Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 02, 2013

အသည်းကွဲဒီဇင်ဘာ

Fashion Image Magazine, December, 2013

            မီးပွိုင့်တွင် ရှေ့ကားတစ်စီးကို အရှိန်ဖြင့်ဖြတ်ကျော် လုတက်လာသော ကားတစ်စီးသည် ၀ီစီမှုတ်သံကြောင့် လမ်းဘေး တစ် နေရာသို့ အမြန်ဆိုး ထိုးရပ်လိုက်ရသည်။
            “ကျေးဇူးပြုပြီး လိုင်စင်လေး တဆိတ်လောက်”
            ယဉ်ထိန်းရဲဝတ်စုံနှင့်အမျိုးသမီး၏အသံက သူ့နားထဲ သာယာနာ ပျော် ဖွယ်မရှိ၊ တာဝန်ကို တိကျပြတ်သားစွာ ဆောင်ရွက်မည့် ပုံစံက အမျိုးသမီး၏ အသံနှင့်ဟန်တွင် သိသာစွာပေါ်လွင်နေသည်။ ကားကို အလောတကြီး မောင်းနေကျ “ဦးလှိုင်ဟိန်း”သည် ကားလိုင် စင်ကို မထုတ်ချင် ထုတ်ချင် ထုတ်ရင်း မျက်လုံးလှန်ကြည့်မိလျှင် ခပ်ကိုင်းကိုင်း ရပ်စောင့်နေသည့် အမျိုး သမီး၏၀ဲဘက်ရင်ညွန့်ထက်က တံဆိပ်ကို မြင်လိုက်သည်။
            “မြူနှင်းဝေ”
            တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့နံနက်က နှင်းတချို့ ဝေနေပါသည်။


xxxxx

            “အဲဒီတုန်းက အလုပ်ရှုပ်တဲ့ကြားက လိုင်စင်သွားရွေးခဲ့ရတယ်။ စတွေ့ ကတည်းက ဟာ . .ဒီအမျိုးသမီးတော့ မလွယ်ဘူးလို့ ကိုကြီးသိလိုက်တယ်။ ဟုတ်တယ်မြူလေးရဲ့။ မြူလေးက တကယ်မလွယ်ဘူး။ ထစ်ခနဲရှိ  ဒေါသ ထွက်မယ်၊ တုံ့ပြန်ပြောပစ်လိုက်မယ်နဲ့၊ တစ်ခုခုဆို ဟန်ဆောင်နိုင်စွမ်း၊ မျိုသိပ်နိုင်စွမ်း နည်းနည်းလေးမှ မရှိဘူး ”

            နှစ်တွေအကြာကြီး ကြာခဲ့ပြီဖြစ်သော်လည်း ကိုကြီးလှိုင်ဟိန်း၏ စကားတွေကို မြူနှင်းဝေ ဘယ်တော့မှမမေ့။ အထူးသဖြင့် မိမိ နှင့်ပတ်သက်သမျှ ကိုကြီးပြောစကားတွေကို တစ်လုံးမကျန် ရင်ဝယ်စွဲနစ်ခဲ့သည်။ ခုတော့ မြူလေး ဘာမှ တုံ့ပြန်နိုင်စွမ်း မရှိတော့ပါဘူးကိုကြီးရယ်၊ မြူလေး ဘယ်လောက်မျိုသိပ် နေရတယ်၊ ဟန်ဆောင်နေရတယ်ဆိုတာ ကိုကြီးမသိပါဘူး။ ဟင့်အင်း ကိုကြီး သိကိုသိမှာပါ၊ ကိုကြီးက ပါးနပ်တဲ့လူပဲ၊  မသိချင်ယောင်ဆောင်နေတာပါ..ဟု တွေးရင်း ကိုကြီးကိုစောင့်မျှော်နေကျ ၀ရန်တာဆီသို့ ထွက်ကာ ရပ်နေမိသည်။ ငါးလွှာတိုက်ခန်းကနေ အောက်ကိုငုံ့ ကြည့်လိုက်တော့ ပလက်ဖောင်းပေါ်က စားသောက်ဆိုင်တန်းတချို့နှင့် ပျားပန်းခတ်လှုပ်ရှားနေသော လူများကို မြင်သည်။ သည်လူအစု အပုံကြီးကြားထဲ ကိုကြီးလက်ကိုဆွဲ၍ လွန်ခဲ့ပြီးတဲ့ အရင့်အရင်နှစ်တွေ တုန်းကလို သွားလာ မြူးထူးခွင့်ရချင်လှသည်။ အခုနှစ်မှာ တော့ မိမိမှာ တစ်ယောက်တည်း။ ဘယ်တုန်းကစပြီး ခုလိုအထီးကျန်ခဲ့ရသလဲ။ ပြီးခဲ့သည့်အချိန်တွေကို ပြန်မတွေးချင်တော့ပါ။ ကိုကြီးနှင့်မိမိတို့နှစ်ဦးသား၏ ပျော်ရွှင်ဖွယ် အတိတ်ကာလ ကွက်ကွက်လေးတွေကိုပဲ တူးဆွ သတိရချင် လှပါသည်။

xxxxx

            ကားကိုအလောတကြီးမောင်းလေ့ရှိသူ ကိုကြီးနှင့် လမ်းပေါ်ကယဉ်ထိန်းရဲမေလေး မြူနှင်းဝေတို့ တွေ့ဆုံခဲ့ပုံက တကယ်တော့ ရိုးစင်းလှပါသည်။သံယောဇဉ်ကြိုးတွေ ရစ်ပတ်ပုံကတော့ သိပ်မရိုးစင်းခဲ့တော့။ မြင်တွေ့ပါများ ရာက တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင် လာကာ ကိုကြီးက မိမိဘ၀ကို တစ်စတစ်စ သိမ်းပိုက်လာခဲ့တာပဲဖြစ်သည်။ ဘ၀ကိုသိမ်းပိုက်ပုံက ရင်ခုန်စရာကောင်းပြီး ကဗျာဆန်လှ သည်။ “ကိုယ့်ညီမလေးတစ်ယောက် နေပူမိုးရွာမရှောင် လမ်းပေါ်မှာ အလုပ်လုပ်နေရတာကို မကြည့်ရက်ဘူး”တဲ့။ “ကိုကြီးက တစ်ကောင်ကြွက်၊ ကိုကြီးမှာ အလုပ်တွေအားလုံး တစ်ယောက်တည်း သိမ်းကြုံးလုပ်ရတာ အလျင်မမီဘူး။ ညီမလေး အလုပ်ထွက်ပြီး ကိုကြီး အလုပ်တွေကို ၀င်ကူညီပေး ပါလားကွာ” တဲ့။ မြူနှင်းဝေကလည်း လူ့လောက မှာ တစ်ကောင်ကြွက်ပဲ။ သည်လိုနဲ့ပဲ စိတ်တိုင်းကျ ရွေးချယ်ထားသည့်အလုပ်ကို ရက်ရက်စက်စက် ပစ်ခါထုတ်ကာ ကိုကြီးနှင့်တွဲလျက် ပူးပေါင်းလုပ်ကိုင် စားသောက်နေထိုင်ခဲ့ သည်။
            အမှန်တော့ မြူနှင်းဝေ သိထားခဲ့သလို ကိုကြီးက တစ်ကောင်ကြွက် စစ်စစ်တော့ မဟုတ်ခဲ့။ ကိုကြီးမှာ ဆွေမျိုးတွေ အတော် များများရှိတဲ့ကြားက တစ်ကောင်ကြွက်အယောင်ဆောင်ကာ အမျိုးအဆွေအားလုံးကို စိမ်းစိမ်းပြတ် ပြတ် တမင်နေခဲ့ခြင်းပဲဖြစ်သည်။ ဒါကလည်း ကိုကြီးမှာ အကြောင်းတစ်ခုရှိ ပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် မိမိ၏လိုအပ်ချက်များကို ကိုကြီးက အပြည့်အ၀ ဖြည့်ဆီးပေး နိုင်သလို၊ ကိုကြီး၏လိုအပ်ချက်များကိုလည်း မိမိက ဘာမဆို မညည်းမတွား ဖြည့်ဆီးပေးခဲ့ပါသည်။

            သည်လိုနှင့် ကိုကြီး၏ စာအုပ်ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းတွင် မြူနှင်းဝေက ဘာမဆို လိုသည့်နေရာ ပြေးလွှားလုပ်ကိုင်ပေးရင်း ကိုကြီးအတွက် အားကိုးအားထားပြုရသည့် အရေးပါသူတစ်ဦးဖြစ်လာခဲ့သည်။ လုပ်ငန်းခွင်မှာ စာမူကိစ်္စ၊ စာရေးဆရာကိစ်္စ၊ စာပေစိစစ် ရေးရုံးကိစ်္စ၊ ဖလင်ကိစ်္စ၊ ပုံနှိပ်တိုက်ကိစ်္စ၊ ဖြန့်ချိရေး ကိစ်္စများ ပြေးလွှားဆောင်ရွက်ရသလို အိမ်မှာလည်း ကိုကြီးစားဖို့၊ သောက်ဖို့၊ အိပ်ဖို့ အစစအရာရာ စီစဉ်လုပ်ကိုင်ပေးခဲ့ရသည့် စီစဉ်သူကြီးတစ်ဦး ဖြစ်လာခဲ့ပြီ။ အများအမြင်မှာတော့ ညီမလေးပေါ့။
            “ကိုကြီးတို့ အတူနေခဲ့တဲ့ နှစ်တွေလည်းကြာခဲ့ပါပြီ မြူလေးရယ်၊  ဒုက်္ခဆင်းရဲတွေတောင် အတူကျော်ဖြတ်လာခဲ့ပြီးပြီပဲ၊ ခုလို အောင်မြင်လာတဲ့ အချိန်ကျမှ  မြူလေး ဘာကို စိုးရိမ်ကြောင့်ကြနေတာလဲ”
            ထိုသို့ပြောစဉ်က မြူနှင်းဝေ ဆိတ်ဆိတ်နေခဲ့ပါသည်။ တကယ်တော့ အောင်မြင်မှု၏နောက်ကွယ်တွင် “ကိစ်္စများစွာ”ကပ်ငြိလာတတ်ကို ကိုကြီး လည်း သိပါလိမ့်မည်။ လူငယ်လေးတစ်ယောက် အောင်မြင်လာလျှင် အသောက်အစားကိစ်္စများ ကပ်ငြိလာတတ်သည်။ အစကတည်းက အသောက် အစား ရှိပြီးသား လူကြီးတစ်ယောက် အောင်မြင်လာလျှင်ကော တခြားဘာတွေ ကပ်ငြိလာနိုင်ပါသလဲ။ မြူနှင်းဝေ မတွေးရဲပါ။ မိမိစိတ်ထဲ တွေးပင်မတွေးရဲ သည့် ကိစ်္စတစ်ခုကို ကိုကြီးကတော့ လုပ်တောင် လုပ်ခဲ့ပြီးနှင့်လေပြီ။ မည်မျှရင် နာစရာကောင်းလှပါသနည်း။ မိမိမှာတော့ အပျိုမ သတင်းထောက်လေးတွေကို သ၀န်တိုရ၊ အယ်ဒီတာမမကြီးတွေကို သ၀န်တိုရ၊ မားကက်တင်း ချောချော လှလှလေးတွေကို သ၀န်တိုရနှင့် အလုပ်တိုက်က ၀န်ထမ်းများပင် ရိပ်စားမိ လောက်သည့်အထိ ကိုကြီးအတွက် အခါခါဝန်တိုဗျာများခဲ့ရဖူးသည်။
            “လူဆိုတာ ရွှေရှိမှ အမျိုးတော်ချင်ကြတာ၊ မိတ်ဆွေဆိုတာလည်း ငွေရှိမှ ပေါင်းသင်းချင်ကြတာ၊ အားလုံးက မျက်ကွယ်ပြုချိန်မှာ မြူလေးတစ် ယောက်ပဲ ဆင်းရဲဒုက်္ခတွေ ခါးစည်းခံပေးခဲ့တာမဟုတ်လား၊ ဒီကျေးဇူးတွေကို ကိုကြီး မမေ့ဘူး။ ကိုကြီးဘယ်ဘ၀ရောက်ရောက် မြူလေးကိုတော့ ဘယ်တော့ မှ မပစ်ပယ်ဘူး၊ ကိုကြီးကြောင့် မြူလေး အထီးကျန်မဖြစ်စေရဘူးလို့ ကိုကြီး ကတိပေးပါတယ်ကွာ”
            နားနှစ်ဖက်ကို ယောင်ယမ်းပိတ်ထားမိသည်အထိ မြူနှင်းဝေ စိတ် ထိခိုက်သွားရတော့သည်။ ကိုကြီးနှင့် နှစ်ယောက်အတူ ထိုင်နေကျ ဒီတိုက်ခန်း ၀ရန်တာလေးမှာ အခုတော့ မိမိတစ်ယောက်တည်း။ ၀ရန်တာအုတ် ဘောင်ကနေ ကိုယ်တစ်ပိုင်း ပြူထွက်သည်အထိ ခါးကိုင်းငုံ့ကြည့်ရင်း ကိုကြီးကိုသာ မျှော်နေမိသည်။ အလုပ်တိုက်နှင့် အိမ်က နီးနီးလေးပဲ။ ခေါင်းငိုက်စိုက်ချလျက် လေးလေးကွေးကွေးခြေလှမ်းတွေကို သယ်ဆောင်ရင်း အိမ်ပြန်လာမည့် ကိုကြီးကို မျှော်ရသည်မှာ တစ်နေ့ထက်တစ်နေ့ အချည်းနှီးပင် ဖြစ်လေပြီ ဟုတွေးမိတော့ သည်ဝရန်တာထက်ကနေ အောက်ကိုခုန်ချ၊ ဘ၀ကို အဆုံးသတ်ပစ်လိုက်ချင်သည့်စိတ်ရိုင်းများက ထူးထူးဆန်းဆန်း ပေါ်လာသည်။ မိမိမရှိလျှင် အဆစ်အမျက်နာရောဂါ တစ်ဖက်နှင့် ကိုကြီးခမျာ ဒုက်္ခအကြီး အကျယ်ရောက် ရရှာလိမ့်မည်ဟုလည်း တွေးမိပါသည်။ ဘ၀ကို အဆုံးသတ်ပစ်ချင်စိတ်က ကိုကြီးတစ်ယောက်တည်း ဒုက်္ခရောက်ကျန်ရစ်မှာ စိုးသည့်စိတ်ကို အနိုင်မယူနိုင်သေး။ သည်တော့လည်း ဒီဘ၀ ဒီပုံစံနှင့်သာ ဆက်လျှောက်ရုံပေါ့ဟုတွေးရင်း မြူနှင်းဝေ ရင်ကွဲရပြန်သည်။                                             သည်ညလည်းပဲ တကယ်ပဲ ဖိတ်စာအရ ပွဲတက်ရန်ကိစ်္စရှိ၍ နောက်ကျ သည်ပဲလား၊ အခြားတစ်နေရာရာ ရောက်နေ၍ပဲလား ကိုကြီးက အရိပ် အယောင်ပင် ပေါ်မလာနိုင်သေး။ ဒီအချိန်ဆို ညစာစားနေပြီလား။
            “ပင်လယ် စာတွေ၊ အကင်တွေ မစားနဲ့နော်၊ ကိုကြီးနဲ့မတည့်ဘူး”လို့ ဘယ်သူက သတိပေး ပေးပါ့မလဲ။ ဒါမှမဟုတ် မိမိထက် ပူပန်ကြီးစွာ ဂရုစိုက်သတိပေးတတ်သူ တစ်ယောက်နဲ့ သာယာပျော်ရွှင်ဖွယ် နှစ်သစ်အကြို ညစာကို မြိန်မြိန်ရှက်ရှက် စားသုံးနေတာပဲလား။ ပြန်လာခဲ့ပါတော့လား ကိုကြီးရယ် ဟုညည်းညူမိရင်း ရင်ထဲက မျှော်လင့်ချက်များ တစ်စစီ မွကြေကျိုးပျက်ရလေပြီဟု ဘာသာ ခံစားသိရှိလိုက်ရတော့သည်။

xxxxx

            ယောက်ျားမှန်သမျှ အထင်ကြီးစရာ တစ်စမှရှာမရ ဖြစ်ခဲ့သည့် မြူနှင်းဝေ တစ်ယောက် ကိုကြီးနှင့်ကျမှ မာနတွေကုန်းကောက်စရာ မရှိတော့အောင် ကိုကြီး၏စကားလုံးတွေကို ယုံကြည်ကိုးစားခဲ့ရာက တစ်ဘ၀လုံး ပြန်နုတ် မရအောင် နစ်ကျွံဝင်ခဲ့ပြီးပြီ။ သည်လို နစ်ဝင်ခြင်းသည်လည်း မိမိအတွက် သက်သက်မဟုတ်။ သူ့အတွက်ချည်းပဲ ဖြစ်သည်ကို ကိုကြီးလည်း ကောင်း ကောင်း သိပါလိမ့်မည်။
            တစ်ခါတုန်းက ကိုကြီးနှင့်မြူနှင်းဝေတို့ အကြီးအကျယ် စကားများ ကြသည်။ မြူနှင်းဝေသည် စိတ်ညစ်ညစ်နှင့် မားကက်တင်း ကောင်မလေး “မိဇာ”အိမ်မှာ သုံးရက်သွားနေခဲ့သည်။ ကိုကြီးကိုယ်တိုင် လာခေါ် ၍ မြူနှင်းဝေ ကိုကြီးအနား ပြန်ရောက်ခဲ့ပြန်သည်။ ရုန်းထွက်ရန်ကြိုးစားမိလေလေ၊ ကိုကြီးဘ၀ထဲ ပို၍နစ်ဝင်သွားလေလေ ဖြစ်ခဲ့ရသည်။ ကိုကြီးကလည်း ကတိစကားတွေ အခါခါဆိုခဲ့သည်ပဲ။
            “ကိုကြီးကို ပစ်မသွားပါဘူးလို့ ကတိပေးစမ်းပါ မြူလေးရာ၊ နင်မရှိရင် ငါမနေတတ်တော့ဘူး။ အသေးအဖွဲကအစ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ မိုးလင်း လာရင် ဘာစားလို့ စားရမှန်းမသိ။ ခုလို အဆစ်အမျက်တွေနာပြီး ရောဂါ ဖောက်ချိန်ဆို ပိုဆိုးပြီပေါ့။ ငါ ဘာအစားအစာတွေနဲ့ တည့်တယ်၊ ဘာအစား အစာတွေနဲ့မတည့်ဘူး၊ ဘာတွေရှောင်လို့ ဘာတွေဆောင်ရမယ်ဆိုတာ ကအစ နင်ပဲ ညွှန်ကြားကျွေးမွေးခဲ့တာမဟုတ်လား။ ဒီကျေးဇူးတွေ ငါ့မှာ ဆပ်လို့ မကုန်နိုင်ပါဘူး။ နင်သာမရှိရင်တော့ နောက်တစ်နေ့ ဘာစားလို့စားရမှန်း မသိဘဲ ရောဂါတွေဝင်လာပြီး ငါလည်းမြန်မြန်သေမှာပဲ။ ငါ့ရောဂါ အခြေအနေ နဲ့ ငါ့ဘ၀အားလုံးကို နင်ပဲအသိဆုံးလေ၊ ငါ့ကိုယ်ငါသိတာထက် နင်ကငါ့ကို ပိုသိခဲ့တဲ့သူပါ၊ နောက်တစ်ခါ စိတ်လိုက်မာန်ပါ ထွက်မသွားပါနဲ့တော့ မြူလေးရာ”
            သည်လိုနှင့် ကိုကြီး၏ငိုသံစွက်သည့် စကားလုံးတွေအောက်မှာ မိမိ၏ ခိုင်မာလှသည့် ဇက်က အကြိမ်ကြိမ်ကျိုးကျခဲ့ရပြီးပြီ။
            ကိုကြီးနှင့်မြူနှင်းဝေကြားမှာ အပေးအယူမရှိပါ။ အကျိုးအမြတ် မျှော်ကိုးခြင်း မရှိပါ။ သံယောဇဉ်ကြိုးများဖြင့် ရက်ဖွဲ့ခဲ့သည့် လူမသိသူမသိ ရိပ်မြုံကလေးပေါ့။ တကယ်ဆို ကိုကြီးအနားကလူတွေက ကိုကြီးရဲ့ အောင်မြင်မှု အသီးအပွင့်တွေကိုသာ ပျော်ပျော်ကြီးမျှဝေစားသုံးနေကြတာပါ။ ဒုက်္ခ အခက်အခဲ၊ ခလုတ်ဆူးငြောင့်တွေကိုတော့ ခြေဖ၀ါးသွေးထွက်ခံပြီး မျှဝေ ကူနင်းပေးမယ့်သူတွေမဟုတ်ပါဘူး။ အကျိုးအမြတ်တွေ တနင့်တပိုး ဖလှယ်ရင်း အလွမ်းသင့်နေကြတာပါ။ မြတ်စရာတွေမရှိတော့ဘူး ဆိုတဲ့ တစ်နေ့ ကိုကြီးအနားကနေ အလျှိုအလျှိုကွယ်ပျောက်သွားကြမှာ . . .။အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့အရာတွေ ရှိမှန်း သိသိကြီးနဲ့ ဟန်ဆောင်ကခုန်နေကြတာပါ။ ဓားသွားပေါ်ကပျားရည်စက်ကို လျက်မျိုကြ သလိုမျိုး အောင်မြင်မှုကို တပ်မက်စားသုံးနေကြတာပါ။ ဒါတွေ သိလျက်နဲ့ ကိုကြီးအာရုံတွေကို ဘယ်လိုအမိုက်မှောင်ကများ ကြီးစိုးခဲ့တာ ပါလိမ့်။
            “ငွေကြေးနှင့်အောင်မြင်မူ” ဆိုသည့်အရာက အဓိကပဲ ဖြစ်လိမ့်မည်ဟု မြူနှင်းဝေ စဉ်းစားမိပါသည်။ မြူနှင်းဝေကတော့ ကိုကြီးလက်ထဲ တပ်မက်စွာ ဆုပ်ကိုင်ထားသည့် ရှတတအောင်မြင်မှုတွေကိုကြည့်ကာ နေ့ရှိသရွေ့ တဖြည်းဖြည်း ကြောက်လန့်လာသည်။ ကိုကြီးလက်ဖ၀ါးတွေ နာကျင် ကျိန်းစပ်လျက် သွေးစို့ရုံမက သွေးစိမ်းရှင်ရှင် ထွက်မည့်အရေးကို မလိုလား တော့ပါ။
            “အဲဒါတွေက အန်္တရာယ်နဲ့ကစားမှ ထွေးပိုက်ခွင့်ရတဲ့ အောင်မြင်မှု တွေပါကိုကြီးရယ်”ဟု ရင်နာနာနှင့် စွပ်စွဲလိုက်ချင်သည်။

xxxxx

            ပထမဆုံးအကြိမ် မဂ်္ဂဇင်းတစ်စောင်ထုတ်စဉ် ကိုကြီးက ကိုယ်တိုင် စာဝင်ရေးတော့ မြူနှင်းဝေက ခွဲထား၊ သတ်ပုံစာအုပ်ကိုင်ကာ မဖတ်တတ် ဖတ်တတ်နှင့် သတ်ပုံဖတ်ကာ စာတွေကူပြင်ပေးခဲ့ရသည်။ စာဖတ်ပျင်းသည့် ကြားက ကိုကြီးအလုပ်တွေမြန်မြန်ပြီးပြတ်ပါစေဆိုသည့်စိတ်နှင့် ကြိုးစားပမ်းစား ဖတ်ပြုပြင်ဆင်ပေးခဲ့ရဖူးသည်။ အခုတော့ မိမိထိုသို့လုပ်ပေးရန် မလိုတော့၊ စိစစ်ရေးရုံး သွားပေးရန်မလိုတော့။ အို . . . ပြောရရင် ဘာဆိုဘာမှ မလိုတော့ တာပါ။ မဂ်္ဂဇင်းတစ်အုပ်က နှစ်အုပ်၊ ဂျာနယ်တစ်စောင်က နှစ်စောင် ထိုသို့ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည်နှင့်အမျှ သူ့နေရာနှင့်သူ လုပ်ကိုင် ဆောင်ရွက်မည့် ကျွမ်းကျင်သူအများအပြားအား ခေါ်ယူ အလုပ်ခန့်ထားနိုင်ခဲ့ပြီ။ လုပ်ငန်းကြီးကျယ်လာလေလေ၊ ၀န်ထမ်းတွေက ပိုမို များပြားလာလေလေ၊ ပြီးတော့ မြူနှင်းဝေက ဘေးသို့ ရောက်သွားလေလေ။
            ကိုကြီး၏အောင်မြင်မှုမှတ်တိုင်များကို ရေတွက်လျက် လုပ်ပေးနိုင်တာ လေးတွေ ၀င်ရောက် လုပ်ဆောင်ပေးရင်း သည်ဘ၀မှာ ပျော်အောင်နေခဲ့ ရသည်။ ကိုကြီး၏လုပ်ငန်းခွင်က ၀န်ထမ်းအားလုံးနှင့်လည်း အဆင်ပြေအောင် တစ်လျှောက်လုံး ပေါင်းသင်းဆက်ဆံခဲ့ပါသည်။ အပျိုမ၀န်ထမ်းလေးများနှင့် စကားဝိုင်းဖွဲ့ရင်း ဘာကို သဘောကျမှန်းမသိကျလျက် ရွှင်မြူး တက်ကြွနေ တတ်သည့် ကိုကြီးပုံစံ ကိုမြင်ရလျှင်တော့ တစ်ခါတစ်ခါ သ၀န်တိုစိတ်တွေ ဖြစ်ပေါ်မိတာကတော့ ချွင်းချက်ပေါ့။ ၀န်ထမ်းချော ချောလှလှလေး အလုပ် ထွက်ပြီဆိုလျှင် မိမိမှာ မဆီမဆိုင် ပျော်ရွှင်ရသလို ၀န်ထမ်းအသစ် ခပ်လှလှ လေး ရောက်လာပြီ ဆိုလျှင် စိတ်တွေ မငြိမ်မသက် ဖြစ်ရပြန်သည်။ ရင်ဝမှာ မြားချွန်ချွန်တစ်စင်း လာစိုက်သလို စူးနစ်ကာ အလိုလို စိုးရိမ်နေမိတတ်သည်။
            သို့သော် မိမိစိုးရိမ်သလောက်လည်း မဟုတ်ပါ။ ခုခေတ်မိန်းကလေး အတော်များများက ပါးရည်နပ်ရည်ရှိကြပါသည်။ မိမိနှင့် သူတို့သူဌေးကြားက အနေအထားကို အလုပ်စ၀င်ကတည်းက ရိပ်စားမိ၍ပဲလား၊ တစ်ဆင့်စကား တစ်ဆင့်နား ကြားသိခဲ့၍ပဲလား မသိ။ မိမိအား “မမမြူ၊ မမမြူ”နှင့် ပါးစပ်ဖျား ကမချ၊ ရင်းနှီးဟန်ပြကာ အရင်ဦးဆုံး ပစ်ပေါင်းကြသည်။ တချို့ကတော့ “အဲဒီအမျိုးသမီးက ဒီအလုပ်တိုက်မှာ ဘာလဲ”ဟု မိမိအား မကြားတကြား မေးငေါ့ ပြက်ရယ်ပြုချင်ကြသည်။ တချို့ကတော့ ကိုကြီးကို မပြောရဲ၊မဆိုရဲသည့် ကိစ်္စများရှိလျှင်တောင် မိမိကတစ်ဆင့် တိုင်တည်ပြောဆိုတတ်ကြသည်အထိ မိမိကို အားကိုးကြသည်။ ယခုတော့ မိမိအား တိုင်တည်ပြောဆို အားကိုးချင်သူ မရှိတော့။ သူတို့ ဘာမဆို တိုင်တည်ပြောဆိုသူက လုပ်ငန်း၏ဒါရိုက်တာ အမျိုးသမီးတစ်ဦး။ ထိုအမျိုးသမီးက ကိုကြီးအနားမှာ (ကိုကြီးနှင့်ကပ်လျက် စားပွဲမှာ) အမြိန့်သား ရောက်လာကာ ကိစ်္စအ၀၀ကို ၀င်ရောက် ကြိုးကိုင်ခဲ့လေပြီ။
            “ဒေါ်လဲ့သီတာစိုး”
            နာမည်က တည်ငြိမ် ဟန်အပြည့်နှင့်၊ ၀တ်စားဆင်ယင်ပုံက ရင့်ကျက် ဟန်အပြည့်နှင့်ဆိုသော်ငြား သူ့စကားနှင့်သူ့လုပ်ရပ်များက လေပွေလို မွှေ့ခါ ခတ်ယမ်း တိုက်ခတ်သည့်သဘောရှိသည်။ သို့သော် ဝှေ့ယမ်းပုံက တကယ့် လေပွေ စစ်စစ်တွေလို ပရမ်းပတာတော့လည်း မဟုတ်၊ ဦးတည်ချက်တစ်ခု၊ ပစ်မှတ်တစ်ခု အသေအချာ ရှိနေခဲ့သည်။
            ထိုပစ်မှတ်က “ဦးလှိုင်ဟိန်း”
            မြူနှင်းဝေ၏ တစ်ဦးတည်းသော အားကိုးရာ၊ မိဘလိုတစ်မျိုး၊ အစ်ကိုလို တစ်ဖုံ၊ ခင်ပွန်းလိုတစ်သွယ် ချစ်မြတ်နိုးရသူ“ကိုကြီး”။
            အချိန်တွေ အကြာကြီးကြာလေကာမှ(အများတကာသိရှိပြီး နောက်ဆုံး ကျမှ)လဲ့သီတာစိုး၏ အကြံအစည်အလုံးစုံကို မြူနှင်းဝေ သိရှိခဲ့ရပါသည်။
xxxxx
            “ဒါ မိဇာစကားတွေမဟုတ်ဘူးနော်၊ မမမြူဘက်က မိဇာ မခံနိုင် လွန်းလို့ ပြောပြတာ၊ အခု အပြင်မှာ လူတွေက ဘယ်လိုပြောနေကြလဲသိလား၊ ဒီမဂ်္ဂဇင်း စလုပ်ကတည်းက ဦးလှိုင်ဟိန်းက မလဲ့ကို တစ်စင် ထောင်ပေးတဲ့သဘောနဲ့ လုပ်ပေးခဲ့တာပါတဲ့။ အဲဒီအချိန်ကတည်းက မလဲ့ကလည်း သူ့ယောက်ျားနဲ့ လမ်းခွဲဖို့ ပြင်နေတာတဲ့။ ဖြစ်ချင်တော့ ပြတ်မယ့် ဆဲဆဲမှာ ဒုတိယ ကိုယ်ဝန်ရှိနေတော့ ကလေးမွေးပြီးတဲ့အထိ အောင့်အီး ပေါင်းသင်းနေခဲ့တာတဲ့”
            ကြော်ငြာလိုက်သည့်မိန်းကလေး မိဇာ၏စကားကြောင့် မြူနှင်းဝေ  အံ့သြတုန်ယင်ခဲ့ရသည်။ မိမိဒါတွေ ဘာမှမသိခဲ့ပါလား။ မဂ်္ဂဇင်းအသစ် မိတ်ဆက်ပွဲအခမ်းအနားမှာ အပျိုမလေးတစ်ဦးလို တက်ကြွပြေးလွှားရင်း စီစဉ်ညွှန်ကြားနေသည့် လဲ့သီတာစိုးကို မိမိနှုတ်ကပင် ချီးမွမ်းစကား ထုတ်ဖော် ပြောဆိုခဲ့မိသေးသည်။
