Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 01, 2013

ဝိုးတ၀ါး သူ့ရုပ်သွင်

The Bourne Identity (2002 film) 
၂၀၀၂ခုနှစ်က မက်ဒေမွန် ၂၁နှစ်သားက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်
The Legend of Bagger Vance မှာ ဂေါ့ဖ်ရိုက်သမားအဖြစ် မြင်တွေ့ခဲ့ကြရတဲ့  မက်ဒမွန် (Matt Damon)ဟာ  ခု ဒီကားမတော့ လူကြမ်းသေနတ်သမား တယောက် အသွင် သရုပ်ဆောင်ထားတယ်။။မာဆေးလ် မြို့အနီး မက်ဒီတာရေးနီးယဲန် လို့ခေါ်တဲ့ မြေထဲပင်လယ်တကြောမှာ  သေနတ်ဒါဏ်ရာ နှစ်ချက်နဲ့ တအိအိ မျောပါလာတဲ့  အမေရိကန်လူငယ်တယောက်အဖြစ် ဇတ်လမ်းအဖွင့်မှာ မြင်တွေ့ကြရပါလိမ့်မယ်။အီတလီ ငါးဖမ်းလှေက သူ့ကို ကယ်တင်တဲ့အခါမတော့ သူဟာ သူ့ ကိုယ်သူ ဘယ်သူ ဘယ်ဝါဆိုတာ ဘာမှ အစဖေါ်မရတဲ့ သူဖြစ်နေတယ်။
သူဘယ်သူလဲ။ ဘယ်ကလာသလဲ ။ 
ဘယ်ကိုသွားမလဲ ။ ဘာမှ မသိဘူး။
ထူးခြားတာတခုက သူဟာ ဘာသာပေါင်းများစွာ နားလည် ကျွမ်းကျင်နေခြင်းပဲ။
 ကံအားလျော်စွာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က (Safe doposit box number )ဘဏ်နံပတ်ကို   သဲလွန်စ အဖြစ် သူ ရလိုက်တယ်။
သင်္ဘော ကျောက်ချ ရပ်နားတဲ့အခါ သူ့ဘ၀ သူ့ဖြစ်စဉ်ကို စူးစမ်းဖို့ အားထုတ်ပါတော့တယ်။ပျောက်နေတဲ့ သူ့ဘ၀ကို ပြန်လည် တူးဖေါ်ဖို့က သူတာဝန်ပဲ မဟုတ်လား။
  ဗာဂျီးနီးယားပြည်နယ် CIA ဌာနချုပ်မှာတော့ ညွှန်ကြားရေးမှူးချုပ် ၀ါ့ထ်အဲဘော့ ဟာ နိုက်ဂျီးရီးယား စစ်အာဏာရှင်ပြည်ပြေး  နက်ခ်ဝါနာ ၀မ်ဘိုစီ ကို  အပြီးတိုင်  သုတ်သင်ဖို့ အရေးတကြီး စိုင်းပြင်းနေတယ်။
ဇူးရစ်မှာလည်း ရီိဝေေ၀ မှုံတေတေ ဖြစ်နေတဲ့ အတိတ်မေ့ လူငယ်လေးကို မသင်္ကာစိတ်နဲ့ ပုလိပ်နှစ်ယောက်က လိုက်လံ ချောင်းမြောင်း တိုက်ခိုက် ဖမ်းဆီးရာမှာတော့ သူဟာ အံ့သြဖွယ်ကောင်းအောင် ခုခံ ကာကွယ် နိုင်စွမ်းရှိသူ ကိုယ်ခံအားကောင်းသူ ဆိုတာ  သူသိလာရပြန်တယ်။
နောက်နေ့မနက် ဇူးရစ် ဘဏ်မှာ နံပတ်ပေး စုံစမ်းတဲ့အခါ အာမခံ သေတ္တာတခုသူ ရလိုက်ပြီး သေတ္တာထဲမှာတော့ သေနတ်တလက် နှင့်အတူ သူ့ဓါတ်ပုံနဲ့ အမည်နာမ အမျိုးမျိုး ကွဲပြားခြားနားနေတဲ့ ပတ်စ်ပို့ စာအုပ်ပေါင်းများစွာ နှစ်သောင်းတန်ဒေါ်လာစက္ကူ အုပ်ရေပေါင်းများစွာ ကို မမျှော်လင့်ပဲ ပဟေဠိဆန်စွာ တွေ့လိုက်ရတယ်။အဲဒီ ပတ်စ်ပို့စာအုပ်များထဲက ဂျက်ဆင် ဘောင်းနီ (Jason Bourne )အမည်နဲ့  အမေရိကန်ပတ်စ်ပို့ တခု သူ ကောက်ယူလိုက်ပြီး သူ မသိတဲ့ သူ့ဘ၀ကို စတင်ဖို့ သေနတ်တလက်နဲ့ ခရီးနှင်ခဲ့ပါပြီ။

ထူးခြားတဲ့ သူ့ဟန်ပန်ကို မသင်္ကာသူ ဘဏ်လုပ်သားတယောက်က စီအိုင်အေ ဌာနချု့ပ်က အော့ပရေးရှင်း ထရိစတုန်း ခေါင်းဆောင် အလက်ဇန်းဒါးကွန်ကလင်း ကို ဖုန်းဆက် အကြောင်းကြားလိုက်တယ်။စီအိုင်အေဟာ  နိုက်ဂျီးရီးယား ကိစ္စမှာ နောက်ပိုင်းက ပါဝင် ပတ်သက်နေတာပါ။

စီအိုင်အေညွှန်မှူး ၀ါ့ထ် အဘော့ထ် ဟာ ဂျက်ဆင် ဘောင်းနီကိုလည်း   ရှင်းပြစ်ရမယ်လို့ အခိုင်အမာ ပြောဆိုနေတယ်။ ကပ်စ်တယ်လ်၊  မန်ဟဲန် ၊ ပရိုဖက်ဆာ ဆိုတဲ့ ဧဂျင့် သုံးယောက် ကိုလည်း  ဂျက်ဆင် ဘောင်းနီ ကို စောင့်ကြည့်ဖို့ တာဝန်ပေးအပ်ထားပြီး အာဏာ အပ်နှင်းလိုက်တယ်။ ဂျက်ဆင်ဟာယူအက်စ် သံရုံးကို ခေတ္တခိုဝင်ပြီး ပြန်ထွက်လာတဲ့အခါ ရဲတွေက သူ့ကို နောက်ယောင်ခံ လိုက်နေကြပြန်တယ်။သူ ကိုယ်ရောင်ဖျောက် ပြေးထွက်ခဲ့ပြီး  အမှတ်မထင် လမ်းပေါ်မှာ ကားမောင်းထွက်ခွာမဲ့ဆဲဆဲ ဂျာမန်အမျိုးသမီးကလေး မေရီ ကရူးဇက် ကို တွေ့ကြုံ တာနဲ့  ဒေါ်လာ၂သောင်းထုပ် တထုပ် ပြစ်ပေးပြီး ပါရီ မြို့ကို လိုက်ပို့ ရန် အရေးဆိုခဲ့တယ်။မျက်နှာမြင် ချစ်ခင်စရာကောင်းနေတဲ့ ဂျက်ဆင့်ကို ဂျာမန်သူကလေး မေရီက  ပါရီမြို့အထိ ကားမောင်း လိုက်ပို့ခဲ့ပါတယ် ။ လမ်းမှာ သူတို့ နှစ်ဦး ရင်းနှီး ကျွမ်းဝင်ခဲ့ကြတယ်။ စီအိုင်အေရုံးဌာနချုပ်မှာတော့ သူတို့နှစ်ဦးအသွားအလာကို မျက်ခြေမပြတ်  ချေရာခံ စောင့်ကြည့်နေတာမို့ ဘယ်သွားတယ် ဘယ်လာတယ် အကုန်သိ။ရုပ်လုံးဖေါ်ကြည့်  ပရင့် ထုတ်ကြည့် တကုပ်ကုပ် အလုပ်ရှုပ်နေကြဆဲပါ။ပြီးတော့ အလိုရှိသည် တဲ့။

ဂျက်ဆင် ဘောင်းနီရဲ့ ပတ်စ်ပို့ လိပ်စာအရ ပါရီက အိမ်ခန်း ကို သူတို့နှစ်ဦး ရောက်ရှိလာကြပါပြီ။ဟိုတယ်ရီဂျီနာ ကို ဖုန်းဆက်သွယ်ကြည့်တော့ နာမည်က ဂျက်ဆင် ဘောင်းနီအမည်နဲ့ မှတ်ပုံတင် စာရင်းပေးတာ မရှိပြန်ဘူး။ ဂျွန်မိုက်ကယ်ကိန်း အမည် ဖြစ်နေပြန်ရော။ဒါ့အပြင် ဂျွန် က လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အလွန်က ကားအက်ဆီးဒဲ့န် ကြောင့် သေသွားပြီ ဆိုပဲ။

ဒီအချိန်ကလေးမှာ ကပ်စ်တယ် က တိတ်တဆိတ်အခန်းတံခါးဖွင့် ရောက်ရှိလာပြီး ဂျက်ဆင့်ကို ၀ရုန်းသုဉ်းကားစတင် တိုက်ခိုက်တော့တယ်။ဂျက်ဆင်က တော်တော်လေး  ခုခံ ကာကွယ်လိုက်ရတယ်။ ကပ်စ်တယ်ဟာ သူ မနိုင်မှန်း သိပြီး ပြတင်းပေါက်ကနေ ခုန်ချအပြေး အဆင်မပြေချင်တော့ ပွဲချင်းပြီး မှောက်ရက် ကြီး သေပါလေရော။ ကပ်စ်တယ် အိပ်ကပ်ထဲက ထွက်ကျခဲ့တဲ့ စာရွက် စာတမ်းတွေမှာ စီအိုင်အေက ဓါတ်ပုံနဲ့တကွ သူတို့နှစ်ဦးကို သဲကြီး မဲကြီး ချေရာခံ လိုက်နေကြောင်း (Wanted) ဖေါ်ပြနေလို့ မေရီ အဖြစ်မှန်ကို သိရှိသွားပြီး တော်တော်လေး  စိတ်မကောင်းဖြစ်သွားရှာတယ်။ 

သူ့ကိုယ်သူ ဘယ်သူဆိုတာ မသိ။ဝိုးတ၀ါးဖြစ်နေတဲ့ ဂျက်ဆင်တယောယ် ဂျွန်မိုက်ကယ်ကိန်း ဆိုတာ ဘယ်လိုလူလဲ။ စုံစမ်းဖေါ်ထုတ်ဖို့ လိုလာပြန်ပြီ။ ၀မ်ဘိုစီဆိုတဲ့ ပြည်ပကို တိမ်းရှောင်နေသူ စစ်အာဏာရှင် က  သူ့ကို   အသက်အန္တရယ်ပေးမဲ့   ပြင်းပြင်းထန်ထန် တိုက်ခိုက် လုပ်ကြံမဲ့သူရှိကြောင်း ဒါပေမဲ့ အဲဒီ ကိန်းဆိုတဲ့သူ သေသွားပြီဖြစ်ကြောင်း သူယုံကြည်နေတယ်။ ကွန်ကလင်း ကတော့ ပဲရစ်မြို့ရှိ အလောင်းထားသိုခန်း တခန်းက အလောင်းအိပ်ကို ဖွင့်ပြလိုက်တယ်။ ကိန်း ဟုတ်ရဲ့လား။ မေရီဟာ ဂျက်ဆင့်အတွက် စိတ်မအေးဘူး။ ရှုပ်ရှုပ်ထွေးထွေးတွေထဲ ပါဝင်ပတ်သက်မှု မရှိစေချင်ဘူး။အေးအေးဆေးဆေး  အနားယူဖို့ တိုက်တွန်းရင်း သူမ ငယ်သူငယ်ချင်း အယ်မွန် နှင့် ခလေးများ ရှိရာ ပြင်သစ် ကျေးလက် စံအိမ်ကလေး ဆီ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ နောက်နေ့မနက်မှာပဲ  ပရိုဖက်ဆာ က ချေရာခံ ရောက်လာတော့တယ်။ဂျက်ဆင် ကလည်း လက်မနှေးပါဘူး။အယ်မွန့် တောပြစ် သေနတ်ကို  ကောက်ကိုင်လိုက်ပြီး ကွင်းပြင်ထဲကို ထွက်လိုက်လာတယ်။ အစာ တွေ့တဲ့ ကျားလို ခုန် ခုန် ပြီး အပြေးလိုက်တာပါ။ပေါ့ပါးဖြတ်လပ်မှုနဲ့ အကင်းပါးမှု မျက်စိရှင်မှု စသည်တို့မှာ  ဂျက်ဆင်ကို ဘယ်သူမှ မမှီနိုင်ပါဘူး။ပရီဖက်ဆာ သေနတ်နှစ်ချက် အပြစ်ခံလိုက်ရပြီ။ မြေမှာ လဲပြိုသွားတယ်။ မင်း ဘသူလဲ။ ငါ့ကို ဘာ့ကြောင့် နောက်ယောင်ခံ လိုက်နေသလဲ စသဖြင့် ဂျက်ဆင် သိချင်တာတွေ အကုန်မေးတော့တယ်။ဂျက်ဆင်ဘရောင်းနီဟာ ကိန်းဟန်ဆောင်ပြီး ၀မ်ဘိုစီ ရွက်လှေပေါ်မှာ လုပ်ကြံခဲ့ပုံ ခလေးများ အနီမှာ ပူးပူးကပ်ကပ် အိပ်ပျော်နေကြလို့ အရေးမလှခဲ့ရပုံ သူသိလာတယ်။သူမသေခင် ထရိစတုန်း မစ်ရှင်အကြောင်းနဲ့ အဖွဲ့ခေါင်းဆောင် အလက်ဇန်းဒါးကွန်ကလင်း အကြောင်းသိလိုက်ရပြီ။ ဖုန်းနံပတ်လည်းရပြီ။ဖုန်းဆက်သွယ်လို့ မရပါဘူး။ 
လူကိုယ်တိုင် လိုက်မှ။
အယ်မွန်နှင့် ခလေးများရယ် မေရီရယ်ကို ဘေးကင်းရာဆီ ရှောင်နေစေပြီး သူက ခရီးတခုကို စတင်လိုက်ပြီ။ 

အော့ပရေးရှင်း ထရိစတုန်း (Operation  Treadstone) တည်ရှိရာ အဆောက်အဦးသို့။
ရုံးခန်းတံခါကို တွန်းဖွင့်လိုက်တယ်။ကွန်ကလင်းနဲ့ နစ်ကီ ပါဆင် တို့ကို သေနတ်နဲ့ တခါတည်း ထိုးချိန်လိုက်တယ်။ဒီအချိန်မှာပဲ ရွက်လှေပေါ်မှာ သူသေနတ်ဒါဏ်ရာ ရခဲ့ပုံ ပြန်ပြောင်းသတိရလာတယ်။နောက်ဆုံး မစ်ရှင်အဖွဲ့ လုပ်ငန်းအချိန်ကို သူသိလာပြီ။
သူဘယ်သူလဲ ဆိုတာ  မြင်လာတယ်။တခုပြီးတခု ဖလက်ရှ် ဘက်ခ် မှာ ပေါ်လာတယ်။ (အော် ဒီလိုကိုး )
ဂျက်ဆင်ဟာ ကွန်ကလင်းကို သူ  အော့ပရေးရှင်း ထရိစတုန်းမှ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်းနဲ့ နောက်ထပ် သူ့နောက် လိုက်လံ ချောင်းမြောင်းတာမျိုး မလုပ်ရန် သတိပေးလိုက်ပါတယ်။ ညွှန်ကြားရေးမှူး ၀ါ့ဒ် အဲဘေါ့ထ် ကလည်း ထရိစတုန်းကို အဆုံးစွန် ဖျက်သိမ်းလိုက်ပါကြောင်းနဲ့ ဘလက်ခ်ဘရဲ( Black briar)အမည်သစ်နဲ့  ပရောဂျက်တခု ပြုလုပ်မယ် ဆိုတဲ့အကြောင်း ကြေငြာခဲ့ပါတယ်။

ဒီ့နောက်မှာတော့ သူ့ကို အေးအေး နေစေလိုတဲ့ ဂျာမန်သူကလေး မေရီ ကို ရှာဖွေဖို့ ဂရိနိုင်ငံက မိုင်ကိုနော့စ်ကျွန်း ကို သူ ခရီးပြင်း နှင်ခဲ့တယ်။
ဟုတ်ပါတယ်။ 
မေရီက ဂရိကျွန်းကလေးကနေ တိုးရစ် သမားတွေကို ဆိုင်ကယ်ငှားတဲ့အလုပ် လုပ် ငွေရှာရင်း သူ့ကို စောင့်နေမှာပါတဲ့။

 ရုပ်ရှင် ဇတ်ဝင်ခန်းအကျဉ်းကတော့ ဒီမျှပါပဲ။ တစ်ကားလုးံနီးပါး ပါရီမြို့မှာ ရိုက်ကူးခဲ့တာမို့ ပြင်သစ်တို့ရဲ အလှကြိုက်မှု အလှခံစားတတ်မှု ကို သိနားလည်လာမှာ ဖြစ်သလို ကိုလိုနီ နိုင်ငံအများအပြား ပြင်သစ်က ဘာ့ကြောင့် ပိုင်ဆိုင်နိုင်ခဲ့သလဲ ဆိုတာတွေ တထိုင်တည်း  နားလည် သဘောပေါက်သွားပါလိမ့်မယ်။ပြင်သစ်ရဲ့ ခန်းနားကြွယ်ဝမှု ၊မြင့်မြတ်ကြီးမြင့်မှု စမတ်ကျကျ နေတတ်မှုတို့က ကမ္ဘာကို ဦးဆောင်စေတယ်မဟုတ်လား။အားကျ အတုယူလောက်ပါပေတယ်။

ပါရီမြို့ရဲ့ အလှ အပတွေကို လည်း အံ့သြလောက်ဖွယ် တခန်းတနားတွေ့မြင်ကြရမှာပါ။
ကဲ..သူ ဘယ်သူလဲ သင်သိပြီလား။ သူကိုယ်တိုင်ကော သူဘယ်သူလဲ သိပြီတဲ့လား။
ဂျက်ဆင် ဘရောင်းနီ ဆိုတဲ့ အမေရိကန် လူငယ်လေးဟာ 
ကြေးစားလက်ဖြောင့် လူသတ်သမားတဲ့လား/တိုက်ခိုက်ရေးသမားလား ။
လိုရင် လိုသလိုသုံးပြီးမလိုရင် မလိုသလို ရှင်းတတ်တဲ့ CIA က လက်သတ်မွေး သားကောင်လေးလား..။
ပတ်စ်ပို့အမျိုးမျိုး နာမည်အမျိုးမျိုးနဲ့ ရုံးတကာ လှည့်လည်လိမ်ညာနေသူလား။ 
ဘာသာပေါင်းစုံ တတ်ကျွမ်းနားလည်တဲ့ ဆရာတဆူပဲလား။
ဒေါ်လာ သန်းပေါင်းမြောက်မျာစွာ ချမ်းသာတဲ့ သူကြွယ်ကြီးလား ..
ဘယ်သူလို့ သင်ထင်ပါသလဲ။
သင် ကြိုက်သလို 
လွတ်လပ်စွာ တွေးခေါ် ထင်မြင်နိုင်ပါတယ်။

Florist

No comments: