Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 15, 2016

အမေရိကမှာ အန္တရာယ်အရှိဆုံးသေနတ်တွေ

စွမ်းအားမြင့်တိုက်ခိုက်နိုင်တဲ့ရိုင်ဖယ်တွေပိုင်ဆိုင်ဖို့ အခွင့်အရေးရလိုကြတဲ့သူတွေကတော့ သေနတ်အားလုံးအတူတူပဲလို့ ကွဲပြားတဲ့အမြင်တွေရှိနေကြမှာပါပဲ။ ဒါပေမဲ့ သေနတ်အားလုံးဟာ အတူတူ ဖန်တီးထားကြတာမဟုတ်ပါဘူး။ အလွတ်တကူရရှိနိုင်မှု၊  ပေါ့ပါ့းဝန်ကျဉ်းမှုနဲ့ ပြစ်မှုကျုးလွန်ရာမှာအသုံးပြုမှုတွေပေါ်မှာ မူတည်ပြီး ဒီသေနတ် ၅ မျိုးကတော့ အမေရိကရဲ့ အန္တရာယ်အကြီးဆုံးသေနတ်တွေဖြစ်နေကြတယ်။ ATF (Bureau of Alcohol, Tobacco, Firearms and Explosives) နဲ့ FBI ရဲ့ လူသတ်မှုမှတ်တမ်းတွေက လက်နက်သဲလွန်စအချက်အလက်တွေကို အသုံးပြုပြီး ပြစ်မှုဖြစ်ပွားတဲ့နေရာတွေမှာ အများဆုံးတွေ့ရှိရတဲ့ သေနတ်အမျိုးအစားနဲ့ လူသတ်သမားတွေအသုံးများတဲ့သေနတ်တွေကြည့်ပြီး ဒီသေနတ်တွေကို ဆုံးဖြတ်ရွေးချယ်လိုက်တာပါ။ အရေအတွက်တွေက သိသာထင်ရှားလှတယ်။ FBI ရဲ့ ၂၀၁၂ ယူအက်စ်ပြစ်မှုမှတ်တမ်းမှာ လူသတ်မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ သေနတ်နဲ့ပစ်ခတ်မှုတွေဖြစ်တယ်လို့ဖော်ပြထားပြီး၊ သေနတ်ပစ်ခတ်မှုတွေအားလုံးရဲ့ ၇၂ ရာခိုင်နှုန်းမှာတော့ handgun အသုံးပြုထားတယ်လို့ပါဝင်တယ်။
အဲဒီအကြမ်းဖက်မှုမျိုးတွေမှာ အသုံးပြုခဲ့တဲ့ handgun အမျိုးအစားအသေးစိတ် FBI က ရှင်းလင်းဖော်ပြမထားပေမဲ့ ပြစ်မှုဖြစ်ပွားတဲ့နေရာတွေကနေဖမ်းယူသိမ်းဆည်းခဲ့တဲ့ လက်နက်တွေကို ATF ရဲ့သုတေသနထဲမှာတော့ ပိုပြီးတိတိကျကျဖော်ပြထားတယ်။ အဲဒါတွေကို ဒီနေရာမှာမျှဝေလိုက်ပါတယ် လို့ Kristen Gwynne က Rolling Stone မှာရေးသားထားပါတယ်။

Pistols
handgun ပိုင်ရှင်တွေကြား ပေါ်ပြူလာဖြစ်လှတယ်။ ပစ္စတိုတွေမှာ သူတို့ရဲ့ built-it သေနတ်ပြောင်းနဲ့ ခပ်တိုတိုသေနတ်ဒင်နဲ့ ပုံစံသတ်မှတ်ထားနိုင်တယ်။ ATF ရဲ့မှတ်တမ်းမှာ အများဆုံးတွေ့ရှိကြတဲ့အမျိုးအစားအဖြစ် ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ် ပြစ်မှုဖြစ်ပွားတဲ့နေရာတွေမှာ ပစ္စတိုပေါင်း ၁၁၉၀၀ လက်တွေ့ရှိခဲ့ကြတယ်။ ပေါ်ပြူလာအဖြစ်ဆုံးပစ္စတိုမော်ဒယ်က ခပ်စိပ်စိပ်နောက်ပြန်ကန်ပြီး၊ semi-auto ဖြစ်တဲ့ Glock ပစ္စတိုအမျိုးအစား ပါ။ သြစတြီးယားနိုင်ငံ Deutsch-Wagram မြို့မှာရှိတဲ့ Glock Ges.m.b.H. သေနတ်ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ Glocks ဟာ ယူနိုက်တက်စတိတ် Law Enforcement Agency (LEA) တွေရဲ့ ဈေးကွက်ပမာဏ ၆၅ ရာခိုင်နှုန်းခန့်ထုတ်လုပ်ပေးနေသလို နိုင်ငံတကာ LEA တွေကလည်း မကြာမကြာအသုံးပြုကြတယ်။
(မှတ်ချက်- Law enforcement agency (LEA) တစ်ခုဟာ ဥပဒေပြုဌာနပါ။ LEA ဟာ အထူး၊ ဒေသတွင်းနဲ့ ပြည်နယ်ရဲဌာန၊ Federal Bureau of Investigation (FBI) ဒါမှမဟုတ် Drug Enforcement Administration (DEA)တို့လို ဖက်ဒရယ်ဌာနတွေပါဝင်ကြတယ်။)

Revolvers
ခြောက်လုံးပြူးသေနတ်တွေကို သူတို့ရဲ့ လည်နေတဲ့ဆလင်ဒါပုံ အခန်းပုံစံကိုကြည့်ပြီး နာမည်ပေးထားကြတယ်။ ATF ရဲ့အဆင့်မှာ ဒုတိယနေရာပေးထားပြီး ၂၀၁၂ ပြစ်မှုဖြစ်ပွားတဲ့နေရာတွေမှာ သေနတ် ၄၆၀၀၀ ကျော် တွေ့ရှိခဲ့ရတယ်။ လက်ရှိနှစ်တွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုတော့ ထိန်းသိမ်းထားပါတယ်။ တချို့လက်ပစ်ဗုံးပစ်တဲ့ကိရိယာတွေ၊ shotgun တွေနဲ့ rifle တွေမှာလည်း လည်နေတဲ့ပြောင်းမျိုးပါရှိကြတယ်။ ဒါပေမဲ့ revolver ဆိုတဲ့အခေါ်အဝေါ်ကိုတော့ ယေဘူယျအားဖြင့် ခြောက်လုံးပြူးသေနတ်ကိုပဲ ညွှန်းဆိုကြတာပါ။ ခြောက်လုံးပြူးအမျိုးအစားတွေမှာ single နဲ့ double action ပစ်ခတ်နိုင်တဲ့စက်ကိရိယာရှိကြတယ်။ နောက်ပိုင်းမှာ သေနတ်ခလုတ်ဆွဲဖို့ မောင်းတင်စရာလိုတော့ပါဘူး။

Rifles
LEA တွေဟာ ၂၀၁၂ မှာ ပြစ်မှုဖြစ်ပွားတဲ့နေရာကနေ ရိုင်ဖယ်ပေါင်း ၃၉၀၀၀ သိမ်းဆည်းရမိတယ်။ ရိုင်ဖယ်တွေကို ပခုံးပေါ်တင်ပြီးပစ်ရတဲ့ပုံစံ ဒီဇိုင်းထွင်ထားကြတယ်။ ATF မှတ်တမ်းမှာ တတိယနေရာလိုက်တဲ့သေနတ်ပါ။ ရိုင်ဖယ်တစ်လက်ရဲ့ မောင်းဆွဲတဲ့အခါ ချိန်ရွယ်တဲ့ပစ်မှတ်ကို တစ်ချက်တည်းပစ်ခတ်တယ်။ shotgun ကျည်ဆန်လို ခဲတွေကမွှေပြီးဖြန့်ကျဲပစ်ခတ်တာမျိုးနဲ့ ဆန့်ကျင်ဘက်ပါ။ FBI ရဲ့ နောက်ဆုံး အများပြည်သူကိုထုတ်ပြန်ခဲ့တဲ့မှတ်တမ်းမှာ ၂၀၁၂ မှာ ရိုင်ဖယ်တွေကို လူပေါင်း ၃၂၀ကျော်သတ်ဖြတ်ရာမှာ အသုံးပြုခဲ့ကြတယ်လို့ ဖော်ပြထားတယ်။ ရိုင်ဖယ်တွေရဲ့ပြောင်းထဲမှာ စောင်းတွေထည့်ထားတဲ့ဒီဇိုင်းနဲ့ လိုချင်တဲ့ပစ်မှတ်တိကျသေချာဖို့ ဖန်တီးထားကြတယ်။ ရိုင်ဖယ်သေနတ် ပြောင်းအတွင်းထဲမှာ ရှေးခေတ်ကသေနတ်တွေလိုပြောင်ချောမဟုတ်ဘဲ လိုင်းစောင်းတွေ rifling ထည့်ထားကြတယ်။ ပစ်မှတ်တိကျပြီး ချိန်ရွယ်ဖို့လွယ်ကူတာကြောင့် အမဲလိုက်လက်နက်အဖြစ်အသုံးအများဆုံးပါ။

Shotguns
ရိုင်ဖယ်တွေလိုပဲ shotgun တွေကိုလည်း ပခုံးပေါ်ကပဲပစ်ခတ်ကြပြီး တစ်ချက်တည်းပစ်ခတ်ကြတာပါပဲ။ ရိုင်ဖယ်နဲ့မတူတာက shotgun နဲ့ တစ်ချက်ပစ်ခတ်လိုက်တဲ့အခါ ကျည်စေ့လုံးလုံးဝန်းဝန်းတွေဟာ ပစ်မှတ်ဆီကို ဖြန့်ကျဲဝင်ရောက်သွားနိုင်တယ်။  FBI မှတ်တမ်းမှာ ၂၀၁၂ အတွင်း လူသတ်မှု ၃၀၃ ခုမှာ shotgun တွေ အသုံးပြုခဲ့ကြတယ်။ shotgun ၂၇၀၀၀ လက်ကို ပြစ်မှုဖြစ်ပွားတဲ့နေရာတွေမှာ သိမ်းဆည်းရမိခဲ့တယ်လို့ ATF ၂၀၁၂ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ စတုတ္ထမြောက်အသုံးအများဆုံးသေနတ်အမျိုးအစားလို့ ဆိုတယ်။

Derringers
Derringer သေနတ်ကို အိတ်ကပ်၊ လက်ဝါးထဲမှာ ဝှက်သိမ်းနိုင်တဲ့အမျိုးအစား ပြောင်းတိုပစ္စတိုသေနတ်လို့ သိထားကြတယ်။ သေနတ်ပြောင်း တစ်ခု ဒါမှမဟုတ် နှစ်ခုပါရှိပြီး တင်းကျပ်တဲ့တရားဝင်ပြဌာန်းချက်မျိုးမရှိတဲ့သေနတ်အမျိုးအစားပါ။ ဒါပေမဲ့ ATF ရဲ့ သဲလွန်စမှတ်တမ်းမှာ ပါဝင်နေတဲ့ သေနတ်အမျိုးအစားပါပဲ။ ၂၀၁၂ မှာ သေနတ် ၂၀၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်။ တခြားသေနတ်အမျိုးအစားတွေနဲ့ယှဉ်ကြည့်ရင်တော့ နည်းပါးတဲ့အရေအတွက်ပါ။ ဒါပေမဲ့ ပေါ်ပြူလာဖြစ်လှတဲ့ ပစ္စတိုသေနတ်ပုံစံတစ်စိတ်တစ်ပိုင်းဖြစ်နေတာကြောင့်လည်း ပြစ်မှုဖြစ်ပွားတဲ့နေရာတွေမှာ ပဉ္စမမြောက်အများဆုံး သိမ်းဆည်းရတဲ့အမျိုးအစားဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့နှစ် ၃၀ ကျော်မှာ ကျည်ပမာဏများများဆန့်တဲ့ assault weapon တွေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်ခတ်မှုတွေဟာ ဆက်စပ်နေချိန်မှာ assault ရိုင်ဖယ်တွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့ ခက်ခဲနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ သေချာသိထားကြတာက တိုက်ခိုက်ရာမှာအသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတဲ့ semi-automatic ၊ မြန်မြန်ဆန်ဆန်ပစ်ခတ်နိုင်တဲ့ လက်နက်အမျိုးအစားတွေကို အရေအတွက်နည်းနည်းလူသတ်မှုတွေနဲ့ တခြား သေနတ်ပြစ်မှုတွေမှာ အသုံးပြုကြတယ်ဆိုတာကိုပါ။      ။
Source: The 5 Most Dangerous Guns in America | www.rollingstone.com
***************************
ကမ္ဘာမှာ အန္တရာယ်အကြီးဆုံးသေနတ်အမျိုးအစား (၁၀)မျိုးကတော့
10. Kalashnikov AK – 47

 9. Heckler Koch HK MG4 MG 43 Machine Gun

8. Heckler and Koch HK416 Assault Rifle

7. Thompson M192 Machine Gun

 6. F-2000 Assault Rifle

5. MG3 Machine Gun

4. XM307 ACSW Advanced Heavy Machine Gun

 3. Uzi Sub-machine Gun

 2. Thompson M1921 Sub-machine Gun

1.  DSR-Precision DSR 50 Sniper Rifle
Source: Top 10 Most Dangerous Guns in the World 

ဖြိုးဖြိုး

No comments: