ပညတ်တော် ဆယ်ပါးကို လေးစား လိုက်နာဖို့  အရေးကြီးပါတယ် တဲ့။ လူသားတို့အတွက် အမှန်တကယ် လိုအပ်နေတဲ့ ငြိမ်းချမ်း သာယာမှုကို သမာဓိစိတ်ဓါတ်နဲ့ လက်တွေ့ ကျကျဖေါ်ဆောင်ဖို့သာလိုအပ်တယ် လို့  ပုပ်ရဟန်းမင်းကြီးက ဆုံးမသြဝါဒပေးထားပါတယ်။          ။

Source: Pope France laid out 10 points plan for happiness | CNN

Florist
(Living Fashion Magazine, 2015)

No comments: