Politic ဂျာနယ် (မေမေ့ရဲ့ ဘာသာပြန်ဆောင်းပါးဟောင်းတစ်ပုဒ်ပါ) |
အရှေ့အလယ်ပိုင်းဒေသ ဒီမိုကရေစီခရီးစဉ်ကို ပြန်လည်သုံးသပ်ကြည့်ဖို့ ဆိုရင် ၂၀ရာစု ခေတ်ဦးပိုင်း အရှေ့  အလယ်ပိုင်းဒေသရဲ့  သမိုင်းနောက်ခံ ပုံရိပ်တွေကို ပြန်လည် ဖေါ်ထုတ် ကိုးကားရပေလိမ့်မယ်။ ဗြိတိသျှ သို့မဟုတ် ပြင်သစ်ပိုင်နယ်မြေထဲက သို့မဟုတ် အော်တိုမင် အင်ပါယာထဲက ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို အလိုရှိသူ တစု ပါတီများ ဖွဲ့စည်းထူထောင်ပြီး နိုင်ငံရေးလှုပ်ရှားမှူတွေ ပြုလုပ်ခဲ့ကြတာက စမယ်။ တကယ်တော့ ဒါဟာ ၁၉ရာစု နှစ်ကုန်ပိုင်းလောက်ကတည်းက ဒီမိုကရေစီ လှုပ်ရှာမှူများ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ အီဂျစ်ဟာ ဗြိတိသျှအစောင့်အရှောက်ခံ ဘ၀မှာ နေခဲ့ ရပြီး ရှေးဦးအကျဆုံး ပါတီစုံပါလီမန်ရွေးကောက်ပွဲများကို လက်ခံကျင်းပခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အပြီး လွတ်လပ်ရေးကို လိုလားကြသူ အာရပ်မျိုးချစ်များရဲ့ လှုပ်ရှားမှု အတွင်း ခံတပ်သဖွယ် အီရစ်က ရပ်တည်ခဲ့တယ်။
ဘာဘဲဖြစ်ဖြစ် အော်တိုမင်တွေကတော့ သူတို့ ရဲ့  ကိုလိုနီ နယ်ပယ်တွေကို ဂရိတ်ဗြိတိန်နဲ့  ပြင်သစ်တို့  ပါးစပ်ပေါက်ထဲ အဟာရ အဖြစ် ကြွေးမွှေးလိုက်ရတာမို့ စားမြိန်တွေ တော်တော်များများ လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ဆီးရီးယားနဲ့ အီရတ်တို့ဟာလည်း ပြဌာန်းခံကိုလိုနီ နယ်ပယ်သစ်များဖြစ်လာတယ်။ မြောက်အာဖရိကကိုလဲ ပြင်သစ်က အုပ်ချုပ် ပိုင်ခွင့်ရရှိခဲ့တယ်။ ဒေသတွင်း လစ်ဘရယ် ပါတီလှုပ်ရှားမှုတွေဟာ အနောက်တိုင်းဒီမိုကရေစီကို အားသွန်ထောက်ခံလိုက်ကြတယ်လို့ ဆိုနိုင်ပါတယ်။၁၉၅၄ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တုံးက အင်အားကြီး ပါတီစုံ ဒီမိုကရေစီစံနစ်အောက် မှာ အီဂျစ် ။ ဆီးရီးယား နဲ့ အီရတ် တို့ဟာ လွတ်လပ်ရေးရရှိသွားခဲ့တယ်။ ဒါပေမဲ့လည်း ၁၉၅၀ခုနှစ်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တစ်စုက ဥိးဆောင်ပြီး အီဂျစ်ကို သိမ်းပိုက်လိုက်ပြန်ပါတယ်။ ဒီမိုကရေစီလိုလားသူ နဲ့ နိုင်ငံရေးလှုပ်ရှားသူ ခေါင်းဆောင်တွေကို တချို့ အကျဉ်းချတယ်။ တချို့  နေအိမ်အကျယ်ချုပ်ချတယ်။ သတင်းစာနဲ့  မဂ္ဂဇင်းတွေ နိုင်ငံပိုင်ပြုလုပ်ခဲ့တယ်။ အဲဒါကြောင့် ၁၉၅၂ခုနှစ် အီဂျစ် နိုင်ငံဟာ ဒီမိုကရေစီ စက်ယန္တယား ရပ်ဆိုင်းသွားတော့တယ်။ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ်မဟုတ်တဲ့ အစိုးရ အဖွဲ့အစည်းတစ်ရပ် ထူထောင်လာတာတွေ့မြင်နိုင်ပါတယ်။ အမှန်က ၁၈၅၈ခုနှစ်မှာပဲ သမ္မတနာဆား (President Gamal Abdul Nasser)က ဆီးရီးယားနဲ့ အီဂျစ်ကို တပေါင်းတည်းပြုလုပ် ပြီး နိုင်ငံရေးအခြေအနေသစ်တစ်ရပ် ကို ဖေါ်ဆောင်လိုက်တာပါ။
ဆီးရီးယားဟာ နောက်ဆုံးမှာ “တစ်ဝက်တစ်ပျက် ‘ဒီမိုကရေစီ" ကျင့်သုံးးနေတဲ့ နိုင်ငံဖြစ်လာတယ်/ အီရတ်ဟာလဲ အဲဒီနှစ်ကပဲ ဘုရင်စနစ် ဖျက်သိမ်းခံရပြီး ပျက်သုဉ်းသွားတယ်။ တော်လှန်ရေး အင်အားစုက အောင် အောင်မြင်ြမင် နေရာယူလိုက်တယ်။ ပါတီအဖွဲ့  အစည်းများကို တားမြစ် ပိတ်ပင်လိုက်တယ်။ ဒီဥပမာလိုပဲ အရှေ့ အလယ်ပိုင်းဒေသ ဒီမိုကရေစီ ခရီးစဉ်ဟာ မဖြောင့်ဖြူးဘဲ ချိနဲ့ ခွေယိုင်နေခြင်း လို့ဆိုရမှာပါ။ “ခနော်ခနဲ့  ဒီမိုကရေစီ" လို့  ကမ္မည်း တွင်စေပါတယ်။ ဒါဟာ လုပ်ဇတ် မဟုတ်ပါဘူး။ ၁၉၅၀ ခုနှစ် ၊ ၁၉၆၀ခုနှစ်များအတွင်း တူနီးရှား ၊ မော်ရိုကို နှင့် အယ်လ်ဂျီးရီးယား တို့ဟာ လွတ်လပ်ရေးရခဲ့ပါတယ်။ တူနီးရှားနဲ့ အယ်လ်ဂျီးယားတို့ဟာ တပါတီစနစ်အောက်မှာ ရှင်သန်ခဲ့ကြရတာပါ။ ဒါပေမဲ့  အယ်လ်ဂျီးယားက ပါတီစုံ စနစ်ကို မွေးမြူခဲ့ပြီ့း တူနီရှားကတော့ ရှိမြဲ အတိုင်း ရှိနေခဲ့ ပါတယ်။ တခါ ဒီမိုကရေစီခရီးစဉ်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မော်ရိုကို နိုင်ငံကို ဆက်လက် ခရီးနှင်ရာမှာတော့ မော်ရိုကိုက ပါတီစုံ ဒီမိုကရေစီဘက် အခွင့်အရေးပိုပေးခဲ့ပါတယ်။ ရွေးကောက်ပွဲ တွေကို ၁၉၆၀ခုနှစ် ကနေ ၁၉၉၀ခုနှစ်ဆီအထိ ထိထိမိမိ ကိုင်တွယ်ကျင်းပပေးခဲ့တယ်။ အဲဒီ ၁၉၉၀ခုနှစ်ဟာ သိသာထင်ရှားတဲ့အဖြစ်အပျက်တခု အစားထိုး ဖြစ်ထွန်းလာရာမှာ အတိုက်အခံပါတီတခု လွတ်လွတ်လပ်လပ်ဖွဲ့ စည်း တည်ထောင် အောင်နိုင်ခဲ့ တာဖြစ်ပြီး ဒေသဆိုင်ရာ သမိုင်းပုံပြင်တွေထဲမှာ လဲ ပထမဦးဆုံး အတိုက်အခံများ အစိုးရ ဖွဲ့ နိုင်ခဲ့ခြင်းလို့  မှတ်တမ်းပြုနိုင်ခဲ့ တာပါ။
လက်ဘနွန်နိုင်ငံဟာလဲ ပါတီစုံ ဂိုဏ်းဂနပေါင်းစုံနဲ့ရှေ့ သို့  ခရီးဆက်လျက်ပါပဲ။ ဒါပေမဲ့ သူက “ခြားနားတဲ့ ဒီမိုကရေစီ" လို့ ဆိုရပါလိမ့်မယ်။ ၂၀၀၅ခုနှစ် ထဲ မှာ ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးစည်းရုံးမှူ ပေါ်ထွန်းလာတာတွေ ..၊ ပါတီစုံ ဒီမိုကရေစီကို အားပေးထောက်ခံလာတာတွေ စတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှူများ ပေါက်ဖွားလာတာတွေ့မြင်နိုင်ပေမယ့်လည်း “ဒီမိုကရေစီ" လို့ အမည်တပ်ဖို့က ခက်တယ် ဆိုရပါလိမ့်မယ်။ စောလွန်းလှပါသေးတယ်တဲ့။ ၁၉၅၉မှာက ကုလသမ၈္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်ဘနွန်ကနေ နိုင်ငံခြားတပ်ဖွဲ့ များ ရုပ်သိမ်းဆုတ်ခွာဖို့ ဆီးရီယား မြေပြင်တပ်ဖွဲ့များ ထွက်ခွာသွားကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားရင်ခုန်စရာများပါဘဲ။ ဒီအချိန်မှာပဲ အီဂျစ်၊ ဂျော်ဒန်၊ ပြီးတော့ မကြာသေးခင်ကမှ ပါတီစုံဒီမိုကရေစီ ကို ရှေ့ရှုးခဲ့တဲ့အီရတ် စသည်တို့ဟာ ဆက်လက်တိုးတက်မှု ရှိခဲ့တယ်လို့ ပြောရင်ရနိုင်ပါတယ်။ မှတ်မှတ်ရရ ပြောရရင် အာရေဗျကျွန်းဆွယ်မှာ ၂၀ရာစုနှစ်များအတွင်း အမှောင် လုံးလုံးဖုံးသွားမတတ် အာဏာရှင်စနစ်က လွှမ်းမိုးသွားခဲ့သေးတာပါ။ ဆော်ဒီအာရေဗျ၊ ရီမင်၊ အိုမန် နိုင်ငံတွေမှာ အကြွင်းမဲ့ အာဏာရှင်စံနစ်ကမင်းမူသိမ်းပိုက် စိုးအုပ်ထားပါတယ်။ ပင်လယ်ကွေ့ဒေသနိုင်ငံများဟာ ဒီတုံးက ဗြိတိသျှအစိုးရ စောင့်ရှောက်မှုအောက်က ရုန်းမထွက်နိုင်သေးပါဘူး။ ၁၉၆၀ခုနှစ် အစောပိုင်းကာလမှာ ကူဝိတ်နိုင်ငံက ခေတ်မီ ဖွဲ့ စည်းပုံအခြေခံ ဥပဒေ အောက်မှာ သိသိသာသာ ပြောင်းလဲ လွတ်လပ် ခွင့်ရခဲ့ပြီးတော့ ၂၀၀၅နှစ်ကပင် အမျိုးသမီးများဟာ မဲဆန္ဒ ပေးခွင့်ကို ရရှိထားတာပါ။
ဒါပေမဲ့ ယနေ့ နိုင်ငံရေးပါတီတွေ တားမြစ်ကန့်သတ်မှုတွေနဲ့ ကြုံနေရပြန်ပါပြီ တဲ့။ ဘာရိန်းနိုင်ငံဟာလည်း ၁၉၇၁ခုနှစ်က လွတ်လပ်ရေးရခဲ့ ပြီးရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့တယ်ဆိုပေမဲ့ အကန့်အသတ်တွေက ရှိနေဆဲပါ။ ခုတခါ ဒီမိုကရေစီပုံသဏ္ဍာန်ကို ပြန်လည် အသက်သွင်းရန်ရှိတယ်လို့ ဆိုနေပါတယ်။ အပြည့်အ၀ဒီမိုကရေစီကို ဦးလှည့်ဖေါ်ဆောင်မှာပါ တဲ့။ ရီမင် နှင့်အိုမန်နိုင်ငံတွေကတော့ ၁၈၇၀ခုနှစ်လယ်ကနေ ၁၉၉၀ခုနှစ်တိုင်အောင် ဥပဒေပြုလွှတ်တော်ကို ဖေါ်ဆောင်ညွှန်ပြထားပေမယ့် အိုမန်ဟာ ဒီကနေ့ ရွေးကေက်ပွဲ အစီအစဉ်များကို စံချိန်စံညွှန်းနဲ့ အညီ ကျင်းပပြုလုပ်နိုင်ဖို့ သတိ ကြီးစွာထားပြီး နည်းသစ်တွေနဲ့ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးစားနေတာ တွေ့ရတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအသင်းအဖွဲ့များဟာ ဥပဒေကို လေးစားခြင်းမရှိကြဘူး။ အမြဲ ဆန့်ကျင်နေတယ်တဲ့။ တောင်ရီမင်နဲ့မြောက်ရီမင် မှာတော့ “ရီမင် သမတနိုင်ငံ" အဖြစ် တပေါင်းတစီးတည်း တခုတည်း စုစည်းလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလဲ ပါတီစုံစနစ်ကို ဖေါ်ညွှန်းခဲ့တယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်၊ တန်းတူရည်တူ သာတူညီမျှ ရရှိခွင့်၊ လွတ်လပ်စွာ သွားလာခွင့် စတဲ့ လူ့အခွင့်အရေးများ ပြည့်ဝစွာရရှိရေးကို ရည်ညွှန်းပါတယ်။
ရီမင်နိုင်ငံဟာ အထက်လွှတ်တော်၊ အောက်လွှတ်တော်နှစ်ရပ် အပါအ၀င် ပါလီမန်ရွေးကောက်ပွဲ ၃ခုကို နိုင်ငံတကာစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းအောက်မှာ ကျင်းပပေးမယ်လို့ တရားဝင်ကြေညာခဲ့တယ်။ ၁၉၉၉ခုနှစ်မှာပဲ ရီမင်နိုင်ငံက ကမကထပြု အိမ်ရှင်လုပ်ကျင်းပခဲ့တဲ့ forum တခု ပေါ်ထွက်လာရာမှာ ၀ါရှင်တန်ဒီစီက National Democratic Institute နဲ့ ချိတ်ဆက်လို့ စုစည်းကျင်းပခဲ့တယ်။ အဲဒီဖိုရမ်ကနေ ဦးဆောင်ဦးရွက်လုပ်ပြီး ဒီမိုကရေစီလူ့ဘောင်အသိုင်းအ၀န်းတစ်ခု ဖေါ်ဆောင်ခဲ့တယ် ဆော်ဒီအာရေဗီးယားနဲ့ ကာတာနိုင်ငံကိုကြည့်ရင်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် စမ်းတ၀ါးဝါး တိုးဝင်လာတဲ့ ဒါမှမဟုတ် ဒီမိုကရေစီကို လက်တွေ့စမ်းသပ်လေ့လာဖို့ နောက်ဆုံးဝင်ရောက်လာတဲ့နိုင်ငံတွေ ဖြစ်တယ်ဆိုတာတွေ့မြင်နိုင်တယ်။ ဒီမိုကရေစီကို တစိတ်တပိုင်းဖြစ်စေ မိတ်ဆက် မြည်းစမ်းကြည့်ဖို့ ပါဝင်လာတဲ့အနေနဲ့ မြူနီစပယ် ရွေးကောက်ပွဲများကို အသီသီး ကျင်းပခဲ့ကြတယ်။ အချုပ်ပြောရရင်တော့ အရှေ့အလယ်ပိုင်းဒေသဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မသိမသာ ချွတ်နင်းဝင်ရောက်လာနေတာမို့ (ရင့်ကျက်မှုမရှိသေးသော်လည်း) ဒီမိုကရေစီဝါဒ ရှင်သန်ထွန်းကားလာနိုင်တယ်လို့ ယူဆစရာရှိပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ဆိုတာက နည်းစနစ်တွေလိုနေပါတယ်။ ယနေ့ အရှေ့ အလယ်ပိုင်း ဒေသဟာ ဖြစ်စဉ်ပေါင်းစုံတွေနဲ့ ထုံမွှန်းနေတာပါ။ လူမျိုးတူသော်လည်း ဘာသာမတူကြတာမို့ ဆွန်နီ ရှီယိုက် ပဋိပက္ခလည်း ကြောက်ခမန်းလိလိ ကြီးထွားနေဆဲဖြစ်ပါတယ်။
မဲဆန္ဒရှင်များကတော့ သူတို့အလိုရှိရာ မဲပုံးမှာ မဲထည့်မို့ မဲ ရုံတွေဆီ လွတ်လပ်စွာ သွားနိုင်ကြပါပြီ။ နောက်တကြော့မဲပေးရမယ်ဆိုလည်း မဲပေးကြဖို့ အသင့်ရှိနေကြပါတယ်။ ဒီမိုကရေစီလှိုင်းလုံးကြီးများ ရိုက်ခတ်လာရာမှာ ဘယ်လိုပဲအင်အားနည်းနည်း၊ ဘယ်လိုပဲ နှေးကွေး နှေးကွေး၊ ဘယ်လိုပဲ ခြားနားခြားနား ဒါက နောက်ပြန်ဆုတ်မရနိုင်တော့ပါဘူး။ တကယ်လို့ ဒါဟာ ကြားဝင်နှောင့်ယှက်မှုမရှိပဲ အားပေးထောက်ခံမှုကအလေးသာရင် ဒီမိုကရေစီအင်အားစုကြီး အမှန်တကယ်ပေါ်ထွန်းလာမှာပါ။ ဒီမိုကရေစီဆိုတာ သွင်းကုန်မဟုတ်သလို ပို့ကုန်လည်း မဟုတ်ပါဘူးတဲ့။ ဒါ့ကြောင့် ရင့်ကျက်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဆိုတာ တိုတောင်းတဲ့ကာလအတွင်း ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။အချိန်လိုအပ်နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ တည်ငြိမ်ပြီး ပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ သူတို့ ဘယ်လိုပုံစံနဲ့ ဒီ ခရီးကြမ်းကို လျှောက်လှမ်းကြမယ်ဆိုတာ ယနေ့  ကမ္ဘာက မျက်ခြေမပြတ် စောင့်ကြည့်နေပြီဖြစ်ပါတယ်။
လာလောဆယ် အာရပ်ကမ္ဘာမှာ ဘာတွေ ဖြစ်နေသလဲ။ ဘာတွေ ပြောင်းလဲသွားပြီလဲ ဆိုတာကိုတော့ လူတိုင်းသိရှိကြပါမှာ။ သူတို့တတွေ မျက်စိပွင့် နားပွင့် လာနေတာပါ။ အာရပ်ကမ္ဘာတခုလုံး ဆူပူအုံကြွမှုတွေနဲ့ ပွက်လောရိုက်နေပါပြီ။ တူနီရှားက စလိုက်တဲ့ ဒီမိုကရေစီတောင်းဆိုမှုများဟာ အာရပ် ကမ္ဘာအနှံ့ပြန့်လာနေတယ်။ (အီရန်ဟာလဲ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရတာပါ)။ အီဂျစ်မှာ မူဘာရပ် ဆင်းပေးလိုက်ရပါပြီ။ လစ်ဗျားက ဂဒါဗီ အညံ့မခံသေးပါဘူး။ ဆိုးတုံး မိုက်တုံး တွယ်ကပ်နေတုံးဆိုပေမယ့် ပြုတ်လုဆဲဆဲ အခြေအနေပါ။ သူဘယ်လောက်တောင့်ခံနိုင်မလဲ ဘယ်သူတွေက သူ့ကို ထောက်ခံအားပေးနေအုံးမလဲဆိုတာ ကမ္ဘာကမျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။
တူနီးရှား. ၊ အီဂျစ် ...ရီမင် ။
အိုမန်။ ဘာရိန်း။
ဆီးရီးယား ..
ဂျော်ဒန်..
အယ်လ်ဂျီးရီးယား..
ဆော်ဒီအာရေးဗီးယား စတဲ့  …
အာရပ်ကမ္ဘာကြီးတခုလုံးရဲ့ ယနေ့ ဖြစ်စဉ်တွေဟာဖြတ်ကနဲ ဖြတ်ကနဲ ပြောင်းလဲ နေတာမို့  .. စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ စောင့်ကြည့်လေ့လာချင်သူတွေ အကြိုက်တွေ့စေမယ့် အနေအထားမှာ ရှိနေပါတယ်။ အတုယူချင်သူတွေအတွက်လဲ စိတ်ဝင်စားစရာပါပဲ။ ။
ခင်မေသစ်
Source - Democracy in the Arab World by Abdulkarim al- Eryani
No comments:
Post a Comment