Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 08, 2013

ဟိုသတင်း ဒီသတင်း

၁.  ခရီးသွားတွေများလှတဲ့ မီးပြတိုက်
The Irish Times နေ့စဉ်သတင်းစာကဖော်ပြခဲ့တဲ့ ၂၀၁၃ မှာ Loop Head ဟာ အိုင်ယာလန်မှာ အားလပ်ရက်အပမ်းဖြေခရီးထွက်စရာအကောင်းဆုံးနေရာလို့ အမည်တပ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာလည်း အိုင်ယာလန်အနောက်ပိုင်း ရှန်နွန်မြစ်ဝ၊ Loop Head ကျွန်းဆွယ်ဟာ အီးယူးက ရွေးချယ်ပေးအပ်တဲ့ ခရီးသွားလုပ်ငန်းတွေရဲ့စိတ်အဝင်စားဆုံးနေရာအဖြစ် သတ်မှတ်ချီးကျူးဂုဏ်ပြုတဲ့ဆု Europfean Destinations of Excellence Award ရရှိခဲ့တယ်။ အဲဒီဆုဟာ သဘာဝအတိုင်းမပျက်မယွင်းထိန်းသိမ်းထားနိုင်တဲ့အလှအပ၊ အံ့သြဖွယ်ရာလှုပ်ရှားမှုတွေနဲ့ eco friendly ဧရိယအတွက် ပေးတဲ့ဆုပါ။ မီးပြတိုက်ဟာ အိုင်ယာလန်က ကီလိုမီတာ ၂၅၀၀ ရှည်လျားတဲ့ အလှပဆုံးကမ်းရိုးတန်းသဘာဝရှုခင်း၊ Wild Atlantic Way အလယ်ပိုင်းလောက်မှာ ရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ထိတိုင်အောင်ပြုလုပ်ခဲ့တဲ့ ခြောက်လတာ ဖွင့်ပွဲကာလအတွင်းမှာ  Loop Head မီးပြတိုက်ဆီ လူပေါင်း ၁၉၀၀၀ (လူကြီး ၁၄၁၀၁ ဦးနဲ့ ကလေး ၅၀၈၂ ဦး) လာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီ Clare County ဒေသက ပြုစုထားတဲ့ ကနဦးစာရင်းအရ လာလည်သူဧည့်သည်တွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ပြည်တွင်း၊ ဒေသခံတွေ(၅၅ ရာခိုင်နှုန်းက အားလပ်ရက်တွေအနားယူကြသူ၊ ၃၀ ရာခိုင်နှုန်းကတော့ နေချင်းပြန်အပျော်ခရီးထွက်ကြသူ) နဲ့ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကတော့ ပင်လယ်ရပ်ခြားက ဧည့်သည်တွေလို့ ဆိုတယ်။ အဲဒီ West Clare ဒေသ Loop head ကျွန်းဆွယ်အနီးအနားမှာ ကီလ်ဘာဟာ၊ ခရောစ် နဲ့ ကာရီဂါဟောထ် ရွာသုံးရွာရှိနေပါတယ်။ မီးပြတိုက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၁ က ဖွင့်လှစ်ခဲ့တာပါ။ ပထမ ရက်သတ္တ ငါးပတ်အတွင်း ဧည့်သည် ၁၂၀၀၀ ဦးထိရှိခဲ့တဲ့ အရိုင်းဆန်ဆန် သဘာဝအတိုင်း ဒါပေမဲ့ ထူးခြားဆန်းပြားတဲ့အလှအပတွေပြည့်နှက်နေတဲ့ နေရာလို့ ဆိုကြတယ်။
Source : www.travelandtourworld.com

၂. ပထမဆုံး Instagram Hotel အဖြစ် ဆွဲဆောင်မှုနည်းလမ်းအသစ်
ကိုယ့်ရဲ့ ဟိုတယ်ကို ကမ္ဘာ့ပထမဆုံး Instagram hotel အဖြစ်စာရင်းဝင်သွားမယ်ဆိုရင်တော့ ဟိုတယ်ရဲ့ ကျော်ကြားမှုဟာ Intagram အသုံးပြုသူတွေကနေတဆင့် ပိုပြီး ပျံ့နှံ့လွယ်မှာပါ။ ဆစ်ဒနီရဲ့ 1888 Hotel ကတော့ အဲဒီစိတ်ကူးကို ပိုင်ပိုင်နိုင်နိုင်အသုံးချလိုက်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယိုတွေ share နိုင်တဲ့ အွန်လိုင်လူမှုကွန်ယက်ဝန်ဆောင်မှု Instagram မှာ အသုံးပြုသူတွေအများကြီးပဲရှိနေပါတယ်။ follower 10000 ကျော်ရှိနေတဲ့ user ဘယ်သူမဆို အဲဒီ 1888 Hotel မှာ တညတာ အခမဲ့တည်းခိုခွင့်ပြုတာပါ။ တည်းခိုနေချိန်မှာလည်း ဟိုတယ်တွင်းမှာ စိတ်ကြိုက်အလှဓာတ်ပုံတွေရိုက်ကူးပြီး Instagram မှာတင်မယ်။ အကောင်းဆုံး instagram ဓာတ်ပုံဖြစ်ခဲ့ရင်လည်း နောက်ထပ် အခမဲ့တည်းခိုခွင့် အခွင့်အရေးတွေ ထပ်ပြီးရနိုင်ဦးမှာပါ။ ဟိုတယ်မှာ အခန်း ၉၀ ရှိခေတ်ဆန်သားနားတဲ့ဟိုတယ်စတိုင်လ်ပါ။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ Pymont ဆင်ခြေဖုံး ကမ်းခြေဒေသမှာရှိနေပါတယ်။ မူလတုန်းက အဲဒီအဆောက်အဦးဟာ သိုးမွှေးချည်တွေသိုလှောင်တဲ့နေရာအဖြစ် တည်ဆောက်အသုံးပြုခဲ့တာပါ။
 ပြီးခဲ့တဲ့ ၂ နှစ်က သြစတြေးလျဒေါ်လာ သန်း ၃၀(ဒေါ်လာ ၂၈ သန်း)ကုန်ကျတဲ့ ပြုပြင်မှုတွေအသေးစိတ်ပြုလုပ်ခဲ့ကြတယ်။ သံထည်ရက်မပါရှိတဲ့အဆောက်အဦးကိုယ်ထည်၊ နံရံတွေမှာ အုတ်သားကို မြင်သာအောင်ပြထားတဲ့ ထူးခြားတဲ့ဒီဇိုင်းရှိနေပါတယ်။ “အဆောက်အဦရဲ့ စတိုင်လ်နဲ့ သူ့ရဲ့ မူလအမွေအနှစ်က အင်မတန်အရေးကြီးပါတယ်” လို့ 1888 ပိုင်၊ ဟိုတယ် ၈ ခု ရဲ့ CEO ပေါလ်ဖစ်ခ်ျမန်းက ဆိုတယ်။ “အခုဆိုရင် Instagram ကို လူတွေအများကြီးပဲ အသုံးပြုနေကြတယ်။ သူတို့ဟာ ဓာတ်ပုံတွေကို အပြန်အလှန် share ရတာ ကြိုက်နှစ်သက်ကြတယ်။ သူတို့ ဘယ်နေရာပဲရောက်ရောက် ဓာတ်ပုံနဲ့ မှတ်တမ်းတင်တယ်။ ပြီးရင် သူငယ်ချင်းတွေကို share ကြတော့တာပဲ” လို့ ဖစ်ခ်ျမန်းကပဲ ပြောပါတယ်။ Instagram user တွေထဲမှာ follower 10000 ကျော်ရှိနေတဲ့ သူတွေအများကြီးပဲရှိနေတာကြောင့် ဒီလိုနည်းလမ်းနဲ့ ဟိုတယ်ကိုလူသိများစေအောင်ဆွဲဆောင်တာဟာ ထိရောက်တဲ့နည်းလမ်းသစ်ဖြစ်နေပါတယ်။ 1888 Hotel ရဲ့ လိပ်စာက 139 Murray St., Pyrmont ဖြစ်ပြီး ဖုန်းနံပါတ်က +61(0)2 8586 1888 ပါ။ တစ်ညတာအတွက် တည်းခိုစရိတ်ဟာ AU$159 ($147) ဖြစ်ပါတယ်။
Source : CNN Travel

၃. ပြည်တွင်း/ ပြည်ပလေကြောင်းခရီးစဉ်တွေတိုးချဲ့မယ့် ဘန်ကောက်လေကြောင်း
Bangkok Airways ဟာ ပြည်တွင်းရော ပြည်ပပါ လေကြောင်းခရီးစဉ်တွေတိုးချဲ့ပျံသန်းမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘန်ကောက်ကနေ ဖူးခက်ခရီးစဉ်မှာ လေယာဉ် ၈ စင်း နေ့စဉ်၊ ဘန်ကောက်-ကရာဘီ လေယာဉ် ၃ စင်း နေ့စဉ်၊ ဘန်ကောက်-လမ်ပန်ဂ် လေယာဉ် ၃ စင်း နေ့စဉ် နဲ့ ဘန်ကောက်-ရန်ကုန်(မြန်မာ) လေယာဉ် ၄ စင်း နေ့စဉ်ပျံသန်းမှာပါ။ ဘန်ကောက်လေကြောင်းလိုင်းရဲ့ business class ( the Blue Ribbon Club) ဒါမှမဟုတ် Premier Membership FlyerBonus ရရှိထားသူ ခရီးသည်တိုင်း Blue Ribbon Club Lounge က ဧည့်ခံတဲ့ hot meals/ တကိုယ်ရည်သုံးရေချိုးခန်း/ နှိပ်နယ်ပေးတဲ့ဧည့်ခန်း နဲ့  ဆိတ်ငြိမ်သပ်ရပ်တဲ့တကိုယ်ရေသုံးစာကြည့်ခန်း ဝန်ဆောင်မှုတွေရရှိနိုင်ပါတယ်။ စာကြည့်ခန်းကို အစည်းအဝေးခန်းမအဖြစ်လည်းလိုအပ်သလို အသုံးပြုနိုင်မှာပါ။ ဘန်ကောက်လေကြောင်းရဲ့ ခရီးသည်တွေဟာ သုဝဏ္ဏဘူမိလေဆိပ် လက်မှုပစ္စည်းဆိုင်မှာ သွားရေစာအချိုမုန့်အမယ်စုံ၊ အပူ/ အအေး နှစ်သက်ရာကို အခမဲ့သောက်သုံးအနားယူခွင့်လည်း ရရှိနိုင်မယ်။ wi-fi အင်တာနက်လည်း အသုံးပြုနိုင်မှာဖြစ်ပြီး ကလေးငယ်များ လွတ်လပ်ပျော်ရွှင်စွာဆော့ကစားနိုင်မဲ့ kid corner လည်းရှိပါတယ်။
Source : www.travelandtourworld.com

၎. ဂျိမ်းစ်ဘွန်းဒ်ရုပ်ရှင်တွေထဲက ဟိုတယ်တွေကိုတည်းခိုချင်ရင်
အင်္ဂလိပ်စာရေးဆရာ William Boyd ရဲ့ James Bond ဝတ္ထုစာအုပ်အသစ် “Solo” ကို ပြီးခဲ့တဲ့စက်တင်ဘာလက မိတ်ဆက်အခမ်းအနားကို လန်ဒန် Dorchester ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ အဲဒီစာအုပ်မိတ်ဆက်ပွဲကနေ လှို့ဝှက်စုံထောက် ဘွန်းတည်းခိုခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက တချို့ ကြော့မော့ခမ်းနားလှတဲ့ဟိုတယ်တချို့ကို ပြန်ပြီးအမှတ်ရစရာပါပဲ။

1.The Peninsula, Hong Kong
ရော်ဂျာမိုးပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Man with the Golden Gun မှာ ဘွန်းဟာ ဘွန်းမိန်းကလေး အန်ဒရီးရာအန်ဒါးစ်နောက်ကိုလိုက်ရင်း မကာအိုကနေ ဟောင်ကောင်ကိုရောက်လာတယ်။ ဘွန်းမိန်းကလေးက ဟိုတယ်ရဲ့ Peninsula-green ရိုးစ်ရွိက်စ် ကားတစ်စီးမောင်းသွားတာသတိရမိမှာပါ။ အန်ဒါးစ် တည်းခိုခဲ့တဲ့ အခန်းက အခန်း နံပါတ် ၆၀၂ ပါ။ ရုပ်ရှင်ရိုက်ကူးစဉ်မှာလည်း အဖွဲ့သားတွေအားလုံး အဲဒီဟိုတယ်မှာပဲ တည်းခိုခဲ့ကြတယ်တဲ့။
ဟိုတယ်လိပ်စာ - The Peninsula Hong Kong, Salisbury Road, Hong Kong; 
+852 2920 2888; from $603 per room per night

2. Hotel New Otani Tokyo
၁၉၆၇ ခုနှစ်က ရုပ်ရှင် You Only Live Twice မှာ ဒီဟိုတယ်ဟာ Ernst Stavro Blofeld ရှဲ့SPECTRE စစ်ဆင်ရေးအတွက် Osato Chemicals ရုံးချုပ်အဖြစ်အသုံးပြုခဲ့တာပါ။ ဟိုတယ်ကို ၁၉၆၄ ခုနှစ်မှာ ဆူမိုနပန်းသမားဟောင်း Yonetaro Otani က တည်ဆောက်ခဲ့တယ်။ ဟိုတယ်မှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ဂျပန်ရိုးရာပန်းခြံတွေကြောင့် ကျော်ကြားပါတယ်။ 
ဟိုတယ်လိပ်စာ - Hotel New Otani, 4-1 KioI-Cho, Chiyoda-Ku, Tokyo, 102-8578, Japan, 
+81 3 3265 1111; from $303 per room per night

3. One&Only Ocean Club, Bahamas
Casino Royale မှာ ဘွန်းမိန်းကလေး ဆိုလန့်ဂ်ျဟာ Villa 1085 အခန်းကို မယူခင် ဟိုတယ်ကိုရောက်ရှိလာတာတွေ့ရမှာပါ။ ရုပ်ရှင်တစ်ကားလုံး ဟိုတယ်အပြင်အဆင်တွေမကြာခဏပါဝင်တယ်။ ဘွန်း ဧည့်ကြိုကောင်တာရှေ့ကဖြတ်လျှောက်လာပြီး စာကြည့်တိုက်မှာ ပိုကာကစားတယ်။ ပန်းခြံထဲကိုငေးကြည့်တယ်။ အခုအဲဒီ Ocean Club ဟိုတယ်ရဲ့ Dune စားသောက်ဆိုင်မှာ Casino Royale ကော့တေး(ဗော့ဒ်ကာ၊ ဂျင် နဲ့ ဝိုင် အရောအနှော)ကို မှာယူရရှိနိုင်မှာပါ။
ဟိုတယ်လိပ်စာ - One&Only Ocean Club, One Casino Drive, Paradise Island, Bahamas; 
+242 363 2501; from $555 per room per night

4. Hotel Cipriani, Venice, Italy
Casino Royale မှာပဲ ဒန်နီရယ်ကရေ့ခ်ျဟာ ဟိုတယ်ပိုင်သင်္ဘောဆိပ်မှာ သူ့ရဲ့ ရွက်လှေကိုဆိုက်ကပ်လိုက်တယ်။ Cipriani စားသောက်ဆိုင်မှာရိုက်ကူးတယ်။ ဟိုတယ်လှေကားထစ်တွေလည်းမြင်တွေ့ခဲ့ရတယ်။ အဖွဲ့သားတွေဟာ ရိုက်ကူးနေစဉ်မှာ အဲဒီဟိုတယ်မှာတည်းခိုခဲ့ကြပါတယ်။
ဟိုတယ်လိပ်စာ - Hotel Cipriani, Giudecca 10, 30133 Venice, Italy; 
+39 041 240 801; from $1,547 per room per night

5. The Langham, London
GoldenEye ရုပ်ရှင်မှာပါ။ Ian Flemings ဝတ္ထုတွေမဟုတ်တဲ့ ဂျိမ်းစ်ဘွန်းဒ် ပထမဆုံးရုပ်ရှင်ပါ။ ဟိုတယ်ကို ၁၈၆၅ မှာ တည်ဆောက်ခဲ့ပါတယ်။ ဒီဟိုတယ်ကို GoldenEye ရုပ်ရှင်မှာပဲ တွေ့ခဲ့ရတာမဟုတ်ဘဲ မေရီကိတ်ထ် နဲ့ အက်ရှလေအိုလ်ဆန် တို့ရဲ့ Winning London မှာလည်းတွေ့ရမှာပါ။
ဟိုတယ်လိပ်စာ - The Langham, 1c Portland Place, Regent Street, London, W1B 1JA T; 
+44 20 7636 1000; from $454 per room per night

6. Hotel Atlantic Kempinski, Hamburg, Germany
ဘွန်းဒ်ဟာ Atlantic Kempinski ရဲ့ ထူးခြားတဲ့အမှတ်အသား မျက်နှာစာအမိုးထိပ်မှာရှိနေတဲ့ ကမ္ဘာလုံးပေါ်ကို ဖက်တွယ်တက်နေခဲ့ပါတယ်။ Tomorrow Never Dies မှာပါ။ ဟိုတယ်မျက်နှာစာပိုင်းကိုလည်း များများစားစားရိုက်ကူးခဲ့တယ်။ ဘွန်းဒ်(ပီယာစ့်ဘရော့စ်နန်)ဟာ အဲဒီဟိုမှာ တည်းခိုခဲ့ပြီး ရုပ်ရှင်ထဲမှာ ဟိုတယ်ထဲကအပြင်အဆင်တွေကို တွေ့ခဲ့ရပါတယ်။ ရုပ်ရှင်ရိုက်ကူးစဉ်မှာလည်း ဟိုတယ်မှာ ဘရော့စ်နန်တည်းခိုခဲ့တယ်။
ဟိုတယ်လိပ်စာ - Hotel Atlantic Kempinski Hamburg, An der Alster 72-79,20099 Hamburg; 
+49 40 28880; from $213 per room per night

7. Taj Lake Palace, Udaipur, India
Octopussy မှာ လည်း ဒီဟိုတယ်အမည်ရင်းနဲ့ပဲ ပါဝင်ခဲ့ပါတယ်။ ထမင်းစားခန်း၊ စင်္ကြန်လမ်းမ နဲ့ ဟိုတယ်အလယ်ခန်းမပိုင်း အခန်းတော်တော်များများရိုက်ကူးခဲ့တယ်။ 
ဟိုတယ်လိပ်စာ - Taj Lake Palace, Lake Pichola, Udaipur, Rajasthan, India; 
+91 294 2428800; from $446 per room per night

8. Fontainebleau Miami Beach, Florida
Goldfinger ရဲ့ ဒီ ကြီးမားခန့်ထည်လှတဲ့ ဟိုတယ်ကိုမြင်တွေ့နိုင်ခဲ့မှာပါ။ ယူနိုက်တက်စတိတ်ရဲ့ အရှေ့ဘက်ပင်လယ်ကမ်းခြေပိုင်းမှာ အကြီးဆုံးဟိုတယ်ပါပဲ။ ရုပ်ရှင်ထဲမှာတော့ ဘွန်းမိန်းကလေး ဂျေးလ်မာစတာတန် ကို ရွှေရောင်တွေဆေးခြယ်ဖုံးလွှမ်းပြီး သေဆုံးနေတာတွေ့ခဲ့အခန်းပါ။ The Bodyguard/ Police Academy 5 နဲ့ ဖရန့်ခ်စင်နားထရားပါဝင်သရုပ်ဆောင်ခဲ့တဲ့ A Hole in the Head ရုပ်ရှင်တွေလည်း ဒီဟိုတယ်မှာရိုက်ကူးခဲ့ဖူးတယ်။
ဟိုတယ်လိပ်စာ - Fontainebleau Miami Beach, 4441 Collins Ave., Miami Beach, Florida; 
+1 305 538 2000; from $300 per room per night

9. Hotel Cala Di Volpe, Sardinia, Italy
The Spy Who Loved Me မှာ ဘွန်းဒ်(ရော်ဂျာမိုး)ဟာ စန္ဒရားဘားခန်းမမှာ KGB အေးဂျင့် အေမာဆိုဗာကို သွေးဆောင်ဖြားယောင်းလိုက်တယ်။ Costa Smeralda မှာ ပထမဆုံးဆောက်လုပ်ခဲ့တဲ့ဟိုတယ်ပါ။ Heidi Klum and Denzel Washington တို့ အတူတူတည်းခိုခဲ့ကြဖူးတယ်လို့ဆိုတယ်။
ဟိုတယ်လိပ်စာ - Hotel Cala Di Volpe, Costa Smeralda, Porto Cervo 07021, Italy 
+39 0789 976111; from $763 per room per night

10. Four Seasons Hotel London at Canary Wharf, London
Skyfall ရဲ့ အဖွင့်မြင်ကွင်းမှာ ဘွန်းဒ်(ဒန်နီရယ်ကရေ့ခ်ျ)ဟာ ဟိုတယ်ရဲ့ လသာဆောင်ရေကူးကန်မှာ ရေကူးနေတဲ့အခန်းပြထားတယ်။ ရေကူးကန်ရဲ့ ကြမ်းပြင်ကနေ မျက်နှာကြက်ပြူတင်းတွေဟာ လန်ဒန်မြို့ကြီးကို ဖြန့်ကျက်ပြီးမြင်တွေ့ရတဲ့အလှဟာ မယှဉ်နိုင်တဲ့မြင်ကွင်းလို့ဆိုတယ်။ ဟိုတယ်ရဲ့ အခန်း ၇၁၂ ကိုလည်း ရိုက်ကူးခဲ့ကြတယ်။
ဟိုတယ်လိပ်စာ - Four Seasons Canary Wharf, 46 Westferry Circus, Canary Wharf, London; 
+44 20 7510-1999; from $273 per room night
Source : CNN Travel

ဖြိုးဖြိုး
Living Fashion Magazine, November, 2013

No comments: