Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 13, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ ဂျပန်

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ဂျပန်ဟာ ကမ္ဘာမှာ အပြင်းထန်ဆုံး သေနတ်ထိန်းချုပ်ရေး ဥပဒေတွေနဲ့ သေနတ်ဝယ်ဖို့၊ ပိုင်ဆိုင်နိုင်ဖို့ သိပ်ပြီးခက်ခဲအောင်လုပ်ထားကြတယ်။ အဲဒီစနစ်ဟာ ခြစားနေတဲ့အစိုးရဌာနတွေမှာ ထဲထဲဝင်ဝင်ချိတ်ဆက်ထားနိုင်တဲ့ နာမည်ဆိုးရှိကြသူ/ ပြစ်မှုကျူးလွန်သူ ဂျပန်ယာကူဇာတွေတောင် အင်မတန်ကန့်သတ်ထားပါတယ် လို့ Vox ရဲ့သတင်းထောက် Zack Beauchamp က ရှင်းပြထားပါတယ်။ "လက်ရှိဥပဒေတွေအရ အငယ်တန်းယာကူဇာတစ်ဦးကို ကျည်ထိုးထားတဲ့သေနတ်နဲ့ ဖမ်းမိခဲ့ရင် သူဟာ သေနတ်ကိုင်ဆောင်မှုနဲ့ ပျှမ်းမျှ ၇နှစ်သက်တမ်း အကျဉ်းကျခံရနိုင်တယ်" လို့ ဂျပန်သတင်းထောက် Jake Adelstein က Japan Times သတင်းစာမှာရေးသားခဲ့ပါတယ်။

"သေနတ်တစ်လက်အလွယ်တကူပစ်ခတ်လိုက်ရင် ပြစ်ဒဏ် ၃နှစ်ကနေ တစ်သက်တာထိ ခံယူရနိုင်တယ်။ ပြီးတော့ အကျဉ်းထောင်ကိုမသွားခင် မယုံကြည်နိုင်စရာ အာမခံနဲ့ လွတ်ငြိမ်းခွင့်ရထားလိုက်တဲ့အချိန်မှာ ယာကူဇာဘော့စ်တစ်ဦးက သေဒဏ်ဆုံးဖြတ်ပြီးသတ်ဖြတ်လိုက်နိုင်တယ်။ (ဘာကြောင့်လဲဆိုတော့ ဆက်စပ်နေတဲ့ဥပဒေတွေမှာ ဘော့စ်ဟာလည်း သူ့ရဲ့လက်အောက်ငယ်သားအပြစ်နဲ့ပတ်သက်ပြီး တရားစွဲဆိုခံရနိုင်တယ်။)

၂၀၁၂ The Atlantic မဂ္ဂဇင်းမှာရေးသားခဲ့တဲ့ Vox သတင်းထောက် Max Fisher ရဲ့ ဆောင်းပါးမှာ သေနတ်တစ်လက် ဝယ်ယူ/ ပိုင်ဆိုင်ဖို့အတွက် တင်းကျပ်လှတဲ့လုပ်ငန်းစဉ်တွေအကြောင်းရှင်းပြထားပါတယ်။ အမဲလိုက်ခြင်း၊ ပရော်ဖက်ရှင်နယ်ဆိုင်ရာမရှိမဖြစ်လိုအပ်မှုနဲ့ သေနတ်ပြိုင်ပွဲတို့လို သီးသန့်ကိစ္စရပ်တွေအတွက်သာ လုပ်ငန်းစဉ်တွေပြီးမြောက်နိုင်ပါတယ်။

