Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 19, 2014

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၅)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရင် ဘာဖြစ်မလဲ။
နိုင်ငံရေးကန့်သတ်ပိုင်းခြားမှုတွေထူထောင်ဖို့ သဘောတူညီမှုမရရှိကြသလို အစ္စရေး၊ West Bank နဲ့ ဂါဇာ တောင်မှ one state ဖြစ်လာနိုင်တယ်။ အဲဒီအဓိပ္ပါယ်က နှစ်ခုထဲက တစ်ခုမှာ ဆိုရင် အစ္စရေးဟာ ဂျူးနိုင်ငံတော်အဖြစ် တည်ရှိနိုင်ဖို့ ကြိုးစားမှုရပ်စဲလိုက်တာ ဒါမှမဟုတ် ပါလက်စတိုင်းတွေဟာ အစ္စရေးမှာ အမြဲတမ်းဒုတိယဆင့် နိုင်ငံသားတွေဖြစ်လာမယ်။ (West Bank နဲ့ ဂါဇာအပါအဝင်ပါ။) ဧပြီ ၂၇ မှာ ပထမဆုံးသတင်းပို့ခဲ့တဲ့ အတွင်းရေးမှူး ဂျွန်ကယ်ရီရဲ့ ပြောကြားခဲ့တဲ့အသံဖမ်းမှတ်တမ်းတစ်ခုက ညွှန်းဆိုခဲ့သလို ဒုတိယတစ်ခုဖြစ်နိုင်ခြေကတော့ apartheid state လူမျိုးရေးခွဲခြားကန့်သတ်ထားတဲ့နိုင်ငံတစ်ခုအဖြစ်ပါ။

အစ္စရေး-ပါလက်စတိုင်းမှာ အာရပ်တွေဟာ ဂျူးတွေထက် အရေအတွက်ပိုများလာပါလိမ့်မယ်။ အစ္စရေးအတွက်က ဂျူးနိုင်ငံ/ ဒီမိုကရက်တစ်နိုင်ငံအဖြစ် နိုင်ငံတကာမှာရပ်တည်လိုတာကြောင့် ပါလက်စတိုင်းတွေတည်ရှိမှုဟာ မရှင်းမလင်းနိုင်တဲ့ပဋိပက္ခလိုဖြစ်နေတယ်။ အာရပ်တွေက ဂျူးတွေထက် လူဦးရေပိုများမယ်။ သူတို့ကို မဲပေးခွင့်ပြုရမယ် ပြီးရင်တော့ အဲဒါဟာ ဂျူးနိုင်ငံရဲ့ အဆုံးသတ်ဖြစ်သွားမှာပါ။ အာရပ်တွေက ဂျူးတွေထက် အင်အားပိုများနေပေမယ့် မဲပေးခွင့်မပြုဘူးဆိုရင်ရော အဲဒါဆိုရင်လည်း အစ္စရေးဟာ ဒီမိုကရက်တစ်နိုင်ငံအနေအထားက သွေဖီသွားတော့မှာပါ။
ဂျွန်ကယ်ရီနဲ့ တခြားနိုင်ငံတွေ ရည်ညွှန်းနေကြသလို South Africa anlogy ဖြစ်တဲ့ apartheid state ပုံစံဟာ အစ္စရေးတွေအတွက် စိတ်ညစ်စရာပါ။ တောင်အာဖရိကနိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် နိုင်ငံတကာအမြင်မှာ မျက်နှာမလှဖြစ်ရသလို သပိတ်မှောက်မှုတွေ၊ ပိတ်ဆို့မှုတွေနဲ့ ကြုံရတာကြောင့် အာရပ်အများစုကို ဖိနှိပ်ချုပ်ချယ်တဲ့ apartheid state အဖြစ်လည်း အစ္စရေးက မလိုလားပါဘူး။

အစ္စရေးရှေးရိုးစွဲတွေဟာ လူဦးရေဆိုင်ရာအချက်အလက်တွေ(demographics) တွေကို မကြာခဏ နှိုင်းယှဉ်ခုခံပြောဆိုကြလေ့ရှိတယ်။ သူတို့ကပဲ ပါလက်စတိုင်းတွေဟာ နိုင်ငံရေးအကြောင်းပြချက်တွေအတွက် သူတို့ရဲ့အရေအတွက်ကို ချဲ့ထွင်တယ်လို့ ငြင်းခုံကြတယ်။ ကျွမ်းကျင်သူတွေ ယူဆနေတာထက် အစ္စရေးလူဦးရေကို ပိုပြီးမြန်ဆန်တိုးတက်အောင်ဂရုစိုက်ဖို့ဆိုတာ ပြောကြတယ်။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းအမြင်အရတော့ အစ္စရေးရဲ့ demographic ပြဿနာတွေတကယ်ပဲရှိနေတယ်။ အစ္စရေးမှာ အကျိုးရလာဒ်သုံးမျိုးရှိနေတဲ့ အခွင့်အရေးတစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။ အဲဒီသုံးမျိုးကတော့ two-state solution ၊ ဂျူးလူမျိုးအနည်းစုအုပ်ချုပ်တဲ့ ဒီမိုကရက်တစ်မဟုတ်တဲ့နိုင်ငံ ဒါမှမဟုတ် ဂျူးနိုင်ငံ ရဲ့ ဇာတ်သိမ်းပိုင်းပါပဲ။

ဘာကြောင့် အစ္စရေး နဲ့ ဟားမာ့စ်တို့ ၂၀၁၄ ဇူလိုင်မှာ စစ်ပွဲအတွင်း သက်ဆင်းခဲ့ကြလဲ။
အစ္စရေးနဲ့ ဟားမာ့စ်အပါအဝင် ဂါဇာအခြေစိုက်လက်နက်ကိုင်စစ်သွေးကြွအုပ်စုတွေကြားက မပြီးဆုံးနိုင်သေးတဲ့ အကြမ်းဖက်မှုတွေကြောင့် ပါလက်စတိုင်း ၁၇၇၇ ဦး နဲ့ အစ္စရေး ၆၈ ဦး သေဆုံးခဲ့ကြပါပြီ။ အဲဒီစစ်ပွဲဟာ အစ္စရေးကျောင်းသားငယ် ၃ ဦး ဇူလိုင်လ ၁၀ ရက်နေ့မှာ သတ်ဖြတ်ခံခဲ့ရတာကြောင့် မီးပွင့်မီးပွားတွေစုဝေးကာ စစ်ပွဲတစ်ပွဲအဖြစ်ပေါက်ကွဲသွားခဲ့တာပါ။ အဲဒီကနေ ဂါဇာမှာ အစ္စရေးမြေပြင်တပ်တွေဝင်ရောက်တိုက်ခိုက်တဲ့အထိဖြစ်ခဲ့ရတယ်။

အီယယ်ယီဖ်ရာ၊ ဂီလက်ဒ်ရှား နဲ့ နာ့ဖ်တာလီဖရန်းကဲ တို့ West Bank မှာရှိနေစဉ်ပျောက်ဆုံးသွားခဲ့တယ်။ လူငယ်လေးတွေဟာ အဲဒီနေရာက ရရှိဗာ ဂျူးဘာသာရေးကျောင်းတစ်ခုမှာ ပညာသင်လေ့လာနေကြတာပါ။ ပါလက်စတိုင်းနယ်မြေမှာ အစ္စရေးက အင်အားများများသုံးပြီး ရာဇဝတ်ကောင်ကို လိုက်ရှာပါတယ်။ ဟားမာ့စ်အဖွဲ့ဝင်တွေကပြန်ပေးဆွဲခဲ့တယ်လို့ ဆိုခဲ့တယ်။ ဇွန် ၃၀ မှာ လူငယ်လေးတွေ သေဆုံးလျှက်တွေ့ခဲ့ကြရတယ်။ သတ်ဖြတ်ခံခဲ့ရတာ ထင်ရှားခဲ့ပါတယ်။ နောက်ပိုင်းမှာသတင်းတွေမှာဖော်ပြကြတာက လူငယ်လေးတွေ သေဆုံးခဲ့ကြတယ်ဆိုတာ အစ္စရေးက အစကတည်းကသိရှိကြတယ်။ ဒါပေမဲ့ ဟားမာ့စ်အုပ်စုတွေအရေအတွက်များများ ဖမ်းဆီးနိုင်အောင် တရားခံရှာဖွေတာကို အကာအကွယ်ယူပြီး နယ်မြေနင်းရှာဖွေ၊ တိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဆိုကြတယ်။

လူငယ်လေးတွေရဲ့သေဆုံးခန္ဓာကိုယ်တွေကိုတွေ့ရှိခဲ့ကြတဲ့ညကနေစတင်ပြီး အစ္စရေးဟာ ဂါဇာက ဟားမာ့စ်ပစ်မှတ် ၃၄ ခုကို လေကြောင်းကနေ ဗုံးကျဲခဲ့ကြတယ်။ ဂါဇာက ဟားမာ့စ်မဟုတ်တဲ့ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုတွေကလည်း ဒုံးကျည်တွေနဲ့ အစ္စရေးကို ပစ်ခတ်ခဲ့ပါတယ်။

ဇူလိုင် ၂ ရက်နေ့မှာ အသက် ၁၆ နှစ်အရွယ် မူဟာမက်အဘူခဒီယား ဆိုတဲ့ ပါလက်စတိုင်းလူငယ်တစ်ဦး သူရဲ့ ဂျေရုဆလင်က အိမ်အနီးမှာ သေဆုံးနေတာတွေ့ခဲ့ကြတယ်။ မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တာပါ။ ခဒီးယားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ချိန် ချက်ချင်းပဲ မိသားစုဟာ ရဲကို သတင်းပို့ခဲ့ကြတယ်။ နာရီအနည်းငယ်အကြာမှာ ဂျေရုဆလင်သစ်တော Givat Shaul မှာ ခဒီးယားရဲ့ လောင်ကျွမ်းတူးချစ်နေတဲ့ကိုယ်ခန္ဓာကို တွေ့ရှိခဲ့ကြတာပါ။ အလောင်းခွဲစိတ်စစ်ဆေးချက်မှာ ရိုက်နှိက်ခံခဲ့ရပြီး၊ အသက်ရှင်လျှက်နဲ့ပဲ မီးရှို့ခံခဲ့ရတယ်လို့ ဖော်ပြထားတယ်။ ခဒီးယား အသတ်ခံရမှုမှာ အစ္စရေးရဲက အစ္စရေး ၆ ဦးကိုဖမ်းဆီးခဲ့ပါတယ်။ သတ်ဖြတ်မှုဟာ အမျိုးသားရေးစိတ်ဓာတ်အစွန်းရောက်ပြင်းထန်မှုလို့ သတင်းတွေမှာဖော်ပြကြတယ်။ အစ္စရေးလူငယ်လေး ၃ ဦး သတ်ဖြတ်ခံရမှုအတွက် ဂျူးအစွန်းရောက်တွေရဲ့ လက်တုံ့ပြန်မှုလို့ သတ်မှတ်ခဲ့ကြတာပါ။

ကျောင်းသားလူငယ်လေး ၃ ဦး သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်အလွန်မှာ ပါလက်စတိုင်းဆန့်ကျင်သူတွေရဲ့ ပြင်းထန်တဲ့စိတ်အခြေအနေ နဲ့ လက်ယာအစ္စရေးနိုင်ငံရေးသမားတွေရဲ့ တွန်းတိုက်လှုံ့ဆော်ကြတဲ့အနေအထားတွေကြောင့် ပါလက်စတိုင်းတွေကိုဆန့်ကျင်တဲ့ အခြေချနေထိုင်သူတွေနဲ့ တချို့ အစ္စရေးတွေဟာ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ကာ ယမ်းပုံမီးကျနာကြည်းမှုတွေပိုခဲ့ကြတယ်။ တိုက်ခိုက်မှုတွေပဲ တသီတတန်ကြီးးဖြစ်လာခဲ့တော့တာပါ။

ဇူလိုင် ၅ ရက်နေ့မှာ မူဟာမက်ရဲ့ ၁၅ နှစ်အရွယ် ပါလက်စတိုင်း-အမေရိကန် ဝမ်းကွဲညီ တာရစ်အဘူခဒီးယားကို အစ္စရေးရဲက  ရက်ရက်စက်စက်ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်ခဲ့ပါတယ်။ အရှေ့ဂျေရုဆလင် ပါလက်စတိုင်းဆန္ဒပြပွဲအပြီး ဆန္ဒပြပွဲမှာ ပါဝင်လှုံ့ဆော်တယ်ဆိုပြီး အစ္စရေးရဲက ဖမ်းဆီးခဲ့တာပါ။ ပါလက်စတိုင်းတွေလည်း ခဒီးယားလူငယ်လေးတွေနဲ့ ပတ်သက်တာရယ်၊ ဂါဇာဗုံးကျဲတိုက်ခိုက်မှုတွေ နဲ့ လူသတ်တရားခံရှာဖွေမှုအတွက် West Bank မှာ အင်အားသုံး နှိမ်နင်းခဲ့တာတွေကြောင့် အလွန်အမင်းဒေါသထွက်ခဲ့ကြတယ်။ ဂျေရုဆလင်၊ West Bank  ပြီးတော့ တချို့ အစ္စရေးအာရပ်မြို့တွေမှာ အဓိကရုဏ်းတွေဖြစ်ခဲ့ကြပါတယ်။

ပဋိပက္ခတစ်လျှောက်လုံး ပါလက်စတိုင်းတွေဟာ ဒုံးကျည်တွေနဲ့ ထုံ့ပိုင်းထုံ့ပိုင်းပစ်ခတ်နေခဲ့ကြတယ်။ ဒါပေမဲ့ ဟားမာ့စ်တွေက ဒုံးကျည်အလုံး ၄၀ ပစ်ခတ်ခဲ့ပါတယ်လို့ ဇူလိုင် ၈ ရက်နေ့မှာ ပြောခဲ့တယ်။ ဒါဟာ ဒုံးကျည်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ဟားမာ့စ် ဝန်ခံကြေညာခဲ့တာ ၂၀၁၂ ကတည်းကဆိုရင် ပထမဆုံးအချိန်ပါ။ အဲဒီနောက်ပိုင်း အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့တယ်။ နက်တန်ယာဟုပြောခဲ့တဲ့စကားတချို့ပြန်ညွှန်းရရင် အရှိန်ပြင်းခဲ့တဲ့တိုက်ခိုက်မှုတွေဟာ ဟားမာ့စ်"ဈေးကြီးကြီးပေးဆပ်ရအောင်" ကြိုးပမ်းမှုတစ်ခု လို့ ဆိုခဲ့တယ်။

ဇူလိုင် ၁၁ မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှု ၁၀၀၀ ခန့်ကြောင့် ပါလက်စတိုင်း ၁၀၀ခန့် သေဆုံးခဲ့ကြတယ်။ ဒုံးကျည် ၇၀၀ ခန့်ပစ်ခတ်ခဲ့ပြီး ဇူလိုင် ၁၄ ရက်အရ သေဆုံးသူ စုစုပေါင်းဟာ ၂၀၁၂ ပဋိပက္ခထက် အသေအပျောက်နှုန်းပိုခဲ့ကြတယ်။

ဇူလိုင် ၁၇ ရက်နေ့မှာ အစ္စရေးဟာ ဂါဇာကို မြေပြင်တပ်သားတွေပါတိုက်ခိုက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက ဒီနေ့အထိ ပထမဆုံး ပြန်လည်တိုက်ခိုက်တဲ့ ကျူးကျော်ဝင်ရောက်မှုပါ။ ဂါဇာကနေ အစ္စရေးအထိ ဟားမာ့စ်တွေတူးဖော်တည်ဆောက်ထားတဲ့ လိုဏ်ခေါင်းတွေကို ပစ်မှတ်ထားတယ်။ ဖျက်ဆီးတယ်လို့ ပြောပါတယ်။ အီဂျစ်ဆီကို ဆက်သွယ်ထားတဲ့လိုဏ်တွေက လူတွေသယ်ပို့နိုင်အောင်၊ အစ္စရေးပိတ်ဆို့ထားတဲ့နေရာဝန်းကျင် လိုအပ်တာတွေဖြည့်တင်းထောက်ပံ့နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြတယ်။ အစ္စရေးဆီကို ဖောက်လုပ်ထားတဲ့လိုဏ်တွေကိုတော့ အဓိကအသုံးပြုတာက အစ္စရေးတွေကို တိုက်ခိုက်နိုင်အောင်ပါ။ ရက် ၅၀ ကြာတိုက်ခိုက်မှုတွေနဲ့အတူ သွေးထွက်သံယိုများလွန်းခဲ့တဲ့နေရက်တွေကုန်ဆုံးသွားတဲ့အခါ ဂါဇာဟာ မွှေနှောက်ဖျက်ဆီးခံလိုက်ရတော့ ဖွတ်ဖွတ်ညက်ညက်ကြေသွားခဲ့သလို ဂါဇာမှာနေထိုင်သူတွေ ၄ ဦးမှာ ၁ ဦးဟာ အိုးအိမ်ကို စွန့်ပစ်ထွက်ပြေးခဲ့ရပါပြီ။ အစ္စရေးဟာ သြဂုတ် ၅ ရက်နေ့မှာ တပ်သားတွေရုပ်သိမ်းခဲ့တယ်။ 

အစ္စရေးနဲ့ ဟားမာ့စ်တွေဟာ ကာလရှည်ကြာအပစ်အခတ်ရပ်စဲမှုအတွက် ကိုင်ရိုမှာ စေ့စပ်ဆွေးနွေးခဲ့ကြတယ်။ အီဂျစ်အစိုးရက ဆွေးနွေးမှုမှာ ပြေလည်မှုရရှိအောင်တော့ဖျန်ဖြေပေးနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လဆွေးနွေးပွဲတွေပြီးတဲ့အခါ နှစ်ဘက်လုံးကတော့ ရက်ရှည်အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါပြီ။ ကိုင်ရိုတွေ့ဆုံပွဲမှာ ပါလက်စတိုင်းတွေပြန်လည်တည်ဆောက်ရေးအတွက် အလှူရှင်တွေက ဒေါ်လာ ၅.၄ ဘီလီယံလှူဒါန်းဖို့ ကတိပြုခဲ့ကြတယ်။

ဖြိုးဖြိုး

Israel-Gaza conflict
8 July - Israeli offensive began
5,226 air strikes on Gaza
4,591 rockets and mortars fired at Israel 
2,104 people killed in Gaza - UN estimates 69% of deaths are civilians 
6 civilians killed in Israel (including one Thai national) 
67 Israeli soldiers killed 

Gaza
UN situation report, 26 August
10,224 injured, including 3,106 children
475,000 people displaced
500,000 children unable to start new school year 
17,200 homes destroyed or severely damaged 
58 hospitals and clinics damaged 

No comments: