Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, February 03, 2016

အပမ်းဖြေကမ္ဘာငယ်လေးတွေထဲမှာ

Movie Theater (Cinema) တွေဆိုတာ ဖြေဖျော်ရေးအတွက် ရုပ်ရှင်တွေကို ပရိသတ်ကြည့်ရှုနိုင်မယ့် နေရာပါဝင်တဲ့အဆောက်အဦတစ်ခုပါပဲ။ ရုပ်ရှင်ရုံတွေအားလုံးကတော့ စီးပွားဖြစ်လက်မှတ်ရောင်းချပြီး ပြသကြတာမျိုး မဟုတ်ပါဘူး။ တချို့ရုပ်ရှင်ရုံတွေဟ အကျိုးအမြတ်မပါတဲ့ အဖွဲ့အစည်းတွေ ဒါမှမဟုတ် အသင်းအဖွဲ့တွေထဲက အဖွဲ့ဝင်တွေ အဖွဲ့ဝင်ကြေးပေးပြီး ရုပ်ရှင်တွေကို ကြည့်ရှုနိုင်ကြဖို့ ပြင်ဆင်ထားကြတယ်။ ရုပ်ရှင်ပြစက်(movie projector) ကိုသုံးပြီး ရုပ်ရှင်ပိတ်ကား (projection screen) မှာ အရုပ်တွေထင်စေတယ်။ နံရံတွေမှာ မြှုပ်ထားတဲ့ စပီကာတွေကနေအသံကနေ စကားပြော၊ လှုပ်ရှားမှုတွေရဲ့အသံနဲ့ ဂီတတေးသံတွေဖြတ်ထွက်လာစေတယ်။ ၁၉၇၀ ခုနှစ်တွေကတည်းက subwoofer တွေအသုံးပြုနေခဲ့ကြပါပြီ။ 
၂၀၁၀ ခုနှစ်တွေမှာ ရုပ်ရှင်ရုံအများစုဟာ digital cinema projection တွေပြောင်းလဲတပ်ဆင်လာကြတယ်။ ရုပ်ရှင်တွေမှာလည်း ကလေးတွေအတွက် animated film တွေနဲ့ Godzilla နဲ့ Last Action Hero တို့လို ရုပ်ရှင်ကြည့် ပရိသတ်အကြိုက် blockbuster ရုပ်ရှင်ကားမျိုးတွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမကြိုက်သူတွေအတွက် မှတ်တမ်းရုပ်ရှင်ကားတွေ စသဖြင့်အမျိုးစုံ ရိုက်ကူးထုတ်လုပ်ပြသလာကြတော့ ရုပ်ရှင်ရုံတွေမှာလည်း ခေတ်မီပြင်ဆင်ပြောင်းလဲမှုတွေပိုပိုပြီး ပြုလုပ်လာကြတယ်။ အသေးဆုံးရုပ်ရှင်ရုံခန်းမတွေမှာ ပိတ်ကားတစ်ခုတည်းနဲ့ ကြည့်စရာအခန်းတစ်ခန်းထဲပဲ ရှိကြတယ်။ ရုပ်ရှင်ရုံအများစုမှာတော့ ပိတ်ကားတွေ အများကြီးပဲရှိကြတယ်။ အကြီးဆုံးရုပ်ရှင်ရုံခန်းမတွေကို multiplex  လို့ခေါ်နေကြပြီး ပိတ်ကား ၂၅ ခုအထိရှိကြပါတယ်။ ရုပ်ရှင်ရုံတွေမှာ အချိုရည်၊ ပြောင်းဖူးပေါက်ပေါက်နဲ့ သကြားလုံးတွေ အများအားဖြင့်ရောင်းချကြတယ်။ တချို့ရုပ်ရှင်ရုံတွေမှာ hot fast food တွေရောင်းချကြပါတယ်။ တချို့ရုပ်ရှင်ရုံတွေမှာ အယ်လ်ကိုဟောပါဝင်တဲ့အရည်တွေ ရောင်းချခွင့်ရှိကြတယ်။

Multiplex နဲ့ Megaplex တွေ
ကနေဒါဟာ ပိတ်ကား နှစ်ခုရှိတဲ့ ရုပ်ရှင်ရုံစတင်ဖွင့်လှစ်နိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံပါ။ ၁၉၅၇ မှာ ကနေဒါလူမျိုး ရုပ်ရှင်ရုံပိုင်ရှင် Nat Taylor ပိုင်တဲ့ Ottawa က Elgin Theatre မှာ မတူတဲ့ရုပ်ရှင် ၂ ကားကို ပိတ်ကား ၂ ခုနဲ့ ပထမဆုံးပြသလိုက်ပါတယ်။  နောက်ပိုင်းမှာ Taylor ဟာ Cineplex Odeon Corporation ကို တည်ထောင်ခဲ့တယ်။ အဲဒီအချိန်က ကမ္ဘာ့အကြီးဆုံး ပိတ်ကား ၁၈ ခုပါတဲ့ Toronto Eaton Centre ကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ စတင်ဖွင့်လှစ် ပြသခဲ့တာပါ။ ယူအက်စ်မှာတော့ ၁၉၆၃ မှာ Stanley Durwood of American Multi-Cinema  (အခု AMC Theatres) ကနဦးပေါ်ထွက်ခဲ့တယ်။ Missouri ဒေသ ကန်ဆာစ့်မြို့တော်မှာ Ward Parkway Center ဆိုတဲ့ ပထမဆုံး multiplex cinema  ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်လောက်ကတည်းက ပိတ်ကားတွေအများကြီးပါဝင်ကြတဲ့ ရုပ်ရှင်ခန်းမတွေ စံသတ်မှတ်ချက်တစ်ခုလိုများပြားလာကြတယ်။ ၁၉၇၀ ခုနှစ်တွေမျာ ၁၉၂၀ ခုနှစ်တွေတုန်းက ဖွင့်လှစ်ခဲ့တဲ့ ကြီးမားလှတဲ့ ရုပ်ရှင်ရုံကြီးတွေဟာ ပိတ်ကားတွေအများကြီးပါတဲ့ ခန်းမတွေအဖြစ် ပြောင်းလဲတပ်ဆင်လာကြတယ်။ ကျော်ကြားလှတဲ့ ရုပ်ရှင်တစ်ကားဆိုရင် ပိတ်ကားတွေအများကြီး၊ ရုပ်ရှင်ခန်းမတွေအများကြီးမှာ တချိန်တည်းပြသတာတွေပြုလုပ်လာကြတယ်။ ပိတ်ကား ၂၀ နဲ့ အထက်ရှိလာကြတဲ့ multiplex ရုံတွေကို megaplex လို့ခေါ်လာကြတယ်။ ပထမဆုံး megaplex ကို ယေဘူယျအားဖြင့် ဘယ်လ်ဂျီယံနိုင်ငံ Brussels မြို့က Kinepolis လို့သတ်မှတ်ခဲ့ကြတယ်။ Kinepolis ကို ၁၉၈၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပိတ်ကား ၂၅ ခုရှိကာ ထိုင်ခုံ ၇၅၀၀ ပါဝင်တယ်။ ယူအက်စ်က ပထမဆုံး megaplex ဖြစ်တဲ့ AMC Grand 24 ကိုတော့ ၁၉၉၅ ခုနှစ်မှာ တက္ကဆက်ပြည်နယ် Dallas မြို့မှာဆောက်လုပ်ခဲ့ပါတယ်။

နောက်ပိုင်း drive-in တို့လို့ ကားရပ်နားတဲ့နေရာတွေမှာ တပ်ဆင်ထားတဲ့ ရုပ်ရှင်ရုံမျိုး၊ တခြား outdoor movie theatre တွေလည်းပြုလုပ်ပြသလာကြတယ်။ ၁၉၆၇ မှာ ဗြိတိသျှအစိုးရဟာ ထိုင်ခုံ ၂၇ လုံးပါတဲ့ mobile ရုပ်ရှင်ရုံကား Bedford mobile cinema ၇ ခု တည်ဆောက်ပြသခဲ့တယ်။ အသေးဆုံး ရုပ်ရှင်ရုံလေးလို့ဆိုရမှာကတော့ ဘရာဇီးနိုင်ငံ Cabiria Cine-Cafe မှာတပ်ဆင်ထားတဲ့ ရုပ်ရှင်ရုံလေးပါ ၂၄ စတုရန်းမီတာ(၂၅၈.၃ စတုရန်းပေ)ကျယ်ဝန်းပါတယ်။ ထိုင်ခုံကတော့ ၁၈ လုံးခန့်သာဆန့်ခဲ့တယ်။ အဲဒီရုပ်ရှင်ရုံလေးကို ၂၀၁၀ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ ဖော်ပြခဲ့ဖူးတယ်။ ကမ္ဘာ့အသေးဆုံး နေရာင်ခြည်သုံး mobile cinema လေးဖြစ်တဲ့ Sol Cinema ကတော့ ယူကေမှာရှိပါတယ်။ တခြား ဥရောပတိုင်းပြည်တွေမှာလည်း အခုထက်ထိ ရုံးဝန်ထမ်း၊ အုပ်စုအဖွဲ့လိုက် ကော်ဖီသောက်ရင်း ရုပ်ရှင်ကြည့်နိုင်ကြမယ့် ကော်ဖီစားပွဲလေးတွေပါ ပြင်ဆင်ထားတဲ့ ရုပ်ရှင်ရုံလေးတွေ ရှိကြတယ်။ ရုပ်ရှင်ပြစနစ်တွေကိုလည်း 3D၊ IMAX 3D, Digital 3D စသဖြင့် အဆင့်မြင့် ပြောင်းလဲတပ်ဆင် ပြသလာခဲ့ကြပါတယ်။

ဘယ်လောက်ပဲ စနစ်တွေ အဆင့်တိုးမြှင့် ပြုပြင်တပ်ဆင်ပြသလာကြပေမယ့်လည်း ရုပ်ရှင်ကြည့်အပမ်းဖြေလိုကြသူအများစုအတွက်တော့ စံသတ်မှတ်ထားတဲ့ ခပ်ရိုးရိုးပုံစံခွက်ထဲက ရုပ်ရှင်ခန်းမတွေဟာ ပျင်းရိစရာဖြစ်လာနိုင်ပါတယ်။ အဲဒီလိုမဖြစ်ရလေအောင် ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ဆန်းသစ်လှတဲ့ဒီဇိုင်းဖန်တီးမှု၊ ကောင်းမွန်လှတဲ့အသံစနစ်နဲ့ မရိုးနိုင်အောင်စွဲဆောင်ထားစေမယ့် ရုပ်ရှင်ရုံတွေလည်းအများကြီးဖန်တီး တည်ဆောက်လာကြတယ်။ တချို့ရုပ်ရှင်ရုံတွေမှာ စိတ်ဝင်စားစရာသမိုင်းအချက်အလက်တွေပြည့်နေတယ်။ ဗုံးဒဏ်၊ မီးဘေးကနေ လွတ်ကင်းရှင်သန်ခဲ့ကြတာတွောရှိတယ်။ တချို့ကတော့ ပြိုလဲပျက်စီးသွားကြတယ်။ ရုပ်ရှင်ရုံတွေကို ရှေးမူလတည်ဆောက်ထားခဲ့စဉ်ကလိုပဲ ယဉ်ကျေးမှုဆိုင်ရာအနေအထားမကဘဲ ဗိသုကာပညာရပ်ဆိုင်ရာတန်ဖိုးတွေပါ မပျောက်ဆုံးသွားအောင် မူလအခြေအနေအတိုင်းထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်။ တချို့ရုပ်ရှင်ရုံတွေဆိုရင် အင်မတန်ခေတ်မီလှပြီး စိတ်လှုပ်ရှားဖွယ်၊ စွဲမက်ဖွယ် ဖန်တီးတည်ဆောက်ထားကြတယ်။  အဲဒီလို ကမ္ဘာ့တဝှမ်းက အလှဆုံး ရုပ်ရှင်ရုံလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

#1 Olympia Music Hall, France
#2 Sci-fi Dine-in Theater, Disney’s Hollywood Studios
#3 Urania National Film Theatre, Budapest, Hungary
#4 Kurshumli An In Skopje, Macedonia - Creative Documentary Film Festival Makedox
#5 Fox Theater, Detroit Mi
#6 Puskin Art Cinema, Budapest, Hungary
#7 Arena, Pula, Croatia
#8 Movie Theater In Paris
#9 Electric Cinema, Notting Hill
#10 Riverbad Cinema For Dokufest In Prizren, Kosovo.
#11 Anibar Lake Cinema (peja, Kosovo)
#12 Hot Tube Cinema, London
#13 The Bijou Theater, Bridgeport
#14 Cineteca De El Matadero, Madrid. Spain
#15 Docufest - Kino Kalaja, Prizren, Kosovo
#16 Orinda Theater, California
#17 Ugc De Brouckere Grand Eldorado In Brussels, Belgium
#18 Film On The Rocks, Red Rocks, Denver, Colorado
#19 Sci-fi Dine-in Theater, Disney’s Hollywood Studios
#20 The Paramount Theater, Oakland, California
#21 Cinema City, Jerusalem, Israel
#22 St. George Openair Cinema [Sydney, Australia]
#23 The Orange Cinema Club [Beijing, China]
#24 Egyptian Theater, American Cinematheque, Los Angeles
#25 Grauman’s Chinese Theater, Los Angeles
#26 The Fox Theater, Oakland
2-AD-Cinemas-Interior-Theater-Restaurant




Winter Garden Theatre [Toronto]

Tuschinski [Amsterdam, Netherlands].


1967 Bedford mobile cinema

Anibar Lake Cinema (peja, Kosovo)
The Orange Cinema Club [Beijing, China]3
The Paramount Theater, Oakland, California
The Orange Cinema Club [Beijing, China
The Orange Cinema Club [Beijing, China
The Fox Theater, Oakland
St. George Openair Cinema [Sydney, Australia]
The Bijou Theater, Bridgeport
Sci-fi Dine-in Theater, Disney’s Hollywood Studios
Sci-fi Dine-in Theater, Disney’s Hollywood Studios
Riverbad Cinema For Dokufest In Prizren, Kosovo.
Paramount Theatre of the Arts [California, USA
Puskin Art Cinema, Budapest, Hungary
Paramount Theatre of the Arts [California, USA]
Orinda Theater, California
Orinda Theater, California
Olympia Music Hall, France
Movie Theater In Paris
Le Grand Rex [Paris, France]
Movie Theater In Paris
Kurshumli An In Skopje, Macedonia -
Creative Documentary Film Festival Makedox
Hot Tube Cinema, London
Graumans-Chinese-Theatre
Hot Tube Cinema, London
Graumans-Chinese-Theatre
Fox Theater, Detroit Mi
Filmnachte Am Elbufer [Dresden, Germany]
Floating Archipelago Cinema [Yao Noi, Thailand]

Egyptian Theater, American Cinematheque, Los Angeles
Arena, Pula, Croatia

ဖြိုးဖြိုး
(Living Fashion Magazine, February, 2016)

No comments: