Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 15, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ကနေဒါနိုင်ငံမှာ သေနတ်တွေကို ထိန်းချုပ်ထားပြီး ယေဘူယျလူဦးရေ နည်းနည်းပဲ သုံးခွင့်ရစေတယ်။ ကွဲပြားတဲ့သေနတ်အမျိုးအစားအပေါ်မှာ ဘယ်သူက ဝယ်ယူနိုင်မလဲ။ ဘယ်လို ဝယ်ယူနိုင်မလဲ စသဖြင့် အဓိကထားတဲ့ကန့်သတ်ချက်တွေနဲ့ ထိန်းသိမ်းထားတယ်။ စနစ်က ယူအက်စ်ရဲ့ ပိုတင်းကျပ်တဲ့ပုံစံလိုပါပဲ။ တချို့သေနတ်အမျိုးအစားပိုင်ဆိုင်မှုတွေတော့ရှိနေဆဲပါ။ ဒါပေမဲ့ အင်မတန်လွယ်လွယ်ကူကူ ရနိုင်တာတော့မဟုတ်ပါဘူး။ 

ကနေဒါက သေနတ်တွေကို အမျိုးအစား ၃ မျိုးခွဲခြားထားတယ်။ prohibited (သေနတ်ပြောင်းတို ဒါမှမဟုတ် .32/ .25 ပြောင်း ရှိတဲ့ handgun အများစု၊ fully automatic လက်နက်တွေ၊ sawed-off ပြောင်းတိုသေနတ်တွေ နဲ့ AK-47 တို့လို စစ်သုံးရိုင်ဖယ်)၊ restricted (တချို့ handgun တွေ၊ တချို့ semiautomatic ရိုင်ဖယ်တွေ နဲ့ non-semiautomatic ရိုင်ဖယ်တွေ) နဲ့ non-restricted (ပုံမှန်နဲ့ တချို့ စစ်သုံးစတိုင် shotgun နဲ့ ရိုင်ဖယ်တွေ) ဆိုပြီးခွဲထားပါတယ်။ ယေဘူယျခံယူချက်ကတော့ ပိုပြီးအန္တရာယ်ကြီးတဲ့သေနတ်တွေဟာ ပိုပြီးပြင်းထန်တဲ့စည်းမျဉ်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်နဲ့ သိုလှောင်ထားနိုင်ခွင့် ကန့်သတ်ထားပါတယ်။  prohibited သေနတ်တွေဟာ သူတို့ရဲ့အမည်အတိအကျနဲ့တားမြစ်ထားပေမယ့် ၁၉၉၈ ဒီဇင်ဘာ တားမြစ်ချက်မတိုင်ခင် ရယူနိုင်ခဲ့သူ၊ မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ထားသူတွေကတော့ အဲဒီအမျိုးအစားသေနတ်တွေကို ထိန်းသိမ်းထားနိုင်ကြတယ်။ restricted နဲ့ prohibited သေနတ်တွေအားလုံး မှတ်ပုံတင်ရမှာပါ။ ဒါပေမဲ့ non-restricted သေနတ်တွေကတော့ ၂၀၁၂ ဧပြီလ ပြီးတဲ့နောက်မှာ မှတ်ပုံတင်စရာမလိုတော့ပါဘူး။ ယေဘူယျအားဖြင့် သေနတ်တစ်လက်ဝယ်ယူမယ်ဆိုရင် ကနေဒါမှာ အသက် ၁၈ နှစ်နဲ့ အထက်ဖြစ်ရပါမယ်။ တချို့ခြွင်းချက်အားဖြင့် non-restricted သေနတ်တစ်လက်ကို အသက် ၁၂ က နေ ၁၇ နှစ်အတွင်းကိုင်ဆောင်နိုင်တာတွေရှိပေမဲ့ လိုင်စင်ရလူကြီးတစ်ဦးက အဲဒီသေနတ်အတွက် တာဝန်ရှိပါတယ်။ ကနေဒါမှာ သေနတ်တစ်လက် နဲ့ လက်နက်ခဲယမ်းပိုင်ဆိုင်ဖို့ လိုင်စင်ရရှိထားဖို့လိုအပ်ပါတယ်။ ဝယ်ယူသူတွေဟာ လုံခြုံရေးသင်တန်းစစ်ဆေးမှုတွေအောင်မြင်ရမှာပါ။ လိုင်စင်တွေကို ၅ နှစ်တစ်ကြိမ်အသစ်ပြန်လုပ်ရပါမယ်။ 

လိုင်စင်ရယူတဲ့အခါ တော်တော်လေးတင်းကျပ်တဲ့နောက်ကြောင်းစစ်ဆေးမှုတွေလိုအပ်ပါတယ်။ ကနေဒါမှာ သေနတ်လိုင်စင်အတွက် လျှောက်ထားသူဟာ ပြစ်မှုကျုးလွန်မှု၊ စိတ်ပိုင်းဆိုင်ရာပြဿနာ၊ မူးယစ်ဆေးစွဲမှုနဲ့ အိမ်တွင်း အကြမ်းဖက်မှုမှတ်တမ်းတွေနဲ့ ဆုံးဖြတ်သတ်မှတ်ထားတဲ့ နောက်ကြောင်းစစ်ဆေးမှုအောင်မြင်ရပါမယ်ဆိုတာ Library of Congress ရဲ့ ကနေဒါဥပဒေအစီရင်ခံစာမှာ ဖော်ပြထားတယ်။ နောက်ကြောင်းစစ်ဆေးမှုတွေမှာ လျှောက်ထားသူဟာ စိတ်ကျန်းမာရေးအတွက်ကုသခဲ့ရဖူးတာရှိမရှိ၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်ဖို့ ကြိုးစားခဲ့တာနဲ့ ဆက်စပ်ခဲ့သူ၊ အကြမ်းဖက်/ ခြိမ်းခြောက်/ အကြမ်းဖက်ဖို့ကြိုးစားမှုတွေမှာ ဘယ်သူနဲ့မဆိုဖြစ်ပွားခဲ့တာအပါအဝင် အဲဒီလုပ်ဆောင်မှုမျိုးရှိခဲ့ဖူးတဲ့ရာဇဝင်ရှိသူ ဟုတ်မဟုတ်တွေနဲ့လည်း ဆုံးဖြတ်ပါတယ်။ ထုံးစံအရနောက်ကြောင်းစစ်ဆေးမှုထိပ်ဆုံးမှာ လိုင်စင်လျှောက်ထားသူတစ်ဦးစီဟာ ထောက်ခံပေးတဲ့သူတစ်ဦး တင်ပြပေးဖို့လည်း လိုအပ်ပါတယ်။ လိုင်စင်လျှောက်ထားတဲ့ လိုအပ်ချက်တွေထဲမှာ ထပ်ပြီးပေါင်းထည့်ရရင် ကနေဒီယန်းတွေဟာ အင်မတန်အကန့်အသတ်ရှိတဲ့ အခြေအနေမျိုးမှာပဲ အသုံးပြုနိုင်မယ့် လူမြင်ကွင်းသယ်ဆောင်ဖို့ ခွင့်ပြုချက်ပါမစ် ရယူထားနိုင်ပါတယ်။ လိုအပ်ချက်ကတော့ထုံးစံအတိုင်းပါပဲ။ တစ်ဦးချင်းစီဟာ restricted သေနတ်တွေ ဒါမှမဟုတ် prohibited handgun တွေကို သူ/ သူမရဲ့ တရားဝင်အလုပ်အကိုင်နဲ့ ဆက်နွယ်ပြီးပဲဖြစ်ဖြစ်၊ သေရေးရှင်ရေးကာကွယ်ရမယ့်အနေအထားမှာ ဖြစ်ဖြစ် ကိုင်ဆောင်နိုင်တာမျိုးပါ။ ယူအက်စ်မှာ အဲဒီလိုဖက်ဒရယ်လိုအပ်ချက်တွေမရှိပါဘူး။ ဒါပေမဲ့ တချို့ပြည်နယ်တွေမှာ ဖုံးကွယ်/ လူမြင်ကွင်းသယ်ဆောင်ရာမှာ ကန့်သတ်ချက်တွေ ဒါမှမဟုတ် တားမြစ်ချက်တွေတိတိကျကျထားရှိတယ်။ 

ယူအက်စ်ရဲ့ ဖက်ဒရယ်ဥပဒေတွေနဲ့မတူတဲ့ ကနေဒီယန်းဥပဒေတွေမှာ သေနတ်သိမ်းဆည်းသိုလှောင်မှုမှာလည်း လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်။ အခန်း၊ အကန့်ထဲမှာ သော့ခတ်သိမ်းဆည်းရမယ်။ ဒါမှမဟုတ် ချိုးဖျက်ဖို့ခက်ခဲတဲ့ကုန်သေတ္တာထဲမှာ သေနတ်မောင်း၊ ကြိုးနဲ့သော့ခတ်ထားတာပဲဖြစ်ဖြစ် သေနတ်အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းရမှာပါ။ သိမ်းဆည်းသိုလှောင်ထားတဲ့အချိန်မှာ သေနတ်တွေဟာ ကျည်ကတ်ထုတ်ထားရပါမယ်။ prohibited နဲ့ restricted သေနတ်တွေနဲ့ နှိုင်းယှဉ်ပြီး non-restricted သေနတ်တွေအတွက် နည်းနည်းလျော့တဲ့စည်းမျဉ်းနဲ့ဆိုပေမဲ့ သိမ်းဆည်းသိုလှောင်ဖို့လိုအပ်ချက်တွေမှာ အတူတူပဲလျှောက်ထားဖို့လိုအပ်ပါတယ်။      ။
Source: How gun control works in America, compared with 4 other rich countries | www.vox.com
ဖြိုးဖြိုး

သေနတ်ဥပဒေတွေ ဘာကြောင့်အသက်မဝင်နိုင်ဖြစ်နေရလဲ
http://www.myworld-phyophyo.com/2016/02/blog-post_7.html
သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက
http://www.myworld-phyophyo.com/2016/02/blog-post_11.html
သေနတ်ထိန်းချုပ်ရေးနဲ့ ယူကေ
http://www.myworld-phyophyo.com/2016/02/blog-post_66.html
သေနတ်ထိန်းချုပ်ရေးနဲ့ ဆွစ်ဇာလန်
http://www.myworld-phyophyo.com/2016/06/blog-post_13.html
သေနတ်ထိန်းချုပ်ရေးနဲ့ ဂျပန်
http://www.myworld-phyophyo.com/2016/06/blog-post_11.html

No comments: