Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, July 05, 2014

စိတ္တဇ လူသတ်သမား

 မေမေ့ရဲ့စာ
(Family Magazine, February, 2014)


1958 ခုနှစ်က စာရေးဆရာ Alec Coppel နဲ့ Samuel A.Taylor တို့ ပူးတွဲ ရေးသားပေးတဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ အဲဖရက် ဟစ်ခ်ျကော့ က  အသက်သွင်း ရိုက်ကူးထားခြင်းဖြစ်တယ်။ ဟောလီဝုဒ်က ရိုက်ကူးခဲ့သမျှရုပ်ရှင်ကားတွေထဲမှာ ထိပ်တန်း ကားကောင်း ၅၀၀ စာရင်းဝင် ဖြစ်ပြီး  ယနေ့အထိ အဆင့်မလျောပဲ ကမ္ဘာတ၀ှမ်း လှည့်လည်ပြသနေရဆဲ  နာမည်ကြီးကျော်ကြားနေဆဲ ကားပေါ့။

စူပရီမီကြီး  ဟစ်ခ်ျကော့ ဟာ ဒီလို ခက်ခဲ နက်နဲပြီး ရှုပ်ထွေးတဲ့ ဇတ်လမ်းတွေကို ဖန်တီးရိုက်ကူးရာမှာ အလွန် ပြောင်မြောက်တယ်လို့ နာမည်ကြီးသူပါ။ ဒါရိုက်တာ ဟစ်ခ်ျကော့နဲ့ သရုပ်ဆောင်မင်းသား စတီးဝပ် တို့ဟာ San Sebastian international Flim Festival မှာ ဒါရိုက်တာဆုနဲ့ သရုပ်ဆောင်ဆုကို ဆုလက်ခံရရှိခဲ့ကြတယ်။


 ပန်းသည်မလေးဆီက ပန်းစီးဝယ်ပြီး ကာလော့တာရဲ့  အုတ်ဂူဆီကို မက်ဒလင်းက အသွား …စကော့တီက….အနောက်မှ .
မက်ဒလင်းတယောက် Mcki ttaick ဟိုတယ် ထဲ ၀င်သွားတာကို  မြင်ပါလျက်  သူမတွေ့ရတော့ဘူးတဲ့ ဒီံနောက် အနုပညာပြတိုက်တစ်ခုအတွင်း ရောက်ရှိနေတဲ့ မက်ဒလင်း ဟာ သူမနဲ့ ဆင်ဆင်တူနေတဲ့  ကာရိုတီရဲ့ ရုပ်ပုံလွှာ( Portrait of Carlotta) ကို ငေးမော့ကြည့်ရှုရာက..

Jimmy  Stewart  နဲ့  Kim Novak  တို့က ခုလို ပီပီပြင်ပြင် သရုပ်ဆောင်ထား ကြတယ်။

မူရင်း က ပြင်သစ်ဝတ္ထု The Living and The Dead( ပြင်သစ်လိုဆိုရင် D’entre les Morts)ဖြစ်ပါတယ်။ပြင်သစ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားထားတာပါ။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို မြို့နဲ့ ဟောလီဝုဒ် ပါရမောင့် စတူဒီယို တို့မှာ ရိုက်ကူးခဲ့တာပါ။
ရိုက်ကူးခဲ့သမျှ ကားတွေထဲမှာ အကောင်းဆုံး စိတ်ကျေနပ်မှု အရှိဆုံးလို့ ဒါရိုက်တာက အာမခံထားတယ်။
ထို့နည်းတူ မင်းသားမင်းသမီးကလည်း ဘယ်ကားနှင့်မှ မတူတဲ့ စိတ်ခံစားမှု ရဿသပေးတယ်လို့ ဆိုပါတယ်။ ကဲ အပြောကတော့ချောနေပြီ။ ဟုတ်တယ် မဟုတ်ဘူး သိရအောင်  ကြည့်ကြစို့လား။ 
 မိမိကိုယ်ကို ရေမှာနှစ် သေကြောင်းကြံစီခဲ့တဲ့အတွက် ကယ်တင်ခဲ့ရတယ်။သူ ဘာ့ကြောင့် ရေထဲ ခုန်ဆင်းသွားရသလဲ။ 
ရဲအရာရှိ  ဂျွန်စကော့တီ ဖါဂူဆန် ဟာ ခရီးသွားရင်း မတော်တဆထိခိုက်မှု ကြောင့် အကြောက်လွန်ပြီး  စိတ်ကစဉ့် ကလျားဖြစ်မှု ပြင်းထန်လွန်းနေတဲ့အတွက် ( Acrophobic)  အလုပ်က စောစောစီးစီး အနားယူလိုက်တယ် တဲ့။

သူဟာချေဖျား လက်ဖျားတွေ အေးစက်ပြီး အမြဲ ကပြောင်းကပြန်သာ တွေးနေတတ်တယ်။ အမြင့်ကို ကြောက်တယ်။ ချာချာလည် မူးဝေရစ်သီ နေတတ်တယ်။ တကယ်မရှိတဲ့ မိန်းမတယောက်ကို တကယ်ရှိသယောင်လည်း မှတ်ယူ နေတတ်သူမို့ သူ့ကို စိတ်ဝင်စားနေတဲ့ မက်ဒလင်းက အယောင်ဆောင် အစားဝင် ရာက ဒီဇာလမ်း ဖြစ်ပေါ်လာတာပါ။
မက်ဒလင်းက စကော့တီ ငှာရမ်းထားတဲ့ အလွတ်စုံထောက်ဂါဗင်အယ်စတာ ရဲ့ ဇနီးပါ။

   
Golden Gate တံတားကြီးလည်း မနေရ  သူက အခရာ။ 
မက်ဒလင်းက တံတားကြီးအနီး fort point မှာ ပေါ့။ ဆန်ဖရန် စစ္စကို ပင်လယ်အော်ထဲ ခုန်ဆင်းသွားတာ 


 ရေထဲဆယ်လာပြီးနောက်မှာ မယ်ဒလင်း တစ်ယောက် 
ညတစ်ညရဲ့ ခြောက်လှန့်မှုအရိပ်အောက်မှာ..
   
ဘုရားကျောင်းက ခေါင်းလောင်းထားရှိရာ မျှော်စင်ပေါ်ကို..


 ဒါရိုက်တာဟာ စကော့တီရဲ့ စိတ်ခံစားမှု အလုံးစုံကို သိမ်းကြုံးပြစ်ထည့်ပြီး သူ့အကြိုက် ဖန်တီးပုံသွင်းထားရာမှာ အလွန် ပြောင်မြောက်ပါတယ်။။

မက်ဒလင်း သွားရာ နောက်က တကောက်ကောက် လိုက်ခဲ့တဲ့ စကော့တီဟာ တနေရာမှာ ဆုံမိကြပြီး နှစ်ယောက်အတူ ချစ်ကြည် ရင်းနှီးစွာ ၁၇မိုင် ခရီးကို သွားခဲ့ကြတယ်။ အချိန်တွေ တော်တော်များများ ပျော်ပျော်ပါးပါး  ဖြုန်းတီးခဲ့ကြတယ်။ ဒါပေမဲ့ သူမ ဘာ့ကြောင့် သေသွားရတာလဲ။ သူမဘာ့ကြောင့် ပင်လယ်ထဲ နစ်မြုပ်သွားတာလဲ။ ရေထဲက ဘယ်သူကယ်ခဲ့သလဲ။ ဒီတုံးက အသက် မရှင်ဘူးလား  သူမ ဘာ့ကြောင့် မျှော်စင်ပေါ်ကို တက်သွားရသလဲ။ ဘယ်အချိန်မှာ ဘယ်လိုသေခဲ့ရတာလဲ။ စကော့တီ က အမြင့်ကြောက်တဲ့ ရောဂါရှိတယ်။ ဒီမေးခွန်းတွေကို ဖြေဖို့ ရှုပ်ထွေးနေတာတွေကို ဖြေရှင်းပေးဖို့  Flash back ရှိပါတယ်။

ကဲ Florist ကတော့ ညွှန်းထားလိုက်ပြီ။ ကြည့်ဖြစ်အောင် ကြည့်ဖို့ နိုးဆော်လိုက်ပါရစေ။

Florist
(Family Magazine, February, 2014)

No comments: