Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 19, 2014

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၃)

Intifada တွေက ဘာတွေလဲ။
Intifada တွေဟာ အစ္စရေးကိုဆန့်ကျင်တဲ့ ပါလက်စတိုင်းဆူပူအုံကြွမှုတွေပါ။ (Intifada ဆိုတာ အာရေဗျဘာသာနဲ့ ဆူပူအုံကြွမှုလို့ ခေါ်ကြတယ်။) ပထမအကြိမ်ကတော့ ၁၉၈၀ နောက်ပိုင်းမှာဖြစ်ပွားခဲ့ပြီး ဒုတိယတစ်ကြိမ်ကတော့ ၂၀၀၀ ခုနှစ်မှာပါ။ တချို့လေ့လာစူးစမ်းသူတွေကတော့ အိုဘားမားအစိုးရအဖွဲ့ရဲ့လက်ရှိ ငြိမ်းချမ်းရေးချဉ်းကပ်မှုတွေ ပြိုကွဲပျက်သုဉ်းရင် တတိယအကြိမ်ဆူပူအုံကြွမှုဖြစ်မယ်လို့ ယုံကြည်ကြတယ်။ 

ပထမဆူပူအုံကြွမှုဟာ ကောက်ကာငင်ကာ ဆက်တိုက်ဖြစ်လာခဲ့တဲ့ ပါလက်စတိုင်းဆန္ဒပြပွဲတွေ၊ အကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေ၊ လူတွေအစုလိုက်အပြုံလိုက်သပိတ်မှောက်မှုတွေ၊ အစ္စရေးမှာ ပါလက်စတိုင်းတွေ အလုပ်လုပ်ဖို့ ငြင်းဆန်ကြတာ နဲ့ အစ္စရေးတွေကို တိုက်ခိုက်မှုတွေ(ကျောက်ခဲ၊ မီးလောင်ဗုံးနဲ့ တစ်ခါတစ်ရံ ပစ္စတိုသေနတ်တွေ အသုံးပြုပြီး)ဖြစ်ခဲ့ကြတယ်။ ဆန္ဒပြပွဲတွေကို အစ္စရေးစစ်တပ်က ပြင်းပြင်းထန်ထန်တုံပြန်နှိမ်နင်းတော့ ပါလက်စတိုင်းတွေရဲ့ သေဆုံးမှုဟာ အစ္စရေးတွေထက် ပိုပြီးကျော်လွန်များပြားခဲ့ပါတယ်။

၂၀၀၀ ခုနှစ် ဒုတိယအကြိမ်၊ ပိုပြီး သွေးထွက်သံယိုဆန်လာတဲ့ ဆူပူအုံကြွမှုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ယိုယွင်းပျက်ပြားကုန်တယ်။ အစ္စရေးဝန်ကြီးချုပ် အီဟွတ်ဘာရာ့ခ် နဲ့ PLO ခေါင်းဆောင် ယာဆာအာရာဖတ်တို့ရဲ့ စေ့စပ်ဆွေးနွေးပွဲတွေ မအောင်မြင်တော့ဘူး။ နောက်ပိုင်း ဆူပူအုံကြွမှုတွေဆက်ပြီးဖြစ်ပွားလာခဲ့တော့ယ်။ ထုံးစံအတိုင်း အစ္စရေးက အာရာဖတ်ရဲ့ မိမိကိုယ်တိုင်အတွက်ပဲသတိထားနေတဲ့ဆုံးဖြတ်ချက်ကြောင့်လို့ အပြစ်တင်တယ်။ တင်းတင်းမာမာ မကိုင်တွယ်နိုင်တာကြောင့် ဆူပူအုံကြွမှုကနေ အကြမ်းဖက်မှုပုံစံမျိုးပြောင်းတယ်လို့ဆိုတယ်။ ပါလက်စတိုင်းတွေကလည်း အစ္စရေးနိုင်ငံရေးသမား အေရီယယ်ရှရွန်ဟာ တမင်ရန်စလိုတဲ့ရည်ရွယ်ချက်နဲ့ ဂျေရုဆလင်မှာရှိတဲ့ Temple Mount ဆီအလည်အပတ်သွားခဲ့တယ်လို့ ပြန်ပြီးလက်ညိုးထိုးကြတယ်။ (အဲဒီနောက်ပိုင်းမကြာခင်မှာ အေရီယယ်ရှရွန် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။) အာရာဖတ် နဲ့ ရှရွန်တို့ နှစ်ဘက်လုံးပဲ အခြေခံယုံကြည်မှုလေးမျှမရှိနိုင်ခဲ့ကြတာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်သုဉ်းပြီး စစ်ပွဲဖန်တီးဖြစ်ခဲ့ကြတဲ့အကြောင်းရင်းပါပဲ။

ပါလက်စတိုင်းဆန္ဒပြပွဲတွေဟာ အစ္စရေးစစ်သားတွေပစ်ခတ်လိုက်တဲ့ မီးပွင့်ဖြစ်သွားတယ်။ ပါလက်စတိုင်းစစ်သွေးကြွတွေဟာ နောက်ပိုင်းအကြမ်းဖက်မှုတွေ ပိုပြီးအရှိန်မြှင့်ကြတယ်။ PA ကလည်း သူတို့ကို ထိန်းသိမ်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပထမအကြိမ်ဆူပူအုံကြွမှုနဲ့ မတူတာက အစ္စရေးတပ်တွေတိုက်ခိုက်မှုပြင်းထန်ခဲ့တာတောင်မှ ပါလက်စတိုင်းတို့ရဲ့နည်းဗျူဟာတွေမှာ အသေခံဗုံးခွဲ၊ ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်၊ sniper နဲ့ ချောင်းမြောင်းပစ်ခတ်တဲ့နည်းတွေသုံးခဲ့ကြတယ်။ အဲဒီပဋိပက္ခဟာ ၂၀၀၅ ခုနှစ်မှာတော့ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေး ၁၀၀၀ခန့် နဲ့ ပါလက်စတိုင်း ၃၂၀၀ ခန့်သေဆုံးကုန်ပြီးမှ တိုက်ပွဲတွေပြီးခဲ့ကြတယ်။ 

ဒီနေ့အဓိကကြောက်ရွံ့နေကြတာက ဒုတိယဆူပူအုံကြွမှုမျိုး နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်တာကိုပါ။ အတွင်းရေးမှူး ဂျွန်ကယ်ရီက အစ္စရေးနဲ့ ပါလက်စတိုင်းကြား ပျက်သုဉ်းခဲ့တဲ့သဘောတူညီမှုကို ပြန်ပြီးစေ့စပ်ဖို့ အားသွန်ခွန်စိုက်ကြိုးစားပါတယ်။ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှု မအောင်မမြင်ဖြစ်ဦးမယ်ဆိုရင် နှစ်ဦးနှစ်ဘက်တာဝန်ရှိပြီး ပါလက်စတိုင်းမှာတော့ စစ်ပွဲနဲ့သာ အဆုံးသတ်ရဦးမှာပါ။

အစ္စရေး အိမ်နီးချင်းတွေက ပဋိပက္ခကို ဘယ်လိုကိုင်တွယ်တုံပြန့်ကြလဲ။
အစ္စရေးဟာ အိမ်နီးချင်း ၄ နိုင်ငံတစ်ခုစီနဲ့ပါ စစ်ဆင်နွှဲဖို့ ရှိနေခဲ့တာပါ။ အဲဒီနိုင်ငံတွေအားလုံးက ပါလက်စတိုင်းအမျိုးသားနိုင်ငံအရေးအတွက် ထောက်ခံကြတယ်လို့ ဆိုကြတယ်။ ဒီနေ့ အီဂျစ်၊ ဂျော်ဒန်တို့နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရှိထားတယ်။ ဒါပေမဲ့ တခြားအိမ်နီးချင်း ဆီးရီးယား နဲ့ လက်ဘနွန်တို့နဲ့ ဆက်ဆံရေးမှာ အစ္စရေးသိမ်းပိုက်နေထိုင်မှုတွေဟာ ဝရုန်းသုန်းကားနိုင်လှတယ်လို့ ဆီးရီးယားကပြောတယ်။ လက်ဘနွန်ကတော့ အားကြီးတဲ့စစ်သွေးကြွအဖွဲ့အစည်းဖြစ်တဲ့ ဟစ်ဇဘိုလာပြောက်ကျားအဖွဲ့ရဲ့ အိမ် ဖြစ်နေပြန်တယ်။ ဟစ်ဇဘိုလာဟာ အစ္စရေးကို ဖျက်ဆီးဖို့ ရည်မှန်းထားတဲ့အုပ်စုပါ။ အီဂျစ်ကလွဲလို့ အစ္စရေးအိမ်နီးချင်းတိုင်းမှာ နှိပ်စက်ခံရတဲ့ပါလက်စတိုင်းတွေရဲ့ ခိုလှုံရေးစခန်း၊ အစုအဖွဲ့တွေ ကျယ်ပြန့်စွာရှိနေကြတယ်။

အီဂျစ်ရဲ့ ၁၉၇၈ အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ အာရပ်နိုင်ငံနဲ့ ပထမဆုံးလက်မှတ်ထိုးခဲ့တာပါ။ အီဂျစ်နဲ့ အစ္စရေးတို့ကို အမေရိကန်က အကူအညီကြီးကြီးမားမားပေးခဲ့ပါတယ်။ အဲဒီသဘောတူညီချက်မှာ Sinai ကျွန်းဆွယ်နယ်စပ်မှာ အီဂျစ်စစ်တပ်ထားရှိမှုကို ကန့်ကွက်ထားပါတယ်။ စစ်သွေးကြွတွေနဲ့ ပြစ်မှုကျူးလွန်နိုင်တဲ့အုပ်စုတွေ များလာဖို့ အကူအညီပေးနေနိုင်တာကြောင့်ပါ။

ဆီးရီးယားအစိုးရဟာ အစ္စရေးကို တော်တော်လေးရန်လိုနေဆဲပါပဲ။ ဆီရီးယားဟာ အစ္စရေးရဲ့ အကြီးမားဆုံးသောပြိုင်ဘက်ရန်သူ အီရန်နဲ့ ညှိညှိနှိုင်းနှိုင်းကိစ္စတွေပြုလုပ်တယ်။ ၁၉၆၇ စစ်ပွဲအတွင်း အစ္စရေးတို့ သိမ်းယူခဲ့တဲ့ညGoland Heights ကုန်းမြေဟာ စစ်ရေးအချက်အချာကျလှတာကြောင့်လည်း ဆီးရီးယားက ပြန်လိုချင်နေပါတယ်။

လက်ဘနွန်က ဟစ်ဇဘိုလာရဲ့ အိမ်ဖြစ်နေပြီး အစ္စရေးကို ခါးခါးသီးသီးဆန့်ကျင်တဲ့ အဲဒီရှီဟိုက်အစ္စလာမစ်အုပ်စုကို အီရန်က ငွေကြေးထောက်ပံ့ပေးနေခဲ့တယ်။ ဟစ်ဇဘိုလာတွေဟာ လက်ဘနွန်နိုင်ငံရေးအုပ်စုထဲမှာ အဓိကအင်အားစုပါ။ အဲဒါကြောင့် လက်ဘနွန်ဟာ အစ္စရေး-ပါလက်စတိုင်း စေ့စပ်ဆွေးနွေးပွဲတွေမှာ လတ်တလောကာလမှာတော့ ဘယ်နေရာကမှ ပါဝင်မှာမဟုတ်ပါဘူး။ 

အဲဒီနိုင်ငံတွေတစ်နိုင်ငံစီဟာ ပါလက်စတိုင်းတွေရဲ့အရေးကိစ္စမှာ လူသိရှင်ကြားထောက်ခံပေမယ့် ပါလက်စတိုင်းတွေကတော့ သံသယထားနေပုံပါပဲ။ ပါလက်စတိုင်းခိုလှုံသူတွေဟာ ခိုလှုံရေးစခန်းတွေမှာ ပြည့်ကျပ်နေပြီး ယေဘူယျအားဖြင့် စောင့်ရှောက်မှုနိမ့်ကျတဲ့ပုံစံဖယ်ကြဉ်ခံထားရတာပါ။ ဂျော်ဒန်ကတော့ ပါလက်စတိုင်းတွေအတွက် အိုးအိမ်တွေစုစည်းစီစဉ်ပေးထားပါတယ်။ အာရပ်နိုင်ငံတွေထဲမှာ ဂျော်ဒန်နိုင်ငံဟာ ပါလက်စတိုင်းတွေအတွက် နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးထားတဲ့ တစ်ခုတည်းတော့နိုင်ငံပါ။

အစ္စရေးနယ်စပ်နိုင်ငံတွေမဟုတ်တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကရော ပဋိပက္ခအပေါ် ဘယ်လိုတုံ့ပြန်ကြလဲ။
ကပ်လျှက်အိမ်နီးချင်းနိုင်ငံတွေပြီးရင် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခမှာ အရေးကြီးတဲ့နိုင်ငံ ၃ နိုင်ငံကတော့ အီရန်၊ တူရကီ နဲ့ ဆော်ဒီအာရေဗျတို့ပါ။ တစ်နိုင်ငံစီရဲ့ အရေးပါမှု အကျဉ်းချုပ်မှာဆိုရင်

အီရန် - အီရန်အစိုးရက အစ္စရေးဟာ အခြေခံအားဖြင့် တရားဝင်မဟုတ်ဘူးလို့ ယုံကြည်ထားတယ်။ အစ္စရေးကိုဆန့်ကျင်တဲ့ အာရပ်အုပ်စုတွေကို ထောက်ခံအားပေးပါတယ်။ အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို တိုက်ရိုက်/ တကယ့်ခြိမ်းခြောက်မှုတစ်ခုလို မြင်နေတယ်။ အီရန်ကလည်းပဲ အတူတူပါ။ အစ္စရေးရဲ့ တရားဝင်ကြေညာမှုမရှိတဲ့ နျူကလီးယားလက်နက်တွေအပေါ် သင်္ကာမကင်းဖြစ်နေတာပါပဲ။ အီရန်က ဟစ်ဇဘိုလာ၊ ဟားမာ့စ် နဲ့ ဆီးရီးယားကို အရေးပါတဲ့ စစ်ရေး၊ ဘဏ္ဍာရေးစီစဉ်ပေးနေတယ်။ အဲဒီ Axis of Resistance နိုင်ငံ ၃ နိုင်ငံတွေဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာ အစ္စရေးနဲ့ အနောက်အုပ်စုက သတိထားစောင့်ကြည်နေတဲ့နိုင်ငံတွေပါ။ (သမ္မတဘုရှ်ဟာ အီရန်၊ အီရတ် နဲ့ မြောက်ကိုးရီးယား နိုင်ငံ ၃ နိုင်ငံကို မိစ္ဆာဝင်ရိုးတန်းနိုင်ငံတွေ axis of evil လို့ ခေါ်ဆိုခဲ့တာကြောင့် လစ်ဗျားနေ့စဉ်သတင်းစာAl-Zahf Al-Akhdar မှာ Axis of Resistance ဆိုတဲ့ အသုံးအနှုန်းတန်ပြန်ခေါ်ဆိုခဲ့ကြသေးတယ်။) လက်ရှိဖြစ်ပွားနေဆဲ ဆီးရီးယားပြည်တွင်းစစ်ကြောင့် အာရပ်ကမ္ဘာပြည်သူတွေရဲ့အမြင်မှာ ဆီးရီးယားအစိုးရဟာ မှားယွင်းတဲ့ဘက်မှာရှိနေသလိုပဲ ဟားမာ့စ်ကိုလည်း အဲဒီ ၃ နိုင်ငံက ငြင်းဆန်ရှောင်ဖယ်လိုကြတယ်။ 

တူရကီ - အစ္စရေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးခပ်ကြာကြာရှိခဲ့ပါတယ်။ တူရကီဟာ လက်ရှိနှစ်တွေမှာ ပါလက်စတိုင်းကို ထောက်ခံမှု ပိုတိုးလာတယ်။ အစ္စလာမ်မစ် ဝန်ကြီးချုပ် အာဒိုဂန်ဟာ ပါလက်စတိုင်းအရေးကိစ္စမှာ နိုင်ငံရေးသဘောတရားပိုင်း၊ ပြည်တွင်းအခြေအနေ နဲ့ ပထဝီနိုင်ငံရေးတွေမှာ ကျွမ်းကျင်တဲ့ချန်ပီယံတစ်ဦးလို့ သူ့ကိုယ်သူသတ်မှတ်ထားပါတယ်။ အစ္စရေး-တူရကီပဋိပက္ခမှာ အစ္စရေးတွေဟာ ဂါဇာကိုစေလွှတ်ထားတဲ့ တူရကီထောက်ပံ့ကယ်ဆယ်ရေးအဖွဲ့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့တော့ နှစ်နိုင်ငံကြားက သံတမန်ဆက်ဆံရေးတွေ အကြိတ်အနယ်ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ အစ္စရေးက ပြန်လည်တောင်းပန်ပြီးတဲ့အခါမှတော့ တိုးတက်မှုရှိခဲ့တယ်။

ဆော်ဒီအာရေဗျ - ဘုရင်စနစ်နဲ့ ဒီနိုင်ငံဟာ ပါလက်စတိုင်းအာဏာပိုင်ကို ဒေါ်လာ သန်းရာနဲ့ချီပြီး လှူဒါန်းပါတယ်။ အာရပ်လိဂ်ငြိမ်းချမ်းရေးအစီအစဉ်ရဲ့နောက်ကွယ်က မောင်းနှင်ပေးနေတဲ့ အားလည်းဖြစ်တယ်။ အစဉ်အလာပုံစံမျိုးဖြစ်နေတဲ့ အစ္စရေး-ပါလက်စတိုင်း စေ့စပ်ဆွေးနွေးရေးတွေကို နည်းလမ်းတစ်မျိုးနဲ့ အထောက်အပံ့ပေးမယ့်အစီအစဉ်ပုံစံပါ။ ဆော်ဒီအာရေဗျဟာ အစ္စရေးကို နားလည်သဘောပေါက်ထားပေမယ့် အီရန်နိုင်ငံဆီဦးတည်ထားကြတဲ့ သူတို့ရဲ့ နှစ်ဦးစလုံးရဲ့ရန်လိုနေမှုကြောင့် ဆော်ဒီအာရေဗျ နဲ့ အစ္စရေးအစိုးရတွေကြားမှာ မကြုံစဖူး ထူးခြားတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ထားမိသလိုဖြစ်နေပါတယ်။

ယူအက်စ်နဲ့ အစ္စရေးတို့ ဘာကြောင့် အင်မတန်ရင်းနှီးကြသလဲ။
အဲဒါ အငြင်းပွားစရာများလှတဲ့မေးခွန်းပါ။ အစ္စရေးအပေါ်အမေရိကန်ထောက်ခံမှုဟာ တကယ်ပဲ များပြားပါတယ်။ ဒေါ်လာဘီလီယံနဲ့ချီတဲ့အကူအညီတွေအပါအဝင် ယုံကြည်ရတဲ့သံတမန်ဆက်ဆံရေးအထောက်အပံ့မျိုးလည်းပေးပါတယ်။ ကျွမ်းကျင်သူတွေကတော့ သိသိသာသာကြီးပဲ အဲဒီမေးခွန်းကိုသဘောမတူကြပါဘူး။ အမေရိကန် အစ္စရေးကို ထောက်ခံမှုခပ်ပြင်းပြင်းပေးနေတဲ့ တချို့ဖြစ်နိုင်ခြေတွေမှာ အစ္စရေးထောက်ခံသူတွေရဲ့ စည်းရုံးလွှမ်းမိုးနိုင်မှု၊ အရှေ့အလယ်ပိုင်း ဒီမိုကရေစီတည်ငြိမ်မှုနဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒပိုင်းတွေပါဝင်နေကြတယ်။

အစ္စရေးရဲ့ ပထမဆယ်စုနှစ်တွေမှာ နိုင်ငံတွေဟာ သိပ်ပြီးရင်းနှီးကျွမ်းဝင်မှုမရှိကြသေးဘူး။ အမေရိကန်သမ္မတ ဒွိုက်ဒေးဗစ် အိုက်စန်ဟာဝါဟာ ၁၉၅၆ ခုနှစ် Suez စစ်ပွဲအတွင်းမှာ အစ္စရေးကို အပြင်းအထန်ဆန့်ကျင်ခဲ့တယ်။ အဲဒီစစ်ပွဲဟာ အစ္စရေး၊ ယူကေ နဲ့ ပြင်သစ်တို့ အီဂျစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတာပါ။ 

စစ်အေးတိုက်ပွဲထဲ ဆွဲယူခံခဲ့ရတော့ ယူအက်စ်ဟာ အစ္စရေးအမြင်မှာ အရှေ့အလယ်ပိုင်းဒေသထဲဆိုဗီယက်လွှမ်းမိုးမှုကို ဆန့်ကျင်နိုင်တဲ့ အဓိကကြားခံနိုင်ငံဖြစ်လာတယ်။ ပြီးတော့ လိုအပ်သလိုထောက်ခံမှုတွေရှိခဲ့တယ်။ အမေရိကန်-အစ္စရေးပူးပေါင်းမှုဟာ ၁၉၇၃ ခုနှစ်ဝန်းကျင်တိုင်အောင် အမှန်တကယ်မခိုင်မာသေးပါဘူး။ အဲဒီအတွင်းမှာမှ အာရပ်ကျူးကျော်မှုအလစ်အငိုက်ဝင်လာတော့ အမေရိကန်က အစ္စရေးကို ကူညီကယ်ဆယ်ခဲ့တယ်။

စစ်အေးတိုက်ပွဲကတည်းက၊  တော်တော်ခိုင်မာခဲ့တဲ့ ဆက်ဆံရေးရပ်တည်ချက်တွေ ပြောင်းရွှေ့လိုက်ကြတယ်။ တချို့အကြံပြုချက်တွေမှာ jihadism ကိုတိုက်ခိုက်ဖို့ စိတ်ဝင်စားမှုက အမေရိကန်ကို အစ္စရေးနဲ့ ချည်နှောင်မိစေတာလို့ ဆိုကြတယ်။ တခြားထောက်ပြချက်တာက တိုက်ပွဲဝင်နေရတဲ့ဒီမိုကရေစီအတွက် အမေရိကန်ခေါင်းဆောင်တွေရဲ့ အတွေးအမြင်ပိုင်းဆိုင်ရာ အာရုံညွတ်မှုလို့ဆိုကြတယ်။ အရိုးရှင်းဆုံးရှင်းလင်းရရင်တော့ အမေရိကန်ပြည်သူတွေမှာ အစ္စရေးတွေကို ပါလက်စတိုင်းတွေထက် ပိုပြီး စာနာသနားစိတ်ရှိကြတာပါပဲ။
အလွန်အမင်းအငြင်းပွားစရာသီအိုရီတစ်ခုက ပရော်ဖက်ဆာ ဂျွန်မဲရှိုင်းမား နဲ့ စတီဗင်ဝေါ့ထ် တို့ရဲ့ အကြံပြုချက်တွေအရ အစ္စရေးထောက်ခံမဲဆွယ်တဲ့အဖွဲ့ American Israel Public Affairs Committee (AIPAC) နဲ့ ဆက်ဆံရေးယုံကြည်မှုတွေရှိထားကြတယ်လို့ ဆိုတယ်။ အဲဒီသီအိုရီအပေါ် ဝေဖန်သူတွေကတော့ AIPAC ဟာ ဝေါ့ထ် နဲ့ မဲရှိုင်းမားတို့လောက်အောင် အားမကြီးပါဘူးလို့ ဆိုကြတယ်။ 

အထူးဆက်ဆံရေးအကြောင်းပြချက်တွေကို ဂရုမစိုက်ဘဲကြည့်မယ်ဆိုရင် အမေရိကန် အစ္စရေးကို ထောက်ခံခဲ့တာက တကယ့်ကိုပဲ ကျယ်ပြန့်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ယူအက်စ်က အစ္စရေးကို ဒေါ်လာ ၁၁၈ ဘီလီယံ အကူအညီပေးခဲ့တယ်။ ဒီဘက်နှစ်တွေမှာ တစ်နှစ်ကို ဒေါ်လာ ၃ ဘီလီယံခန့်အကူအညီပေးနေပါတယ်။ အမေရိကန်ရဲ့ ယူအန်လုံခြုံရေးကောင်စီမှာ သုံးခဲ့တဲ့ ဗီတိုအာဏာအားလုံးရဲ့ တစ်ဝက်လောက်ဟာ အစ္စရေးရဲ့ ကိစ္စဆုံးဖြတ်ချက်တွေမှာ အဆုံးသတ်ခဲ့တာပါ။

အစ္စရေး/ ပါလက်စတိုင်းကိစ္စ ကမ္ဘာကြီးရဲ့ အမြင်

မူစလင်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေဟာ အစ္စရေးရဲ့ တရားဝင်ဖြစ်မှုနဲ့ သံတမန်ဆက်ဆံရေးတွေကို အသိအမှတ်ပြုထားကြတယ်။ ဒါပေမဲ့ အများစုကတော့ ပါလက်စတိုင်းလူမျိုးတွေအပေါ် အစ္စရေးဆက်ဆံတဲ့ပုံစံ၊ West Bank မှာ သိမ်းပိုက်အုပ်ချုပ်မှုတွေ ဆက်ပြီးလုပ်နေတာတွေကြောင့် ပြင်းပြင်းထန်ထန်အပြစ်ဆိုကြတယ်။ တစ်ကမ္ဘာလုံးကပြည်သူတွေရဲ့လက်ရှိထင်မြင်ချက်မှာတော့ ပါလက်စတိုင်းလူမျိုးတွေရဲ့အရေးကိစ္စကို ပိုပြီးဂရုဏာသက်နေကြတာ အသေအချာပါ။

အာရပ် ဒါမှမဟုတ် မူစလင်အများစုမဟုတ်တဲ့ နိုင်ငံတိုင်းနီးပါး နဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ၈၃ ရာခိုင်နှုန်းကတော့ အစ္စရေးကို အသိအမှတ်ပြုကြပါတယ်။ အဲဒါဟာ ကမ္ဘာတစ်လွှားမှာ အစ္စရေးပေါ်ပြူလာမဖြစ်တော့ဘူးဆိုတာပြနေတာပါပဲ။ ဘီဘီစီရဲ့ ၂၂ နိုင်ငံ သဘောထားစစ်တမ်းကောက်ယူမှုတစ်ခုမှာ အစ္စရေးဟာ ပြည်သူတွေ မနှစ်သက်ဆုံးနိုင်ငံ ၄ နိုင်ငံမှာပါနေတယ်။ (အစ္စရေးနဲ့ နောက်မှာ အီရန်၊ ပါကစ္စတန် နဲ့ မြောက်ကိုးရီးယားတို့ပဲရှိပါတယ်)

West Bank အခြေချနေထိုင်မှုတွေဟာ အစ္စရေးကို ကမ္ဘာကရပ်တည်အားပေးမှုမပြုကြတဲ့ အဓိကကိစ္စပါ။ ကမ္ဘာမှာ အများစုယုံကြည်တာက အစ္စရေး West Bank ကို ထိန်းချုပ်မှုဆက်ပြီးလုပ်နေတာဟာ တရားမဝင်စစ်ရေးသိမ်းပိုက်အုပ်ချုပ်မှုအဖြစ်ပါ။ အဲဒီအခြေချနေထိုင်မှုတွေဟာ စတုတ္ထအကြိမ်မြောက် ဂျီနီဗာသဘောတူညီချက်ကိုလည်း ချိုးဖောက်နေတယ်။ အစ္စရေးနဲ့ အစ္စရေးထောက်ခံတဲ့ ကွန်ဆာဗေးတစ်တွေကတော့ အဲဒါကို ငြင်းဆန်ကြတယ်။ သူတို့ ငြင်းခုံတာက West Bank ဟာ သိမ်းပိုက်ထားတာမဟုတ်ဘူးလို့ ဆိုနေကြတယ်။ စတုတ္ထအကြိမ်မြောက် ဂျီနီဗာသဘောတူညီချက်တားမြစ်ထားတာက လူတွေအတင်းအကျပ်ပြောင်းရွှေ့စေခြင်းပဲဖြစ်ပြီး ဆန္ဒအလျောက်အခြေချနေထိုင်မှုတွေကို မပါဝင်ဘူးလို့ငြင်းဆန်ပါတယ်။

ဖြိုးဖြိုး

No comments: