Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 01, 2013

ပွန်ပီမြို့၏ နောက်ဆုံးနေ့များ

ရုပ်ရှင်တွေချည်းပဲ ဖြစ်နေတော့မှာပဲ။ ရုံးပိတ်ရက်/ အားလပ်ရက်တွေအတွက် >>>>>
ပွန်ပီမြို့၏ နောက်ဆုံးနေ့များ ၀တ္ထုစာအုပ်ကို ဖတ်ဖူးကြပါသလား။ ရုပ်ရှင်ကိုတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ တကယ်လို့ ၀တ္ထုကိုရော ရုပ်ရှင်ကိုပါ မဖတ်ဖူး မကြည့်ဖူးပါဆိုတဲ့ မိတ်ဆွေများအတွက် ခု ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။ စိတ်ဝင်တစားရှိကြလိမ့်မယ်လို့ ထင်ပါတယ်။
The Last Days of Pompeii ၀တ္ထုကို ၁၈၃၄ခုနှစ်က အင်္ဂလိပ်လူမျိုး မူးမတ်နွယ်ဝင် တဦးဖြစ်သူ  စာရေးဆရာEdward Bulwer-Lytton ရေးသားခဲ့တာ ဖြစ်တယ်။

အီတလီနိုင်ငံ နေပယ်လ်ပင်လယ်ကွေ့မှာ တည်ရှိတဲ့ ပွန်ပီမြို့ကို နောက်ခံပြု ဇတ်အိမ်ဖွဲ့ပြီး ရေးသားထားတာပါ။ ပွန်ပီမြို့ရဲ့ သက်တမ်း ၆၀၀ အရမှာ တကြိမ် ငလျှင်လှုပ်ပါတယ်။အကြီးအကျယ်ပျက်စီးခဲ့ပေမဲ့ ပြန်လည်ထူထောင်နိုင်ခဲ့ကြပါတယ်။ AD79ခုနှစ်သြဂုတ်လ ၂၃ရက်နေ့မှာတော့   ဗွီဆူးဗွီးယပ်စ်မီးတောင်ကြီးပေါက်ကွဲမှုဖြစ်ပါတယ်။

ချော်ရည်မိုးများ ပြာပူမိုးများ ကျောက်စရစ်မိုးများ တမြို့လုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ နှစ်ပါင်း၁၇၀၀ကြာအောင် ရှစ်ပေက ဆယ်ပေထိ နစ်မြှုပ် ပျောက်ကွယ်နေခဲ့တာပါ။ ၁၇၄၈ခုနှစ်မှာမှ လယ်သမားတဦးက သူ့  စပြစ်ခြံမှာ ကျောက်ရုပ်တွေ့ ရှိခဲ့တာကြောင့် စံနစ်တကျတူးဖေါ်ခဲ့လို့ မြိုံကြီး ပြန်လည် ပေါ်ပေါက်လာခဲ့တယ်။

မီးတောင်ကြီးပေါက်ကွဲမှု မဖြစ်မီ အချိန်ကာလအတွင်း ပွန်ပီမြို့ရဲ့ အနေအထား  လူနေမှုစရိုက်နဲ့ အချစ် အမုန်း သောက ဒေါသ စသည် ရသစုံ ရှုကွင်းရှုကွက် ဆန်းဆန်းပြားပြားတွေကို  ဖန်တီးချယ်မှုံး ရေးသား ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ကားဟောင်းဆိုပေမဲ့ ဘယ်တော့မှ ရိုးအီမသွားနိုင်ပါဘူး။
ဖတ်ပြီးရင်း ဖတ်ချင်ရင်း ကြည့်ပြီးရင်း ကြည့်ချင်ရင်း စွဲစွဲလန်းလန်း အမြဲတမ်း ဆန်သစ်နေတဲ့ ကားပါ။ဒါ့ကြောင့်လည်း တမင် တင်ဆက်ပေးရခြင်းဖြစ်ပါတယ်။သမိုင်းနောက်ခံ အစစ် အဖြစ်အပျက်တို့ကို စိတ်ကူးယဉ် အချစ်ဇတ်လမ်းကလေး ဖန်တီး ပေါင်းထည့် ရောနှောထားပါတယ်။ 

Theatrical, film and television adaptations
1858 – Errico Petrella's opera Jone, with a libretto by Giovanni Peruzzini based upon the novel, premiered at La Scala on 26 January. It was very successful and remained in the Italian repertoire well into the 20th century, its last known performance being in Caracas, Venezuela, in 1981.
1877 – an ambitious theatrical adaptation was mounted at the Queen's Theatre, Long Acre in London that featured a staged eruption of Vesuvius, an earthquake and a sybaritic Roman feast – the earth did not quake, the volcano did not work, acrobats fell onto the cast below, and the production was an expensive flop.
1900 – The Last Days of Pompeii (UK), directed by Walter R. Booth.
1908 – The Last Days of Pompeii (Gli ultimi giorni di Pompei) (Italy), directed by Arturo Ambrosio and Luigi Maggi.
1912 – The Last Days of Pompeii a three movement concert suite composed by John Philip Sousa.
1913 – The Last Days of Pompeii (Gli ultimi giorni di Pompei) (Italy), directed by Mario Caserini.
1913 – Jone or the Last Days of Pompeii (Jone ovvero gli ultimi giorni di Pompei) (Italy), directed by Giovanni Enrico Vidali and Ubaldo Maria Del Colle.
1926 – The Last Days of Pompeii (Gli ultimi giorni di Pompei) (Italy), directed by Carmine Gallone.
1935 – The Last Days of Pompeii, an RKO film, with Preston Foster and Basil Rathbone, which carried a disclaimer that, although the scenes of Vesuvius erupting had been inspired by the novel, the movie did not use its plot or characters.
1950 – The Last Days of Pompeii (Gli ultimi giorni di Pompei / Les Derniers Jours de Pompéi) (Italy/France), directed by Marcel L'Herbier and Paolo Moffa.
1959 – The Last Days of Pompeii (Gli ultimi giorni di Pompei) (Italy), directed by Sergio Leone.
1984 – The Last Days of Pompeii (Italy/UK/US), a television miniseries.
2007 – Pompei (Italy), tv miniserie in two episodes
2008 – Pompeji (Germany), musical.
******************
သူက မျက်မမြင် ပန်းသည်မကလေး နိုင်ဒီယာ(Nydia)တဲ့။ ပန်းကုံးလေးတွေ ပန်းခိုင်လေးတွေ အလှဆင် ဖန်တီးတတ်တဲ့ မျက်မမြင် မကလေးပေါ့။မျိုကောင်း ရိုးကောင်းပေမဲ့ ငယ်စဉ်အခါကတည်းက ပြန်ပေးဆွဲ ခိုးယူ ကျွန်ပြုခံရတဲ့ သူကလေးပါ။သူက သူဌေးသားလူပေါ်ကြော့ကလေး ဂလောကပ်စ် ကို……။
Nydia
ဂလောကပ်စ်ဆိုတာက  ဂရိနိုင်ငံ အေသင်မြိုသား လူကုံထံ မိဘမဲ့ သူဌေးကလေး တဦး ဖြစ်ပါတယ်။ သုံးမကုန်တဲ့အမွေမြောက်များစွာ ပိုင်ဆိုင်ကြွယ်ဝနေသူပါ။အလုပ် လုပ်စရာမလိုတော့ ကြီးကျယ်ခန်းနားတဲ့ ထမင်းစားပွဲ သောက်ပွဲကြီးတွေ ကျင်းပပြုလုပ်  သူငယ်ချင်းအပေါင်းအသင်းတွေကို ဖိတ်ကြားကြွေးမွေး ပေါ့ပေါ့ကလေး နေထိုင်တတ်သူပါ။ စိတ်ထားမြင့်မြတ်ပြီး ဖေါ်ရွေ ပေးကမ်းတတ်တယ်။လူချစ်လူခင်ပေါတယ်။

တခါက အိုင်းစစ်နတ်ကွန်းမှာ အမှတ်မထင် တွေ့ခဲ့ရပြီး မျက်စိအောက်မှာပင် ပျောက်သွားသူကလေး ကို သဲကြီးမဲကြီး လိုက်လံ ရှာဖွေနေသူပါ။သူရှာနေသူက ဂရိနိုင်ငံ အေသင်မြိုံ့သူကလေး အိုင်အိုနီ (Ione)ကို ပါပဲ။ အိုင်အိုနီက အဆိုအတီးပိုင်နိုင်လှသူပါ။သာယာလှပတဲ့ ညနေခင်းတွေမှာ ခြံထဲဆင်း ပြွေမှုတ် စောင်းတီးသီချင်းဆိုတဲ့အခါ မြို့သူမြို့သားတွေက လာရောက် ခံစားနားထောင်ကြတယ်။ ဂလောကပ်ဟာလည်း သူငယ်ချင်း ကလောဒီးယပ် နဲ့ အတူ တေးသီချင်း လာရောက် နားထောင်ရာက သူရှာဖွေနေသူကလေးကို ဘွားကနဲ ပြန်လည် တွေ့ရှိခဲ့တာမို့ ၀မ်းသာလုံး ဆို့ သွားသတဲ့။

အိုင်အိုနီဟာလည်း မိဘတွေ မရှိကြတော့ မောင်ကလေးနဲ့ နှစ်ယောက်သား မိတ်ဟောင်းဆွေရင်း အာဗေစက်(arbaces) ရဲ့ အုပ်ချုပ်မှုအောက်မှာ ကြီးပြင်းလာခဲ့ကြရတယ်။ အာဗေစက် ဆိုတာက ပဉ္စလက်ဆရာလိုလို နတ်ဝိဇ္ဇာလိုလို ဘာရယ် တိတိကျကျမဟုတ်တဲ့ လူလိမ်တယောက်ပါ။မောင်ငယ်လေးကို အိုင်းစစ်နတ်သမီးရဲ့ ဘုန်းကြီးအဖြစ် သွတ်သွင်းပြီး အမကို အပိုင်သိမ်းပိုက်ဖို့ ကြံရွယ်နေသူဖြစ်တယ်။လူတွေကိုလည်း နတ်ဟောစာတမ်းတွေပေးပြီး ဆွဲဆောင်ငွေညှစ်နေသူဖြစ်တယ်။အိုင်အိုနီနဲ့ လူအများကိုတော့ သူဟာ လျို့ဝှက်ဆန်းကျယ်တဲ့ အီဂျစ် ရှေးဟောင်းအတတ်ပညာတွေ ကျွမ်းကျင် တတ်မြောက်နေတဲ့ ပညာရှင်တယောက်အနေနဲ့ သူ့ကိုယ်သူ အမွှန်းတင် ဖေါ်ကျူးနေတတ်တယ်။ သူက အိုင်အိုနီကို အပိုင်ကြံနေသူဆိုတော့ ဂလောကပ်နဲ့ ချစ်ကြိုက်မှာကို အလိုမတူပါဘူး။ တနေ့ သူ့အိမ်ကို ဖိတ်ပြီး ဖွင့်ဟ ပြောကြားရာမှာတော့ ငလျှင်လှုပ်ချိန်နဲ့ ကြုံကြိုက်ပြီး အာစေက် ဒါဏ်ရာ အပြင်းအထန်ရခဲ့တယ်။ အိုင်အိုနီလည်း မျက်လှည့်ဆန်ဆန် ပြကွက်တွေနဲ့ လိမ်လည် လှည့်ဖျားနေတဲ့ အာဗေစက် ရန်က သီသီလေး လွတ်မြောက်သွားတယ်။

အရေးပါတဲ့ ဇတ်ကောင် နောက်တဦးက မိန်းမချောလေး ဂျူလီယာပေါ့။ ကျွန်ဘ၀က လွတ်မြောက်လာသူ ဒိုင်အိုမက်ရဲ့ သမီးပါ။ ငွေကြေး ဥစ္စာ ချမ်းသာကြွယ်ဝလာမှုကို အကာအကွယ်ယူပြီး ကျွန်ဖြစ်ရခြင်းကို ဖုံးဖိနေကြတယ်။ ဒါ့အပြင် ဂလောကပ်ကို သဲကြီး မဲကြီး မျက်စိကျနေသူလည်း ဖြစ်တယ်။ အလားတူ ဂလောကပ်ကို အသေအလဲ ချစ်ကြိုက် ပေမဲ့ အဆင့်မတူလို့ မိမိစိတ်ကို ချိုးနှိမ် အားငယ်နေရသူ နိုင်ဒီယာ့ထံက အကူအညီ ရယူချင်တယ်။ ဂလောကပ်ကို သူချစ်နေတဲ့အကြောင်း အနုဆေးတိုက်လိုကြောင်း ဘယ်မှာ ရနိုင်မလဲ မေးတဲ့အခါ ကလေးဆန်ပြီး မသိနားမလည်ပဲ အီဂျစ်လူမျိုး အာဗေစက်ရှိတာပဲ လို့ ဖွင့်ဟ ပြောကြားလိုက်မိတယ်။ဂျူလီယာဟာ အာဇေစက်နဲ့ ပေါင်းပြီး ဗွီဆူးဗီးယပ်တောင်ခြေရှိ ဂူကြီးတခုအတွင်းက စုန်းမကြီးတယောက်ထံမှ ဖေါ်စပ် ရယူခဲ့ကြတယ်။ ဒါပေမဲ့ အာဗေစက်က  ဂလောကပ်ကို အကောက်ကြံချင်တော့ လက်ဦးမှု ယူပြီး အနုဆေးအစား  အရူုးဆေး ပေးလိုက်ဖို့ သူ့တပည့် စုံးမကြီးကို ကြိုတင် မှာထားတာကိုး။ ဒီတော့ ကလေးပီပီ ကလေးအတွေးနဲ့ အနုဆေးထင်ပြီး သူ့ကိုချစ်မလားလို့ မျက်မမြင်မကလေးက ဂျူလီယာ့ထံက တိတ်တဆိတ်ခိုးယူတယ်။ ဂလောကပ် သူ့ကို ချစ်လာအောင် နိုင်ဒီယာက တိုက်ပါတယ်။ သွက်သွက်ခါအောင်ရူးတော့ နိုင်ဒီယာတယောက် အမှားကြီးမှားပြီလို့ နောင်တရ ရင်ကွဲ တော့တာပေါ့။
ဒီအထဲ အိုင်အိုနီ့ မောင်ငယ် ဘုန်းကြီးပေါက်စကလေး အပီးစီးဒီးစ် ဟာ သူ့အမိန့် မနာခံဘူးဆိုပြီး ဒေါသထွက်နေတဲ့ အာဗေစက်က  ကညစ် နဲ့ ဗိုက်ကိုထိုးလိုက်တယ်။ အပီးစီးဒီး သေသွားတယ်။ ကညစ်ကို သွက်သွက်ခါအောင်ရူးနေတဲ့ ဂလောကပ်လက်ထဲ အာဗေစက်က ထည့်ပါတယ်။ ဂလောကပ်က ကညစ်ကြီးကိုင်ပြီး ဟိုဟိုဒီဒီ လျှောက်သွားတယ်။လူတွေမြင်ကုန်တယ်။ အပီးစီးဒီးကို သတ်တဲ့ တရားခံအဖြစ် အာဗေစက်က ပြီပြီပြင်ပြင် ပုံဖေါ်လိုက်ပါတယ်။တရားသူကြီးပန်ဆာ က ဂလောကပ်ကို ဖမ်းချုပ်စေပြီး ဂလက်ဒီရေတာ(gladiator)   အဖြစ် ခြင်္သေ့နဲ့   ပြိုင်ဆိုင် သတ်ဖြတ်ကြဖို့ စီရင်ချက်ချပါတယ်။ ဂလောကပ်ရှုံးခဲ့ရင် ခြင်္သေ့က လက်တွေ ခြေတွေ ဖဲ့ရွဲ့စားမှာပေါ့။ အူတွေ အသဲတွေ ဖေါက်စားမှာပေါ့။ ဒါကို တရားသူကြီးနဲ့ ပရိသတ်တွေက ပျော်ပွဲ ရွှင်ပွဲ အနေနဲ့  ကြည့်ရှုကြမှာပါ။ ဒါပေမဲ့ အံ့သြဖို့ ကောင်းတာက  အစာရေစာ ငတ်ပြတ်ခံထားတဲ့ ခြသေ့င်္က တချက်တော့ ဟိန်းပါရဲ့။ မစားပါဘူး။ မမြင်ယောင်ဆောင် ရှောင်ထွက်သွားတယ်။ အီဂျစ်လူမျိုး ကညစ်နဲ့ ထိုးသတ်တာကို မျက်ဝါးထင်ထင် မြင်လိုက်သူက ကလင်နပ်ပါ။ အချိန်မီ လာရောက်အစစ်ခံနိုင်အောင် မျက်မမြင်မကလေးက အမျိုးမျိုး ကြိုးပမ်းခဲ့ရှာတာပါ။ 

တဦးတည်းသော သက်သေကိုလည်း အာဗေစက်ဟာ သူ့ရတနာတိုက်ထဲမှာ သော့ခတ်ပိတ်လှောင်ထားခဲ့တယ်။ကလင်နပ်က ရွှေတွေကို မက်မောတော့ ရွှေပေးရင် မဖေါ်ဘူးတဲ့။ရွှေတွေ ပုံပေးရမယ် ဆိုတာကိုး။ အာဗေစက်က ပြောပါတယ်။ ကဲ မင်းလိုချင်တဲ့ ရွှေတွေ ကြိုက်သလောက်ယူ  ဒါပေမဲ့ မင်း ပေါင်မုံ့ တချပ်တောင် ရမှာ မဟုတ်ဘူး တဲ့။ မှတ်သားစရာပဲနော်။မကောင်းမှု ဒုစရိုက်သမားဆိုတာ ကြာကြာ ကောင်းစားမနေပါဘူး။ အလွန်ဆန်းကြယ်လှတဲ့ သဘာဝ တရားက အာဗေစက်ကို ဒါဏ်ခတ်ပါတယ်။ ဗီိဆူးဗီးယပ် မီးတောင်ကြီးက ပေါက်ကွဲတော့မယ် အန္တရယ်ပေးတော့မယ် ဆိုတော့  သူက အယင် မြင်တာပါ။ သူ့ကို ခြင်္သေ့စာကြွေးဖို့ ဟစ်အော် တောင်းဆိုနေတဲ့ လူထု ပရိသတ်ကြီးကို တိတ်တိတ်နေကြ လူမိုက်တွေ ..နတ်တွေက မနေဘူး။ ငါ့ကို မနေပြီ လို့ မိုးခြုံးသံနဲ့  အော်သတဲ့။

 ခြင်္သေ့ရန်က လွတ်ကင်းသွားပေမဲ့  သြဂတ်စတပ်အရုပ် ထွင်းထုထားတဲ့  ကျောက်တိုင်ကြီးလဲကျလို့ အာဗေစက် ပိသေသွားပါတယ်။

နောက်ဆုံးကျတော့  သတိပြန်လည်လာတဲ့ ဂလောကပ်နဲ့ အိုင်အိုနီကို ကျောက်ခဲမိုး ပြာမိုး ချော်ရည်မိုးတွေနဲ့ မှောင်ပိန်းနေတဲ့ ကြားက တချက်တချက် ၀င်းကနဲ လက်ကနဲ ဖြစ် ဖြစ်လာတဲ့ အလင်းရောင်အောက် မှောင်မည်းမည်းမှာ    ကျင့်သားရှိပြီး ဖြစ်တဲ့ မျက်မမြင်မကလေး နိုင်ဒီယာကပဲ ဦးဆောင် ကယ်တင်ခဲ့ပါတယ်။ ကလေးသာသာ မိုက်ရူးရဲကလေးမို့ မှားမိတာကို သူက နောင်တရမဆုံး ဖြစ်နေရှာတယ်။သူဟာ ဂလောကပ်အပေါ် အပြစ် ပြုမိတယ်ရယ်လို့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ခဲ့ဘူး။တဘက်သတ်အချစ်နဲ့ ချစ်နေမိပြီး ရယူပိုင်ဆိုင်ခြင်း မဟုတ်တဲ့ ပေးဆပ်ခြင်းသက်သက်နဲ့သာ  ချစ်သူ ဆင်မြန်းဖို့ ပန်းကုံးတွေ တခုပြီး တခု ကုံးသီ ပေးနေချင်ပါတယ် တဲ့။ ခလေးစိတ် ခလေးအတွေးနဲ့ ဆွေးနေရှာသူကလေးပေါ့။ ဂလောကပ်က ကြင်နာတတ်သူဆိုတော့ နှမလေး တယောက်လို မြင်ပြီး ကျွန်အဖြစ်က ကင်းလွတ်စေခဲ့တာပါ။ 
  
ပြာမိုး ချော်မိုးတွေနဲ့ ဝေးရာသို့ လူများ လှေကြီးနဲ့ ထွက်ခွာသွားရာမှာ နိုင်ဒီယာတယောက် ပါမသွားပါဘူး နောက်ချန်နေရစ်ပြီး ပင်လယ်တွင်း ခုန်ဆင်းသွားသတဲ့။
ဘယ်သူ ဘာဖြစ်တယ်ဆိုတာ အမှောင်ထဲမှာ ဘသူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ပွန်ပီမြို့ ဟာ နှစ်ပေါင်း၁၇၀၀ တိုင်တိုင်  ချော်ရည်အောက်မှာ နစ်မြုပ်နေတာပါ။
ဒီအကြောင်း ရေးဖူးပါတယ်။ လူသားတွေ စစ်စစ်တွေ အရှင်လတ်လတ် ချော်ရည်လောင်း သတ်ဖြတ်ခံထားရတာပါ။ ဒါကို  ရှေးဟောင်းသုတေသန ပညာရှင်တို့က တူးဖေါ်ပြသ နိုင်ခဲ့ပါတယ်။ ရုပ်ရှင်မှာတော့ မီးတောင်ကြီး ပေါက်ကွဲပုံ (ရာဇသတ်သားများကို တရားစီရင်ခြင်း ဆိုတဲ့) ရောမခေတ် လူလူချင်း ထိုးသတ်တိုက်ခိုက်ကြရပုံ သားရဲတိရိစ္ဆာန်နဲ့ သတ်ဖြတ်ကြရပုံ စတာတွေ ပယ်ပယ်နယ်နယ် ရိုက်ကူးထားပါတယ်။ ခရစ်ယန်ဘာသာအသစ် ထွန်းကားလာစ မို့ ခရစ်ယာန်အယူဝါဒကို စမ်းသပ်ကြပုံ ကိုလည်း ပီပြင်စွာ  ပြသထားပါတယ်။

နောင် ဆယ်နှစ်အကြာမှာ တော့ ဂလောကပ်နဲ့ အိုင်အိုနီတို့ဟာ သူတို့ချစ်ခင်ကြင်နာရတဲ့ နိုင်ဒီယာ ညီမငယ်အတွက် လှပတဲ့ ဂူသချိုင်းလေးတခု အမှတ်တရ တည်ဆောက်ပေးခဲ့ကြောင်း အေသင်မြို့ကနေ ရောမကို ပြောင်းရွှေ့နေထိုင်သူ ဆဲလပ်ဆီ စာရေး အကြောင်းကြားခဲ့ကြပါတယ်။

Florist 
Ref : wikipedia

No comments: