သူမနာမည်ရင်းက မီစီဇီဘီ (MIsi-ziibi)ပါ။ အဓိပ္ပါယ်က ကြီးမြတ်သောမြစ် (Great River) သို့မဟုတ် မြစ်ကြီး မစ္စစ်စစ်ပ်ပီ(Big River) ပါတဲ့။ ဌာနေတိုင်းရင်းသားများရဲ့ အသုံးအနှုံးပါ။ ကာလရွေ့လျောလာတော့ မစ္စစ္စပီ လို့ တွင်လာခဲ့တယ်။ ကမ္ဘာ့ ရှိရှိသမျှ မြစ်ကြီးတွေထဲမှာ စတုတ္ထမြောက် အရှည်ဆုံးဖြစ်ပြီး ဆယ်ခုမြောက် အကြီးဆုံးဖြစ်သတဲ့။သူမဟာ ၂, ၃၂၀ မိုင် (ကီလိုမီတာ၃,၇၃၄)ရှည်လျားပြီးတော့ မြောက်အမေရိကရဲ့ အရှည်ဆုံးမြစ်လဲ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာဘဲ လုံးလုံးလျားလျား စီးဆင်းပြီးတော့ ပြည်နယ်ပေါင်း၃၁ပြည်နယ်ကို ဖြတ်သန်းသွားတယ်။သူမဟာ မင်နီဆိုတာပြည်နယ် အနောက်ဘက်အရပ်မှ စတင်ထွက်ခွာလာပြီး ကွေ့ကွေ့ကောက်ကောက်နှင့်ု ၂,၅၃၀ မိုင်(ကီလိုမီတာ ၄,၀၇၀)ခရီး အကွာအဝေးရောက် အောင် စီးဆင်းသွားရာမှာ မက်ဆီကိုပင်လယ်ကွေ့က မစ္စ်စစ်ပ်ပီ မြစ်ဝှမ်းအထိပါဘဲ။ သူမဟာ မြစ်လက်တက်ပေါင်းများစွာခြံရံပြီးတော့ သိုက်သိုက်ဝန်းဝန်းရှိစွာ “ရော့ကီးတောင်တန်း”နှင့် “အပ်ပ်ပါလာချိန်န်” တောင်တန်းနှစ်သွယ်အကြားကနေ တဖြည်းဖြည်းချင်းစီးဆင်းသွားပါတယ် တဲ့။
အဲဒီမြစ်ကြီးနဲ့ မြစ်လက်တက်တွေဖြန့်ကျက်လွှမ်းခြုံရာ ကမ်းခြေတလျှောက် ဌာနီလူသားများ အုပ်စုဖွဲ့ပြီး ရှေးရှေးအခါက အမဲလိုက်ခြင်းဖြင့် အသက်မွေးခဲ့ကြတယ်။ ၁၅၀၀ခုနှစ်လောက်မှာတော့ ဥရောပသားတွေ အခြေချရောက်ရှိလာပြီး ဌာနီလူသားတို့ဘ၀လည်း ပြောင်းလဲသွားခဲ့တယ်။ ဥရောပသားတွေဟာ ရှာဖွေ စူးစမ်းကြသူများပါ။ စိုက်ပျိုးရေး နည်းပညာသစ်တွေ ကို အရဲစွန့်လုပ်ကိုင်ကြတယ်။လစ်ဟာနေတဲ့ လူနေမှု စံနစ်သစ်တခုကို ကူးပြောင်းဖို့ သူမက အရေးပါတဲ့ သွေးလွှတ်ကြောတကြောသဖွယ် ပေါင်းကူယှက်သွယ်ပေးနိုင်ပါတယ်။
၁၇ရာစုနှစ်အတွင်းပြင်သစ်လူမျိုး စူးစမ်းရှာဖွေသူ လူးဝစ်စ် ဂျိုလီယက်စ် ဟာ ချီကာဂို ဆိပ်ကမ်းမြို့နေရာကို တွေ့မြင်ရတဲ့အခါ မိုင်အားဖြင့် ၂မိုင် ကျော်ကျော် လျော့ပါးသွားကြောင်း မှတ်ချက်ချခဲ့တယ်။.သူ့ အတွက် ဌာနေလူမျိုးစုတို့ အီလီနွိုက်မြစ်မှတဆင့် ပြသလမ်းညွှန်ခဲ့တဲ့ လမ်းခရီးဟာလည်း မစ္စစ်စစ်ပ်ပီမြစ်နှင့် ဂရိတ်ရေအိုင်ကြီးနှစ်ခု ဆက်သွယ်ပေးတဲ့ တူးမြောင်အဖြစ် သူက သတ်မှတ်ခဲ့တယ်။ ချီကာဂိုမြစ်မှတဆင့် အီလီနွိုက်နှင့်မီချီကန်တူးမြောင်းများကို ဆက်သွယ်ပေါင်းကူးခြင်းအားဖြင့် ဒေသတွင်းတိုးတက်ဖွံဖြိုးမှုများ ရှိလာတယ်။
၁၉ရာစုမှာတော့ သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲခဲ့တယ်။ မစ္စစ်စစ်ပ်ပီမြစ်နှင့် သူမရဲ့ အခြွေအရံ အထင်ရှားဆုံးမဉ္ဇူရီပြည်နယ်က အနောက်ဘက်မြစ်လက်တက်တွေမှာ ပိုမို ပြောင်းလဲခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက်တခွင် ကျယ်ပြန့်စွာ စွန့်စားရှာဖွေ စူးစမ်းသူများ အခြေချလာသူများနှင့် ပြည့်နက်လာတယ်။ သူမရဲ့ ၀မ်းဗိုက်ထဲမှာ အဖိုးတန် မြေဆီမြေနှစ်တွေ သဲ၊နုံး၊ရွှံ့၊စတာတွေ ရတနာများ ရှိနေတယ်။ လူသားတွေအတွက် စိုက်ပျိုးထွန်ယက်ဖို့ အကောင်းဆုံး အချေအနေကို သူမက ဖြည့်ဆီးပေးနိုင်ခဲ့တယ်။ မကြာခင်မှာဘဲ သူ ခန္ဓာကိုယ်ပေါ်ကို မီးသင်္ဘောတွေ ပြေးလွှား ခုတ်မောင်းလာခဲ့တယ်။
အမေရိကန်ပြည်တွင်းစစ်မှာလည်းသူမမပါမပြီး အခရာဖြစ်ခဲ့ရပြန်တယ်။အမျိုးသားညီညွတ်ရေးတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ကုန်သွယ်ရေးနှင့် ရိက္ခာပစ္စည်းသယ်ယူပို့ဆောင်ရေးတို့အတွက် အရေးပါတဲ့ မြစ်အဖြစ် အသုံးချခံရပြန်တယ်။ ဒါတွင်မကပါဘူး ။မကြာခင်မှာဘဲ သူမမြစ်ကြောင်းပေါ်မှာ တမံတွေ။ ဆည်တွေ မြောင်းတွေ ရေတံခါးတွေ ရေကာတာတွေ တုတ်နှောင်ပြည့်လျှံလာတယ်။ တစ်ဘက်ကကြည့်တော့လည်း မြစ်ဝှမ်းဒေသဟာ အများကြီး တိုးတက်ခဲ့တာပါ။ ဒါပေမဲ့လဲ ဒီမှာတင် သူမဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာအမျိုးမျိုးနှင့်(အကြီးမားဆုံး)ထိပ်တိုက်တိုးလာခဲ့ရတယ်။ မက်ဆီကို ပင်လယ်ကွေ့ဟာလည်း Dead zone သတ်မှတ်ခံရဖို့ ဦးတည်လာတယ်။
မကြာသေးမီအချိန်ကတော့ မြစ်ဝှမ်းဒေသ ကို ပူးပေါင်းစီးဝင်တဲ့ “အက်ချာဖါလာယာမြစ်” မြစ်မှာ တူးမြောင်းအစားထိုးတည်ဆောက်ကြတယ်။ နယူးအော်လိန်းလို သင်္ဘောဆိပ်ကမ်းမြို့တွေ အဖို့တော့ တကယ့် ကြီးမားတဲ့ အန္တရယ်တွေနှင့် စိန်ခေါ်မှုတွေ ရှိနေတာပါ။ ဒါပေမဲ့လဲ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများလည်း ပူးတွဲ ထားရှိတာမို့ မကြာမီနှစ်အနည်းငယ်အတွင်း ပြဿနာပြေလည်စရာ ရှိနိုင်ပါတယ်။
စပိန်လူမျိုးရှာဖွေစူးစမ်းသူ ဒီ ဆို တို ဟာ သူမထံ ၁၅၄၁ခုနှစ် မေလ ၈ရက်နေ့မှာ အစောဆုံးရောက်ရှိလာတဲ့ ဥရောပတိုက်သား တဦးဖြစ်ပါတယ်။သူက သူမနာမည်ကို “ရိုင်အို ဒီလ် အီးဆစ်ပီရီတူ ဆန်တို “လို့ စပိန်အမည်ပေးခဲ့တာပါ။အင်္ဂလိပ်ဘာသာနှင့် “River of the Holy Spirit” သန့်ရှင်းမြင့်မြတ်သော ၀ိညာဉ်တော်၏မြစ် လို့ အဓိပ္ပါယ်ရပါတယ်။ဒါ့ကြောင့် အလွန်ရှေးကျသူတို့က “ရိုင်အို မစ္စ်စစ်ပ်ပီင်္” လို့ ခေါ်ကြပါတယ်။
၁၆၈၂ခုနှစ်မှာ ရောက်ရှိလာတဲ့ ပြင်သစ်လူမျိုး “ရောဘတ်ကေ့ဗွီလေယာ၊ဆီညော် ဒီလာဆယ်လီ နှင့် ဟင်နရီ ဒီ တိုနီ “တို့က မစ္စစ်စစ်ပ်ပီမြစ် ပိုင်ဆိုင်မှုကို ဆယ့်ခြောက်ဆက်မြောက် ကင်းလူဝီအတွက်တောင်းဆိုခဲ့ကြဖူးပါတယ်။ ၁၆၉၉ ခုနှစ် မတ်လ ၂ရ၇က် နေ့မှာ ပြင်သစ်လူမျိုး “ပယ်ရီ လီ မွိုင်နီ ဒီ ဘရယ်လီ”က မစ္စစ်စစ်ပီမြစ်ဝှမ်းကို အပြည့်အ၀ဖေါ်ထုတ်တွေ့ရှိနိုင်ခြင်းအတွက် ကြောင့်ဖြစ်ပါတယ်။
၁၇၁၈ခုနှစ်မှာတော့ မြစ် အထက်ပိုင်း ကီလိုမီတာ ၁၆၀အကွာ မက်ဆီကိုပင်လယ်ကွေ့ လခြမ်းအကွေးမှာ “နယူးအော်လိန်းမြို့”ကို ပြင်သစ်လူမျိုး “ဂျိန်း ဘက်ပ်တစ် လီ မွိုင်နီ ဆီ” က တည်ထောင်ခဲ့တယ်။ စပိန်လူမျိုးရှာဖွေစူးစမ်းသူ “ဒီဆိုတို” ဟာ သူမထံ ၁၅၄၁ခုနှစ် မေလ ၈ရက်နေ့မှာ အစောဆုံးရောက်ရှိလာတဲ့ ဥရောပတိုက်သား တဦးဖြစ်ပါတယ်။သူက သူမနာမည်ကို Rio Del Espiritu Santo လို့ စပိန်အမည်ပေးခဲ့တာပါ။အင်္ဂလိပ်ဘာသာနှင့် “River of the Holy Spirit” သန့်ရှင်းမြင့်မြတ်သော ၀ိညာဉ်တော်၏မြစ် လို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် အလွန်ရှေးကျသူတို့က “ရိုင်အို မစ္စ်စစ်ပ်ပီင်္” လို့ ခေါ်ကြပါတယ်။
မစ္စစ်စစ်ပ်ပီမြစ်ရှိရာကို စူးစမ်းရောက်ရှိလာတဲ့ ပြင်သစ်လူမျိုး “လူးဝစ်ဂျိုးလီယက် “အတွက် ဌာနေတိုင်းရင်းသားတို့က အီလီနွိုက်မြစ်မှတဆင့် အလျှင်အမြန်သွားရောက်နိုင်မဲ့ လမ်းကို ညွှန်ကြားပြသခဲ့တယ်။ ဒီအခါမှာဘဲ လှေသင်္ဘောနှင့် ကုန်ပစ္စည်းအတင်အချပြုလုပ်နိုင်မဲ့ ချီကာဂို ဆိပ်ကမ်းမြို့နေရာကို သူတွေ့ရှိခဲ့တယ်။
~ Where you can hear a country song song from far and someone plays the honky-tonk guitar Where all the lights will go out one by one the people join the sun and the wind takes it away
Where the Mississippi falls down to the sea and lovers found the place thhhey'd like to be how many times before the song was ending love and understanding everywhere around
Mississippi, I'll remember you whenever I should go away I'll be longing for the day that I will be returning again Mississippi, you'll be on my mind everytime I hear this song Mississippi roll along until the end of time
Now the country song for ever lost its soul when the guitar player turned to rock & roll and everytime when the summernights are falling I will always be calling dreams of yesterday ~
3 comments:
ငယ်ငယ်ထဲက မစ္စစ္စပီမြစ်အကြောင်းကို စိတ်ဝင်စားခဲ့သလို သီချင်းလည်းကြိုက်ခဲ့တာ အခုအသေးစိတ်ဖတ်ရလို့ ကျေးဇူးပါ ဖြိုးဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖြိုးရေ...
အဲဒီသီချင်းလေး ကြိုက်လိုက်တာ
ငယ်ငယ်က နယ်မှာ အင်္ဂလိပ်သီချင်းတွေဆိုတဲ့ ကချင်အဆိုတော်တွေ အရမ်းဆိုကြတဲ့ သီချင်းပေါ့...
မေ့နေတာကြာပြီ.. ခုတော့မှ ပြန်နားထောင်ပြီး ငယ်ဘဝကို သတိရသွားပြီ..
သီချင်းလေးကို ကြိုက်တယ်။ မစ္စစ္စပီမြစ်ကိုလည်း ချစ်တယ်။
မဖြိုးရေ..
~~ မြစ်တစ်ခုလို အချိန်များ စီးဆင်းခဲ့ .. ~~
အဲသီချင်းလေးကိုတောင် သတိရမိတယ်။
ဂျူ
Post a Comment