ဂျပန်မှာ သေနတ်တစ်လက်ရဖို့ တစ်လမှာ တစ်ကြိမ်ပဲပြုလုပ်တဲ့ တစ်ရက်အပြည့်သင်တန်းတက်ရမှာဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်ရပါမယ်။ သေနတ်ပစ်သင်တန်းကိုလည်းတက်ပြီး အောင်မြင်ရမှာပါ။ ပြီးရင်တော့ ဆေးရုံမှာ စိတ်ကျန်းမာရေးစာမေးပွဲနဲ့ ဆေးဝါးသုံးစွဲမှုရှိမရှိစစ်ဆေးမှုတွေယူရပါတယ်။ (ဂျပန်ဟာ သေနတ်ပိုင်ဆိုင်နိုင်တဲ့သူတွေဟာ သူတို့ရဲ့စိတ်ကျန်းမာရေးကောင်းမွန်ကြောင်းသက်သေပြရတာကြောင့် တစ်မူထူးခြားတယ်လို့ဆိုရမှာပါ။) အဲဒီမှတ်တမ်းဟာ ရဲဌာနမှာ ဖိုင်တွဲထားရပါလိမ့်မယ်။ ပြစ်မှုကျူးလွန်သူ ဒါမှမဟုတ် အစွန်းရောက်အုပ်စုတွေနဲ့ ဆက်စပ်မှု၊ ဒါမှမဟုတ် ပြစ်မှုမှတ်တမ်းတစ်စုံတစ်ရာ ရှိမရှိ စသဖြင့် တင်းကျပ်တဲ့နောက်ကြောင်းစစ်ဆေးမှုတွေ နောက်ဆုံးအဆင့် ပြုလုပ်ပါလိမ့်မယ်။ ရဲမှတ်တမ်းအထောက်အထားတွေကို အိမ်မှာ သေနတ်နဲ့အတူ နေရာအတိအကျထားဖို့နဲ့ ကျည်/ သေနတ်နှစ်ခုလုံးကို သီးခြားစီခွဲပြီး သိမ်းဆည်းထားဖို့လည်း မေ့မထားရပါဘူး။ ရဲစစ်ဆေးချက် တစ်နှစ်တစ်ကြိမ်ခံယူဖို့၊ သုံးနှစ်ပြည့်တိုင်း သင်တန်းပြန်တက်ပြီး စာမေးပွဲပြန်ဖြေဖို့လည်း သတိထားရပါတယ်။ 

နောက်ဆက်တွဲလိုအပ်ချက်တွေမှာ သေနတ်ပိုင်ဆိုင်မှုအတွက် အသက်ကန့်သတ်ချက်တွေပါ။ ယေဘူယျ အသက် ၁၈နှစ်ဖြစ်ပြီး အားကစားသမားတွေအတွက် အသက် ၁၄ နှစ်နဲ့ အမဲလိုက်သမားတွေအတွက် အသက် ၂၀ ပါ။ သေနတ်ရရှိဖို့ စမ်းသပ်စစ်ဆေးတဲ့ပထမဆုံးနေရာမျိုး တိကျတဲ့အကြောင်းပြချက်ကလွဲလို့ သူတို့ရဲ့ သေနတ်ကို ပစ်ခတ်ခွင့်မရှိပါဘူး။ တစ်ဦးတစ်ယောက်ရဲ့ သေနတ်ပိုင်ဆိုင်မှုကို တာဝန်ရှိသူတွေက အလုံးစုံကြီးကြပ်စစ်ဆေးစောင့်ကြည့်နေခွင့်ရှိပါတယ်။ သေနတ်ပိုင်ဆိုင်သူတွေရဲ့ လက်နက်တွေနဲ့ သိမ်းဆည်းတဲ့အနေအထားကို တစ်နိုင်ငံလုံးအနှံ့စစ်ဆေးနိုင်တဲ့အခွင့်အရေးအပါအဝင် အများပြည်သူရဲ့ငြိမ်းချမ်းရေးကို နှောင့်ယှက်တဲ့ ဘေးအန္တရာယ် ဒါမှမဟုတ် ဆူပူထိခိုက်မှုနောက်ပိုင်း အာဏာပိုင်တွေဆီ ပေးအပ်ဖို့ခွင့်ပြုရမယ့်အချက်တွေလည်း ပါဝင်တယ်။

အဲဒီကန့်သတ်ချက်တွေရဲ့ ထိပ်ဆုံးမှာ ကျည်ဆန်ဝယ်ယူခွင့်နဲ့ ပတ်သက်တဲ့သီးခြားခွင့်ပြုချက်တစ်ခုရှိသေးတာက တစ်ဦးမှာ ကျည်ဘယ်လောက်ဝယ်ယူနိုင်မလဲဆိုတာ ပမာဏအကန့်အသတ်ပါ။ သုတေသနလုပ်ငန်းတွေကလွဲလို့ အရပ်သား handgun ပိုင်ဆိုင်မှုကိုလည်း တားမြစ်ထားတယ်။ 

တင်းကျပ်တဲ့ဥပဒေတွေရဲ့ ရလာဒ် တစ်စိတ်တစ်ပိုင်းအဖြစ် ယူအက်စ်နဲ့ နှိုင်းယှဉ်ရုံတင်မဟုတ်ဘဲ တခြားနိုင်တွေနဲ့နှိုင်းယှဉ်ရင်တောင် ဂျပန်မှာ သေနတ်အကြမ်းဖက်မှုအဆင့် အင်မတန်နိမ့်ပါတယ်။ ၂၀၁၂ က Fisher ရေးသားခဲ့တဲ့ဆောင်းပါးမှာ ဂျပန်နိုင်ငံလူဦးရေ သန်း ၁၃၀ နီးပါးရှိတဲ့အချိန် သေနတ်ပစ်ခတ်သတ်ဖြတ်မှု ၂၀၁၆မှာ ၂ ခုရှိခဲ့ပြီး ၂၀၀၇ မှာ ၂၂ မှုရှိခဲ့တော့ အဲဒီနှုန်း ၂ခုလုံးဟာ သေနတ်သတ်ဖြတ်မှု အံ့သြစရာကောင်းလောက်အောင်နိမ့်တဲ့နှုန်းလို့ ပြောလို့ရပါတယ်။ ယူအက်စ်ရဲ့ နှုန်းထားဟာ ဂျပန်ထက် အကြိမ်၃၅၀ ပိုပြီးမြင့်မားနေတယ်။ 

ယူအက်စ်ကို ဂျပန် ဒါမှမဟုတ် တခြားနိုင်ငံတွေက သေနတ်ဥပဒေတွေကို အလွယ်တကူတင်သွင်းအသုံးပြုမယ်။ အဲဒီမူဝါဒတွေကို ချက်ချင်းအထောင်အထည်ဖော်လိုက်ပြီး တခြားတန်းတူဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ယှဉ်လို့ ယူအက်စ်မှာ သေနတ်အကြမ်းဖက်မှုတွေလျော့ကျတာကိုစောင့်ကြည့်ပါ စသဖြင့် အဲဒီလို အကြံပြုတာတွေတစ်ခုမှ မပြုလုပ်နိုင်ကြဘူး။ ယူအက်စ်၊ ဂျပန်၊ ယူကေ၊ ကနေဒါ နဲ့ ဆွစ်ဇာလန်တို့ဟာ အင်မတန်ကွဲပြားတဲ့ ယဉ်ကျေးမှု၊ လူမှုစီးပွား အမျိုးမျိုးအထွေထွေလွှမ်းမိုးမှုတွေရှိကြတဲ့ နိုင်ငံတွေပါ။ ယူအက်စ်မဟုတ်တဲ့ နိုင်ငံတွေမှာ နှိုင်းယှဉ်ကြည့်ရင် သေနတ်အနည်းငယ်သာ စတင်ပျံ့နှံလည်ပတ်နေတယ်။ အဲဒါကြောင့် သေနတ်တွေကို ကန့်သတ်ဖို့လွယ်ကူပြီး သူတို့ရဲ့ ထင်ပေါ်ကျောစောတဲ့နာမည်ကောင်းကို ထိန်းသိမ်းထားနိုင်ကြတယ်။ တကယ်တော့ ယူအက်စ်မှာရှိတဲ့လူဦးရေထက် သေနတ်တွေက ပိုများနေတယ်။ အဲဒါကြောင့် သေနတ်ဝင်လမ်းအတိုင်းအတာနဲ့ သေနတ်ပိုင်ဆိုင်မှုအဆင့်တွေ နောက်ဆုတ်ပြန်လှည့်ဖို့ တော်တော်လေးခက်ခဲနေခဲ့မှာပါ။ 

ဒါပေမဲ့ သုတေသနနဲ့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုအခြေခံကြည့်ရင် ပိုပြီးကန့်သတ်ထားတဲ့ သေနတ်ဥပဒေတွေဆိုရင် ယူအက်စ်မှာ ပစ်ခတ်သေဆုံးမှုတွေအင်မတန်လျော့ကျသွားအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း ဥပဒေပြုသူတွေနဲ့ အိမ်ဖြူတော်ဟာ ဖက်ဒရယ်သေနတ်ဥပဒေ အရေးကြီးတဲ့ ပြင်ဆင်မွမ်းမံမှုတွေ သဘောတူညီကြဖို့ အတူတကွတွေ့ဆုံကြတာ အနည်းဆုံး ၆ ကြိမ် ရှိခဲ့ပါတယ်။
Source: How gun control works in America, compared with 4 other rich countries | www.vox.com
ဖြိုးဖြိုး

သေနတ်ဥပဒေတွေ ဘာကြောင့်အသက်မဝင်နိုင်ဖြစ်နေရလဲ
http://www.myworld-phyophyo.com/2016/02/blog-post_7.html
သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက
http://www.myworld-phyophyo.com/2016/02/blog-post_11.html
သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ
http://www.myworld-phyophyo.com/2016/02/blog-post_15.html
သေနတ်ထိန်းချုပ်ရေးနဲ့ ယူကေ
http://www.myworld-phyophyo.com/2016/02/blog-post_66.html
သေနတ်ထိန်းချုပ်ရေးနဲ့ ဆွစ်ဇာလန်
http://www.myworld-phyophyo.com/2016/06/blog-post_13.html

(ဆက်ရန်)

No comments: