Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 19, 2014

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၂)

ဂျေရုဆလင်ဆိုတာ ဘာလဲ။
ဂျေရုဆလင်ဟာ အစ္စရေးနဲ့ West Bank အကြား နယ်နိမိတ်မျဉ်းပေါ်မှာခွလျက်အနေအထားရှိနေပါတယ်။ ဂျူးဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်နှစ်ဦးလုံးရဲ့ အထွတ်အမြတ်ထားရာနေရာတွေတည်ရှိနေကြပြီး နှစ်ဦးလုံးက သူတို့ရဲ့ မြို့တော်ပြုလုပ်လိုကြတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတွေပိုင်းခြားတဲ့အခါ အခြေခံကျတဲ့ကိစ္စတွေထဲကတစ်ခုမှာ ကုန်းမြေကို မျှမျှတတဘယ်လိုခွဲဝေမလဲဆိုတဲ့ကိစ္စကျန်ရှိနေသေးတာပါ။ 

အစ္စရေးတည်ရှိတဲ့ ပထမ နှစ်၂၀ မှာ ဂျေရုဆလင်ဟာ စိတ်ပိုင်း ဝေမျှခဲ့ပြီးပါပြီ။ အစ္စရေးဟာ မြေပုံထဲက အနီရောင်အစက်ချမျဉ်းအတွင်းရှိ ဆင်ခြေဖုံးဒေသနဲ့ ဂျေရုဆလင်အစိတ်အပိုင်းတချို့ထိန်းချုပ်ထားခဲ့တယ်။ ဂျော်ဒန်ကတော့ အဲဒီအပြင်ဘက်က အားလုံးဂျော်ဒန်ထိန်းချုပ်ပါတယ်။ (အပြာရောင်အစက်ချမျဉ်းဟာ ဂျေရုဆလင်ဒေသကို ဆင်ခြေဖုံးဒေသကနေခွဲခြားထားတာပါ။

ဂျော်ဒန်ဟာ မြေပုံမှာပါရှိတဲ့ အညိုရောင်အစက်အပြောက်ပြထားတဲ့ Temple Mount တောင်ကုန်းကို ထိန်းချုပ်ထားပါတယ်။ အဲဒီတောင်ကုန်းဟာ ဂျူးဘာသာဝင်တွေရဲ့ အမွန်မြတ်ဆုံးနေရာရှိတယ်။ ရှေးခေတ်ဂျူးဘုရားကျောင်းရဲ့ အနောက်ဘက်နံရံ နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အရေးအကြီးဆုံး မြေနေရာအမှတ်အသားနှစ်ခု al-Aqsa Mosque နဲ့ Dome of the Rock ရှိပါတယ်။ အဲဒီနေရာကို ဂျော်ဒန်ထိန်းချုပ်ထားခဲ့စဉ်တုန်းက အစ္စရေးဂျူးတွေ Temple Mount မှာ ဆုတောင်းခြင်းခွင့်မပြုခဲ့ပါဘူး။ ၁၉၆၇ စစ်ပွဲအတွင်း အစ္စရေးဟာ အရှေ့ဂျေရုဆလင်ထိန်းချုပ်ခွင့်ရယူခဲ့တယ်။ ဂျေရုဆလင်ကို ဒီနေ့မှာ အစ္စရေးတို့ခေါ်တာက ခွဲခြားမရနိုင်တဲ့မြို့တော်(မူပိုင်မြို့တော်)လို့ဆိုတာပါ။ ဒါပေမဲ့ ယူနိုက်တက်စတိတ်အပါအဝင် အားလုံးနီးပါး အဲဒါကို အသိအမှတ်မပြုပါဘူး။ ယူအန်လုံခြံရေးကောင်စီ သန္နိဌာန် 478 မှာ အရှေ့ဂျေရုဆလင်တိုက်ခိုက်သိမ်းယူခဲ့တဲ့ အစ္စရေးရဲ့ဆုံးဖြတ်ချက်ကို နိုင်ငံတကာဥပဒေကိုချိုးဖောက်မှုတစ်ခုအဖြစ် ပြစ်တင်ဝေဖန်ထားပါတယ်။ အဖြေရှာ ဖြေရှင်းညှိနှိုင်းဖို့လည်း တောင်းဆိုပါတယ်။

အခက်အခဲကတော့ ဘယ်လိုသဘောတူညီချက်မျိုးနဲ့ ဆွေးနွေးညှိနှိုင်းရမယ်ဆိုတာ ဘယ်သူကမှ သေချာမဆုံးဖြတ်နိုင်ကြတာပါ။ အစ္စရေးနဲ့ ဂျူးတွေ မြင့်မြတ်တဲ့နေရာဆီဝင်ထွက်ခွင့်၊ ပိုင်ဆိုင်ခွင့်ကိစ္စတစ်ခုတည်းမဟုတ်ဘဲ ဂျူးတွေ ဂျေရုဆလင်အတွင်း၊ အနီအနား အရေအတွက်များများရွှေ့ပြောင်းလာကြတာကလည်း အခက်အခဲပါ။ လက်ရှိအချိန်မှာ မြို့တော်ထဲ ဂျူး ၃ ပုံ ၂ ပုံခန့်နေရာယူပြီးကြပါပြီ။

ဂါဇာ ဆိုတာဘာလဲ။
ဂါဇာဟာ လူဦးရေသိပ်သည်းထူထပ်နေတဲ့ ကမ်းမြောင်ပါ။ ဝန်းရံနေတာအများစုက အစ္စရေးဖြစ်ပြီး အဲဒီဒေသမှာနေထိုင်သူတွေ အာလုံးနီးပါး ပါလက်စတိုင်းတွေပါ။ အစ္စရေးက စစ်တပ်တွေနေရာချထားဖို့ အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ၂၀၀၅ မှာ တစ်ဖက်သတ်ရုတ်သိမ်းခဲ့ပါတယ်။ လက်ရှိ အစ္စရေးက ဂါဇာဆီအထောက်အပံ့ပစ္စည်းတွေ တားဆီးပိတ်ဆို့ထားပါတယ်။ 
တပ်တွေရုတ်သိမ်းသွားခဲ့ပြီး အစ္စရေးတပ်တွေအားဖြည့်နေခဲ့တဲ့အချိန်ကတည်းက အစ္စရေးဘက်ကို ဒုံးပျံတွေ ပြတ်တောင်းပြတ်တောင်းပစ်ခတ်နေခဲ့တာပါ။ အစ္စရေးကလည်း ပါလက်စတိုင်းနိုင်ငံက အစ္စရေးကိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားတဲ့ဒုံးလွှတ်စင်တွေ အဆုံးသတ်ဖျက်သိမ်းပေးရမယ်ဆိုတဲ့ ငြင်းခုံနေခဲ့တာကြာပါပြီ။

အီဂျစ်ဟာ ဂါဇာကို ၁၉၆၇ ခုနှစ်တိုင်အောင် ထိန်းချုပ်ခဲ့တယ်။ အစ္စရေးက Six Day War မှာ West Bank တစ်လျှောက်နေရာယူထားနိုင်ခဲ့တယ်။ ၂၀၀၅ ခုနှစ်တိုင်အောင် အစ္စရေးစစ်တပ်အာဏာပိုင်တွေဟာ West Bank ကို ထိန်းချုပ်နိုင်ခဲ့သလိုနည်းလမ်းမျိုးနဲ့ပဲ ဂါဇာကို ထိန်းချုပ်နိုင်ခဲ့တယ်။ အဲဒီနောက် အဲဒီနေရာမှာ ဂျူးတွေ အခြေချနေထိုင်ဖို့ ခွင့်ပြုခဲ့တာပါ။ ၂၀၀၅ မှာ အစ္စရေးဝန်ကြီးချုပ် အေရီယယ်လ်ရှရွန်က အစ္စရေးတပ်တွေကို ပြန်လည်ရုတ်သိမ်းခဲ့တယ်။ 

ဂါဇာကို အစ္စလာမ်အုပ်စု ဟားမာ့စ်က အုပ်ချုပ်ခဲ့တယ်။ အစ္စရေးကိုဆန့်ကျင်ပြီး စစ်သွေးကြွတော်လှန်ရေးအုပ်စုအဖြစ် ၁၉၈၇ ခုနှစ်မှာဖွဲ့စည်းခဲ့တာပါ။ ၂၀၀၆ မှာ ယူအက်စ်အခြေပြုရွေးကောက်ပွဲတစ်ခုပြုလုပ်ခဲ့ပြီး ဟားမာ့စ်တွေ နိုင်ငံရေးအာဏာရလာခဲ့ပါတယ်။ အစ္စရေးတွေဘက်က ဂါဇာဆီကို ကုန်သွယ်မှု တားဆီးပိတ်ပင်တာတွေရှိခဲ့ကြတယ်။ အဲဒီကုန်ပစ္စည်းတွေကို အသုံးပြုပြီး အစ္စရေးကိုဆန့်ကျင်တိုက်ခိုက်နိုင်မယ့် လက်နက်တွေပြုလုပ်ခဲ့ကြတယ်လို့ အစ္စရေးက အကြောင်းပြပါတယ်။ အစ္စရေးဘက်က ပိတ်ဆို့မှုတွေဟာ တင်းကျပ်မှုသိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံသားတွေအဓိကထိခိုက်နိုင်တဲ့ လျှပ်စစ်ဓာတ်အား၊ အစားအစာ နဲ့ ဆေးဝါးစသည့် ဖြတ်တောက်မှုအပြင် လောင်စာဆီလို အခြေခံအထောက်အပံ့တွေပါ ပိတ်ဆို့ထားခဲ့ပါတယ်။

ဟားမာ့စ်နဲ့ တခြား ဂါဇာအခြေစိုက်ပြောက်ကျားတပ်တွေဟာ ဒုံးကျည်ထောင်ပေါင်းများစွာ အစ္စရေးပစ်မှတ်တွေကို တိုက်ခိုက်နေကြတယ်။ အစ္စရေးကလည်း ဂါဇာမှာ စစ်တပ်စစ်ဆင်ရေးတွေဆင်နွှဲပါတယ်။ ၂၀၀၈ က လေကြောင်းတိုက်ပွဲဆင်နွှဲပြီး မြေပြင်တပ်တွေပါဝင်ရောက်တိုက်ခိုက်မှုနဲ့ အဆုံးသတ်ခဲ့တယ်။ ၂၀၁၂ မှာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ လက်ရှိ ၂၀၁၄ မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရော မြေပြင်တပ်တွေပါ တိုက်ခိုက်ခဲ့ကြတယ်။
about Hamas tunnel to read and watch http://www.bbc.com/news/world-middle-east-28430298

အခြေချနေထိုင်မှုတွေဟာ ဘာလဲ။ ဘာကြောင့် သူတို့ဟာ အရေးတကြီးကိစ္စကြီးဖြစ်နေတာလဲ။
အခြေချနေထိုင်မှုတွေဟာ ၁၉၆၇ အစ္စရေးဝင်ရောက်သိမ်းပိုက်မှုပြီးကတည်းက West Bank ဆီကို ဂျူးလူမျိုးအုပ်စုတွေ ပြောင်းရွှေ့ခဲ့ကြတာတွေပါ။ အခြေချနေထိုင်သူတချို့ အဲဒီနေရာကိုပြောင်းရွှေ့ခဲ့တဲ့ရည်ရွယ်ချက်က ဘာသာရေးအကြောင်းပြချက်တွေကြောင့်၊ တချို့က West Bank ဟာ အစ္စရေးရဲ့ ပိုင်နက်ဖြစ်တယ်ဆိုတာ ခိုင်မာစေချင်တာရယ်။ တချို့ကတော့ အဲဒီနေရာမှာ အိမ်ရာတွေ ဈေးသက်သာတာ၊ ထောက်ပံ့ကြေးတွေရရှိနိုင်တာကြောင့် ပြောင်းရွှေ့ခဲ့ကြတာပါ။ အခြေချနေထိုင်မှုတွေဟာ ယေဘူယျအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အဟန့်အတားအဖြစ် သတ်မှတ်နိုင်ပါတယ်။
အစ္စရေး ၅၀၀၀၀၀ ခန့် နယ်ပယ်သစ်တွေမှာ နေထိုင်ကြတယ်။  အခြေချနေထိုင်မှုတွေဟာ West Bank တစ်ဝိုက် ၁၃၀ ခန့် ပြန့်ကျဲလျှက်တည်ရှိနေပါတယ်။ အကြမ်းဖျင်း အခြေချနေထိုင်သူ ၇၅ ရာခိုင်နှုန်းခန့်ဟာ အဲဒီနေရာ West Bank မှာ ဒါမှမဟုတ် အစ္စရေးနဲ့နီးစပ်တဲ့ West Bank နယ်နိမိတ်အနီးမှာနေထိုင်ကြတယ်။ တချို့နယ်ပယ်သစ်တွေမှာ လူဦးရေထူထပ်ကြပြီး ဆင်ခြေဖုံးဒေသပုံစံမျိုးပါ။ တချို့အိမ်တွေကတော့ လက်နဲ့ပဲအလွယ်တကူတည်ဆောက်ထားတဲ့ တဲစုရပ်ကွက်လေးတွေပါ။ မြေပုံထဲမှာအခြေချနေထိုင်တဲ့နေရာတွေကို အပြာရောင်လေးတုံးလေးတွေနဲ့ပြထားပြီး အနီရောင်အစက်အမှတ်အသားတွေကတော့ လက်ရှိဆောက်လုပ်ဆဲနေရာတွေပါ။

အခြေချနေထိုင်မှုတွေကနေဖန်တီးတာက အစ္စရေးနဲ့ ပါလက်စတိုင်းတို့ခေါ်ဝေါ်နေသလို "မြေပေါ်က ဖြစ်ရပ်မှန်အသစ်တွေ"ပါပဲ။ ပါလက်စတိုင်းအုပ်စုတွေဟာ တသီးတခြားစီတွေ ကွဲပြားသွားကြပြီး အဲဒီကုန်းမြေမှာ သူတို့ရဲ့ ဆက်သွယ်မှုတွေဟာ အားနည်းသွားကြတယ်။ ဂျူးအစုအဖွဲ့တွေကတော့ အမြစ်တွယ်ကပ်နေရာယူထားနိုင်ခဲ့ကြတယ်။ အကျိုးသက်ရောက်မှုအဖြစ် အနာဂတ်ပါလက်စတိုင်းနိုင်ငံရဲ့ နယ်နိမိတ်သတ်မှတ်မျဉ်းကျဉ်းမြောင်း ဒါမှမဟုတ် မှုန်ဝါးစေပါတယ်။ တချို့အခြေချသူတွေအတွက် အဲဒါအဓိကဦးတည်ချက်ပါ။ သူတို့လိုချင်တာက West Bank ကို အစ္စရေးနယ်မြေအဖြစ် တရားဝင်အပြည့်အဝပေါင်းစပ်သွားနိုင်ဖို့ပါ။ အဲဒီလိုဖြစ်လာနိုင်ဖို့ကိုပဲ ကြိုးစားနေကြတာပါ။ 

အခြေချနေထိုင်မှုတွေနဲ့ စစ်တပ်နေရာယူသိမ်းပိုက်ထားမှုဟာ အစ္စရေးတွေကို ကာကွယ်စောင့်ကြပ်ဖို့လိုအပ်သလို ပါလက်စတိုင်းတွေအတွက်တော့ အခက်တွေ့စေတာပါပဲ။ အစ္စရေးတွေပဲသွားခွင့်ရှိတဲ့လမ်းတွေမှာ ပါလက်စတိုင်းတွေဆိုရင် ဖယ်ကြဉ်ခံရတယ်။ လုံခြုံရေးစစ်ဆေးရေးဂိတ်တွေကနေဖြတ်သန်းဖို့ ဖိအားပေးခံကြရတယ်။

နိုင်ငံတကာဥပဒေအကျိုးဆောင်တွေအများစုက အခြေချနေထိုင်မှုတွေဟာ စတုတ္ထအကြိမ်မြောက် ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ ယုံကြည်ကြတယ်။ အဲဒီသဘောတူညီချက်မှာ သိမ်းပိုက်ထားတဲ့နေရာတွေမှာ လူတွေကိုပြောင်းရွှေ့နေထိုင်စေတာကို တားမြစ်ထားတယ်။ အစ္စရေးက အဲဒါကို စောဒကတက်ပါတယ်။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့အစည်းဆိုတာဘာလဲ။ ဖာတာနဲ့ ပါလက်စတိုင်းအာဏာပိုင်တွေကရော ဘယ်လိုလဲ။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့အစည်း (PLO) ဟာ ပါလက်စတိုင်းလူမျိုး အမျိုးသားကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ ပါလက်စတိုင်းအမျိုးသားအာဏာပိုင်(PA) နဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့အစိုးရတို့ ဦးဆောင်နေကြတယ်။ ဖာတာက ဘာသာရေးအယူအစွဲမပြင်းထန်တဲ့အမျိုးသားနိုင်ငံရေးပါတီဖြစ်ပြီး ဆယ်စုနှစ်တွေမှာ ပါလက်စတိုင်းနိုင်ငံအရေးကိစ္စတွေကို လွှမ်းမိုးနိုင်ခဲ့ကြတယ်။ ဖာတာပါတီဟာ PLO နဲ့ PA အဖွဲ့တွေကို ထိန်းချုပ်မှုတွေရှိပါတယ်။

လက်တွေ့မှာ PLO ဟာ West Bank မှာ အစိုးရအဖြစ်ရှိနေပြီး ဂါဇာမှာတော့ ဟားမာ့စ်တွေအာဏာရှိကြတယ်။ PLO က ပါလက်စတိုင်းတွေကိုယ်စား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့ ဦးစီးဦးဆောင်လုပ်ကြပေမယ့် အဲဒီသဘောတူညီမှုတွေဟာ ဟားမာ့စ်နဲ့ ဆက်ဆံရေးအဆင်မပြေတာတွေကြောင့် အတိတ်မှာ အဟန့်အတားဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဟားမာ့စ်နဲ့ အမျိုးသားအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ ဧပြီ ၂၃ သဘောတူညီမှုရရှိခဲ့ကြပြီး အတိတ်ကအဟန့်အတားအဆုံးသတ်သွားခဲ့မလို အနေအထားဖြစ်ခဲ့ပါတယ်။

ပထမဆယ်စုနှစ်တွေမှာ ၁၉၆၄ သဘောတူညီမှုအပြီး PLO ဟာ အစ္စရေးကို တိုက်ခိုက်ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တယ်။ ပြီးတော့ လုံးလုံးလျားလျားပါလက်စတိုင်းနိုင်ငံတော်ဖြစ်နိုင်အောင် အစားထိုးနေရာယူတယ်။ ဖာတာအဖွဲ့တည်ထောင်ခဲ့သူ ယာဆာအာရာဖတ်ဟာ အဲဒီအဆုံးသတ်မျိုးဖြစ်လာအောင် စစ်ရေးဗျူဟာခင်းခဲ့တယ်။ အစ္စရေးအရပ်သားတွေကိုပါ တိုက်ခိုက်ခဲ့တာပါ။ အဲဒါဟာ ၁၉၉၃ မှာတော့ ပြောင်းလဲခဲ့ပါတယ်။ PLO က အစ္စရေးရဲ့ တည်ရှိမှုကို လက်ခံပေးခဲ့ပြီး အပြန်အလှန်အားဖြင့် အစ္စရေးကလည်း ပါလက်စတိုင်းကိုယ်စားလှယ်တွေကို တရားဝင်အသိအမှတ်ပြုပေးလိုက်တာပါ။ နှစ်ဘက်လုံးအတွက် တကယ့်ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးနှုတွေ စတင်ခဲ့တာပါပဲ။ 

PLO ရဲ့ လက်ရှိဥက္ကဌဟာ အလယ်အလတ်သဘောထားရှိတဲ့ မာမွတ်အက်ဘာ့စ်ပါ။ ၂၀၀၀ ခုနှစ် စက်တင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ဒုတိယအကြိမ်ပါလက်စတိုင်းဆူပူအုံကြွမှု (Al-Aqsa Intifada) အရှိန်လျော့ကျသွားစေဖို့ အဓိကနေရာက ပါဝင်ရင်း အကြမ်းဖက်မှုကို ဆန့်ကျင်ခဲ့တယ်။ အဲဒီ Intifada ဟာ အစ္စရေးဝင်ရောက်သိမ်းပိုက်မှုကို ဆန့်ကျင်တဲ့ဆူပူမှုပါ။ အက်ဘာ့စ်ဟာ ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို နိုင်ငံတကာက အသိအမှတ်ပြုနိုင်အောင်လည်း ဆက်လက်လုပ်ဆောင်ပါတယ်။ ဥပမာ UN မှာ အဖွဲ့ဝင်နိုင်ငံမဖြစ်သေးတဲ့အကြောင်းပြချက်ကို တင်ပြတယ်။ ယူအက်စ်က ဆန့်ကျင်ခဲ့တယ်။ အဲဒါဟာ အစ္စရေကိုဖိအားပေးတဲ့သဘောလို့ အစ္စရေးကယူဆပါတယ်။  

ဟားမာ့စ်ဆိုတာ ဘာလဲ။
ဟားမာ့စ်ဟာ ပါလက်စတိုင်းအစ္စလာမ်မစ်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပါ။ စစ်သွေးကြွအဖွဲ့ဖြစ်ပြီး ၁၉၈၇ ကတည်းက အစ္စရေးကို စစ်ဆင်နွှဲနေခဲ့ပါတယ်။ အသေခံဗုံးခွဲတာတွေ နဲ့ ဒုံးပျံတွေနဲ့ပစ်ခတ်တိုက်ခိုက်တာဟာ ဟားမာ့စ်အဖွဲ့အတွက် ရင်းနှီးကျွမ်းဝင်တဲ့လှုပ်ရှားမှုတွေအဖြစ် ထင်ရှားလှတယ်။ အစ္စရေးတွေကိုဖယ်ရှားပြီး ပါလက်စတိုင်းနိုင်ငံတော်တည်ထောင်နိုင်မယ့် နည်းလမ်းရှာဖွေနေကြတယ်။ ဟားမာ့စ်ဟာ ဂါဇာမှာ ပါလက်စတိုင်းအာဏာပိုင်တွေနဲ့လွတ်လွတ်လပ်လပ်အုပ်ချုပ်ကြတယ်။ ဒါပေမဲ့ ပါလက်စတိုင်းရဲ့တခြား အဓိကအုပ်စုကွဲမှုတွေနဲ့ ကွဲပြားခြားနားနေမှုတွေကို စေစပ့်ညှိနှိုင်းဖို့နည်းလမ်းတစ်ခုတော့ တွေ့ခါစအနေအထားဖြစ်နေပါပြီ။

ဟားမာ့စ်ထုတ်ပြန်တဲ့ ၁၉၈၈ ခုနှစ်က စာတမ်းမှာ အစ္စရေးကိုဖျက်စီးဖို့ တိုက်တွန်းထားတယ်။ အစ္စရေးရဲ့ တရားဝင်တည်ရှိမှုကို ဟားမာ့စ်တွေ အသိအမှတ်မပြုနိုင်ပေမယ့် ၂၀၁၁ မှာ ဂါဇာနဲ့ West Bank မှာ ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကိုတော့ လက်ခံအတည်ပြုပါတယ်။ အစ္စရေးရပ်တည်မှုအတွက် ဟားမာ့စ်တွေ အုပ်စုတွင်း စေ့စပ်ဆွေးနွေးနိုင်ခဲ့ကြတာ ဟုတ်/ မဟုတ် ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဟားမာ့စ်ဟာ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ အစ္စရေးကိုဆန့်ကျင်တဲ့ အသေခံဗုံးခွဲမှုတွေကို တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ လက်တလောနှစ်တွေမှာတော့ ဒုံးကျည် နဲ့ မော်တာ လက်နက်တွေအသုံးပြုပြီး တိုက်ခိုက်တဲ့ နည်းကိုပဲ ပြောင်းလဲရွေးချယ် လိုက်ပါတယ်။ PA အဖွဲ့အစည်းရဲ့ ဆွေးနွေးညှိနှိုင်းမှုရည်ရွယ်ချက်တွေ ပျက်စီးသွားအောင် အားသွန်ခွန်စိုက်ကြိုပမ်းမယ့် လူမှုရေးဝန်ဆောင်မှုကွန်ယက်တွေမှာ ပါလက်စတိုင်းတွေပါဝင်လာအောင် ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ခဲ့တယ်။

၂၀၀၆ မှာ ဟားမာ့စ်ဟာ ပါလက်စတိုင်း PA ဥပဒေပြုရွေးကောက်ပွဲတွေရဲ့ အာဏာထိုင်ခုံနေရာတွေမှာ အောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ PA အုပ်စု အစ္စရေးနဲ့အရင်ကသဘောတူညီထားတဲ့အချက်တွေဖြစ်တဲ့ လက်ရှိလှုပ်ရှားနေကြတဲ့ခွဲထွက်ရေးသမားတွေကို PA က ဦးဆောင်ရေးနဲ့ West Bank အခြေစိုက် PLO ကပဲ ဂါဇာမှာလွတ်လွတ်လပ်လပ်အုပ်ချုပ်နိုင်ရေးတွေကိုတော့ ဟားမာ့စ်ကလက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဟားမာ့စ်နဲ့ PLO အကြား စုဖွဲ့ရေး ဆွေးနွေးပွဲတွေဟာ တစ်ခါထပ်ပြီး ကျိုးပဲ့ပျက်သုဉ်းပြန်တယ်။ အဲဒါဟာ စည်းလုံးတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရှိမနေဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါပေမဲ့ ဧပြီ ၂၃ မှာတော့ ဟားမာ့စ် နဲ့ PA တို့ ဝေဝေမျှမျှအစိုးရတစ်ရပ် ဖွဲ့စည်းဖို့ သဘောတူညီလိုက်ကြတဲ့ပြောင်းလဲမှုရှိခဲ့တယ်။ ရက်သတ္တ ၅ ပတ်ကြာ ဆွေးနွေးခဲ့ပြီး နောက် ၆ လအကြာမှာ ရွေးကောက်ပွဲတွေကျင်းပခဲ့ကြတယ်။

ဖြိုးဖြိုး

No comments: