Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 02, 2015

ကျန်းမာလန်းဆန်း ဟင်းသီးဟင်းရွက်အစွမ်း

 ကိုယ့်ရဲ့ဈေးဝယ်ရမယ့် စာရင်းစာရွက်လေးရဲ့ ထိပ်ဆုံးတွေမှာ antidoxidant ကြွယ်ဝပေါများစွာထုတ်ပေးနိုင်တာလေးတွေနေရာပေးထားရမှာပေါ့။ ကိုယ်နေ့စဉ်မဝယ်မဖြစ်၊ မသုံးမဖြစ်သုံးနေရတဲ့ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် ဘာတွေအကူအညီပေးနေလဲ သိထားရတာလည်း စိတ်ဝင်စားစရာကောင်းလှတယ်။

ကြက်သွန်နီ (Onions)

ကြက်သွန်နီက မြန်မာဟင်းလျာတွေချက်ပြုတ်တဲ့အခါ မပါမဖြစ်တဲ့အသုံးပြုကြတာပါ။ ချက်ပြုတ်စားတာထက် အစိမ်းလတ်လတ်ဆတ်ဆတ်စားတဲ့အခါ ကြက်သွန်နီဟာ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ antioxidant တွေပေးပါတယ်။ အပူပြင်းပြင်းနဲ့ ချက်လိုက်တဲ့အခါမှာတော့ phytochemical (အပင်တွေမှာပါဝင် ဇီဝဓာတ်ပစ္စည်းလှုပ်ရှားစေတဲ့ဓာတ်ပေါင်း)ရဲ့အကျိုးကျေးဇူးသိသိသာသာလျော့ကျသွားစေပါ။ အဲဒီဓာတ်ပေါင်းတွေဟာ အဆုတ်နဲ့ ဆီးကြိတ်ကင်ဆာကို ကာကွယ်နိုင်ကြတယ်။ ခရမ်းချဉ်သီး၊ ထောပတ်သီး နဲ့ ငရုတ်ချိုတောင့်ပွတို့ကို အတုံးလေးတွေကြိုက်သလိုပုံစံလှီးဖြတ်ပြီး ကြက်သွန်နီကိုလည်းအစိမ်းအကွင်းအဝိုင်းကြီးတွေပဲအဖြစ် အတုံးသေးသေးလေးတွေပဲဖြစ်ဖြစ်လှီး ရောမွှေကာ သံလွင်ဆီထည့်လို့ သံပရာရည်လေးညှစ်ဖြန်းပေးပြီး ဆလတ်အဖြစ်စားပေးရင် သွေးထဲကသကြားဓာတ်လျော့ကြစေတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ 

ပြောင်းဖူး (Corn)
ပြောင်းဖူးအဖူးလိုက်ပဲဖြစ်ဖြစ်၊ ချွေထားတာပဲဖြစ်ဖြစ် ပြုတ်ထားတဲ့ပြောင်းဖူးသေချာစေဖို့ပါပဲ။ ပြောင်းဖူးကတော့ အစိမ်းလိုက်စားလို့မှ မရတာပဲနော်။ Jouranal of Agricultural Food and Chemistry တွေ့ရှိချက်မှာ ကြာရှည်ပြုတ်ထားလေလေ lutein (သစ်ရွက်တွေနဲ့ ကြက်ဥအနှစ်မှာတွေ့ရတဲ့ အဝါရင့် ရောင်ခြယ်) ဟာ သက်ကြီးရွယ်အိုတွေမှာဖြစ်လာတတ်ဲ့ မျက်စိမှုန်၊ မျက်စိကွယ်တာတွေကို တိုက်ဖျက်ချေမှုန်းစေတယ်လို့ ဆိုထားတယ်။ အုန်းနို့ပြောင်းဖူးကင် လုပ်စားတာလည်း အရသာကောင်းမွန်လှသလို ကျန်းမာရေးအတွက်သင့်တော်လှတယ်။

ပဲစိမ်းလုံး (Peas)
သေးငယ်ပေမယ့် အားကြီးလှတယ်လို့တောင် ညွှန်းဆိုကြတာပါ။ International Journal of Cancer ရဲ့ လေ့လာတွေ့ရှိချက်တစ်ခုမှာ ပဲစိမ်းလုံးနေ့စဉ်စားသုံးပေးတာဟာ တခြားပဲတောင့်ရှည်မျိုးတွေစားပေးတာထက် အစာအိမ်ကင်ဆာဖြစ်နှုန်းလျော့ကျစေတယ်။ အစာအိမ်ကင်ဆာကာကွယ်ပေးတယ်လို့ ဖော်ပြထားတယ်။ ပဲအမျိုးမျိုးရဲ့အကျိုးကျေးဇူးများများစားစားထက်ကို ဒီ Green Pea လေးတွေက အစာအိမ်ကင်ဆာအတွက်အထူးသင့်တော်ပါတယ်တဲ့။ ဆန်လုံးညိုနဲ့ သံပုရာ၊ ပဲစိမ်းလုံး အီတာလျံထမင်း (Brown Rice Risotto) က ကျန်းမာရေးအတွက်ကောင်းမွန်တယ်လို့ ညွှန်းပါတယ်။ 

ကိုက်လန် (Kale)
အနားစလေးတွေတွန့်တွန့်ကွေးကွေးနဲ့ တရုတ်ကိုက်လန်လို့ ခေါ်ကြတဲ့ Kale မှာ ဗီတာမင် စီ ပေါများကြွယ်ဝလှတယ်။ LDL Levelလျော့ကျတာကြောင့် (သွေးရည်ကြည်ထဲက lipoprotein လျော့ကျတာကြောင့်) ဖြစ်နိုင်တဲ့ နှလုံးရောဂါဖြစ်နိုင်ခြေနည်းသွားမှာပါ။

ပန်းဂေါ်ဖီစိမ်း (Broccoli)
ဘရော့ကိုလီမှာ ကင်ဆာကိုတိုက်ဖျက်တဲ့ antioxidant တွေပြည့်ပြည့်ဝဝ ပါဝင်တယ်။ ဘရော့ကိုလီ အပါအဝင် ဂေါ်ဖီထုပ်အမျိုးအစားတွေကို ရက်သတ္တတစ်ပတ်မှာ ငါးကြိမ်နဲ့ အထက်စားတဲ့ အမျိုးသားတစ်ဦးဟာ ဆီအိတ်ကင်ဆာဖြစ်နိုင်ခြေထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ဒိန်ခဲအဝါ (cheddar cheese) နဲ့ ဘရော့ကိုလီစွပ်တစ်ခွက် ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

ငရုတ်တောင့်ပွအနီ (Red bell pepper)
အရွယ်အလတ်စားငရုတ်တောင့်ပွတစ်တောင့်မှာ ကယ်လိုရီနည်းနည်းပဲပါတယ်၊ ဒါပေမဲ့ ဗီတာမင် စီ မြင့်မားစွာပါဝင်နေပါတယ်။ သွေးလွှတ်ကြောမှာ သွေးဖြူဥတွေစုပုံတတ်တဲ့သွေးကြောဆိုင်ရာရောဂါ Atherosclerosis ပြဿနာတွေကို စောင့်ကြပ်ကြည့်ရှုပေးနိုင်ကြတယ်။ 

ဟင်းနုနွယ် (Spinach)
အပင်တွေမှာ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ရောင်ခြယ်ပေးတဲ့ ကယ်ရိုတင်းပါ carotenoid တွေ ပါဝင်ကြတယ်။ မျက်စိအားကောင်းလှတဲ့ antioxidant တွေဖြည့်တင်းပေးတယ်။ မျက်စိအတွက် အထူးသင့်တော်လှတဲ့ အစားအစာပါ။ 

ပဲပင်ပေါက် (Alfalfa sprouts) 
သေးငယ်လှတဲ့ ဒီပဲပင်ပေါက်မှာ beta-carotene တွေ ပေါများကြွယ်ဝစွာပါဝင်နေပါတယ်။ အဆုတ်ကင်ဆာနဲ့ ကျန်းမာလန်းဆတ်တဲ့အသားအရည်၊ ဆံပင်သား၊ လက်သည်း၊ သွားဖုံး၊ ဂလင်းတွေ၊ အရိုး နဲ့ သွားတွေ ကျန်းမာရေးကောင်းမွန်စေဖို့  ကူညီပေးကြတယ်။ နောက်ထပ် ဗီတာမင် အီး လည်း ပါဝင်သေးတာကြောင့် နှလုံးရောဂါ၊ heart attack/ stroke မျိုးတွေ ကာကွယ်ပေးပါတယ်။ ဆီးအိတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေကိုလည်း လျော့ကျစေတယ်။ ကြက်သား၊ ထောပတ်၊ တို့နဲ့ alfalfa ပဲပင်ပေါက်အတူ ပြင်ဆင်ထားတဲ့ အသားညှပ်မုန့်ဟာလည်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစားအစာပါ။

မုံလာစိမ်းထုပ် (Brussels sprouts)
ဘောလုံးသေးသေးလေးတွေလို မုံလာစိမ်းထုပ်လေးတွေမှာ antioxidant တွေပါဝင်ကြပြီး ကင်ဆာဆိပ်တွေကိုရှင်းထုတ်ဖို့ ကူညီပေးတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ၈၀ ရာခိုင်နှုန်းကိုပေးနိုင်ပြီး နှလုံးရောဂါနဲ့ မျက်စိတိမ်စွဲရောဂါမျိုးတွေကို ကာကွယ်ပေးပါတယ်။ 

သကြားမုံလာ (Beets)
ကင်တာပဲဖြစ်ဖြစ် သနပ်လုပ်ထားတာပဲဖြစ်ဖြစ် ဒီ သကြားမုံလာဥမှာ ကင်ဆာကိုတိုက်ခိုက်နိုင်တဲ့ antioxidant အဆင့်မြင့်မားစွာပါဝင်နေဆဲပါ။ မျက်စိကိုကာကွယ်ပေးတဲ့ lutein လည်းပါဝင်ကြတယ်။ ဒီမုံလာဥနီနီလေးရဲ့ အရွက်တွေကိုလည်း လွှင့်မပစ်ပါနဲ့။ တခြားအစိမ်းရောင်ဟင်းရွက်တွေလိုပဲ ချက်ပြုတ်နိုင်ပါတယ်။ အဟာရကြွယ်ဝလှတဲ့ အရွက်လေးတွေပါ။ ဗီတာမင် အေ၊ စီ နဲ့ ဘီလည်း ကြွယ်ဝစွာပါဝင်သေးတယ်။ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်အရင်းအမြစ်တွေလည်း ပေါများစွာပါရှိတယ်။ အီတလီထမင်း Risotto With Beets ဟာ ကျန်းမာရေးနဲ့ ကိုက်ညီလှတယ်။ 

ကျန်းမာလန်းဆန်းစေတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အစွမ်း မလွတ်တမ်းဖမ်းယူပြီး အရသာလည်းရှိလှတဲ့ ဟင်းလျာတြွေ ပြင်ဆင်ချက်ပြုတ်နိုင်ကြပါစေ။

Source: 10 of the Healthiest Vegetables You Can Eat | Reader's Digest

ဖြိုးဖြိုး
(Living Fashion Magazine, October, 2015)

No comments: