လက်ရှိ အစ္စရေးနဲ့ ပါလက်စတိုင်းအစိုးရတွေ ပဋိပက္ခကို ဘယ်လိုချဉ်းကပ်လဲ။
သတိကြီးကြီးထားနေကြတယ်။ အခြေခံအကြောင်းပြချက်တွေအတွက် အလုပ်ဖြစ်မယ့် သဘောတူညီမှု/ အပေးအယူစစ်စစ် နှစ်ဖက်လုံးက မစဉ်းစားနိုင်ကြဘူး။ ယူအက်စ်အစိုးရက ဘယ်လောက်အထိ အစိုးရတွေရဲ့ စိတ်ကိုညွတ်နူးပြောင်းလဲစေမလဲ အတိအကျမသိနိုင်ပါဘူး။
ပါလက်စတိုင်းသမ္မတ မာမွတ်ဒ် အက်ဘာ့စ်ဟာ လက်ရှိဦးဆောင်နေတဲ့ လက်ယာမဟာမိတ် အစ္စရေးသမ္မတကို တကယ်မယုံကြည်ပါဘူး။ အခြေချနေထိုင်မှုတိုးချဲ့တဲ့အခြေအနေဟာ အဓိကအကြောင်းပြချက်တွေထဲကတစ်ခုပါ။ အဲဒီဆောက်လုပ်ရေးတွေဟာ အစ္စရေးဝန်ကြီး ဘန်ဂျမင် နက်တန်ယာဟုအစိုးရလက်အောက်မှာ ၇ နှစ်လောက်ဆက်တိုက်မြင့်တက်နေခဲ့တယ်။ အက်ဘာ့စ်သိမြင်နေတဲ့ ဒီနေ့ထိ မြန်မြန်ဆန်ဆန်တိုးချဲ့နေမှုဟာ ခိုင်မာတဲ့သက်သေပါပဲ။ အဲဒါဟာ အစ္စရေးက ပါလက်စတိုင်းနိုင်ငံတော်တည်ဆောက်ဖို့ မဖြစ်နိုင်အောင် ကြိုးပမ်းနေတာပါ။ တိုးချဲ့မှုတွေကို နက်တန်ယာဟုရပ်တန့်ထားစဉ်မှာ ဂျေရုဆလင်မှာတော့ ၂၀၀၉ နိုဝင်ဘာမှာစတင်ပြီး ၁၀ လ ခန့် ဆက်တိုက်ရှိနေခဲ့တယ်။ ပါလက်စတိုင်းတွေလိုချင်တာက အကြွင်းမဲ့ရပ်တန့်စေချင်တာပါ။ ၉ လကြာ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အဲဒီညှိနှိုင်းဆွေးနွေးမှုတွေဟာ လက်တွေ့မှာ ခရီးမရောက်ခဲ့ကြဘူး။ နက်တန်ယာဟုဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဝေဖန်အပြစ်တင်တဲ့သူအဖြစ် ပါလက်စတိုင်းတွေက အခိုင်အမာယုံကြည်နေကြတယ်။ သူဟာ အစ္စရေး အဓိကလက်ယာပါတီဖြစ်တဲ့ လီကွတ်ပါတီရဲ့ ပထမဆုံးခေါင်းဆောင်ပါ။ သူ အာဏာရှိနေတဲ့အချိန်two-state ဖြေရှင်းနည်းကို ထောက်ခံဖို့လုပ်ခဲ့တယ်။ အဲဒီ ၂၀၀၉ နှစ်မှာ အမေရိကန်ဖိအားသိပ်ပြီးပြင်းထန်နေတဲ့အချိန်မှာ လုပ်ဆောင်ခဲ့တာပါ။
ပါလက်စတိုင်းဘက်က အယုံအကြည်ကင်းမဲ့နေသလို အစ္စရေးတို့မှာလည်း အကြောင်းပြချက်စစ်စစ်တွေရှိနေကြတယ်။ ဟားမာ့စ်-ဖာတာ ဆက်ဆံရေးတွေဟာ သူတို့ကြားမှာ အထင်ရှားဆုံးပါပဲ။ အရင်က အစ္စရေး၊ ဖာတာနဲ့ ဆွေးနွေးထားခဲ့တဲ့ ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်ဟာ မအောင်မြင်ခဲ့ပါဘူး။ ဧပြီ ၂၃ သဘောတူညီချက်အရ အမျိုးသားအစိုးရ ပုံဖော်ဖြစ်ဖို့နဲ့ ရွေးကောက်ပွဲအသစ်တွေသာ အမှန်တကယ်ပြုလုပ်နိုင်ခဲ့ရင် အဲဒီပြဿနာဟာ ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒါပေမဲ့ ပါလက်စတိုင်းခေါင်းဆောင်ပိုင်းအသစ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုချဉ်းကပ်ကိုင်တွယ်မလဲ ကြိုတင်ခန့်မှန်းဖို့ ခက်ပါတယ်။ အစ္စရေးက ဟားမာ့စ်ကိုမယုံကြည်တာမှာ အစ္စရေးကိုဖျက်ဆီးဖို့ ရည်မှန်းထားသူတွေလို့ မြင်နေတာပါ။ အဲဒါကြောင့် ဟားမာ့စ်တွေပါဝင်လာမယ့် ဘယ်အစိုးရမဆို အစ္စရေးနဲ့ တကယ့်ငြိမ်းချမ်းရေးသဘောတူညီမှုပြုလုပ်ဖို့ အာမခံနိုင်မှာမဟုတ်ဘူးလို့ယူဆပြီး အစ္စရေးခေါင်းဆောင်ပိုင်းက အယုံအကြည်မရှိဖြစ်ကြတယ်။ အဲဒါကြောင့်ပဲ အစ္စရေးက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားလိုက်တယ်။ ဟားမာ့စ်ကျောထောက်နောက်ခံရှိနေတဲ့ ပါလက်စတိုင်းအစိုးရနဲ့ ဆွေးနွေးပွဲလုပ်ဖို့ လမ်းစပြန်မဖွင့်လိုဘူး။
နက်တန်ယာဟု လိုလားတာက ပါလက်စတိုင်းအစိုးရဟာ အစ္စရေးကို နိုင်ငံရေးအရသဘောတရားအရမဟုတ်ဘဲ ဂျူးလူမျိုးတွေရဲ့လွတ်လပ်တဲ့အမျိုးသားနိုင်ငံ(nation-state)အဖြစ် အသိအမှတ်ပြုစေလိုတာပါ။ အစ္စရေးအစိုးရအတွက် ဒါကိုလိုလားနေတာ တော်တော်လေးထူးခြားနေတဲ့အနေအထားဖြစ်နေပြီး အက်ဘာ့စ်ကလည်း စဉ်းစားပေးဖို့ ငြင်းဆန်နေတယ်။
ပါလက်စတိုင်းလူမျိုးတွေရဲ့ ညီညွတ်ရေးသဘောတူညီမှုဟာ ငဋိပက္ခကို ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ။
ဧပြီ ၂၃ မှာ အဓိက ပါလက်စတိုင်းနိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ဂါဇာအခြေစိုက် ဟားမာ့စ်နဲ့ West Bank အခြေစိုက် ဖာတာတို့ ပါလက်စတိုင်းမှာပူးတွဲအစိုးရတစ်ရပ်ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတယ်။ တစ်ဖွဲ့က အစ္စရေးကို အသိအမှတ်ပြုထားပြီး two-state solution ကိုလည်း လက်ခံပါတယ်။ အဲဒါသာပြီးစီးအောင်မြင်ရင် သဘောတူညီချက်ဟာ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတဲ့ ပါလက်စတိုင်းတွေကြားကာလကြာရှည် အုပ်စုအကွဲကွဲအပြားပြားဖြစ်နေကြတာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဟားမာ့စ်တွေ ငြိမ်းချမ်းရေးပြင်းပြင်းပြပြလိုချင်နေကြတယ်ဆိုတာကို အစ္စရေးက မယုံကြည်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆိုင်းငံ့တာနဲ့ တုံ့ပြန်ပါတယ်။
သဘောတူညီချက်အသစ်မှာ ပါလက်စတိုင်းအုပ်စုနှစ်စုဟာ ရက်သတ္တငါးပတ်အတွင်းမှာ ကြားဖြတ်အစိုးရတစ်ရပ်ကို ပူးပေါင်းဖွဲ့စည်းကြတယ်။ ပြီးတော့ ပါလက်စတိုင်းအာဏာပိုင်အစိုးရ(Palestian Authority President)၊ ပါလက်စတိုင်းဥပဒေပြုကောင်စီ(PA Legislative council) နဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့အစည်း(Palestinian Liberation Organization တို့အတွက် ရွေးကောက်ပွဲတွေကို ခြောက်လအတွင်း ပြုလုပ်ခဲ့တယ်။
ကြားဖြတ်အစိုးရဟာ အစ္စရေးကို အသိအမှတ်ပြုပါလိမ့်မယ်လို့ နိုင်ငံပိုင်ဌာန နဲ့ ပါလက်စတိုင်းတရားဝင်သတင်းဌာနအဖြစ် အမည်မဖွင့်ဟထားတဲ့ သတင်းမီဒီယာ Times of Israel တို့ရဲ့သတင်းတွေမှာ ကိုးကားဖော်ပြခဲ့ကြတယ်။ ဟားမာ့စ်ပါဝင်တဲ့ ပါလက်စတိုင်းအစိုးရအတွက် ပထမဆုံးသဘောထားမျိုးပါ။ Times of Israel ရဲ့သတင်းတွေမှာ အစိုးရသစ်ဟာ ပြီးခဲ့တဲ့ အစ္စရေးနဲ့သဘောတူညီချက်တွေကိုလည်း လက်ခံပါလိမ့်မယ်။ ပြီးတော့ two-state solution ခွင့်ပြုပေးလို့လည်း ဖော်ပြခဲ့တယ်။ အခြေခံသဘောတရားဖြစ်တဲ့ အစ္စရေးနဲ့ အမြဲတမ်းငြိမ်းချမ်းရေးကိစ္စအတည်ပြုဖို့ကို အရင်ကငြင်းဆန်ခဲ့ပါတယ်။ ဟားမာ့စ်တစ်ဖွဲ့တည်းသဘောအရဆိုရင် အစ္စရေးကို အသိအမှတ်မပြုပေမယ့် ကြားဖြတ်အစိုးရမှာတော့ လိုက်လျောမှုတွေရှိလာရတယ်။
သဘောတူညီချက်နဲ့ပတ်သက်ပြီး ယုံကြည်ဖို့ ခက်တဲ့အကြောင်းပြချက်တချို့ရှိနေတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ မှာ ဟားမာ့စ်နဲ့ ဖာတာ သဘောတူညီချက်တွေပြုလုပ်ခဲ့ပေမယ့် နှစ်ခုလုံးပျက်ပြားခဲ့ပါတယ်။
အုပ်စုနှစ်စုအတွင်းလိပ်ခဲတည်းလည်းဖြစ်နေကြတဲ့ကိစ္စတွေကို အဲဒီသဘောတူညီချက်က ဖြေရှင်းမပေးနိုင်ပါဘူး။ ပါလက်စတိုင်းဟာ အစ္စရေးနဲ့ အမြဲတမ်းငြိမ်းချင်းရေးသဘောတူညီမှု သဘောတူသင့်လား၊ ပါလက်စတိုင်းဟာ အစ္စလာမ်မစ်ဥပဒေအတိုင်းပဲ အုပ်ချုပ်သင့်သာလားဆိုတဲ့ ကိစ္စတွေပါ။ အဲဒီကိစ္စတွေဟာ တော်တော်လေးအရေးကြီးတဲ့ အငြင်းပွားမှုတွေပါ။
အစ္စရေးကိုဖျက်ဆီးဖို့အရေး ဟားမာ့စ်တွေဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးဆိုတဲ့အရေးကိစ္စ အစ္စရေးက ကြောက်ရွံ့တယ်။ သဘောတူညီချက်ဟာ အရေးကြီးတဲ့ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေရဲ့ အဆုံးသတ်အဖြစ် အချက်ပေးနေတယ်။ သဘောတူညီချက်အတွက်လှုပ်ရှားနေကြတုန်းက ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ယာဟုက အာစလျှာစပြင်းပြင်းနဲ့ မေးပါတယ်။ "ပါလက်စတိုင်းအာဏာပိုင်သမ္မတ မာမွတ်အက်ဘာ့စ်က ဟားမာ့စ်နဲ့ ငြိမ်းချမ်းရေးလိုချင်တာလား၊ အစ္စရေးနဲ့ ငြိမ်းချမ်းရေးလိုချင်တာလားတဲ့။ "တစ်ခုကိုပဲ ရမယ်။ တစ်ခြားတော့မဖြစ်နိုင်ဘူး" လို့ဆိုတယ်။ တကယ့်ကိုပဲ ၂၀၀၆ ပါလက်စတိုင်းဥပဒေပြုရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့တော့ ဟားမာ့စ်တွေဟာ အစ္စရေးကို အသိအမှတ်ပြုဖို့ ငြင်းဆန်တော့တယ်။ အကြမ်းဖက်မှုတွေကိုတော့ စွန့်လွှတ်လိုက်တယ်။ အရင်က PA သဘောတူညီချက်တွေအားလုံးကို လက်ခံခဲ့ပါတယ်။
ကြားဖြတ်အစိုးရဟာ အစ္စရေးကို အမှန်တကယ်အသိအမှတ်ပြုပြီး two-state solution ကို လက်ခံလိုက်ရင် အစ္စရေးနဲ့ အပေးအယူကိစ္စတွေကို ဦးတည်တဲ့ ဟားမာ့စ်တွေရဲ့သဘောထားနဲ့ပတ်သက်ပြီး တကယ့်အပြောင်းအလဲဖြစ်လာပြီလို့ သတ်မှတ်နိုင်မှာပါ။ အမေရိကန်နိုင်ငံပိုင်ဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ပစာကီဟာ "အပေါင်းလက္ခဏာ" တိုးတက်မှုအဖြစ်သတ်မှတ်ပါတယ်။ ယူနိုက်တက်စတိတ်ဟာ ပြီးခဲ့တဲ့အချိန်တွေထက်စာရင် အခုတော့ ဟားမာ့စ်ပါဝင်တဲ့အစိုးရနဲ့ ဆက်ဆံဖို့ဆန္ဒရှိနေတယ် လို့ အကြံပြုပါတယ်။ ဒါပေမဲ့ ပြောင်းလဲမှုအားလုံးဟာ ၆ လ အတွင်းပြုလုပ်မယ့် ပါလက်စတိုင်းရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ အကျိုးကျေးဇူး ဒါမှမဟုတ် ဖာတာနဲ့ သဘောတူညီချက် ပျက်ပြားမလား အဲဒီ နှစ်ခုပေါ်မှာ မူတည်နေပါတယ်။
two-state solution နဲ့ one-state solution ဆိုတာ ဘာတွေလဲ။
အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ အဆုံးသတ်နိုင်မယ့် နည်းလမ်းနှစ်မျိုးရှိတယ်။ "two-state solution" က လွတ်လပ်တဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းနိုင်ငံတွေ ဖန်တီးဖို့ပါ။ အဲဒီရည်ရွယ်ချက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းလူမျိုးတွေက သူတို့ရဲ့ တိုင်းပြည်ကို တသီးတခြားစီ စီမံကွပ်ကဲချင်ကြတာပါ။ အစ္စရေးတွေက ဂျူးနိုင်ငံတော်တည်ထောင်ချင်ပြီး ပါလက်စတိုင်းတွေက ပါလက်စတိုင်းနိုင်ငံတော်တည်ထောင်ချင်တယ်။ ဘယ်သူကမှ ချိတ်ဆက်ထားတဲ့နိုင်ငံတစ်ခု မလိုချင်ကြဘူး။
"one-state solution" ကတော့ အစ္စရေးနဲ့ ပေါင်းစပ်နေထိုင်ကြဖို့ပါ။ West Bank နဲ့ ဂါဇာကမ်းမြောင်ကို နိုင်ငံကြီးတစ်ခုထဲပေါင်းထည့်ဖို့ပါ။ မူ ၂ မျိုးနဲ့ရှိနေတယ်။ တစ်ခုက လက်ဝဲသမားတွေနဲ့ ပါလက်စတိုင်းလူမျိုးတွေကို သီးခြားဒီမိုကရက်တစ်နိုင်ငံတည်ထောင်ပေးဖို့ပါ။ အာရပ်မူစလင်တွေက ဂျူးတွေထက် အရေအတွက်ပိုများနေတယ်။ အစ္စရေးက ဂျုးနိုင်ငံတည်ဆောက်တာနဲ့ ဖြေရှင်းနည်းပါ။ နောက်ထပ် မူတစ်ခုကတော့ လယ်ယာသမားတွေနဲ့ အစ္စရေးလူမျိုးတွေကို မျက်နှာသာပေးတာပါပဲ။ အစ္စရေးတွေဟာ West Bank ကို တိုက်ခိုက်သိမ်းယူပြီး ပါလက်စတိုင်းတွေကို ဖိအားပေးနှင်ထုတ်ဖို့ ဒါမှမဟုတ် မဲပေးခွင့်မပြုတာပါ။ ဒီအခွင့်အရေးမျိုးကိုတော့ တကမ္ဘာလုံးနီးပါး ဇီယွန်နစ်ဝါဒအများစုအပါအဝင် ငြင်းဆန်ကြပါတယ်။ လက်သင့်မခံနိုင်တဲ့ လူအခွင့်အရေးချိုးဖောက်မှုတစ်ခုလို့ မြင်ကြတယ်။
သဘောထားစစ်တမ်းအများစု အကြံပြုတာက အစ္စရေး နဲ့ ပါလက်စတိုင်းတွေဟာ two-state solution ကို ပိုပြီးနှစ်သက်ကြပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတွေ မတတ်နိုင်တဲ့အကြောင်းတရားတွေဟာ one-state solution ဆီကို အဟုန်ပြင်းပြင်းနဲ့တွန်းပို့နေသလိုပါပဲ။ တချို့တစ်ဝက်က မျှော်လင့်ချက်မဲ့စိတ်ခံစားမှုနဲ့ နေနေကြတယ်။ တချို့ကတော့ ကြောက်ရွံ့စိုးထိတ်လို့နေတယ်။ နှစ်ဘက်လုံး two-state solution အတွက် စေ့စပ်ဆွေးနွေးမှုဖြစ်မြောက်အောင်မပြုလုပ်နိုင်ကြရင် one-state ရလာဒ်ကပဲ သေချာသလောက်ဖြစ်သွားပါလိမ့်မယ်။
BDS ဆိုတာဘာလဲ။
BDS ဆိုတာ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး အစ္စရေးရဲ့ ပါလက်စတိုင်းမူဝါဒကို ယိုင်နဲ့စေဖို့ အစ္စရေးရဲ့ ကုန်ပစ္စည်းတွေ နဲ့ တက္ကသိုလ်တွေကို သပိတ်မှောက်ဖို့၊ အစ္စရေးကုမ္ပဏီတွေကို အခွင့်အရေးမပေးဖို့၊ တားမြစ်ပိတ်ဆို့မှုတွေ တတ်နိုင်သလောက်လုပ်တာပါ။ အတိုကောက် BDS ရဲ့ အဓိပ္ပါယ်က boycott, divestment နဲ့ sanctions ပါ။
တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့လူမျိုးခွဲခြားတဲ့စနစ် apartheit မူဝါဒတွေလိုအသုံးပြုပြီး အစ္စရေးကို စီးပွားရေးပိုင်းမှာ သီးခြားဖြစ်နေစေမယ့် စည်းရုံးလှုံ့ဆော်မှုအတွက် BDS call ကို ပါလက်စတိုင်းအဖွဲ့အစည်းတွေ ၂၀၀၅ ဇူလိုင်မှာ ပူးပေါင်းကြတယ်။ အဲဒီလှုပ်ရှားမှုရဲ့ ပန်းတိုင်ပြီးစီးဖို့ BDS National Council (BNC) နဲ့ ချိတ်ဆက်ကြတယ်။ BNC က ကမ္ဘာတစ်ဝှမ်းက ဒေသခံတွေပါဝင်တဲ့စည်းရုံးလှုံ့ဆော်မှုတွေကို ညွှန်ကြားပေးပါတယ်။
BDS လုပ်ဆောင်နေတဲ့ ပန်းတိုင် (၃) ခုက (၁) အခြေချနေထိုင်မှုတွေအားလုံး တစ်စစီဖျက်သိမ်းသွားတဲ့တိုင်အောင် (၂) အစ္စရေးနယ်စပ်ဒေသအတွင်းက ပါလက်စတိုင်းတွေကို အခွင့်ရေးသာတူညီမျှပေးထားပြီလို့ သူတို့(ပါလက်စတိုင်းတွေ)ယုံကြည်လာတဲ့တိုင်အောင် နဲ့ (၃) ပါလက်စတိုင်းဒုက္ခသည်တွေ "right of return" အတွက်ခွင့်ပြုပေးလိုက်တဲ့အချိန်အထိတိုင်အောင် အစ္စရေးဆန့်ကျင်သပိတ်မှောက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်မယ့် အထောက်အပံ့ပေးနိုင်အောင်စီစဉ်နေတာပါ။ (ပါလက်စတိုင်းဒုက္ခသည်တွေ ပြန်လာနိုင်ခွင့်ဆိုတာကတော့ အခု အစ္စရေးအခြေချနေထိုင်ထားတဲ့နေရာက မြေနေရာ၊ အိုးအိမ်တွေမှာ ပြန်လာနေနိုင်အောင် ခွင့်ပြုပေးဖို့ပါ။)
BDS ရဲ့ နောက်ဆုံးပန်းတိုင်ဟာ ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးတည်ရှိမှုကို ဖျက်စီးမယ့် တိတ်တဆိတ်လှုပ်ရှားမှုတွေကို အားပေးတာလို့ ဝေဖန်အပြစ်တင်ကြတယ်။ များပြားလှတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေ ပြန်လာခဲ့ရင် အစ္စရေးရဲ့ တည်ရှိမှု အဆုံးသတ်နိုင်တယ်။ ပါလက်စတိုင်းတွေကို အာဏာပေးရမယ်ဆိုရင် အစ္စရေးနိုင်ငံ စနစ်တကျဖြိုဖျက်ပြီးသားဖြစ်လိမ့်မယ်လို့ အစ္စရေးတွေက ထိတ်လန့်ကြတယ်။
two-state solution ကို ထောက်ခံတဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘာ့စ် ဟာ BDS ကို ဆန့်ကျင်ပါတယ်။ သူဟာ ဂျူးလူမျိုးစာရေးဆရာ ပီတာဘီးနာ့ထ် လိုပဲ လစ်ဘရယ်ဇီယွန်နစ်ဝါဒီ တစ်ဦးပါ။ West Bank အခြေချနေထိုင်သူတွေပြုလုပ်တဲ့ပစ္စည်းတွေကိုသာ ပစ်မှတ်ထားသပိတ်မှောက်တာကို ထောက်ခံပါတယ်။
အစ္စရေး-ပါလက်စတိုင်းအရေး လေးဖင့်နေသလို BDS ဟာလည်း ခေတ်ရေစီးကြောင်းထဲက လုပ်နည်းလုပ်ဟန်ပုံစံမျိုး ဖြစ်သွားမှာကို အစ္စရေးတွေက စိုးရိမ်ကြတယ်။ BDS ဟာ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးအတွက် မဖန်တီးနိုင်ရင်၊ အဲဒါကပဲ အစ္စရေးအတွက် တကယ့်ပြဿနာဖြစ်နေတာကြောင့် BDS အဆုံးသတ်နိုင်ဖို့ အတွင်းရေးမှူး ဂျွန်ကယ်ရီတောင်မှ သတိပေးခဲ့တယ်။
ဖြိုးဖြိုး
Source : Everything you need to know about Israel-Palestine by ZACK BEAUCHAMP | www.vox.com
သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၁)
သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၁)
No comments:
Post a Comment