Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ညွှန်းတဲ့ ရုပ်ရှင်. Show all posts
Showing posts with label ညွှန်းတဲ့ ရုပ်ရှင်. Show all posts

Thursday, September 04, 2014

ညွှန်းတဲ့ ရုပ်ရှင်



The Giver
Drama / Sci-Fi
The Weinstein Company
ဒါရိုက်တာ - Phillip Noyce
ထုတ်လုပ်သူ - Jeff Bridges, Neil Koenigsberg, Nikki Silver
ဇာတ်ညွှန်း - Michael Mitnick
ဝတ္ထု - Based on the Giver by Lois Lowry
သရုပ်ဆောင်များ - Jeff Bridges, Meryl Streep, Brenton Thwaites, Alexander Skarsgård, Odeya Rush, Katie Holmes, Taylor Swift, Cameron Monaghan

Thursday, July 31, 2014

ညွှန်းတဲ့ ရုပ်ရှင်


As Above, so below
Horror / Thriller 
Universal Pictures
ဒါရိုက်တာ - John Erick Dowdle
ထုတ်လုပ်သူ - Patrick Aiello, Alec Hedlund
ဇာတ်ညွှန်း - Drew Dowdle, John Erick Dowdle
သရုပ်ဆောင်များ - Ben Feldman, Edwin Hodge, Perdita Weeks

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကြီးရဲ့ လမ်းမတွေရဲ့အောက်မှာ အကွေ့အချိုးမိုင်ပေါင်းများစွာနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိလို့နေတယ်။ မရေမတွက်နိုင်တဲ့ဝိညာဉ်တွေရဲ့ ထာဝရအိမ်က ပါရီမြို့ကြီးရဲ့ လမ်းမတွေအောက်မှာပဲလား။ အမေရိကန်-အင်္ဂလိပ်ရှာဖွေစူးစမ်းအဖွဲ့တစ်ဖွဲ့က လူငယ်တွေ အရင့်အရင်က မတွေ့မကြုံခဲ့ရဖူးသေးတဲ့ အရိုးဝင်္ကပါတစ်ခုကို တွေ့သွားတယ်။ ဒီမြို့တော်ကြီးအတွင်းမှာ တည်ရှိနေတဲ့သေခြင်း၊ ပုန်းကွယ်မှောင်မိုက်နေခဲ့တဲ့ လှို့ဝှက်ချက်ကိုဖော်ထုတ်မိလျက်သားဖြစ်ခဲ့ရပြီ။ ၁၇၈၅ ခုနှစ်ကတည်ဆောက်ခဲ့သတဲ့။ ကမ္ဘာ့အကြီးဆုံးဂူသင်္ချိုင်းတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့စန္ဒရားအို၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ လှို့ဝှက်တံခါး၊ အဲဒီတံခါးပွင့်သွားခဲ့တာနဲ့ပဲ။ ချောက်ချားစရာ အတိတ်တွေ ရုန်းကြွတွန်းကန်လာတော့တယ်။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က သရုပ်ဆောင်မိန်းကလေး Perdita Weeks တို့ ပါဝင်ထားကြတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်ကြသူတွေအတွက်တော့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်နေမှာပါ။  As Above, so below ရဲ့ ရုပ်ရှင်ပိုစတာမှာပဲ ဆွဲဆောင်မှုအားကြီးနေတော့ စောင့်ကြည့်ရမယ့်ရုပ်ရှင်ဖြစ်နေပါလိမ့်မယ်။ "The only way out is down" တဲ့။

The Hundred-Foot Journey
Comedy
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Lasse Hallström
ထုတ်လုပ်သူ - Steven Spielberg, Oprah Winfrey, Juliet Blake 
ဇာတ်ညွှန်း - Steven Knight
သရုပ်ဆောင်များ - Helen Mirren, Om Puri, Manish Dayal, Charlotte Le Bon

ဒါရိုက်တာက ABBA အဖွဲ့ရဲ့ သီချင်းဗီဒီယိုတွေအားလုံးနီးပါး ရိုက်ကူးခဲ့တဲ့ ဆွီဒစ်ရှ် ဒါရိုက်တာ Lasse Hallström ပါ။ Steven Spielberg နဲ့ Oprah Winfrey တို့ကလည်းထုတ်လုပ်သူအဖြစ်ပူးပေါင်းပါဝင်ထားကြတယ်။ ဟာ့စန်ကာဒမ်(Manish Dayal) ဟာ စားချင်စဖွယ်ဟင်းအမယ်တွေ ဖွယ်ဖွယ်ရာရာချက်ပြုတ်ရာမှာ တကယ့်ကိုကျွမ်းကျင်လှတဲ့စားဖိုမှူးတစ်ဦးပါ။ ဟာ့စန်အပါအဝင် ကာဒမ်မိသားစု၊ သူတို့ရဲ့ဇာတိရပ်မြေ အိန္ဒိယကနေ ပြင်သစ်တောင်ပိုင်း၊ ရှေးဆန်ဆန် မြို့လေး Saint-Antonin-Noble-Val ဆီ ပြောင်းရွှေ့အခြေချဖို့ဖြစ်လာတယ်။ ကာဒန်မိသားစုကို ဦးဆောင်တာက ပါပါး (Om Puri) ပါ။ ပြင်သစ်မြို့လေးမှာ နှစ်လိုဖွယ်ရာတွေပြည့်နှက်နေတယ်။ မျက်စိပသာဒဖြစ်စရာတွေလည်းရှိတယ်။ အဲဒီ ဖော်ရွေရည်မွန်တဲ့မြို့လေးမှာ အိန္ဒိယအစားအစာတွေရောင်းချမယ့် စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားကြတယ်။ နာမည်က Maison Mumbai တဲ့။ လမ်းတစ်ဘက်မှာက Le Saule Pleureur ဆိုတဲ့ ပြင်သစ်စားသောက်ဆိုင်ရှိနေတယ်။ ပိုင်ရှင်က ရေခဲဘုရင်မလို့တောင်တင်စားခေါ်ရဦးမယ့် အေးစက်မာကြောအမျိုးသမီး မဒမ်မယ်လိုရီ(Helen Mirren)။ မယ်လိုရီက အိန္ဒိယန်းစားသောက်ဆိုင်အသစ်လေးကို ဆန့်ကျင်ဖို့ စားသုံးသူတွေကို အရှိန်မြှင့်ပြီး ဆွဲဆောင်နေတယ်။ အိန္ဒိယန်းတေးသံတချက်တချက် ကျယ်ကျယ်လောင်လောင်ကြားရရင် မယ်လိုရီတားမြစ်တယ်။ ပါပါးကတော့ ကြုံးဝါးတာပဲ။ "သီချင်းသံကို လျှော့ပေးလို့ရတယ်၊ ဖောက်သည်တွေကိုတော့ ပိုပြီးမြင့်တက်အောင်လုပ်ပြဦးမယ်" တဲ့။ ဟာ့စန်ကတော့လူငယ်ပီပီ ပြင်သစ်အဆင့်မြင့်အစားအစာတွေပေါ်မှာလည်း နှစ်သက်တယ်။ အရသာကို မြည်းစမ်းဖို့ စိက်ထက်သန်ပြင်းပြနေတယ်။ မယ်လိုရီရဲ့ ဆိုင်က စားဖိုမှူးမလေး မာဂူရီ(Charlotte Le Bon))ဆိုတဲ့ မိန်းကလေးကလည်း ချိုမြမြမျက်နှာပေးလေးနဲ့၊ ဟာ့စန်စိတ်နှလုံးကို ညှို့ယူဆွဲဆောင်နိုင်လိုက်တာကိုး။ ပြင်သစ်အစားအစာတွေမှာ ဟာ့စန်က အိန္ဒိယရိုးရာဟင်းခတ်အမွှေးအကြိုင်တွေပေါင်းထည့်၊ သူ့ရဲ့ စားဖိုမှူးအရည်အသွေးတွေလည်းပေါင်းထည့်လိုက်တော့ ကြက်ဥမွှေကြော်တစ်ပန်းကန်ကတောင် စားချင်စဖွယ်ကောင်းလွန်းလှပြီ။ ယဉ်ကျေးမှုနှစ်ခုပေါင်းစပ် ရက်ဖွဲ့လိုက်တဲ့ အစားအစာကို မယ်လိုရီ နှစ်ခြိုက်သွားတော့တယ်။ မယ်လိုရီ မသိကျိုးကျွံပြုမနေနိုင်တော့ဘူး။ ဟာ့စန်ကို သူမရဲ့ စားဖိုမှူးအဖြစ် ဆွဲဆောင်ဖို့ ကြိုးပမ်းကြည့်တော့မယ် ထင်တယ်။


Guardians of the Galaxy
Action / Adventure / Sci-Fi
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - James Gunn
ထုတ်လုပ်သူ - Kevin Feige
ဇာတ်ညွှန်း - James Gunn, Nicole Perlman
ဝတ္ထု - Based on Guardians of the Galaxy by Dan Abnett, Andy Lanning
သရုပ်ဆောင်များ - Chris Pratt, Vin Diesel(voice), Bradley Cooper

Marvel Comics စူပါဟီးရိုး ကာတွန်းအခြေခံထားတဲ့ Marvel Cinematic Universe ရဲ့ ၁၀ ကားမြောက်ရုပ်ရှင်ပါ။ 3D ရော IMAX 3D နဲ့ပါ ပြသပါလိမ့်မယ်။ Ironman, Captain America, Thor နဲ့ Avengers Assemble ရုပ်ရှင်တွေနောက်ပိုင်း နဝါးငွေ့တန်းအသစ်တစ်ခုဆီခေါ်ဆောင်သွားမယ့် သိပ္ပံဆန်းကြယ်ရုပ်ရှင်ပါ။ အမေရိကန်လေယာဉ်မှူး ပီတာကွေးလ်(Chris Pratt) ဟာ အာကာသတွင်း အင်မတန်ဝေးလံတဲ့နေရာမှာရောက်ရှိနေတယ်။ လူသားတစ်ဝက်၊ ဂြိုဟ်သားတစ်ဝက် ပီတာကွေးလ်ဟာ ကလေးအရွယ်ကတည်းက မြေကမ္ဘာကိုစွန့်ခွာခဲ့ရသူပါ။ ရာဇဝတ်သားရှိရာလိုက်လံချောင်းမြောင်းနိုင်တဲ့ သိပ္ပံဘောလုံးငယ်ခိုးယူခံလိုက်ပြီး ကွေးလ်ဟာ ဗီလိန်ကြီး ရိုနန် Ronan -The Accuser ရဲ့ အဓိကပစ်မှတ်ဖြစ်လာခဲ့တယ်။ ရိုနန်နဲ့ ဆိုးသွမ်းကြမ်းတမ်းအဖွဲ့ကို တိုက်ခိုက်ဖို့၊ ရိုနန်ရဲ့ အဖျက်စွမ်းအားကနေ သူတို့နေထိုင်ရာ နဝါးငွေ့တန်းကြယ်စုလေးကိုကာကွယ်ဖို့ ကွေးလ်က အဖွဲ့တစ်ဖွဲ့စုစည်းတယ်။ "သူရဲကောင်းတွေအားလုံးဟာ နေရာတိုင်းမှာစတင်နိုင်တာပဲ" တဲ့။ ကွေးလ် ရဲ့ အဖွဲ့နာမည်က "Guardians of the Galaxy" ပါ။ စစ်ပြေငြိမ်းဖို့မလွယ်ကူပေမဲ့ အင်တိုက်အားတိုက်ကြိုးစားကြည့်နေတယ်။ ကွေးလ်ရဲ့ အဖွဲ့ဝင်တွေကလည်း ဂွကျကျအဖွဲ့သားတွေပါ။ ဂါမိုရာ ဆိုတဲ့ဂြိုဟ်သားမိန်းကလေး၊ ရော့ကက် ဆိုတဲ့ ရက်ကွန်းဝက်ဝံ၊ ဒရက်ဇ် The Destroyer နဲ့ ဂရုထ် တို့ ပါဝင်တယ်။ ဒါပေမဲ့ သိပ္ပံဘောလုံးရဲ့ စွမ်းအားအစစ်အမှန်နဲ့ ကြောက်မက်ဖွယ်အန္တရာယ်ကို ကွေးလ်ရှာဖွေသိရှိလိုက်တော့ ဝရုန်းသုံးကားပြိုင်ဘက်အုပ်စုတွေကို ဟန့်တားတိုက်ခိုက်ရတော့မယ်။ စကြာဝဠာကြီးထဲ ကွေးလ်တို့ရဲ့ ကြယ်စုလေး ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့အတွက်ပါ။

Hercules
Action / Adventure
Paramount Pictures, Metro-Goldwyn-Mayer Pictures
ဒါရိုက်တာ - Brett Ratner
ထုတ်လုပ်သူ - Brett Ratner, Barry Levine, Beau Flynn
ဇာတ်ညွှန်း - Ryan Condal, Evan Spiliotopoulos
ဝတ္ထု - Based on Hercules (Radical Comics) by Steve Moore, Admira Wijaya
သရုပ်ဆောင်များ - Dwayne Johnson, Ian McShane, Rufus Sewell, Joseph Fiennes, Peter Mullan, John Hurt

Prison Break နဲ့ Fox Drama ဇာတ်လမ်းတွဲတွေထုတ်လုပ်သူ၊ Rush Hour ဒါရိုက်တာ Brett Ratner ရိုက်ကူး၊ ထုတ်လုပ်ထားပါတယ်။ Hercules : The Thracian Wars ကာတွန်းကို အခြေခံရိုက်ကူးတားတာပါ။ 14000 BC မှာ  လူသားတစ်ဦးရော ဘုရားသခင်ပါ ဘယ်သူမှမရှိနိုင်တဲ့ ကုန်းမြေကြီးတစ်ခုပေါ်မှာ နှိပ်စက်ညဉ်းဆဲခံဝိညာဉ်တစ်ဦး တစ်ကိုယ်တည်းသွားလာနေတယ်။ ဟာကျူလီဟာ God King "ဇု" ရဲ့ စွမ်းအားကြီးလှတဲ့ သားပါ။ သူရဲ့ ဘဝတစ်လျှောက်လုံးဆင်းရဲဒုက္ခတွေကလွဲလို့ ဘာမှ မရရှိခဲ့ဘူး။ သူ့ရဲ့ ထင်ရှားတဲ့အလုပ်သမား ၁၂ ဦးနဲ့ မိသားစု ဆုံးရှုံးခဲ့ရပြီးတဲ့နောက် မောပန်းနွမ်းလျနေတဲ့ဝိညာဉ်ဟာ ဘယ်လောက်ပဲဝေးဝေးပြေးစေဦးတော့ တောကောင်ကြီးတွေ လိုက်လံရန်ပြုတာကိုမလွတ်တမ်းခံနေရတယ်။ King of Thrace နဲ့ သမီးဟာ နိုင်လိုမင်းထက်ဖိနှိပ်ညှဉ်းပန်းတဲ့ စစ်ဘီလူးကို အနိုင်ယူဖို့ ဟာကျူလီရဲ့ အကူအညီကိုတောင်းခံကြတယ်။ ကျောက်ဆောင်ကြီးလို့ နာမည်ကြီးလှတဲ့ မင်းသား Dwayne Johnson ဟာ ဒီရုပ်ရှင်မရိုက်ခင် ၈ လ ခန့် အင်မတန်ခက်ခဲပြင်းထန်တဲ့လေ့ကျင့်မှုတွေယူခဲ့တယ်။ ဘူဒါပက်စ်မှာ ရုပ်ရှင်ရိုက်ကူးနေစဉ်အတောအတွင်း ပေါင် ၂၆၀ လူသန်ကြီးဟာ တစ်ဦးတည်းနေပြီး Hercules ရုပ်ရှင် အာရုံစူးစိုက်မှုအပြည့်နဲ့ သရုပ်ဆောင်ခဲ့တယ်လို့ ဆိုတယ်။
ဖြိုးဖြိုး
(Yati Magazine, August, 2014)

Friday, July 11, 2014

ညွှန်းတဲ့ ရုပ်ရှင်


The Signal
Sci-Fi / Thriller 
Entertainment One, Focus Features
ဒါရိုက်တာ - William Eubank
ထုတ်လုပ်သူ - Brian Kavanaugh-Jones, Tyler Davidson
ဇာတ်ညွှန်း - Carlyle Eubank, David Frigerio, William Eubank
သရုပ်ဆောင်များ - Laurence Fishburne, Brenton Thwaites, Olivia Cooke, Lin Shaye

နစ်ခ် (Brenton Thwaites) နဲ့ ဂျိုနာ(Beau Knapp) တို့ဟာ မန်ဆာချုးဆက်နည်းပညာတက္ကသိုလ်က ဂျုနီယာကျောင်းသားလေးတွေပါ။ သူတို့အလွန်အမင်းစိတ်ဝင်စားတာက ကွန်ပျုတာနဲ့ တခြားကွန်ပျုတာတွေဆီက အချက်အလက်တွေနှိုက်ယူ hack လုပ်ရတာကိုဖြစ်နေတယ်။ တစ်နေ့ နစ်ခ်နဲ့ သူ့ရဲ့ချစ်သူမိန်းကလေး ဟေးလေ(Olivia Cooke) ပါ အပါအဝင် ကားလေးတစ်စီးရဲ့ နီဗားဒါးတစ်လျှောက် တဆန့်တလျားခရီးထွက်ကြတယ်။ သူတို့ မိုင် ၁၈၀ အကွာအဝေးက နေရာတစ်ခုမှာ ပြိုင်ဘက် hacker နိုမက်စ်ရဲ့ သဲလွန်စတွေရှိရာဆီကို လိုက်ရှားစူးစမ်းကြတယ်။ အဲဒီ ကန္တာရကွင်းလယ်ခေါင်ထဲမှာ နိုမက်ဒ်နဲ့ ကြောက်လန့်စရာကောင်းလောက်အောင်ပဲ ရင်ဆိုင်တွေ့ကုန်ကြတယ်။ အရာအားလုံးရုတ်တရက်ကြီး မှောင်မိုက်မည်းသိပ်သွားပြီ။ "ဒါဟာ အချက်ပေးခြင်းပဲ။ မင်းကြားရင် မင်းရွေးချယ်ခံရပြီးသားဖြစ်သွားပြီ" တဲ့။ သူတို့သုံးဦးသား အိပ်မက်ဆိုးကနေ သတိပြန်ရလာတဲ့အချိန်မှာ အကျဉ်းထဲအကျပ်ထဲရောက်နေကြပြီ။ ထိန်းချုပ်ခံထားလိုက်ရပြီ။ နစ်ခ် လက်ဖျံမှာပေါ်နေတဲ့ နံပါတ်က ၂.၃.၅.၄၁ တဲ့။ နစ်ခ် ကိုယ်ခန္ဓာကြီးပါ hack ခံလိုက်ရပြီလားပဲ။ ကန့်သတ်ထိန်းချုပ်ခံလိုက်ရတဲ့ တကယ့်အဖြစ်မှန်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားရုန်းကန်နေဆဲမှာ ရှာဖွေတွေ့လိုက်ရတာက သူတို့ကိုယ်တိုင် ချောက်ချားစရာကိစ္စကြီးတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်နေကြပြီတဲ့။ The Signal ကို ၂၀၁၄ Sundance ရုပ်ရှင်ပွဲတော်မှာ အစမ်းပွဲပြသခဲ့ပါတယ်။ Fishburne ကြီးရဲ့သရုပ်ဆောင်မှုပီပြင်လွန်းတာက လန့်စရာကြီးပဲလို့ ဝေဖန်ကြတယ်။ သရုပ်ဆောင်တွေအကုန်လုံးအသက်ဝင်လှတယ်လို့ဆိုတယ်။ hacker type ရုပ်ရှင်မျိုးကြိုက်နှစ်သက်တဲ့သူဆိုရင် ဒီရုပ်ရှင်ကို အသေအချာကြည့်ရလိမ့်ဦးမယ်။ နည်းပညာစကားလုံးတွေဟာလည်း တော်တော်လေးအမှားကင်းပြီး လက်ခံချင်စရာကောင်းလောက်အောင် အာရုံစိုက်ရိုက်ကူးထားကြတယ်လို့ နည်းပညာကျွမ်းကျင်သူရုပ်ရှင်ဝါသနာအိုးတွေက ဝေဖန်အားပေးခဲ့ကြပါတယ်။

Jupiter Ascending
Action / Adventure/ Sci-Fi
Warner Bros.
ဒါရိုက်တာ - The Wachowskis
ထုတ်လုပ်သူ - Grant Hill, Lana Wachowski, Andy Wachowski
ဇာတ်ညွှန်း - The Wachowskis
သရုပ်ဆောင်များ - Mila Kunis, Channing Tatum, Sean Bean, Eddie Redmayne

အနာဂတ်အချိန်ကာလ စကြဝဠာကြီးကိုဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ မြေကမ္ဘာကြီးမှာနေထိုင်သူတွေထဲက တချို့မိသားစုတွေဟာ ကြွယ်ဝချမ်းသာလွန်းလှတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ သူတို့ကိုယ်ပိုင်ဂြိုဟ်တွေ ပိုင်ဆိုင်ထားကြတယ်။ အာကာသအပြင်ဘက်မှာ ကူးချည်သန်းချည်လှုပ်ရှားနေကြတယ်။ အဲဒီထဲက လူတွေလစ်လျူရှုခံရတဲ့ မိန်းကလေး ဂျူပီတာဂျုံးစ် (Mila Kunis) ကတော့ မြေကမ္ဘာပေါ်မှာရှင်သန်နေထိုင်တယ်။ ဂျူပီတာဂျုံးစ်မွေးဖွားခဲ့တဲ့ညတစ်ညက ကောင်းကင်မှာ ကြီးမြတ်တဲ့အရာ၊ ဆန်းပြားတဲ့ကြယ်တွေရှိနေတော့  ထူးထူးခြားခြားမိန်းကလေးလို့ ဟောကိန်းထုတ်ကြတယ်။ ဂျူပီတာလည်း အဲဒီထူးခြားဆန်းပြားတဲ့ကြယ်တွေအကြောင်း အိပ်မက် မက်နေခဲ့တာပါပဲ။ ဒါပေမဲ့ အိပ်ရာကနိုးတာနဲ့ အေးစက်စက် အစစ်အမှန်ဘဝထဲမှာ အိပ်သာတွေဆေးကြောနေရတာပဲ။ မရပ်မနားပြေးလွှား အလုပ်လုပ်နေရတယ်။ ကံမကောင်းလှတဲ့မိန်းကလေးဂျူပီတာက ကြွယ်ပိုးကြွယ်ဝလူချမ်းသာတွေရဲ့ အိမ်တွေကို စောင့်ရှောက်ပေးရသူလေးပါ။ ဂျူပီတာ နဲ့ ဂြိုဟ်တွေမှာမျိုးဗီဇစစ်ဆေးရေးအင်ဂျင်နီယာတပ်သား ကိန်းဝိုက်စ် (Channing Tatum) ပက်ပင်းကြုံတွေ့တော့တယ်။ ကိန်းဝိုက်စ် မြေကမ္ဘာကိုလာတဲ့ရည်ရွယ်ချက်က ဂျူပီတာရဲ့မျိုးဗီဇကိုယ်ပိုင်လက္ခဏာအရ ကြီးမြတ်သူ၊ မြေကမ္ဘာကိုပါ ငှားရမ်းနိုင်သူဖြစ်နေတာကို ဖော်ထုတ်နိုင်ဖို့ပါ။ တချိန်တည်းမှာပဲ ဘာလန်အက်ဘရေဆက်စ် (Eddie Redmayne) ဆိုတဲ့ ဂြိုဟ်သားအမျိုးအနွယ်ရဲ့ ရန်ကလည်း ဂျူပီတာကို ကာကွယ်စောင့်ရှောက်ပေးရဦးမယ်။ ဘာလန်ဟာ စကြာဝဠာထဲမှာတော့ စွမ်းအားအကြီးဆုံးမျိုးဆက်ထဲက ဂြိုဟ်သားမျိုးနွယ်ရဲ့ အရှင်သခင်ပေါ့။ သူက ဂျူပီတာရဲ့ ဦးခေါင်းထဲကို ဆုကြေးတဲ့၊ ထည့်သွင်းလိုက်တယ်။ မြေကမ္ဘာကို ရိတ်သိမ်းခူးဆွတ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်များလားပဲ။ Jupiter Ascending ဟာ The Matrix Reloaded ၊ The Matirx Revolutions နဲ့ Cloud Atlas တို့လို သိပ္ပံဆန်းကြယ်ရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူတွေဖြစ်တဲ့The Wachowskis တို့ရဲ့ နောက်ထပ်ဖန်တီးမှုတစ်ခုပါ။

Jersy Boys
Biography / Drama / Musical
Warner Bros.
ဒါရိုက်တာ - Clint Eastwood
ထုတ်လုပ်သူ - Clint Eastwood, Graham King, Robert Lorenz
ဇာတ်ညွှန်း - Marshall Brickman & Rick Elice
ဝတ္ထု - Jersey Boys by Marshall Brickman & Rick Elice
သရုပ်ဆောင်များ - John Lloyd Young, Erich Bergen, Michael Lamenda, Vincent Piazza, Christopher Walken

Jersey Boys ဟာ Clint Eastwood ထုတ်လုပ်၊ ရိုက်ကူးတဲ့ ဂီတဒရာမာရုပ်ရှင်ပါ။ ၁၉၆၀ ခုနှစ်တွေက ကျော်ကြားခဲ့ကြတဲ့ အမေရိကန်ရော့ခ်/ ပေါ့ပ်အဖွဲ့ The Four Seasons ရဲ့ jukebox musical အခွေ Jersey Boys ကို အခြေခံရိုက်ကူးထားပါတယ်။ The Four Seasons ရဲ့ Jersey Boys ဟာ ၂၀၀၆ ခုနှစ် Tony Awards မှာ အကောင်းဆုံး musical အပါအဝင် ဆု ၆ ဆုရရှိခဲ့ကြတယ်။ Clint Eastwood ရဲ့ Jersey Boys မှာလည်း ဂီတအဖွဲ့ The Four Seasons ရဲ့ အတ္ထုပတ္တိမှတ်တမ်းကားဆန်ဆန်ရိုက်ကူးထားတာပါ။ ရုပ်ရှင်ရဲ့အစမှာ Four Seasons တွေဟာ လမ်းမီးရောင် လင်းတလဲ့လဲ့အောက်မှာပဲ သူတို့ကိုသဘောကျတဲ့ပရိသတ်တချို့နဲ့ သီချင်းဆိုနေတာနဲ့စထားတယ်။ သူတို့ရဲ့ အစမ်းသပ်ခံဖျော်ဖြေမှုလေးတွေကနေ နောက်ပိုင်းမှာတော့ အောင်မြင်မှုတွေရလာကြတယ်။ သီချင်းတွေ hit ဖြစ်လာတယ်။ မျိုးဆက်တစ်ဆက်ကို သူတို့ရဲ့ သီချင်းတွေနဲ့ လွှမ်းမိုးနိုင်လာတယ်။ လမ်းမီးတိုင်လေးအောက်က စခဲ့ကြတဲ့ New Jersey က ဂီတသမားလေးတွေ ထိန်ထိန်းညီးနေတဲ့မီးအလင်းတွေရှိရာ စင်မြင့်ပေါ်မှာ နေရာယူနိုင်လာကြပြီ။ ၁၉၆၀ ခုနှစ်က ဂီတသမားတွေရဲ့ သီဆိုဟန်စတိုင်လ်တွေရယ် လူကြိုက်များခဲ့ကြတဲ့ သီချင်းတွေရယ်ပေါင်းစပ်ပြီး Clint Eastwood ကရိုက်ကူးထားတာကြောင့် ဂီတချစ်သူတွေမလွတ်တမ်းစောင့်ကြည့်ရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ အမေရိကန်မင်းသားကြီး Clint Eastwood ဟာ Mystic River, Million Dollar Baby, Gran Torino, Invictus, Hereafter, J.Edgar ရုပ်ရှင်တွေလည်းရိုက်ကူးခဲ့ပါတယ်။

Earth to Echo
Adventure / Sci-Fi
Relativity Media
ဒါရိုက်တာ - Dave Green
ထုတ်လုပ်သူ - Ryan Kavanaugh, Andrew Panay
ဇာတ်ညွှန်း - Henry Gaydene
ဝတ္ထု - Henry Gayden, Andrew Panay
သရုပ်ဆောင်များ - Teo Halm, Brian "Astro" Bradley, Reese C. Hartwig, Ella Wahlestedt, Jason Grey-Stanford, Cassius Willis, Drake Kemper

Relativity ရဲ့ ကလေးငယ်တွေကြည့်ရှုနိုင်မယ့်အဆင့် သိပ္ပံဆန်းကြယ်စွန့်စားခန်းရုပ်ရှင်လေးပါ။ တာ့ခ် (Brian "Astro" Bradley ၊ မန့်ခ်ျ (Reese C. Hartwig) နဲ့ အဲလက်စ်(Teo Halm) တို့ဟာ ဘယ်သွားသွား၊ ဘာလုပ်လုပ်အမြဲတပူးတွဲတွဲ ခွဲမရတဲ့သူငယ်ချင်းသုံးယောက်ပေါ့။ သူတို့ရဲ့ဘဝမှာ အပြောင်းအလဲကြုံဆုံရဖို့ဖြစ်လာကြတယ်။ အနီးဝန်းကျင်မှာ အဝေးပြေးလမ်းမဆောက်လုပ်ရေးစီမံကိန်းစတင်လာတော့ မိသားစုတွေကိုဖယ်ရှားပေးဖို့ ဖိအားပေးနှင်ထုတ်ကြတယ်။ အဲဒီစီမံကိန်းစတင်တော့မယ့်ရက်မတိုင်ခင် နှစ်ရက်အလိုမှာပေါ့။ တာ့ခ်၊ မန့်ခ်ျ နဲ့ အဲလက်စ်တို့ရဲ့ ဖုန်းထဲမှာ ထူးဆန်းတဲ့အချက်ပြမှုတွေ တသီတတန်းကြီးဝင်လာတယ်။ ဘာရယ်အတိအကျမသိနိုင်သေးတဲ့ ကိစ္စကြီးတစ်ခု စတင်လာတော့မယ့်ပုံစံမျိုးပဲ။ လူငယ်လေးသုံးယောက်ဟာ သူတို့ကျောင်းက သူငယ်ချင်းမလေး အဲမာ(Ella Wahlestedt) ပါ အတူပေါင်းမိကြပြီး သူတို့ဖုန်းတွေထဲက အချက်ပြနေရာ အတိအကျသိရအောင်ရှာဖွေကြတော့တယ်။ သူတို့တွေ့လိုက်ရတာက သူတို့အရူးအမူးစိတ်ကူး မျှော်လင့်ထားသလိုမျိုးပဲ။ သေးသေးကွေးကွေး ဂြိုဟ်သားလေးတစ်ကောင်ဖြစ်နေတယ်။ အဲဒီအကောင်ငယ်လေးဟာ မြေကမ္ဘာပေါ်မှာ သောင်တင်နေတယ်။ အားကိုးရာမဲ့နေရှာသတဲ့။ ကလေးတွေရဲ့အကူအညီကို သူလေးက လိုအပ်တယ်။ သူလေးရဲ့ နာမည်ကို Echo လို့ပေးလိုက်ကြတယ်။ သူငယ်ချင်းလေးယောက်က Echo ကို ကာကွယ်ပေးလိုကြတယ်။ ပြီးတော့ Echo ရဲ့အိမ် ပြန်ရာလမ်းအမှန်ဆီ ကူညီပို့ဆောင်ပေးကြမှာပေါ့။ အံ့သြဖွယ်ရာတွေ၊ စွန့်စားခန်းတွေ ပြည့်သိပ်နေတဲ့ အဲဒီခရီးဟာ သူတို့ရဲ့ ပုံပြင်ဇာတ်လမ်း၊ သူတို့ရဲ့ လှို့ဝှက်ချက်တွေဖြစ်လာကြတော့တယ်။

ဖြိုးဖြိုး
(Yati Magazine, July, 2014)

Tuesday, July 08, 2014

သေခြင်း၏ အခြားတစ်ဖက်

(သို့မဟုတ်)
 နောင်တမလွန်
(မေမေ့ရဲ့ စာ)
Family Magazine, April, 2014
သရုပ်ဆောင်များနှင့် ဒါရိုက်တာ
Directed by Clint Eastwood
Produced by Clint Eastwood, Kathleen Kennedy, Robert Lorenz, Steven Spielberg (executive)
Written by Peter Morgan
Starring Matt Damon, Cécile de France
Music by Clint Eastwood
Cinematography Tom Stern
Editing by Joel Cox, Gary D. Roach
Studio Kennedy/ Marshall, Malpaso Productions, Amblin Entertainment (uncredited)
Distributed by Warner Bros. Pictures
Release dates October 22, 2010
Running time 129 minutes, Country United States
Language English, French
Budget $50 million, Box office $105,197,635

ဒေါ်လာသန်း၅၀ ရင်းနှီးမြုပ်နှံ ရုံနဲ့  ဒေါ်လာ သန်းပေါင်း  105, 197, 635  ၀င်ငွေ စံချိန်ချိုးရရှိခဲ့တာပါ။ကလင့်အိစ်ဝု ဒ်ဟာ ဒါရိုက်တာအဖြစ် စီစဉ်ညွှန်ကြားပြသသူ အဖြစ်သာမက တေးဂီတကိုပါ ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်ပါတယ် တဲ့။ ဒီကားကို ၀ါနာဘရားသား ရုပ်ရှင် က ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ဝတ္ထုဇာတ်လမ်းရေးသူဟာ  ၂၀၀၄ခုနှစ် အိန္ဒိယ သမု ဒ္ဒရာအတွင်း ငလျင် လှုပ်ခတ်ရာက ဆူနာမီ ရေလှိုင်းများ ထကြွ နှိပ်စက်စဉ် ကာလကို ထူးထူးခြားခြား နောက်ခံထားပြီး ဇတ်လမ်းဖွဲ့ ရေးသားခဲ့တာပါ။သေမင်းနှင့် ခေတ္တခဏ ထိတွေ့ လိုက်ရစဉ် လူသုံးဦးတို့ရဲ့ တူညီသော ခံစားရမှု အဖြစ်အပျက် ဇတ်လမ်းအချိတ်အဆက်ကို အပြိုင်  တင်ပြထားခြင်းဖြစ်တယ်။ ဒါရိုက်တာဟာ ဒီကားကို စိတ်ကူးကောင်းကောင်းနဲ့ သိမ်သိမ်မွေ့မွေ့လေး နူးနူးညံ့ညံ့လေး ရိုက်ကူးထားတယ်။

စီစီ လီ ဒီ ဖရဲ့ စ်  Cécile de Franceရဲ့ သရုပ်ဆောင်  ကဏ္ဍ
စီစီလီ ဒီ ဖရဲ့စ် က ထိုင်းအခြေစိုက် ပြင်သစ် ရုပ်သံ သတင်းထောက်မကလေး မေရီ နေရာမှာ  သရုပ်ဆောင်ထားပါတယ်။ မေရီဟာ သူမမိတ်ဆွေ ရဲ့ ခလေးတွေအတွက် အမှတ်တရ ပစ္စည်းကလေးတွေ လက်ဆောင်ပေးဖို့ ဈေးဝယ်ပြန်အလာ ..။ သူမရဲ့ အတူနေ ချစ်သူ Didier ကတော့ ဟိုတယ် လသာဆောင်ကနေ ပင်လယ်ကြီးဆီ မျှော်ငေးနေတယ် ။ ရေလှိုင်းတွေ က ခါတိုင်းနဲ့မတူ မို့မောက်လွန်းလှချည့်။ ပြေးလာပုံက ဖရိုဖရဲ သဲကြီးမဲကြီး။ တစုံတရာကို ဒေါသတကြီး ကြိတ်ချေ ဖိနင်း ၀ါးမျိုမဲ့ဟန်။ မေရီလည်းဒါကို  သတိထားမိတာပေါ့။ အဖေါ်မိန်းခလေးနဲ့ အတူ ဘေးလွတ်ရာ ပြေးကြတယ်။ ရေလှိုင်းတွေကလည်း  အပြေး လိုက်လာနေပါပြီ။ နောက်တစ်လုံး လှိမ့်အ၀င် မေရီ ဇောက်ထိုးမိုးမျှော်ပြိုလဲသွားတယ်။ အဖေါ်မိန်းခလေးရော မေရီရောကို လှိုင်းလုးံတွေက ၀ါးမျို သွားတယ်။ 
ရုပ်ရှင် ပြကွက်ဟာ ဖြတ်ကနဲ ဖြတ်ကနဲ ပြသွားပါတယ်။

ရေနစ်နေတဲ့ မေရီ့ ကို  လူနှစ်ယောက်က ကယ်တင်ခဲ့ပေမဲ့  အသက်ကိုတော့ မရလိုက်ပဲ နောက်ဆုံးသူတို့ လက်လျော့ သွားတယ်။ ဒါဟာ အိန္ဒိယသမုဒ္ဒရာအောက် မြေငလျင် အကြီးအကျယ်လှုပ်ခတ်လိုက်ခြင်းကြောင့် ဆူနာမီရေလှိုင်းများတုံ့ပြန်ထကြွခဲ့ရာမှာ  လူ သိန်းချီ သေဆုံးခဲ့ရတာကို နောက်ခံပြု ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ မေရီဟာ သေအံ့မူးမူး သေလုနီးပါး အခြေအနေကနေ တကယ့် သေမင်းရှေ့ ရောက်သွားတာပါ။ သေမင်းထံပါး စက္ကန့်ပိုင်းလောက် သာကြာပေမဲ့ သူမအဖြစ်က ဆန်းပါတယ် တဲ့။ သတိလစ်ပြီးမျောသွားတဲ့အခါ သူမ အာရုံထဲ ၀င်လာတာက  ၀ိုးတ၀ါး နဲ့ လူသားပုံရိပ် ပါးပါးလှပ်လှပ်ကလေးတွေ အလင်းဖြာနေတဲ့ ဘုံဗိမာန်တခု။ သူတို့အကြားမှာ အနက်ထည် ၀တ်စုံနဲ့ မိန်းမတယောက်။
ဒါ ဘယ်သူဖြစ်နိုင်သလဲ။ မေရီ့ မိခင်ကလည်း  မေရီ့လက်ကို တင်းတင်း ဆုတ်ကိုင်ထားသတဲ့။
မေရီ အသက် ပြန်ရှူနိုင်လာတယ်။လို့ ဆိုတယ်။ သူမကောင်းကောင်း သတိလည်လာချိန်မှာတော့ အရိပ်ဖြူဖြူ တွေက ပျောက်ဆုံးခဲ့ပီပေါ့။
သဘာဝဘေးအန္တရယ် ကင်းရှင်းသွားချိန်မှာတော့ မေရီ Didier နဲ့အတူ ပြင်သစ်ကို ပြန်သွားနိုင်ခဲ့တယ်။
မေရီ့  အထက်အရာရှိ ညွှန်ကြားရေးမှူးက မေရီ့ ကို အလုပ်မှ အနားယူဖို့ အကြံပေးပါတယ်။
 မေရီဟာလည်း  တနင့်တပိုး သူမတွေ့ကြုံ ခံစား ခဲ့ရတဲ့ သေလုမျောပါး တမလွန်ဘ၀ဖြစ်စဉ်ကို စာအုပ်ရေးသားထုတ်ဝေဖို့ စူးစိုက် ကြိုးစားပါတော့တယ်။
စာတစ်အုပ်ဖြစ်ဖြစ်မြောက်မြောက် ထုတ်ဝေရလောက်အောင် သူမ ဘာတွေ တွေ့ကြုံ ခဲ့သလဲ။ တမလွန်ဘ၀ဆိုတာဘာလဲ။ သေခြင်းရဲ့ အခြားတဘက်မှာ ဘာတွေမြင်တွေ့ရနိုင်သလဲ။

ဂူသချိုင်းတွေရဲ့ အနောက်ဘက်မှာ ဘယ်သူတွေ ရှိနေသလဲ။ ဘယ်လို နေထိုင်ကြသလဲ။ သူတို့နဲ့ ဘယ်လို ဆက်သွယ်နိုင်မလဲ။ မေရီက ဒါတွေ ဖေါ်ထုတ်ဖို့ ကြိုးစားနေတာပါ။ သူမချစ်သူ Didier ကို သေခြင်းရဲ့ အခြားတဘက်မှာ ဘာများရှိနေမလဲ မေးတော့ 
“အလင်းရောင်ဆိတ်သုဉ်းပြီးအမှောင်ဖုံးနေတာပေါ့ကွာ တခြား ဘာရှိရမလဲ" လို့ ပေါ့ပေါ့တန်တန်နောက်သလို   ဖြေတယ်။ မေရီ က မကျေနပ်နိုင်ပါဘူး။ ဆူနာမီ ရေလှိုင်းအောက် ရောက်ခဲ့စဉ် ကိုယ်တိုင်ခံစားခဲ့ရတာမို့  နောင်ဘ၀တစ်ခု တကယ်ရှိနေတယ်လို့ ခိုင်ခိုင်မာမာ မေရီက ယုံကြည်ထားတာပါ။

သူမ  ဆွစ်ဇာလန်နိုင်ငံကို စတင် ခရီးထွက်ပါတယ်။ နာမည်ကျော် နာတာရှည် ဆေးရုံတခုက သေအံ့ဆဲဆဲ သေခါနီး လူနာတွေရဲ့ ဖြစ်စဉ်တွေကို မေးမြန်းစူးစမ်းတယ်။ ကြားနာတယ်။ မျှဝေခံစားတယ်။ ညှိနှိုင်းတယ်။ မျောနေတဲ့ ခလေးတယောက်က ကျွန်တော် လေထဲမှာ နတ်သားလေးကို ပျံဝဲနေတာ ပျော်ဖို့ ကောင်းပါတယ်လို့ သတိဝင်လာခိုက်မှာ ပြောဆိုခဲ့ပြီး တံငါသည် တယောက်ကတော့ ကျုပ်ရေနက်ထဲမှာ ငါးတွေလိုက်ကိုက်လို့ ပြေးနေရတယ်လို့ ပြောခဲ့တယ်။ ဆရာဝန်မှတ်ချက်ကို တောင်းတော့ ဆရာဝန်က ဘာသာမဲ့ ဖြစ်နေပြီး သိပ္ပံနည်းကျကျ တွေးခေါ်တတ်ဖို့ လိုကြောင်းကိုသာ  အဆိုပြုပါတယ်။ မေရီဟာ သူမရဲ့ စာအုပ် အမည်ကို 
 “Hereafter: A Conspiracy of Silence".လို့ အမည်ပေးခဲ့တယ်။ ပထမတော့ ထုတ်ဝေသူတွေက သဘာဝမကျဘူး မဖြစ်နိုင်ဘူး ဆိုပြီး ပယ်ချလိုက်ပါတယ်။ မေရီဟာ မနားမနေ ထပ်တလဲလဲ ကြိုးစားပါတယ်။ သူမစာမူကို စိတ်ဝင်စားတဲ့ ထုတ်ဝေသူ နှစ်ဦးရရှိခဲ့ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။တဲ့။ အကြိုက်တွေ့ သွားပါပြီ။

ဒီစာအုပ်မှာ မေရီ ဘာတွေ ရေးထားမလဲ။ စာတစ်အုပ် ဖြစ်မြောက်လောက်အောင်ရေးဖို့ အချက်အလက်တွေ ဘယ်လောက်များ စုဆောင်းမိခဲ့သလဲ။ မေရီ ဘာတွေ တွေ့ကြုံခံစားခဲ့ရသလဲ။ မေရီ မျောသွားတဲ့ စက္ကန့်ပိုင်း အချိန်ကလေးမှာပဲ ဒါရိုက်တာက ဘယ်လိုမျိုး ဖြစ်စဉ်တွေ ရိုက်ချက် ဆန်းဆန်း တင်ပြထားပါလိမ့်။  
ဒီအဖြေကိုတော့ Hereafter ရုပ်ရှင်ကားကြီးက သာ အဖြေပေးနိုင်ပါလိမ့်မယ်။ (လိုင်းကောင်းရင် youtubeမှာ ကြည့်နိုင်)  2010 Toronto International Film Festival မှာ အထူးပွဲ ပြသခဲ့ရတာပါ။                                
                             
                                မက် ဒမွန် Matt Damon ရဲ့ သရုပ်ဆောင် အခန်းကဏ္ဍ
ဆန်ဖရန်စစ္စကို မြိုံ့က စက်ရုံ အလုပ်သမားကလေးေ၈ျာ့ခ်ျ လောင်းဂန် ပါ။ဟို ငယ်စဉ်တုံးကတော့ ၀ိဥာဉ်ရေးရာ စိတ်နယ်လွန် သမားတွေနဲ့  ဆက်သွယ်ပေါင်းကူးပေးနိုင်သူ အကြားအမြင်ရ နတ်ဝင်သည် ပရော်ဖယ်ရှင်နယ် အကြီးစားကြီးပေါ့။ အခုတော့ ဒါတွေ စွန့်ပြစ်ထားခဲ့ပါပြီ။ တဲ့။ ဒါပေမဲ့လည်း အထုံပါရမီက ရှိနေတော့ မိတ်ဆွေအချို့  ကိစ္စတွေကိုဖြေရှင်း ဖတ်ကြားပေးနေရတယ်။သေသူတွေ ပြောတဲ့ စကားကို ပြန်ကြားပေးနေရတယ်။ ဘုရားရဟန္တာများမှာတော့ ဒိဗ္ဗစက္ခုဥာဏ် ရတယ်ပေါ့.။ ဂျော့ကတော့  ဒြပ်မဲ့ ရုပ်နာမ်ခန္ဓာ တွေရဲ့ သွားလာလှုပ်ရှားပုံ ဘ၀ဖြစ်စဉ်တွေကို ကြိုတင် သိမြင်နိုင်စွမ်းရှိနေတယ်လို့ ဆိုရမှာပါ။
တနေ့မှာ 
ဆန်ဖရန်စစ္စကို မြို့ က နာမည်ကြီးစားဖိုမှူးကြီး တဦးရဲ့ သင်တန်းကျောင်းမှာ ဂျော့ သင်တန်း တက်ရောက်ပါတယ်။ ပါတနာမိန်းခလေးက မီလဲန်နီ တဲ့။ အီတာလျှံညနေခင်း  အစားအစာ တခုကို သူတို့နှစ်ဦး  ကျွမ်းကျင် စွာ ချက်ပြုတ်နိုင်ခဲ့ကြတယ်။ မကြာမီ နေ့တနေ့မှာ မတော်တဆ သူတို့နှစ်ဦး ထိပ်တိုက်တိုးဖို့  ဖြစ်ရပ်တခုနဲ့ ရင်ဆိုင်မိကြပါလေရော။ ဒါက ဘာလဲဆိုတော့ မီလဲန်နီ ရဲ့ ဘခင်နဲ့ ပတ်သက်ပြီး ဂျော့အာရုံမှာ မြင်ကွင်းတခု ပေါ်လာတာပါ။ စိတ်ထိခိုက်လွယ်သူ မိန်းခလေးအဖို့ ငိုကြွေးခြင်းကိုပဲ အားကိုးနိုင်ပါသတဲ့။ ဘယ်လို အဖြစ်နဲ့ ကြုံခဲ့ရပါသလဲ။

ဂျော့ က သူ ငယ်ငယ်တုံးက ဦးနှောက် ထိခိုက်မှု ဖြစ်ရာက ဆရာဝန်က ရောဂါ ရှာတဲ့အခါ ရောဂါ ရှာမတွေ့ကြောင်း စိတ်ကစဉ့်ကလျားဖြစ်သော်လည်း  ခွဲစိတ်ဖို့ မလိုကြောင်းနဲ့ ထူးထူးဆန်းဆန်း လူတဦးတယောက်ရဲ့ ကံကြမ္မာကို သူက ကြိုသိ ကြိုမြင်နေတတ်ကြောင်း မီလဲနီကို ပြောပြပါတယ်။ မီလဲနီက သူမရဲ့ မိခင်အကြောင်းကို သိချင်ကြောင်း ခေါ်ပေးဖို့ ပူဆာပါတယ်။ ဂျော့ က သဘောတူလိုက်တယ်။

Ghost ရုပ်ရှင် ကားထဲက နတ်ဝင်သည်မကြီးနဲ့ ဂျော့ ဘာများကွာခြားပါသလဲ။

လန်ဒန်မြို့က မားကပ်စ် နဲ့ ဂျက်ဆင် ၁၂နှစ်သားအရွယ်  အမြွှာညီနောင်ကရော  ဘာများဖြစ်ပါလိမ့်။ သူတို့ မိခင်က ဆေးခြောက်ဖြတ်ဖို့ ကြိုးစားနေသူတဲ့။ သူမသား ဂျက်ဆင် ကို ဆေးခန်းလွှတ်ဆေးယူခိုင်းသတဲ့။လမ်းမှာ ဓါးပြတွေက ဗင်ကားနဲ့ တိုက်သတ်လို့ သူ သေပြီလို့ ဂျက်ဆင်က မားကပ်စ်ထံ  ဆဲလ်ဖုန်းကနေ သတင်းပေးပို့ခဲ့တယ် တဲ့။ဒါ့ကြောင့် မားကပ်စ် ဟာ သေသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အကြားအမြင်ဆရာတယောက်  အရှာထွက်ခဲ့တယ်။မားကပ်နဲ့  ဂျော့ တွေ့ဆုံမိကြသလား ဆိုတာ..။
ရိုက်ချက် ပြင်းပြင်းနဲ့ မျက်စိလှည့်စားမှု ကင်မရာ လှည့်စားမှု မြောက်များစွာ နဲ့  ကလင့်အိစ်ဝုဒ်ရဲ့ Hereafter  ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုကြည့်ပါဦး။             ။

Florist
Refer: wikipedia

Saturday, July 05, 2014

စိတ္တဇ လူသတ်သမား

 မေမေ့ရဲ့စာ
(Family Magazine, February, 2014)


1958 ခုနှစ်က စာရေးဆရာ Alec Coppel နဲ့ Samuel A.Taylor တို့ ပူးတွဲ ရေးသားပေးတဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ အဲဖရက် ဟစ်ခ်ျကော့ က  အသက်သွင်း ရိုက်ကူးထားခြင်းဖြစ်တယ်။ ဟောလီဝုဒ်က ရိုက်ကူးခဲ့သမျှရုပ်ရှင်ကားတွေထဲမှာ ထိပ်တန်း ကားကောင်း ၅၀၀ စာရင်းဝင် ဖြစ်ပြီး  ယနေ့အထိ အဆင့်မလျောပဲ ကမ္ဘာတ၀ှမ်း လှည့်လည်ပြသနေရဆဲ  နာမည်ကြီးကျော်ကြားနေဆဲ ကားပေါ့။

စူပရီမီကြီး  ဟစ်ခ်ျကော့ ဟာ ဒီလို ခက်ခဲ နက်နဲပြီး ရှုပ်ထွေးတဲ့ ဇတ်လမ်းတွေကို ဖန်တီးရိုက်ကူးရာမှာ အလွန် ပြောင်မြောက်တယ်လို့ နာမည်ကြီးသူပါ။ ဒါရိုက်တာ ဟစ်ခ်ျကော့နဲ့ သရုပ်ဆောင်မင်းသား စတီးဝပ် တို့ဟာ San Sebastian international Flim Festival မှာ ဒါရိုက်တာဆုနဲ့ သရုပ်ဆောင်ဆုကို ဆုလက်ခံရရှိခဲ့ကြတယ်။

အပြန်လမ်း

မေမေ့ရဲ့စာ
(Family Magazine, June, 2014)

သူတို့နှစ်ဦး စတင် ဆုံတွေ့ကြစဉ် ……

 ၂၀၀၃ခုနှစ်က ဟောလိဝုဒ် အကျော်အမော် သရုပ်ဆောင်  ဂျူဒ် လော (Jude Law) ဦးဆောင် ပါဝင်  ရိုက်ကူးခဲ့တဲ့ ကားကောင်းတခုပါ။ Cold Mountain  တဲ့။ အလွန် နာမည်ကြီးခဲ့တဲ့ ကားပါပဲ။ အမေရိကန် ပြည်တွင်းစစ်ကို အခြေခံပြီး ဒါဏ်ရာရ တပ်ပြေးတယောက် အိမ်အပြန်လမ်းမှာ ဆင်းရဲဒုက္ခရောက်ရပုံ လူအမျိုးမျိုး စရိုက်အမျိုးမျိုး တေ့ွကြုံ့ရပုံနဲ့ စစ်ရဲ့ အနိဋ္ဌာရုံ တွေကို ထိထိမိမိ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်တယ်။  စစ်ကို ငြီးငွေ့ လာသည်နှင့်အမျှ အိမ်သူ မိန်းခလေးနဲ့  ပျော်ရွှင်စွာ ပေါင်းစည်း နေထိုင်ကြဖို့အခွင့်ကို မျှော်လင့်ရင်း  တပ်ကို သူက အပြီးတိုင် စွန့်ခွာခဲ့တာပါ။မျှော်လင့်ခြင်း။တမ်းတခြင်း နဲ့ သစ္စာတရားတို့ဖြင့်လည်း ထုံမွှန်းထားတဲ့ အချစ်ဇတ်လမ်းကလေး တခု ဆိုရင်လည်း မမှားပါဘူး။ မြူးကြွ သွက်လက်တဲ့ တောင်ပ်ါသားတို့ရဲ အက အလှ ဂီတကိုလည်း မြင်ရ ကြားရ နိုင်သလို The Scarlet Tide နဲ့    You Will be My Aim True Love စတဲ့ ဇတ်ဝင် တေးသီချင်းတွေဟာ မြူးကြွပြီး လူကြိုက် အများဆုံးဖြစ်ခဲ့တာမို့  အကယ်ဒမီအတွက်လည်း ရာထားခံခဲ့ရတယ် တဲ့။

Thursday, May 29, 2014

ညွှန်းတဲ့ ရုပ်ရှင်


Edge of Tomorrow
Action / Sci-Fi 
Warner Bros. Pictures, Roadshow Entertainment (Australia & New Zealand)
ဒါရိုက်တာ - Doug Liman
ထုတ်လုပ်သူ - Erwin Stoff, Tom Lassally, Jason Hoffs, Gregory Jacobs, Jeffrey Silver
ဇာတ်ညွှန်း - Christopher McQuarrie, Jez Butterworth, John-Henry Butterworth
ဝတ္ထု - All You Need Is Kill by Hiroshi Sakurazaka
သရုပ်ဆောင်များ - Tom Cruise, Emily Blun

"ရှင် နိုးထပြီဆိုရင် ကျွန်မကို လာရှာနိုင်မလား" တိုက်ပွဲတစ်ခုမှာ ကေ့ခ်ျ (Tom Cruise) တစ်ခါသေဆုံးသွားတိုင်း ရီတာ (Emily Blunt) စိုးရိမ်ပူပန်စွာ မှာတတ်ခဲ့မြဲ။ ကေ့ခ်ျဆိုတဲ့ အရာရှိလေးဟာ အရင့်အရင်ကတိုက်ပွဲဆိုတာ မကြုံခဲ့စဖူး။ တစ်နေ့ လေယာဉ်ပေါ်မှာ ကေ့ခ်ျနဲ့အတူ တပ်သားတွေအစီအရီပါလာတဲ့နေ့မှာ ဗြုန်းစားဒိုင်းစားကြီးပဲ အချိန်လှည့်ပတ်နေတဲ့တိုက်ပွဲတစ်ခုထဲ ပစ်သွင်းခံလိုက်ရတယ်။ ပြေးဝင်လာတဲ့ရန်သူ၊ ဘယ်သူတွေလဲ ဆန်းစစ်မနေအားဘူး။ မိနစ်ပိုင်းအတွင်း တိုက်ခိုက်သတ်ဖြတ်လိုက်ရတယ်။ အဲဒီတိုက်ပွဲဟာ အင်မတန်ကြမ်းတမ်းရက်စက်တယ်။ အခါခါတိုက်ခိုက်ရတယ်၊ ထပ်ခါထပ်ခါ သေအံ့ဆဲဆဲအခြေအနေမျိုးကြုံဆုံစေတယ်။ ကေ့ခ်ျပြန်နိုးထရပြန်တယ်။ ပြီးရင်တော့ တိုက်ပွဲက လာပြန်ဦးတော့မယ်။ ဒါပေမဲ့ တိုက်ပွဲတစ်ခုစီမှာ ကေ့ခ်ျရဲ့ တိုက်ခိုက်စွမ်းရည်တိုးတက်လာတယ်။ ပြိုင်ဘက်ရန်သူကို ဘယ်လိုထိန်းကျောင်းသုတ်သင်ရမလဲ ပိုပြီးသိလာတယ်ပြောရမယ်။ ကေ့ခ်ျကို သင်ကြားပေးနေတာက အထူးတပ်ဖွဲ့စစ်သည်မိန်းကလေး ရီတာဗရာတာစကီပါ။ ရီတာက အချိန်ပတ်လမ်း တိုက်ပွဲအကြောင်းကို နားလည်သဘောပေါက်နေသူလေး၊ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ ကေ့ခ်ျကိုလမ်းပြနိုင်သူလေးပေါ့။ ကေ့ခ်ျ နဲ့ ရီတာတို့ ဂြိုဟ်သားတွေကို တိုက်ခိုက်ကြတဲ့အခါ တိုက်ပွဲတစ်ပွဲ ပက်ပင်းကြုံတိုင်း ရန်သူကိုကျရှုံးဖို့ တစ်ဆင့်ပို ပြီး နီးကပ်သွားစေတယ်တဲ့။ အဲဒီ အချိန်ပတ်လမ်းတိုက်ပွဲကို ဆင်နွှဲစေသူက ဂြိုဟ်သားတွေပဲလား။ နောက်ထပ်တကယ့်ရန်သူရှိနေသေးလား။ ရီတာကတော့ သူမကို မပြတ်လာရှာဖို့ မှာနေခဲ့တာပါ။ Edge of Tomorrow ရဲ့ ဇာတ်ကောင်ကေ့ခ်ျအဖြစ် မူလက ဘရက်ပစ်ထ်ကို ရည်မှန်းထားခဲ့ကြတယ်။ ဇာတ်ဝင်ခန်းတွေအားလုံးဟာ Harry Potter ဇာတ်လမ်းတွဲတွေထဲက အပြင်အဆင်တွေနဲ့ အားလုံးနီးပါးတူနေပါတယ်လို့လည်းဆိုကြတယ်။ ရုပ်ရှင်ထဲက ပရိသတ်တွေစိတ်ဝင်စားကြမယ့် ဖုန်အလိမ်းလိမ်းညစ်ထပ်ထပ်ကားအိုကားဟောင်းဟာ Citroën CX ပြင်သစ်လုပ်ကားဖြစ်နေပါသတဲ့။

Planes : Fire & Rescue
Animation / Adventure / Comedy 
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Bobs Gannaway
ထုတ်လုပ်သူ - Ferrell Barron
သရုပ်ဆောင်များ - Dane Cook as Dusty Crophopper, Julie Bowen as Lil' Dipper, a Super Scooper, Curtis Armstrong as Maru, a forklift, Ed Harris as Blade Ranger, a veteran fire-and-rescue helicopter, Wes Studi as Windlifter, a heavy-lift helicopter, Dale Dye as Cabbie, an ex-military transport plane, Regina King as Dynamite, a member of The Smokejumpers, Corri English as Pinecone, a member of The Smokejumpers, Bryan Callen as Avalanche, a member of The Smokejumpers, Danny Pardo as Blackout, a member of The Smokejumpers, Matt Jones as Drip, a member of The Smokejumpers

Planes: Fire & Rescue ဟာ သေသပ်ထူးခြားတဲ့ 3D ကွန်ပျူတာဖန်တီးမှုအရသာပြည့်ပြည့်ဝဝ ခံစားနိုင်မယ့် ဇာတ်မြူးစွန့်စားခန်းအမေရိကန်ရုပ်ရှင်ပါ။ ၂၀၁၃ ခုနှစ်က ပြသခဲ့တဲ့ Planes ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ဖြစ်ပြီး Pixar animation studios ရဲ့ အောင်မြင်ခဲ့တဲ့ Cars ရုပ်ရှင်ပုံစံဖန်တီးခဲ့ကြပါတယ်။ လူထူထူရှေ့မှာ ရယ်မောပျော်ရွှင်ဖွယ်ရာသရုပ်ဆောင်ရတာနှစ်သက်လေ့ရှိတဲ့ Dan Cook က ကမ္ဘာ့ကျော်ပြိုင်ပွဲဝင်လေယာဉ် ဒတ်စ်တီခရော့ပ်ဟော့ပါ အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ ဒတ်စ်တီရဲ့ အင်ဂျင်ဟာ ထိခိုက်ပျက်စီးနေပြီ။ သူ ဘယ်တော့မှ ထပ်ပြီးယဉ်ပြိုင်နိုင်မှာမဟုတ်တော့ဘူး။ အဲဒီအချိန် ဒတ်စ်တီ ဂီယာအရှိန်အပြောင်းအလဲပြုလုပ်ရင်းနဲ့ တောမီးလောင်ကျွမ်းနေတဲ့နေရာကို ရောက်ရှိသွားခဲ့တယ်။ မီးသတ်ကယ်ဆယ်ရေးရဟတ်ယာဉ်စစ်ပြန်ကြီး ဘလိတ်ဒ်ရိန်းဂျား (Ed Harris) နဲ့အတူ ကယ်ဆယ်ရေးအတွက် ဒတ်စ်တီပူးပေါင်းလိုက်တယ်။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံလှတဲ့ ဘလိတ်ဒ်ရဲ့ အဖွဲ့ထဲမှာ လီတဲလ်ဒစ်ပ်ပါ (Julie Bower)၊ လေးလံတဲ့ပစ္စည်းတွေကို သယ်ပိုးယူဆောင်ရတဲ့ ရဟတ်ယာဉ် ဝင်ဒီဖစ်ထ်ထာ (Wes Studi) ၊ စစ်တပ်သယ်ယူပို့ဆောင်ရေးဟောင်း ကက်ဘီး (Dale Dye) နဲ့ အမြဲဖျတ်လတ်တက်ကြွနေကြတဲ့ မြေပြင်ကားတပ်သားတွေဖြစ်တဲ့ စမုတ်ကီဂျန့်ပ်ပါး တွေပါဝင်နေကြတယ်။ ပြင်းထန်လှတဲ့ အလျှံညီးညီးမီးတောက်တွေကြားတဲ့ ကြောက်ရွံ့ခြင်းကင်းမဲ့ကြတဲ့ တပ်သားတွေအတူတကွတိုက်ပွဲဝင်ရင်း ဒတ်စ်တီ သင်ယူလေ့လာနိုင်ခဲ့တာက စစ်မှန်တဲ့သူရဲကောင်းတစ်ဦးရဲ့ ဖြစ်တည်မှုကိုပါ။ ကလေးငယ်လေးတွေနဲ့အတူ မိသားစုကြည့်ရှုနိုင်ကြမယ့် ချစ်ခင်နှစ်သက်စရာရုပ်ရှင်လေးပါ။

Transformers: Age of Extinction
Action / Adventure / Sci-Fi 
Paramount Pictures
ဒါရိုက်တာ - Michael Bay
ထုတ်လုပ်သူ - Don Murphy, Tom DeSanto, Lorenzo di Bonaventura, Ian Bryce
ဇာတ်ညွှန်း - Ehren Kruger
ဝတ္ထု - Based on Transformers  by Hasbro
သရုပ်ဆောင်များ - Mark Wahlberg, Nicola Peltz, Jack Reynor
အကုန်အကျကြီးမားလှတဲ့ရုပ်ရှင်တွေ ဖန်တီးရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာလို့ နာမည်ကျော်တဲ့ Michael Bay ရဲ့ Transformers ဇာတ်လမ်းတွဲတွေမှာ လေးကားမြောက်ရုပ်ရှင်ပါ။ အဓိကဇာတ်ကောင် မော်တော်ကားမက္ကင်းနစ် ကိတ်ဒ်ရီးဂါ အဖြစ် Mark Wahlberg က သရုပ်ဆောင်ထားပါတယ်။ ချီကာဂိုကို ကျူးကျော်တိုက်ခိုက်ပြီး လေးနှစ်ကြာတဲ့အခါ အဲဒီအချိန်နဲ့စထားတယ်။ အရင် Transformers တွေလိုပဲ ဒါရိုက်တာရဲ့အစွမ်းပြထားတဲ့ရိုက်ချက်တွေမရပ်မနားတမ်းမို့ ရင်တထိတ်ထိတ်ကြည့်ရှုရဦးမယ့် ရုပ်ရှင်ပါပဲ။ စတီဗင်စပီးဘာ့ဂ်ကလည်း ထုတ်ဝေသူအဖြစ်ပါဝင်ထားပါတယ်။ ကိတ်ဒ် နဲ့ သမီးငယ် တက်စာ (Nicola Peltz) တို့ ရှာဖွေတွေ့ရှိသွားခဲ့တဲ့ တီထွင်မှုနောက်ပိုင်း ထွက်ပေါ်လာတဲ့အော်တိုဘော့ထ်တွေကို သင်္ကာမကင်းဖြစ်ခဲ့တဲ့အစိုးရအရာရှိတွေက သေသေကြေကြေတားဆီးကြတော့တယ်။ အဲဒီတော့ လူသားတွေရယ် အော်တိုဘော့ထ်တွေ၊ ပြီးတော့ ကြီးမားကြမ်းတမ်းလှတဲ့ ဒိုင်နိုဘော့ထ်တွေ ပစ်ခတ်တိုက်ခိုက်ကြတဲ့အထူးပြုလုပ်ချက်တွေဟာ မရိုးနိုင်အောင်ဆန်းပြားနေဆဲပါ။ Transformers ပရိတ်သတ်တွေကို စွဲဆောင်နေဦးမှာပါ။ Age of Extinction မှာ ဇာတ်ကောင်အသစ်စက်စက်တွေဖြစ်တဲ့ Dinobot တွေကို ထူးထူးခြားခြား ဖန်တီးထားပါတယ်။ လူသားတွေအဖြစ် ကိတ်ဒ်၊ ကိတ်ဒ်ရဲ့ သမီးလေး တက်စာ၊ တက်စာရဲ့ ချစ်သူ ရှိန်းဒိုင်စန် (Jack Reynor)၊ ကိုယ်ပိုင်ရိုဘော့ထ်တွေတည်ဆောက်ချင်တဲ့ ဂျော့ရှုဝါ (Jack Reynor) ဂျော့ရှုဝါရဲ့ လက်ထောက်ဘူမိဗေဒပညာရှင် ဒါဆီ (Sophia Myles) နဲ့ အစိုးရအရာရှိအဖြစ် ဟာရိုးလ်ဒ်အက်တင်ဂျာ (Kelsey Grammer) ၊ ကိတ်ဒ်ရဲ့ သိပ်ချစ်တဲ့သူငယ်ချင်း လူးကပ်စ် နဲ့ အစိုးရအရာရှိအဖွဲ့သားတွေရယ်၊ Autobot တွေရယ်၊ Dinobot တွေရယ်၊ ရန်ဘက် transformer တွေဖြစ်တဲ့ ဂဲလ်ဗာထရွန်၊ လော့ခ်ဒေါင်း၊ စတင်ဂျာ နဲ့ ဂျန့်ခ်ဟိပ် တို့လည်း ပါဝင်ကြတယ်။ လူသားနဲ့ ရိုဘော့တွေရဲ့ အမျိုးမျိုးပြောင်းလဲတိုက်ခိုက်ကြဦးမယ့် Transformer အသစ်က စိတ်ဝင်စားစရာပါ။

The Fault in Our Stars
Drama / Romance 
20th Century Fox
ဒါရိုက်တာ - Josh Boone
ထုတ်လုပ်သူ - Wyck Godfrey, Marty Bowen
ဇာတ်ညွှန်း - Scott Neustadter, Michael H. Weber
ဝတ္ထု - Based on The Fault in Our Stars by John Green
သရုပ်ဆောင်များ - Shailene Woodley, Ansel Elgort
ဟေဇယ်ဂရေစ့် (Shailene Woodley) နဲ့ သြဂတ်စ်စတပ် (Ansel Elgort) တို့နှစ်ယောက်ရဲ့မျှော်လင့်ခြင်းကြယ်ပွင့်လေးတွေဟာ အမှားအယွင်းတွေရှိနေတဲ့ဘဝနှစ်ခုကြားထဲမှာ လင်းလက်နိုင်ဖို့လူးလူးလွန့်လွန့် အားယူကြိုးစားနေကြရှာတယ်။ မာရေကျောရေနိုင်လှတဲ့ရယ်မောမှုနဲ့ နေ့တိုင်းကို မထီမဲ့မြင်ပြုလို့ မျှော်လင့်ခြင်းမဲ့လျှောက်လမ်းနေကြတယ်။ ဟေဇယ်က ကျူမာသေးကျုံ့သွားဖို့ဆေးကုသမှုခံယူထားရတဲ့ ကင်ဆာဝေဒနာရှင်လေး။ ရောဂါစစ်တမ်းအရဆိုရင်တော့ နောက်ဆုံးအဆင့်အဖြစ်သတ်မှတ်ထားကြတယ်။ အမြဲတမ်းအဖော်အပေါင်းအဖြစ် အောက်စီဂျင်ပိုက်လေးကိုဆောင်ထားရတယ်။ သြဂတ်စ်စတပ်ကတော့ ထူးခြားခမ်းနားလွန်းတယ်။ သူ့ရဲ့ ခြေထောက်အတုကို ဟာသတစ်ခုအဖြစ် ရယ်ကာမောကာသတ်မှတ်နိုင်သူ၊ ကောင်းမွန်စွာအသုံးချနိုင်သူ ဘတ်စ်ကက်ဘောကစားသမားတစ်ဦး ဖြစ်နေတယ်။ သူတို့နှစ်ဦးလုံး ကင်ဆာထောက်ပံ့ရေးအသင်းအဖွဲ့တစ်ခုမှာ တွေ့ဆုံခဲ့ကြတယ်။ သူတို့နှစ်ဦးရဲ့ ကြယ်လေးတွေ လူးလွန့်လင်းလက်ရာက တောက်ပရွှန်းလဲ့လာကြပြီ။ သူတို့ တစ်ဦးကိုတစ်ဦးအထောက်အပံ့ပေးခဲ့ကြပြီ။ The Fault in Our Stars ဝတ္ထုဟာ YouTube Video blogger အမေရိကန်စာရေးဆရာ လူငယ်တစ်ဦးဖြစ်တဲ့ Michael Green ရဲ့ လေးအုပ်မြောက်ဝတ္ထုဖြစ်ပြီး ၂၀၁၂ ဇန်နဝါရီလ The New York Times ရဲ့ အရောင်းရဆုံးနံပါတ် ၁ အဖြစ်ရွေးချယ်ခံရပါတယ်။ Green ဟာ ၂၀၁၄ မှာ Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိလ် ၁၀၀ ထဲက တစ်ဦးဖြစ်ခဲ့သူပါ။
ဖြိုးဖြိုး
(Yati Magazine, June, 2014)