photo from |
ဒါပေမဲ့ သထုံမှာက သထုံကွက်ကွက်ကလေးဘဲ ဗုဒ္မဘာသာဝင်ရှိပြီး ဘေးပတ်ဝန်းကျင်မှာ မဟာယန တန္တရ မန္တရ ဂိုဏ်းတွေက မှိုလိုပေါက်နေသတဲ့။ ဘုရင်ကိုယ်နှိုက်ကလဲ ယောင်ဝါးဝါးနဲ့ ရဟန်းတော်များကို သိပ်ပြီးအထောက်အပံ့မပေးဘူးတဲ့။ ။ဗျတ်ဝိဗျတ္တ တို့ရဲ့ ဆရာ(ပုဂံရာဇ၀င်မှာ သိဒ္ဓိပေါက် ကိုယ်ပျောက်တဲ့တန္တရဂိုဏ်းသား)ကို နန်းဦးတင်ထားပြီးကိုးကွယ်နေသတဲ့။ (ဗျတ်ဝိဗျတ္တ ဆိုတာကလဲ မြိုံရိုးကို ခုန်ကျော်ပျံလွှားနိုင်တဲ့ အိန္ဒိယတိုင်းသား လူစွမ်းကောင်းတွေလို့ ပုဂံရာဇ၀င်မှာဆိုပါတယ်။)
ဒါ့ကြောင့် ရှင်အရဟံဆိုတဲ့ ရဟန်းတော်တပါးက သထုံကိုစွန့်ခွာပြီး ဘုန်းတံခိုးကြီးမြတ်တဲ့ အနော်ရထာမင်းကြီးထံ ကိုးစား ယုံကြည်စွာ လာရောက် တောင်းဆိုခြင်းဖြစ်တယ်။
ရှင်အရဟံဟာ ပုဂံပြည်ကို ကြွချီလာပြီး ပုဂံပြည်မှာ ဗုဒ္မအယူဝါဒထွန်းကားပြန့်ပွားပါစေဆိုတဲ့ စေတနာနဲ့ အနော်ရထာမင်းကြီးကို သထုံပြည်က ပိဋကတ်တော်များ ပင့်ဆောင်ဖို့ တိုက်တွန်းနိုးဆော်ပါတယ်။ အနော်ရထာကိုယ်နှိုက်ကလဲ အရည်းကြီးတို့ရဲ့ အသွင်သဏ္ဍာန်ကို မနှစ်မျို့ဘဲ တရားစစ် တရားမှန်ကို လိုလားတောင့်တနေခိုက် ဆိုတော့ အကြိုက်တွေ့သွားတာပေါ့။ အနော်ရထာမင်းကြီးဟာ သထုံပြည်ကရဟန်းတော်များနှင့်တကွ ပိဋကတ်တော်များကို ဆင်ဖြူတစီးလက်ဆောင်ပေးပြီး သံတမန်များစေလွှတ်ပင့်ဆောင်စေပေမဲ့ ဘုရင်က ပိဋကတ်တော်အစုံ(၃၀)ရှိသည်ကိုလည်း ခွဲဝေပေးခြင်းမရှိတဲ့အပြင် သံတမန်များကို မခြေမငံ ပြောဆိုလိုက်တဲ့အတွက် အနော်ရထာမင်းဟာ ကိုယ်တိုင် စစ်ချီတက်သိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့ရတယ်။
အဲဒါကြောင့် သာသနာ သက္ကရာဇ်၁၆၀၀ခုနှစ်မှာ အနော်ရထာမင်းကြီးဟာ သထုံကိုစစ်ပြုလို့ အလွယ်တကူအောင်နိုင်တဲ့အခါ ပိဋကတ်တော်အစုံ(၃၀)နှင့်တကွ အရိယသံဃာအပါး တထောင်ကိုပင့်ဆောင်ခဲ့ပြီး မနူဟာမင်းနှင့်တကွ မိဖုရား မောင်းမမိဿံကျေးကျွန်များ၊ လက်မှုပညာသည်များကို အားလုံးခေါ်ယူခဲ့ပါသတဲ့။ ပုဂံကိုရောက်တဲ့အခါ မင်းနှင့်တကွ မိဖုရား ကျေးကျွန်တို့ကိုဘုရားကျွန်အဖြစ် တတန်းတည်းထားပြီး လှူဒါန်းလိုက်ပါသတဲ့။
အဲဒါကြောင့် သာသနာ သက္ကရာဇ်၁၆၀၀ခုနှစ်မှာ အနော်ရထာမင်းကြီးဟာ သထုံကိုစစ်ပြုလို့ အလွယ်တကူအောင်နိုင်တဲ့အခါ ပိဋကတ်တော်အစုံ(၃၀)နှင့်တကွ အရိယသံဃာအပါး တထောင်ကိုပင့်ဆောင်ခဲ့ပြီး မနူဟာမင်းနှင့်တကွ မိဖုရား မောင်းမမိဿံကျေးကျွန်များ၊ လက်မှုပညာသည်များကို အားလုံးခေါ်ယူခဲ့ပါသတဲ့။ ပုဂံကိုရောက်တဲ့အခါ မင်းနှင့်တကွ မိဖုရား ကျေးကျွန်တို့ကိုဘုရားကျွန်အဖြစ် တတန်းတည်းထားပြီး လှူဒါန်းလိုက်ပါသတဲ့။
ဒီနေရာမှာ ဘယ်လိုပဲ မခြေမငံပြောပြော သူပိုင်ပစ္စည်း မပေးနိုင်ဘူး ပြောပြော ဒီလိုမျိုး လုပ်ဖို့မသင့်ဘူး ထင်တယ်နော်။ အနော်ရထာဘုရင်ရဲ့ သာသနာပြုလုပ်ငန်းအ၀၀ကို ချီးကြူးစရာ ရှိပေမဲ့ တစ်ပါးဘုရင်ကို ဘုရားကျွန်အဖြစ် ထားတာကတော့ ဆိုးလှတယ်။ စစ်တိုက်သိမ်းပိုက် ပြီး ယူလာခဲ့ရင် ပြီးနေတာဘဲမဟုတ်လား။ သူများနိုင်ငံ ခေါ်လာပြီး အရှက်တကွဲ ဘုရားကျွန်အဖြစ်အထားခံရတော့ ရှက်ရှာမှာဘဲ။ သူလည်း ကိုယ့်ထီးကိုယ့်နန်းနဲ့ အုပ်ချုပ်လာတဲ့ မင်းတစ်ပါးပဲမို့လား။ လက်အောက်ခံ ဘုရင်ငယ်အဖြစ် သထုံမှာဘဲ ထားလိုက်ဖို့သင့်ပါတယ်။ ခုတော့ သေတာထက် အရှက်ခွဲခံရတာက ပိုလို့ ဆိုးတာပေါ့။ အရှက်ကြီးတဲ့ တောင်ကိုးရီးယား သမ္မတတောင်သူ့ရဲ့ဂုဏ်သိက္ခာအတွက် တောင်ပေါ်က ခုန်ချသေခဲ့ပါရောလား။ ဗုဒ္မဘာသာမှာတော့ မိမိကိုယ်ကိုရော တပါးသူကိုရောသေကြောင်းမကြံရပါဘူး။ ဗုဒ္မက တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။
ဒီလိုနဲ့ မနူဟာမင်းဟာ ဘုရားစောင့် ဘုရားကျွန်အဖြစ် နေခဲ့ရာကနေ စိတ်ကူးကောင်းပုံပြောပါတယ်။ ပါလာတဲ့ လက်ဝတ်ရတနာတွေ ထုခွဲ ရောင်းချပြီးဘုရားတည်ပါသတဲ့။ ဘုရားတည်တဲ့အခါ ဘုရားကြီးက ဧရာမကြီး။ လူတိုင်းက တအံ့တသြ မော့ကြည့်ရတယ်။ သူတကယ် ခံစားနေရတဲ့ အတွင်းစိတ်ဝေဒနာကို သေသေချာချာ ဖေါ်ကျူး ထားပုံရတယ်လို့ မြင်သူတိုင်း ယူဆကြတယ်။ ဘာဖြစ်လို့လဲဆိုရင်
ကိန်းဝပ်စံပယ်ရတဲ့ အဆောင်နေရာက ဘုရားကိုယ်ခန္ဓာနဲ့ အံကိုက်ကြီးလေ။ ပန်းလှူစရာ နေရာမရှိ ထိုင်ပြီးဘုရားကြည်ညိုစရာနေရာမရှိ။ ဘုရားဖူးသူတိုင်းလဲ မသက်မသာ မလှုပ်သာ မလှည့်သာ ကျဉ်းကျဉ်းကြုတ်ကြုတ်နဲ့။ အမိုးကလဲဦးခေါင်းတော်နဲ့ ကွက်တိ။ နေရာအလပ်မရှိ။ တကယ့်ကို စိတ်မောစရာကြီးပါဘဲ။
အော်.. မနူဟာမင်း ခမြာ ဘယ်လောက် များ စိတ်သောကများခဲ့ရှာပါလိမ့်။
ယနေ့အထိ ဒီဘုရားကို လေ့လာကြသူတွေအဖို့ မနူဟာမင်းကြီးဟာ သူ့ရဲ့ ရင်တွင်းခံစားချက်နဲ့ စိတ်ညစ်ညူး ကြပ်တည်းမှုကို အပြည့်အ၀ လူသိအောင် ဒီနည်းနဲ့ ထင်ဟပ်ပေါ်လွင်စေခဲ့တာပဲလို့ ယူဆလိုရင် ယူဆနိုင်ပါတယ်။ လွတ်လပ်မျှတမှုမရှိခဲ့ရှာတဲ့ ဘုရင်တစ်ပါးအတွက် စာနာစိတ်နဲ့ ဖြိုးဖြိုး သိပါစေ လို့ ပုံပြင်လိုလို စာဖွဲ့ပြီး ပြောပြရခြင်းဖြစ်ပါတယ်။ ။
ခင်မေသစ်
No comments:
Post a Comment