သိထားသင့်တဲ့ ဂရိကြွေးမြီအကြောင်း
ဂရိနိုင်ငံရဲ့ တအုံနွေးနွေးဖြစ်နေခဲ့တဲ့ စီးပွားရေးအကျပ်အတည်းဟာ နောက်ဆုံးတော့ ပွက်ပွက်ဆူသွားခဲ့ပြီ။ နိုင်ငံရေးရော ဘဏ္ဍာရေးပါ အတွေ့အကြုံများများစားစားရလိုက်ပါပြီ။ ATM စက်ကနေ ငွေသားထုတ်ယူနိုင်ဖို့ ဂရိနိုင်ငံသားတွေ အခက်ကြုံခဲ့ရတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာတင်ရှိနေတဲ့ ဂရိရဲ့ ကြွေးမြီတွေရှင်းလင်းပေးဖို့ ပျက်ကွက်မှုဟာ နိုင်ငံတွင်းမှာလွှမ်းမိုးမှုတွေဖြစ်လာတော့တယ်။ ဂရိနိုင်ငံရဲ့ ထူးကဲလာတဲ့ဖြစ်စဉ်တွေဟာ ဥရောပရဲ့ အလွန်ခိုင်မာအားကောင်းပုံရနေတဲ့ တစ်ခုတည်းသောယူရိုငွေကြေးကို စွန့်ခွာလိုက်ဖို့ အတင်းအကျပ်တွန်းအားပေးသလိုဖြစ်နေပါပြီ။ အလွမ်းဇာတ်အားလုံးမှာကြည့်လိုက်ရတာက ဂရိဟာ တော်တော်သေးနုပ်နေပြီး စီးပွားရေးအရလည်း အရေးမပါလှတဲ့နိုင်ငံလိုဖြစ်နေတော့တယ်။ ဂရိအကျပ်အတည်းနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေအများကြီးထဲမှာ ဂရိနိုင်ငံအကြောင်း တကယ့်ကိုသိချင်တယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုအပ်ပါတယ်။
၁. ယူရိုဇုံဟာ စီးပွားရေးပိုင်းမှာ ညံ့ဖျင်းတဲ့အယူအဆမျိုး
ဂရိရဲ့ ဘေးဒုက္ခထွက်ပေါ်လာတာကြောင့် တစ်ယောက်ယောက်ကို အပြစ်မတင်ခင်မှာ ယူရိုဇုံရဲ့ အခြေခံရပ်တည်ချက်(အယူအဆ)ဟာ ဆိုးဆိုးဝါးဝါးအားနည်းချက်ရှိနေတယ်ဆိုတာ နားလည်ထားဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးသဘောတရားကွဲလွဲတဲ့အယူအဆရှိတတ်ကြတဲ့ နိုင်ငံခြားရေးလေ့လာသူတွေတောင် တညီတညွတ်တည်းပြောလာတာက ကွဲပြားခြားနားနေတဲ့ဥရောပနိုင်ငံတွေကို အုပ်စုတစ်စုထဲပါဝင်စေပြီး တစ်ခုတည်းသောငွေကြေးကို သုံးစွဲစေကြတယ်။
အဲဒါ မျက်ရည်တွေနဲ့ပဲ အဆုံးသတ်သွားနိုင်တယ်တဲ့။ အရာအားလုံးပြိုလဲကျမသွားခင်အချိန် ၂၀၀၉ ခုနှစ်၊ ယူရိုဇုံကာလ သိပ်ပြီးမပျံ့နှံ့သေးခင်မှာ European Union ဟာ ပျက်ရယ်ပြုထားတဲ့ စီးပွားရေးစာတမ်းတစ်စောင် ထုတ်ခဲ့ဖူးတယ်။ "The euro: It can’t happen, It’s a bad idea, It won’t last. US economists on the EMU, 1989-2002" ခေါင်းစဉ်နဲ့ပါ။ (အဲဒီစာတမ်းကို အီးယူကော်မရှင် စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ ဒါရိုက်တာပိုင်းက Lars Jonung, Eoin Drea၊ လက်တွဲဖော်ကျွမ်းကျင်သူတွေပူးပေါင်းရေးခဲ့ကြတာပါ။ ဝန်ထမ်းတွေရဲ့လုပ်ဆောင်ခဲ့ကြတဲ့ နည်းပညာပိုင်းပိုပြီးသတိပြုမိစေဖို့နဲ့ ထင်မြင်ယူဆချက်၊ အကြံပြုချက်တွေရှာဖွေဖို့လို့ ဆိုပါတယ်။ ဒီစာတမ်းဟာ အီးယူကော်မရှင်အယူအဆမဟုတ်တာကြောင့်၊ အကြံပြုချက်တွေကို Lars Jonung နဲ့ Eoin Drea တို့ဆီတိုက်ရိုက်ပေးပို့ကြဖို့ စာတမ်းမှာ ဖော်ပြထားတယ်။) အီးယူငွေကြေးထိန်းချုပ်ရေးယူနီယံဟာ ညံ့ဖျင်းတဲ့အယူအဆဖြစ်ပြီး EU ရဲ့ လုပ်ဆောင်ချက်တွေကို မရပ်တန့်နိုင်ခဲ့ဘူး။ အခက်အခဲတွေအများကြီးပဲဖြစ်ပွားစေခဲ့ပေမယ့် ယူရိုဇုံက ပြိုလဲမသွားပါဘူး။ အဲဒါဟာ အမေရိကန်တွေ ခန့်မှန်းထားတဲ့အချက်တွေထဲက ဆိုးဆိုးဝါးဝါးအလွဲတစ်ခုပါ။ အခြေခံပြဿနာကတော့ တော်တော်လေးရိုးရှင်းပါတယ်။ အဖွဲ့ဝင်နိုင်ငံရဲ့ စီးပွားရေးယိမ်းယိုင်တုံ့ဆိုင်းလာတဲ့အခါ အဲဒါကို ထိန်းညှိဖို့အလွယ်ဆုံးနည်းတွေထဲက တစ်ခုက အဲဒီငွေကြေးကိုတခြားနိုင်ငံက ငွေကြေးနှုန်းနဲ့ နှိုင်းယှဉ်တာကို ငြင်းဆန်ဖို့ပါ။ အဲဒါဟာ နိုင်ငံသားတွေရဲ့ ဝယ်ယူသုံးစွဲနိုင်တဲ့အားလျော့ကျစေတယ်။ တခြားဆိုးတဲ့သတင်းမျိုးတော့ ရှိမလာပါဘူး။ ဒါပေမဲ့ တခြားပြောင်းပြန်မြှင့်တက်လာနိုင်တာက နိုင်ငံရဲ့ ထုတ်ကုန်တွေနဲ့ ခရီးသွားလုပ်ငန်းပါ။ ဈေးကျဆင်းလာတဲ့ကုန်ပစ္စည်းကို အမှာစာများများပို့ကြမယ်။ ခရီးသွားလာဖို့လည်း ဈေးသက်သာတော့ ခရီးသွားတွေက ဒီနိုင်ငံကို ပိုပြီးရွေးချယ်လာကြတယ်။ အဲဒါမျိုးတွေမှာ မြင့်တက်လာနိုင်တယ်။ နိုင်ငံတွင်းဖြစ်တဲ့ စီးပွားရေးအကျပ်အတည်းကို တုံ့ပြန်ဖို့ ကုန်ပစ္စည်းထုတ်လုပ်ဖို့ လူတွေပိုလိုမယ်။ ဒါပေမဲ့ ယူရိုဇုံနိုင်ငံတွေသတ်မှတ်ထားတဲ့ ငွေကြေးယူရိုနှုန်းနဲ့ လစာဆက်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ အလုပ်လက်မဲ့တွေအများကြီးဆိုတဲ့ အချိန်ကာလရှည်ကြာလာတော့တယ်။ အဲဒါဟာ ဂရိမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေပါ။
အဲဒါ မျက်ရည်တွေနဲ့ပဲ အဆုံးသတ်သွားနိုင်တယ်တဲ့။ အရာအားလုံးပြိုလဲကျမသွားခင်အချိန် ၂၀၀၉ ခုနှစ်၊ ယူရိုဇုံကာလ သိပ်ပြီးမပျံ့နှံ့သေးခင်မှာ European Union ဟာ ပျက်ရယ်ပြုထားတဲ့ စီးပွားရေးစာတမ်းတစ်စောင် ထုတ်ခဲ့ဖူးတယ်။ "The euro: It can’t happen, It’s a bad idea, It won’t last. US economists on the EMU, 1989-2002" ခေါင်းစဉ်နဲ့ပါ။ (အဲဒီစာတမ်းကို အီးယူကော်မရှင် စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ ဒါရိုက်တာပိုင်းက Lars Jonung, Eoin Drea၊ လက်တွဲဖော်ကျွမ်းကျင်သူတွေပူးပေါင်းရေးခဲ့ကြတာပါ။ ဝန်ထမ်းတွေရဲ့လုပ်ဆောင်ခဲ့ကြတဲ့ နည်းပညာပိုင်းပိုပြီးသတိပြုမိစေဖို့နဲ့ ထင်မြင်ယူဆချက်၊ အကြံပြုချက်တွေရှာဖွေဖို့လို့ ဆိုပါတယ်။ ဒီစာတမ်းဟာ အီးယူကော်မရှင်အယူအဆမဟုတ်တာကြောင့်၊ အကြံပြုချက်တွေကို Lars Jonung နဲ့ Eoin Drea တို့ဆီတိုက်ရိုက်ပေးပို့ကြဖို့ စာတမ်းမှာ ဖော်ပြထားတယ်။) အီးယူငွေကြေးထိန်းချုပ်ရေးယူနီယံဟာ ညံ့ဖျင်းတဲ့အယူအဆဖြစ်ပြီး EU ရဲ့ လုပ်ဆောင်ချက်တွေကို မရပ်တန့်နိုင်ခဲ့ဘူး။ အခက်အခဲတွေအများကြီးပဲဖြစ်ပွားစေခဲ့ပေမယ့် ယူရိုဇုံက ပြိုလဲမသွားပါဘူး။ အဲဒါဟာ အမေရိကန်တွေ ခန့်မှန်းထားတဲ့အချက်တွေထဲက ဆိုးဆိုးဝါးဝါးအလွဲတစ်ခုပါ။ အခြေခံပြဿနာကတော့ တော်တော်လေးရိုးရှင်းပါတယ်။ အဖွဲ့ဝင်နိုင်ငံရဲ့ စီးပွားရေးယိမ်းယိုင်တုံ့ဆိုင်းလာတဲ့အခါ အဲဒါကို ထိန်းညှိဖို့အလွယ်ဆုံးနည်းတွေထဲက တစ်ခုက အဲဒီငွေကြေးကိုတခြားနိုင်ငံက ငွေကြေးနှုန်းနဲ့ နှိုင်းယှဉ်တာကို ငြင်းဆန်ဖို့ပါ။ အဲဒါဟာ နိုင်ငံသားတွေရဲ့ ဝယ်ယူသုံးစွဲနိုင်တဲ့အားလျော့ကျစေတယ်။ တခြားဆိုးတဲ့သတင်းမျိုးတော့ ရှိမလာပါဘူး။ ဒါပေမဲ့ တခြားပြောင်းပြန်မြှင့်တက်လာနိုင်တာက နိုင်ငံရဲ့ ထုတ်ကုန်တွေနဲ့ ခရီးသွားလုပ်ငန်းပါ။ ဈေးကျဆင်းလာတဲ့ကုန်ပစ္စည်းကို အမှာစာများများပို့ကြမယ်။ ခရီးသွားလာဖို့လည်း ဈေးသက်သာတော့ ခရီးသွားတွေက ဒီနိုင်ငံကို ပိုပြီးရွေးချယ်လာကြတယ်။ အဲဒါမျိုးတွေမှာ မြင့်တက်လာနိုင်တယ်။ နိုင်ငံတွင်းဖြစ်တဲ့ စီးပွားရေးအကျပ်အတည်းကို တုံ့ပြန်ဖို့ ကုန်ပစ္စည်းထုတ်လုပ်ဖို့ လူတွေပိုလိုမယ်။ ဒါပေမဲ့ ယူရိုဇုံနိုင်ငံတွေသတ်မှတ်ထားတဲ့ ငွေကြေးယူရိုနှုန်းနဲ့ လစာဆက်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ အလုပ်လက်မဲ့တွေအများကြီးဆိုတဲ့ အချိန်ကာလရှည်ကြာလာတော့တယ်။ အဲဒါဟာ ဂရိမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေပါ။
၂. ယူရိုအစောပိုင်းနှစ်တွေတုန်းက စီးပွားရေးကောင်းနေခဲ့တဲ့ ဂရိ
ယူရိုဇုံကိုပေးထားတဲ့ ဂရိတွေရဲ့ စိတ်လှုပ်ရှားဖွယ် စကားကတိကဝတ်နဲ့ ဂရိအပေါ် တွန့်တိုစေးနှဲလှတဲ့ ဥရောပရဲ့ သဘောထား အဲဒီနှစ်ခုလုံး နားလည်နိုင်ဖို့ဆိုရင် ဥရောပငွေထုတ်ချေးငှားတဲ့အုပ်စုရဲ့အစောပိုင်းကာလမှာ ဂရိစီးပွားရေး ခပ်ကြမ်းကြမ်းကောင်းခဲ့တာ နားလည်သဘောပေါက်ထားဖို့ အရေးကြီးပါတယ်။ ယူရိုငွေကြေး စတင်အသုံးမပြုခင်တုန်းက အမျိုးမျိုးအထွေထွေနိုင်ငံတွေရဲ့ အစိုးရတွေပေးတဲ့အတိုးနှုန်းတွေဟာလည်း အလွန်အမင်း ကွဲပြားကြတယ်။ ဘာကြောင့်လဲဆိုတော့ ငွေချေးသူတွေကလည်း ငွေတန်ဖိုးကျဆင်းတဲ့အရဲစွန့်စရာတွေ ရှိနေခဲ့တယ်ဆိုတာသိကြတယ်။ ဂရိရဲ့အခြေအနေသီးခြားပြောရရင် ဂရိဟာ စီးပွားရေးဆိုင်ရာမူဝါဒတွေ လျော့ရိလျော့ရဲဖြစ်လာခဲ့တော့ မတတ်သာတဲ့အဆုံး ငွေတန်ဖိုးချဖို့လိုအပ်တယ်လို့အကြီးအကျယ် ယုံကြည်ခဲ့ကြတယ်။ အဲဒါကြောင့်လည်းအတိုးနှုန်းမြင့်မြင့်တွေနဲ့ ဝန်ပိစေခဲ့ပါတယ်။ ယူရိုအသုံးပြုလာကြတော့ အဲဒီပူပန်မှုတွေ ပျောက်ကွယ်သွားခဲ့သလိုပါပဲ။ ဒါပေမဲ့ အမှားအယွင်းပါ။ ဂရိကို ချေးငှားထားကြတဲ့စာချုပ်တွေရဲ့ အတိုးနှုန်းဟာ ဂရိကို ဦးစိုက်ဂျွန်းပြန်ကျစေဖို့ပဲ ဦးတည်ခဲ့တာပါ။ ကြွေးမြီတွေပေးဆပ်ဖို့ပူပန်မှုတွေကြား ယူရိုကလည်း အစားထိုး ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။ အဲဒါဟာ ဂရိအစိုးရကိုရော၊ ဂရိပုဂ္ဂလိကပိုင်းကိုပါ ကြွေးမြီလောင်စာအဆုံးစွန် ဖြည့်ပေးလိုက်သလိုဖြစ်ခဲ့ပြီး ငွေကြေးချေးငှားမှုတွေမှာ ထိန်းမထားနိုင်တော့လောက်အောင်ဖြစ်ခဲ့ရတယ်။ ငွေချေးငှားသူရော၊ ငွေထုတ်ချေးသူပါ ဒါဘယ်လိုလဲ၊ ဘာလဲဆိုတာ အကောင်းဆုံးသိထားသင့်ကြတယ်။
၃. အမေရိက ကနေ သူ့ရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ ကန်တက်ကီကို ပြုမူဆက်ဆံသလို ယူရိုဇုံဟာ ဂရိကို မဆက်ဆံခဲ့ကြဘူး
မန်ဆာချူးဆက်စ်ပြည်နယ်ဟာ ကန်တက်ကီထက် ပိုပြီးချမ်းသာပါတယ်။ ကန်တက်ကီ အဲလိုဖြစ်နေတာကြာနေခဲ့ပြီး ပြောင်းလဲနိုင်မယ့်လက္ခဏာမရှိခဲ့ဘူး။ ကယ်လီဖိုးနီးယားက အီဒါဟိုထက် ပိုပြီးချမ်းသာတယ်။ အမေရိကရဲ့ ယူနိုက်တက်စတိတ်မှာ အခွန်ပေးဆောင်တဲ့စနစ်တစ်ခုဖြစ်တဲ့ ချမ်းသာတဲ့သူတွေကနေ ဆင်းရဲတဲ့သူဆီကို လွှဲပြောင်းပေးစေတဲ့အခွန်ပေးဆောင်တဲ့စနစ်မျိုးရှိနေခဲ့ကတည်းက ချမ်းသာတဲ့ပြည်နယ်တွေကနေ ဆင်းရဲတဲ့ပြည်နယ်ကို ငွေကြေးလွှဲပြောင်းပေးစေခဲ့တယ်။ ငွေကြေးအရွှေ့အပြောင်းမှတ်တမ်းသမိုင်းတွေအရ ကန်တက်ကီပြည်နယ်ဟာ မန်ဆာချုးဆက်စ်ကိုပေးရမယ့် ကြွေးမြီတွေ ပမာဏများနေခဲ့တယ်။ တစ်နေ့တော့ပေးကိုပေးရဖို့ လိုအပ်လာတယ်။ ဒါပေမဲ့ ကန်တက်ကီက မပေးနိုင်ခဲ့ဘူး။ မန်ဆာချုးဆက်စ်အစိုးရကလည်း ကန်တက်ကီအစိုးရကို ကြွေးမြီပြန်ပေးဖို့ ပြစ်တင်ဆုံးမ ချော့မော့ဖို့အချိန်မဖြုန်းနိုင်တော့ဘူး။ မန်ဆာချူးဆက်စ်ရဲ့ ပုံမှန်အလုပ်မလုပ်နိုင်တဲ့စီးပွားရေးစတိုင်လ်ကို အားပြန်ဖြည့်ဖို့ ဟောပြောပို့ချမနေနိုင်တော့ပါဘူး။ ဒီလိုအလေးထားမှုက ယူနိုက်တက်စတိတ်မှာပဲ ပြိုင်ဘက်ကင်းရှိနေတာတော့မဟုတ်ပါဘူး။ လန်ဒန်နဲ့ အရှေ့တောင်ဘက်မှာလဲ မြောက်ပိုင်းအင်္ဂလန်ကို ထောက်ပံ့အားဖြည့်ပေးတယ်။ မြောက်ပိုင်း အီတလီကလည်း တောင်ပိုင်းအီတလီကို ထောက်ပံ့ကြေးပေးတယ်။ အယ်လ်ဘာတာနဲ့ အွန်တရီယိုကလည်း အတ္တလန်တစ်ကနေဒါကို အားဖြည့်တယ်။ အရင်က အနောက်ဂျာမနီကလည်း အရှေ့ဂျာမနီဟောင်းကို ထောက်ပံ့ပေးခဲ့ကြပါတယ်။ အကြောင်းပြချက်ကတော့ တန်ဘိုးမြင့်စက်မှုလုပ်ငန်းတွေ သီးခြားနေရာတွေမှာပဲတည်ထောင်ထားမယ်ဆိုရင် တခြားဒေသတွေက လိုက်လို့မီနိုင်ကြတော့မှာ မဟုတ်တော့ ကွဲပြားမှုတွေကို ညှိယူကြတာပါပဲ။ နယူးယောက်၊ လန်ဒန်၊ ဖရန့်ဖာ့ထ်၊ မီလန် နဲ့ တိုရွန်တို တို့ဟာ နိုင်ငံတစ်ဝှမ်းလုံးကနေ အစွမ်းအစတွေထုတ်ယူဖို့ တာဝန်ယူကြတယ်။ မပေးနိုင်လို့ပျက်ကွက်ကြတဲ့ပေးစရာငွေတွေ ရှိနေတဲ့ ဆင်းရဲတဲ့ဒေသတွေဆွှီဲပြောင်းပေးကြတယ်။ အဲဒီ မဆုံးနိုင်တဲ့ ကွဲပြားမှုတွေညှိယူကြတဲ့လမ်းကြောင်းကို သိမြင်နိုင်ကြမှာပါ။ ဂျာမနီက အခွန်အခပေးသူတွေနဲ့ နယ်သာလန်သားတွေဟာ စီးပွားရေးတန့်နေတဲ့ ဂရိနဲ့ ပေါ်တူဂီ ကို ထောက်ပံ့ပေးဖို့လက်ခံရမှာပါ။ ဂရိတွေနဲ့ ပေါ်တူဂီတွေကို ရေးကြီးခွင်ကျယ်ပြစ်တင်မနေဘဲ အဓိကလိုအပ်တာကို ထောက်ပံ့ပေးသင့်ကြတယ်။ ဂျာမန်နဲ့ ဒတ်ခ်ျမဲပေးသူတွေဟာ အလုံးစုံသိမြင်နားလည်လွယ်လှတဲ့ ဒီအယူအဆနဲ့ပတ်သက်ပြီး မတက်ကြွကြဘူး။ သူတို့ဟာ ငွေလွှဲပြောင်းတဲ့နည်းမျိုးတွေကို နားလည်နိုင်မှုနည်းပါကြတယ်။ ဒါပေမဲ့ ငွေကြေးတစ်ခုတည်းကို အသုံးပြုနေကြတဲ့နိုင်ငံတွေအကြားထားရှိတဲ့ သဘောတူညီချက်-ငွေကြေးယူနီယံအတွက် ဒီလိုလုပ်ဖို့လိုအပ်တယ်။ ကျိုးကြောင်းဆီလျော်တယ်လို့တော့ ထင်မြင်ကြပါတယ်။
လက်ရှိအကျပ်အတည်းရဲ့ ဇာစ်မြစ်တွေဟာ ပြီးခဲ့တဲ့ဂရိကြွေးမြီအကျပ်အတည်းတွေကို ကရော်ကမယ်ကိုင်တွယ်စီမံခဲ့တဲ့အပေါ်မှာ မူတည်နေတယ်။ အိုင်းရစ်စီးပွားရေးပါရဂူ ကားလ်ဝီလန်က ပြောင်မြောက်တဲ့ခြုံငုံသုံးသပ်ချက်စာတမ်းတစ်စောင်ရေးခဲ့ပါတယ်။ ဂရိအကြောင်း ထဲထဲဝင်ဝင်သိလိုသူတွေအတွက်ရေးထားတာပါ။ ကျယ်ကျယ်ပြန့်ပြန့်လေ့လာထားတာတွေလည်းပါဝင်တယ်။
• ဂရိဟာ ဥရောပ ပုဂ္ဂလိက ဘဏ်တွေမှာ ငွေတွေအစည်းအပုံလိုက် အကြွေးတင်ပါတယ်။ အဲဒီကြွေးမြီတွေ မပေးနိုင်တော့ဘူး။
• ဂရိပျက်ကွက်ခဲ့တာထက် သူတို့ပိုင်ဆိုင်တဲ့ဘဏ်တွေက ဂရိအကျပ်အတည်းကို အာမခံနဲ့ဖြေလျော့ပေးဖို့ လိုအပ်တာလည်းဖြစ်နိုင်တယ်။ ဥရောပအစိုးရတွေဟာ ဂရိကို ကြီးမား(များပြား)လှတဲ့ချေးငွေတွေ ပေးခဲ့ကြတယ်။ ဂရိကနေ ဘဏ်တွေကို ကြွေးမြီတွေပြန်ပေးနိုင်ခဲ့ပါတယ်။
• ဂရိဟာ နိုင်ငံခြားအစိုးရတွေရဲ့ ပိုက်ဆံတွေအကြွေးတင်ကျန်ပြန်တယ်။ မပေးနိုင်တော့ပါဘူး။ ဥရောပအစိုးရတွေဆီမှာတင်ကျန်တဲ့ကြွေးမြီတွေကြောင့် နိုင်ငံရေးအရတိုးလျှိုးအောက်ကျို့ရတဲ့အနေအထားမျိုး ဂရိရင်ဆိုင်ရတယ်။
• အဲဒီအခြေအနေဟာ kicking the can down the road-လမ်းမပေါ်စည်သွပ်ဗူး ကန်ကျောက်နေရုံ(ဆုံးဖြတ်ချက်/ လုပ်ဆောင်ချက်တစ်စုံတစ်ရာမပြုလုပ်နိုင်ဘဲ နှောင့်နှေးကြန့်ကြာနေရုံ)နဲ့ပဲ နှစ်များစွာကြာမြင့်ခဲ့တယ်။ သေးသေးမွှားမွှားလုပ်ဆောင်ချက်လေးတောင် မပြီးမြောက်ခဲ့ပါဘူး။ ဂရိမှာ ကြွေးမြီတွေပေးနိုင်မယ့်နည်းလမ်းကင်းမဲ့ခဲ့သလို နိုင်ငံခြားအစိုးရတွေကလည်း ဂရိကို ထိန်းချုပ်နိုင်မယ့်နည်းလမ်းကင်းမဲ့ကြတာပါပဲ။
အဲဒီလိုလမ်းမပေါ်စည်သွပ်ဗူးကန်ကျောက်နေတာကို လူတွေကရပ်တန့်ဖို့ကြိုးစားလာကြတဲ့အခါ လက်ရှိအကျပ်အတည်းတွေ ဖြစ်ပေါ်လာတာပါ။ ဂရိအစိုးဟာ ဂရိပြည်သူတွေရဲ့ နှစ်သက်တဲ့အတိုင်းရွေးချယ်နိုင်ဖို့ ဖြစ်နိုင်ခြေရှိတာကို တောင်းဆိုတယ်။ ဂရိရဲ့ ဥရောပသမဂ္ဂမိတ်ဆွေတွေက သူတို့ရဲ့ပိုက်ဆံကိုလိုချင်ရင် ဂရိဟာ ကတိပေးထားတဲ့အတိုင်းပဲ နေထိုင်ရမယ်လို့ တောင်းဆိုကြတယ်။
၅. ဂရိမှာ ဦးဆောင်နေတဲ့ နိုင်ငံရေးပါတီ စီရီဇာ(Syrizia) ဟာ ဂရိမဲဆန္ဒရှင်တွေကို လိမ်ညာမဲရောင်းခဲ့တယ်။
၂၀၁၅ ရွေးကောက်ပွဲကာလမှာအနိုင်ရခဲ့တဲ့ စီရီဇာဟာ ဂရိမဲဆန္ဒရှင်တွေကြားချင်တဲ့စကားပြောခဲ့တယ်။ ခြိုးခြံနေခဲ့ရတဲ့ အိပ်မက်ဆိုးနဲ့ ပြင်ပနိုင်ငံရေးထိန်းချုပ်မှုတွေအောက်က လွတ်မြောက်မယ့်လမ်းကြောင်းအကြောင်း ပြောခဲ့တယ်။ ယူရိုဇုံက ထွက်ခွာဖို့တော့ မပါဝင်ခဲ့ဘူး။ အဲဒါ တကယ်မမှန်ခဲ့ပါဘူး။ အဲဒါတွေမှန်ကန်ဖို့ဆိုရင် ဥရောပသမဂ္ဂအစိုးရတွေဟာ ဒေါ်လာဘီလီယံများစွာတန်မယ့် ဂရိရဲ့blank check တွေမှာ လိုအပ်တဲ့ပမာဏ လိုအပ်သလောက်ရေးဖြည့်ဖို့ လိုလိုလားလားရှိနေရမှာပါ။ အဲဒီလိုနည်းစနစ်မျိုးမဟုတ်ပါဘူး။ တစ်ခါ ကန်တက်ကီဟာ မန်ဆာချုးဆက်ဆီက blank check တွေရခဲ့တယ်။ အဲဒါ သူတို့အလုပ်လုပ်တဲ့ပုံစံပါ။ ဒါပေမဲ့ ယူရိုဇုံမှာတော့ ဘယ်သူကမှစပြီးလုပ်တာမရှိခဲ့ဘူးဆိုတာ ထင်ရှားလှတယ်။ ဥရောပသမဂ္ဂရဲ့ အချုပ်အနှောင်ကနေကင်းလွတ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ယူရိုဇုံကနေထွက်လိုက်ဖို့ပါ။ အဲဒါကို စီရီဇာက အကြီးအကဲက သိထားခဲ့ပေမယ့် ရွေးကောက်ပွဲမဲဆွယ်တုန်းကတော့ ထည့်မပြောခဲ့ပါဘူး။
၆. စီရီဇာ(Syriza) ဟာ ဥရောပသမဂ္ဂနိုင်ငံရေးတွေမှာ ဘေးဖယ်ထုတ်ခံထားရတယ်။
စီရီဇာဟာ ဂရိရဲ့ အစဉ်အလာသမား လက်ဝဲပါတီမဟုတ်ပါဘူး။ သူက ကွဲပြားပါတယ်။ ပိုပြီးလက်ဝဲဆန်ပြီး ဂရိရဲ့ရှေးရိုးဆိုရှယ်ဒီမိုကရက်တွေအစား အာဏာခွဲယူလိုက်ဖို့ ပေါ်ထွက်လာခဲ့တာပါ။ ဥရောပသမဂ္ဂနိုင်ငံတစ်ခုစီမှာ သူတို့ရဲ့ ကိုယ်ပိုင်စတိုင်လ်နိုင်ငံရေးပါတီတွေနဲ့ ပါတီစနစ်တွေရှိကြတယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်ပြောနေကြတာက ဥရောပသမဂ္ဂပါတီတွေဟာ မိသားစုကြီးကြီးတစ်ခုလိုပဲ။ တူညီတဲ့ နိုင်ငံရေးအတွေးအမြင်တွေရှိတယ်။ နိုင်ငံတွေဟာ လေးနက်တဲ့စည်းလုံးမှုမျိုးနဲ့လည်း အပြန်အလှန်ချည်နှောင်ထားကြတယ်တဲ့။
• နိုင်ငံတိုင်းမှာ ဆိုရှယ်လစ်၊ ဆိုရှယ်ဒီမိုကရက်တစ် ဒါမှမဟုတ် ဗဟိုပါတီရဲ့ လက်ဝဲဘက်အယိမ်းဆုံး လေဘာပါတီ ရှိကြတယ်။
• နိုင်ငံအတော်များများမှာ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ၊ လစ်ဘရယ်ပါတီ ဒါမှမဟုတ် ခေတ်စားလာတဲ့ လက်ယာနဲ့နှစ်ခုပေါင်းစပ်ဖွဲ့စည်းတားတဲ့အဖွဲ့ ရှိကြတယ်။
• နိုင်ငံအတော်များများမှာ ဂရင်းပါတီရှိတယ်။ ဂရင်းပါတီဟာ လူမှုတရားမျှတရေးနဲ့ အကြမ်းမဖက်ရေးတို့ကိုအခြေခံထားတဲ့ Green နိုင်ငံရေးနိယာမကိုအခြေခံတယ်။ နိုင်ငံရေးအတွေးအမြင်မှာ လက်ဝဲပိုင်းပါ။ ဒါပေမဲ့ ရှေးရိုး ဆိုရှယ်ဒီမိုကရက်တစ်ပါတီထက် အထက်တန်းလွှာ မဲပေးသူတွေပါဝင်ကြတယ်။
• နိုင်ငံအတော်များများမှာ လူထုအကျိုးမျှော်ကိုးသူ၊ နိုင်ငံရပ်ခြားကအခြေချဝင်ရောက်သူတွေကို ဆန့်ကျင်တဲ့ပါတီရှိတယ်။ နိုင်ငံရေးအရ လက်ဝဲဘက်တော်တော်ယိမ်းပါတယ်။ ဒါပေမဲ့ အခြေချသူတွေကို ကန်ထုတ်လိုက်ပြီး လူမှုစီးပွားဖူလုံတဲ့နိုင်ငံအဖြစ် အားဖြည့်ထားနိုင်တယ်ဆိုတဲ့အယူအဆမျိုးနဲ့ အလုပ်လုပ်ပါတယ်။
• နိုင်ငံအတော်များများမှာ လက်ဝဲအစွန်းရောက်ပါတီရှိကြတယ်။ အမွေအနှစ်ဆက်ခံကြသလိုပဲ ဒေသခံကွန်မြူနစ်ပါတီနဲ့ ဆက်စပ်မှုရှိနေတတ်ကြတယ်။
ဥရောပလက်ရှိကာလတွေမှာ ဂရိဟာ လက်ဝဲအစွန်းရောက်ပါတီဦးဆောင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေတယ်။ တကယ်တော့ လက်ဝဲအစွန်းရောက်ပါတီတွေဟာ ဘယ်တော့မှ တခြားဥရောပတိုင်းပြည်တစ်ခုခုနဲ့ မဟာမိတ်ပြုလိုကြတာ မဟုတ်ပါဘူး။ ဂျာမနီ၊ ပြင်သစ် နဲ့ စပိန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံအစည်းအတွဲထဲမှာ လက်ဝဲအစွန်းရောက်နဲ့ ဗဟိုလက်ဝဲပါတီတို့ဟာ ကောင်းမွန်တဲ့လက်တွဲမှုမျိုးရှိကြဘူး။
ဥရောပမှာ တကယ့်ကိုကျယ်ပြန့်နေတဲ့ရပ်တည်ချက်ဖြစ်တဲ့ လက်ဝဲပါတီအချင်းချင်းယိုင်းပင်းကြပေမယ့် စီရီဇာ ပြိုလဲကျဖို့ကိုတော့ သူတို့ ဝမ်းသာအားရကြိုဆိုလိုကြတယ်။
ဥရောပလက်ရှိကာလတွေမှာ ဂရိဟာ လက်ဝဲအစွန်းရောက်ပါတီဦးဆောင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေတယ်။ တကယ်တော့ လက်ဝဲအစွန်းရောက်ပါတီတွေဟာ ဘယ်တော့မှ တခြားဥရောပတိုင်းပြည်တစ်ခုခုနဲ့ မဟာမိတ်ပြုလိုကြတာ မဟုတ်ပါဘူး။ ဂျာမနီ၊ ပြင်သစ် နဲ့ စပိန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံအစည်းအတွဲထဲမှာ လက်ဝဲအစွန်းရောက်နဲ့ ဗဟိုလက်ဝဲပါတီတို့ဟာ ကောင်းမွန်တဲ့လက်တွဲမှုမျိုးရှိကြဘူး။
ဥရောပမှာ တကယ့်ကိုကျယ်ပြန့်နေတဲ့ရပ်တည်ချက်ဖြစ်တဲ့ လက်ဝဲပါတီအချင်းချင်းယိုင်းပင်းကြပေမယ့် စီရီဇာ ပြိုလဲကျဖို့ကိုတော့ သူတို့ ဝမ်းသာအားရကြိုဆိုလိုကြတယ်။
၇. အသုံးစရိတ်ဖြတ်တောက်/ ခြိုးခြံချွေတာခြင်း(austerity)ဟာ အာရုံလွှဲခြင်းလောက်ပဲ။
အသုံးစရိတ်လျှော့ချဖြတ်တောက်ခြင်းဆိုတဲ့အကြောင်းဟာ ဂရိပတ်ဝန်းကျင်မှာ အများဆုံးကြားနေရတဲ့ စကားလုံးပါ။ ဂရိဘဏ္ဍာရေးမူဝါဒမှာ ပြီးခဲ့တဲ့နှစ်တွေအများကြီးပဲ အလွန်အမင်း အသုံးစရိတ်လျှော့ချဖြတ်တောက်ခဲ့ကြပြီးပြီလို့ ပြောရမှာပါ။ အစိုးရပိုင်းကလည်း ဥရောပမှာဆိုရင် တခြားအစိုးရတွေထက်ကို ဖြတ်တောက်လျှော့ချခြင်းတွေ ပြင်းပြင်းထန်ထန်ပြုလုပ်နေခဲ့ကြတာပါ။ austerity ဆိုတာဟာ နိုင်ငံတကာမှာ များသောအားဖြင့်အကြားရဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဗြိတိသျှနဲ့ အမေရိကန်မှာ စီးပွားရေးကျဆင်းမှုဖြစ်ခဲ့ကြတဲ့အချိန် နိုင်ငံရေးကိစ္စတွေမှာ austerity ဟာ တကယ့်အရေးကိစ္စစစ်စစ်ဖြစ်နေလို့ပါ။ ဂရိရဲ့ကိစ္စမှာတော့ လျှော့ချဖြတ်တောက်တယ်ဆိုတာဟာ အဓိကအားဖြင့် အာရုံလွှဲမှုတစ်ခုလောက်ပဲဖြစ်နေပါတယ်။ ယူအက်စ်နဲ့ ယူကေမှာ austerity ဟာ ရွေးချယ်မှုတစ်ခုဖြစ်ခဲ့တယ်။ ဘဏ္ဍာရေးကျဆင်းမှုတွေကို ကျားကန်နိုင်အောင် ဘဏ္ဍာရေးဈေးကွက်တွေမှာဆိုရင် နှစ်နိုင်ငံကို ငွေဆက်ပြီးချေးငှားထားဖို့ ဝမ်းသာအားရရှိကြတယ်။
ဂရိအစိုးရမှာတော့ ရွေးချယ်စရာမရှိခဲ့ပါဘူး။ အသုံးစရိတ်လိုငွေ များများလာတဲ့အခြေအနေမှာ မထိန်းသိမ်းနိုင်ခဲ့ဘူး။ ဘယ်သူကမှ ပိုက်ဆံမချေးငှားခဲ့ကြဘူး။ ဂရိရဲ့ ဥရောပမိတ်ဆွေတွေဟာ သူတို့ရဲ့ ငွေတွေအတွက် လှဲလှယ်တဲ့အခါ အလွန်အမင်းကျပ်တည်းတဲ့အနေအထားနဲ့ တောင်းဆိုခဲ့ကြတယ်။ ဂရိမှာကျပ်တည်းမှုတွေပိုများလာတိုင်း ဂျာမနီနဲ့ ပြင်သစ်တို့ ဂရိကို ငွေကြေးပိုပြီးပေးသင့်တယ်လို့ လူတွေအပြစ်တင်လာကြတယ်။ ထောက်ပံ့မှုတွေမရှိဘဲ စီးပွားရေးမူဝါဒပိုင်းကိုပဲ ပိုပြီးတွန်းအားပေးလှုပ်ရှားစေတာဟာ ဂရိအတွက်တော့ ရွေးချယ်စရာအခွင့်အရေးတစ်ခုမဟုတ်ခဲ့ပါဘူး။
ရှင်းလင်းချက်-
(ပထမ စီးပွားရေးပြင်ဆင်ညှိနှိုင်းတဲ့အစီအစဉ်- First bailout package (first memorandum) ကို ဝန်ကြီးချုပ် George Papandreou လက်ထက် ဂရိအစိုးရက ၂၀၁၀ မေလ ၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်။ ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ်-ECB နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF) တို့ကိုယ်စားပူးပေါင်းခဲ့ကြတာပါ။ ယူရို ၁၀၇.၃ ဘီလီယံ ဘဏ္ဍာရေးထောက်ပံ့မှုဖြစ်ပြီး ယူရို ၇၂.၈ ဘီလီယံက ၂၀၁၂ မတ်လမှာ လွှဲပေးခဲ့တယ်။ Second bailout package ကို ၂၀၁၂ မတ် ၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်။ ဝန်ကြီးချုပ် Lucas Papademos ဂရိအစိုးရအဖွဲ့နဲ့ ဥရောပကော်မရှင်၊ Eurogroup၊ ECB နဲ့ IMF တို့ပါဝင်ခဲ့ကြတယ်။ First bailout က ကျန်တဲ့ထောက်ပံ့ငွေတွေပါ ပေါင်းထည့်လိုက်ပြီး ၂၀၁၂-၁၄ ခုနှစ်အတွက် ယူရို ၁၃၀ ဘီလီယံထောက်ပံ့ငွေဆိုပြီး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာပါ။ Third bailout program မှာတော့ ယူရို ၈၆ ဘီလီယံ ဂရိကိုထောက်ပံ့ပေးမယ်လို့ သဘောတူခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ သြဂုတ်လမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဂျာမနီအပါအဝင် တခြား ယူရိုငွေသုံး နိုင်ငံတွေအားလုံးက သဘောတူခဲ့ကြတယ်။ ဒီတစ်ကြိမ်မှာတော့ IMF ရဲ့ တိုက်ရိုက်ဘဏ္ဍာရေးထောက်ပံ့မှုမပါဝင်ဘဲ အီးယူအဖွဲ့ဝင်နိုင်ငံတွေ လုပ်ဆောင်ရမယ်လို့ဆိုတယ်။ IMF က ပြီးခဲ့တဲ့ bailout တွေမှာ ယူရို ၂၃၃ ဘီလီယံ ပါဝင်ထောက်ပံ့ခဲ့ပြီး ဒီတစ်ကြိမ်တော့ ဘေးကနေပဲ စောင့်ကြပ်စစ်ဆေးပေးတော့မှာပါ။ ယူရိုဇုံက ဥပဒေပြုသူတွေကတော့ IMF ပါဝင်စေလိုကြတယ်။ bailout programme မှာ နောက်ဆုံးတော့ IMF ပါဝင်လာမှာ သေချာပါတယ်လို့ ဂျာမန်အဓိပတိ အင်ဂျလာမာကယ်လ်က အမေးအဖြေတစ်ခုမှာဖြေထားပါတယ်။ ဂရိရဲ့ ကြွေးမြီကင်းလွတ်စေရေးအတွက် အတိုးနှုန်းနည်းနည်း၊ ကြွေးမြီပေးရမယ့် deadline တွေ ပိုတိုးပေးဖို့တွေ သဘောတူညီချက်မှာ ပါဝင်တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ကနေ ၂၀၁၈ ခုနှစ်အထိ ၃ နှစ် bailout programme ပါ။) ဂရိ bailout တွေဟာ စုစုပေါင်း ယူရို ၃၂၀ ဘီလီယံနီးပါးရှိသွားလိမ့်မယ်။ အဲဒါဟာ နိုင်ငံတကာ အာကာသစခန်းတည်ဆောက်ဖို့နဲ့ လည်ပတ်နေဖို့ ၁၀နှစ်ကျော်ကြာကုန်ကျတဲ့ငွေကြေးထက် ပိုများတယ်လို့ ဥရောပအာကာသအေဂျင်စီက ဆိုတယ်။
၈. ဂျာမနီနဲ့ ပြဿနာရှိနေတာက ဂျာမနီဟာ ဂရိကို ပြုပြင်ပြောင်းလဲဖို့ အဆက်မပြတ်တောင်းဆိုနေတာပါ။
ဂရိကို အာရုံစိုက်ပြောနေကြတဲ့တခြားအကြောင်းက "ဖွဲ့စည်းတည်ဆောက်ပုံပြုပြင်ပြောင်းလဲဖို့" ပါ။ ဂရိရဲ့ ကြွေးမြီရှင်တွေက ဂရိတာဝန်ယူဆောင်ရွက်စေလိုကြတယ်။ တချို့ပြုပြင်ပြောင်းလဲမှုအမျိုးအစားတွေက ဂရိအတွက်တကယ်အကျိုးကျေးဇူးရှိနိုင်လိမ့်မယ်ဆိုတာ စီးပွားရေးဆိုင်ရာအုပ်စုတွေက လွယ်လွယ်ကူကူမြင်နိုင်တယ်။ အကျပ်အတည်း အထွတ်အထိပ်ကိုမရောင်ခင်မှာတောင်မှ ဂရိရဲ့နိုင်ငံသားတစ်ဦးချင်းစီဝင်ငွေဟာ ဂျာမနီ ဒါမှမဟုတ် နယ်သာလန်နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေထက် တော်တော်လေးလျော့နည်းနေတာပါ။ ပြီးတော့ ဂရိအလုပ်သမားတွေ့ရဲ့ကုန်ထုတ်စွမ်းအား တစ်နာရီလုပ်အားဟာ ဥရောပစံနှုန်းနဲ့ကြည့်ရင် အလွန်ညံ့ပါတယ်။
ဂရိအခွန်စုဆောင်းမှုစနစ်ဟာလည်း ဒဏ္ဍာရီထဲကလိုပဲဖြစ်နေတော့တယ်။ တကယ်တမ်းထိရောက်မှုမရှိပါဘူး။ ပြီးတော့ အစိုရပိုင်းဝတ္တရားဆိုတာကလည်း တွန်းအားပေးခံရမှုတွေပါဝင်နေတယ်။ ဂရိဟာ နိုင်နင်းတဲ့အုပ်ချုပ်မှုပိုင်းပုံစံ နဲ့ စီးပွားရေးဆိုင်ရာအခင်းအကျင်းမှာ ပျှမ်းမျှတခြားဥရောပနိုင်ငံတွေလိုအနေအထားရောက်လာအောင် စီစဉ်နိုင်ခဲ့ရင် ဂရိရဲ့ချေးငွေတွေပြန်ပေးဖို့မြှင့်တင်နိုင်ကြမှာပါ။ ဂရိ အဲဒီအနေအထားအောင်မြင်အောင် စီမံဆောင်ရွက်နိုင်ခဲ့ရင် ဂရိနိုင်ငံသားတွေအတွေက်လည်း ကြီးကျယ်တဲ့သတင်းလည်းဖြစ်နိုင်ပါတယ်။ အတွေးအခေါ်အကြံအစည်ကောင်းတွေအဲဒီမှာ အများကြီးရှိနေရင် ထိထိရောက်ရောက်ရှိမယ်၊ နိုင်ငံရေးအရအလားအလာရှိလာနိုင်လိမ့်မယ်။ အဲဒီလိုဆိုရင် ဂရိရဲ့ ရွေးချယ်လိုက်တဲ့အစိုးရဟာ သူတို့ကိုယ်ပိုင်အယူအဆ/ မူဝါဒပိုင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာပါ။ ပြင်ပကဖိအားနဲ့ ကျွမ်းကျင်သူတွေကူညီနိုင်တာက အလယ်အလတ်မျဉ်းလောက်ပဲရှိတယ်။ ဂရိရဲ့လက်ရွေးစင်တွေဟာ နိုင်ငံခြားသားလက်ရွေးစင်ကျွမ်းကျင်သူတွေ တွေးခေါ်နေကြသလိုလုပ်သင့်တယ်ဆိုတာတွေကို သတိကြီးကြီးထားနေကြရတယ်။ ဂျာမနီနဲ့ ဖင်လန်က ကျွမ်းကျင်သူအစုဝေးကြီးက တကယ်ယူဆနေကြသလို ဂရိလုပ်သင့်တယ်ဆိုတာတွေက နိုင်ငံရေးနဲ့ဆိုင်တဲ့အတားအဆီးတွေ ချိုးဖျက်နိုင်မယ့် ထင်မြင်ယူဆချက်မျိုးမဟုတ်ဘူး။ တချိန်တည်းမှာပဲ ဂရိကိုပြုပြင်ပြောင်းလဲဖို့တောင်းဆိုနေကြတဲ့ နိုင်ငံရပ်ခြားအစိုးရတွေဟာလည်း နိုင်ငံရေးကစားနေတဲ့သူတွေပဲဖြစ်နေကြတယ်။ ဂရိရဲ့ ပြဿနာတွေအတွက် အဖြေရှာနိုင်မယ့် ကစားပွဲဆီပြောင်းလဲတာမျိုးထက် သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးမှာ အမြတ်ထွက်ရေးအတွက် မမျှမတဦးတည်တောင်းဆိုနေကြတာတွေပဲဖြစ်နေပါတယ်။
၉. အဲဒါဟာ ဥရောပရဲ့ အကျိုးအမြတ်တွေအတွက် ဂရိကို အခက်တွေ့အောင်ပြုလုပ်တဲ့ကိစ္စတွေပါ။
ဂရိဟာ ဥရောပ အပြင်ဘက်ကနိုင်ငံတစ်ခုဖြစ်နေတယ်။ ဒါပေမဲ့ တစ်ဦးတည်းတော့မဟုတ်ပါဘူး။ ကြွယ်ဝတဲ့ဥရောပနိုင်ငံကြီးတွေထက်စာရင် ဆင်းရဲပြီး ကြွေးမြီရှိတဲ့စီးပွားရေးမျိုးနဲ့လည်ပတ်နေကြရတဲ့ ပေါ်တူဂီနဲ့ စပိန်တို့လိုနိုင်ငံတွေနဲ့ အီတလီနိုင်ငံတောင်မှ ဂရိနောက်ပိုင်းမှာ ပုန်းလျှိုးကွယ်လျှိုးရှိနေကြတာပါပဲ။ ဂရိနဲ့ ပြည်ပကြွေးမြီရှင်တွေ ဆက်ဆံရေးမကောင်းတော့ဘဲ၊ ယူရိုဇုံကနေထွက်ခွာဖို့ရင်ဆိုင်နေရချိန်မှာ အဲဒီအနေအထားဟာ ကြွေးမြီရှင်တွေအတွက် ပေါ်တူဂီ၊ စပိန် နဲ့ အီတလီတို့ တစ်နေ့မှာ ဂရိလို ပုံစံတူလုပ်လာကြမလား စူးစမ်းစိတ်ပူပန်စရာဖြစ်ကြရတယ်။ အဲဒါကြောင့် ဂရိဟာ အရှုပ်အထွေးများနိုင်သမျှ များများ၊ စိတ်နာကျင်စရာများနိုင်သမျှ များများစားစားနဲ့ အဆုံးသတ်ရတာပဲဖြစ်ဖြစ် ဥရောပရဲ့ အကျိုးအတွက်ဆိုတာ ပေါ်လွင်လွန်းလှတယ်။ "တော်ပါသေးရဲ့၊ စိုးရိမ်စရာတွေနဲ့ သက်တောင့်သက်သာမရှိခဲ့ပေမယ့်၊ အဆုံးတော့လည်း အလုပ်ဖြစ်သွားတာပဲ" ဆိုတဲ့ သတင်းအမှာစကားမျိုးထက် "အလိုလေး၊ အဲဒါဟာ ဘေးအန္တရာယ်ဆိုးကြီးတစ်ခုပါလား။ အဲဒီလိုအဖြစ်မျိုးတတ်နိုင်သမျှ ရှောင်ကြစို့" ဆိုတဲ့ အာဘော်မျိုးကိုသာ ဥရောပက ပေါ်တူဂီကို ပေးချင်တာပါ။
၁၀. သင့်အတွက်တော့ ပြဿနာမရှိလှဘူးဆိုတဲ့ အနေအထားဖြစ်ကောင်းဖြစ်နေမယ်။
ဂရိအခြေအနေဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဂရိနိုင်ငံသားတွေအတွက် သေရေးရှင်ရေးတမျှအရေးကြီးလှတယ်။ ဒါပေမဲ့ ဥရောပကြွေးမြီအလွမ်းဇာတ်နဲ့တော့ မတူပါဘူး။ အီးယူနိုင်ငံတွေတစ်ဦးချင်းစီ ထိခိုက်မှုနဲ့ မတူလှပါဘူး။ ငြင်းခုံမှုတွေလပေါင်းများစွာ ခပ်ပြင်းပြင်းဖြစ်ခဲ့စေဦးတော့ ဂရိရဲ့ ပျက်ကွက်မှုနဲ့ ယူရိုဇုံကထွက်ခွာမှုဟာ ကြိုတင်ခန့်မှန်းထားသလိုပဲ လုံးဝဖြစ်သွားမှာပါ။ ဥရောပဈေးကွက်ထဲမှာ ထိတ်ထိတ်ပျာပျာဖြစ်လောက်စရာ မီးမှုန်မီးဖွားကျဖို့ အကြောင်းမရှိပါဘူး။ ဘဏ္ဍာရေးအဖွဲ့အစည်းတွေမှာ ဖြစ်နိုင်ခြေရှိတာလောက် နည်းနည်းပါးပါး သတိထားလိုက်တာလောက်ပဲ ပြုလုပ်ကြလိမ့်မယ်။
၁၁. သင်က ဂရိကို အားလပ်ရက်ခရီးထွက်မယ်ဆိုရင်တော့ ငွေသားယူသွားသင့်ပါတယ်။
ခြွင်းချက်ကြီးကြီးတစ်ခုရှိတာကတော့ ဂရိကို အားလပ်ရက်ခရီးထွက်ဖို့ ပြင်ဆင်နေတယ်ဆိုရင် ငွေသားစက္ကူ(ဒေါ်လာရော ယူရိုနှစ်ခုလုံး) ယူသွားဖို့ အကြံပြုချင်ပါတယ်။ အာဂျင်တီးနားမှာ ပုံစံတူအခြေအနေမျိုးဖြစ်ခဲ့စဉ်တုန်းကလိုပါပဲ ဘဏ်စနစ်တွေအကြီးအကျယ်ထိခိုက်ပျက်စီးနေတယ်။ ဂရိနိုင်ငံသားတစ်ဦးချင်းစီမှာ သူတို့ရဲ့ ငွေတွေကို နိုင်ငံခြားငွေကြေးလဲလှယ်ဖို့ တရားဝင်ငွေကြေးနှုန်းအခက်အခဲတွေ တွေ့ကြုံရလိမ့်မယ်။ တရားဝင်ငွေလဲလှယ်နှုန်းနဲ့ တရားမဝင်ငွေလဲလှယ်နှုန်းတွေ နှိုင်းယှဉ်ကြည့်ရင် သိပ်ကိုကွာခြားကုန်ပါလိမ့်မယ်။ ဒီအားလပ်ရက်သွားမယ်ဆုံးဖြတ်ထားရင် အသေအချာယူသွားပါ။ ဂရိပြန်ပြီးနလန်ထူဖို့ ဂရိရဲ့အကောင်းဆုံးအခွင့်အရေးတွေထဲက တစ်ခုမှာ ခရီးသွားလုပ်ငန်းကို တိုးမြှင့်ရမယ်ဆိုတာ အမှန်တရားပါ။ အဲဒီနိုင်ငံမှာ နိုင်ငံရပ်ခြားက ဝယ်သူတွေ အရေးတကြီးလိုအပ်တယ်။ စီးပွားရေးလှုပ်ရှားမှုပိုပြီး လိုအပ်ပါတယ်။ ရေတိုလုပ်စရာရှိတာက ဈေးနှုန်းချိုသာတဲ့ အားလပ်ရက်ခရီးသွားအစီအစဉ် ပိုမိုဖန်တီးပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ပါပဲ။ ခရီးသွားတွေ အပြန်လက်ဆောင်တွေဝယ်ယူကြတာနဲ့ သံလွင်ထုတ်ကုန် လက်ဆောင်ပစ္စည်းတွေကို မိတ်ဆွေသူငယ်ချင်းတွေအတွက် ဝယ်ယူပို့ဆောင်ပေးကြတာတွေနဲ့လည်း ဂရိကို ပြန်ပြီးကယ်တင်ကြရမှာပါ။ ။
Alexis Tsipras
Prime Minister of Greece (2015–2015)
Leader of the Opposition (2012–2015)
|
Source: 11 things about the Greek crisis you need to know | VOX
Ref: Greece: Third bailout to start Thursday | CNN money
Ref: First, Second and Third bailouts | Wikipedia
Ref: First, Second and Third bailouts | Wikipedia
မယ်ရူပ
No comments:
Post a Comment