            “မလဲ့က တော်တော် အလုပ်လုပ်နိုင်တယ်နော်၊ ကိုကြီးတော့ လူကောင်း တစ်ယောက်ရလိုက်တာပဲ”
            ဗိုက်ဖုံးအင်္ကျီဝတ်ထားသော်ငြား မြီးကောင်ပေါက်အပျိုမဒန်းလေး တစ်ဦးကဲ့သို့ ပြေးပြေးလွှားလွှား ဗျာများတက်ကြွနေသည့် မလဲ့ကို ကိုကြီးက ရီဝေေ၀မျက်လုံးများနှင့် လိုက်ငေးကြည့်ရင်း ထိုစဉ်က ပြုံးပြုံးကြီး လုပ်နေခဲ့ သေးသည်။ ကြည့်စမ်း၊ မိမိမှာတော့ ချီးမွမ်းစကားတွေ ဆိုခဲ့လိုက်ရတာ။ ညနက်နက်ထိ အလုပ်ခန်းက မပြန်ဘဲ ဇွဲခတ်နေသည့် မလဲ့ကိုမြင်တိုင်း ကလေးနှစ်ယောက်နဲ့ တော်တော်အလုပ်လုပ်နိုင်တဲ့အမျိုးသမီး၊ အလုပ်ကို ဦးစားပေးတဲ့သူဆိုပြီး ချီးကျူးလိုက်ရတာ။ လက်စသတ်တော့ သူ့စိတ်ကူးနဲ့ သူ၊ သူ့ရည်ရွယ်ချက်နဲ့ သူကိုး။
            ငါ့မှာတော့ အလုပ်တိုက်က အပျိုမလေးတွေနဲ့ ကိုကြီးကို သ၀န်တို စိုးရိမ်ပူပန်လိုက်ရတာ၊ နောက်ဆုံးတော့ . . ..။ ကာမပိုင် လင်ယောက်ျားရှိသူ၊ ကလေးတွေလည်းရှိသူ ဆိုသည့်အသိနှင့် မိမိဘက်က ယုံကြည်စိတ်ချ ထားခဲ့လေကာမှ၊ ယုံကြည်မှုကို အလွဲသုံးစား လုပ်ရက်သည်ပဲ။
            နေ့တစ်နေ့ကို ပြန်ပြောင်း သတိရမိသေးသည်။ ထိုနေ့က ကိုကြီး ခြေထောက်နာသဖြင့် အလုပ်မဆင်းနိုင်။ မီးဖိုချောင်တွင်လည်း ရိက်္ခာပြတ်နေ၍ ဈေးထွက်ဝယ်မှဖြစ်တော့မည်။ ထိုစဉ် မလဲ့ ရောက်ချလာတော့ “မလဲ့ရေ ကိုကြီးနားမှာ ခဏစောင့်ပေးပါလား၊ ဈေးသွားချင်လို့” ဟုဆိုကာ  မြူနှင်းဝေက တမေ့တမောကြီး ဈေးသွားဝယ်နေလိုက်သေးသည်။ သူတို့စိတ်ထဲ “အလိုက်တဲ့ မိန်းမ”ဟုဆိုကာ သနားနေမည်လား၊ အခွင့်အရေး တစ်ခုပိုရ သည့်အတွက် ကျိတ်ပြုံးပြုံးကာ ကျေးဇူးတင်နေလေမည်လား..။
            ခုတော့ ပိုင်ဆိုင်သမျှအရာအားလုံး မြူနှင်းဝေရဲ့ လက်ထဲက လွတ်ကျ ခဲ့လေပြီ။ အို . . .ဟင့်အင်း လွတ်ကျသွားခဲ့တာမဟုတ်၊ အလိုဆန်္ဒကြီးမားတဲ့ လက်တစ်စုံရဲ့ တွန်းထိုးပုတ်ချခြင်းကို အငိုက်မိပြီး ခံလိုက်ရတာပါလို့ မြူနှင်း ဝေက ရင်နာနာတွေးနေမိသေးသည်။ အဆုံးမတော့ ကျောချမှ ဓားပြမှန်းသိကာ ရင်တစ်ပြင်လုံး နာကျင်စပ်ရှိန်းလျက် သွေးစိမ်းရှင်ရှင် စီးထွက် လျှံကျရသူက မြူနှင်းဝေပဲ ဖြစ်တော့သည်။

                                                xxxxx    

            “မမမြူသိလား၊ မလဲ့က သူ့ယောက်ျားကို ကြံရည်ဖန်ရည်၊ လုပ်ရည် ကိုင်ရည်မရှိလို့ စိတ်ပျက်နေတာကြာဆိုပဲ၊ ကလေးတာဝန်ကိုလည်း မလဲ့ကပဲ တစ်လျှောက်လုံး ယူခဲ့ရတာတဲ့”
            မိဇာပြောသမျှ အံ့သြတုန်လှုပ်စရာတွေချည်းသာ ဖြစ်နေတော့သည်။ နှစ်သက်သဘောကျလို့ပဲ ရွေးချယ်ကောက်နုတ် ပေါင်းသင်းယူခဲ့ပြီးသား ယောက်ျားတစ်ယောက်ကို ကြံရည်ဖန်ရည်မရှိဆိုတဲ့ အကြောင်းပြ ချက်တစ်ခုနဲ့ ဇနီးမယားက နောင်အခါ စိတ်ပျက်ခွင့်ရှိပါသလား၊                                  မြူနှင်းဝေ လက်မခံပါ။ ခင်ပွန်းယောက်ျားဆိုတာ စိတ်ပျက်တိုင်း အားကုန်ကျုံးလို့ ကန်ထုတ်ပစ်ရမယ့် ဘောလုံးတစ်လုံး မဟုတ်သလို၊ ဇနီးမယားဆိုတာလည်း စိတ်တိုင်းမကျတိုင်း  ဖြန့်ခင်းတက်နင်းရမယ့် ဖျာတစ်ချပ်မဟုတ်တာတော့ သေချာသည်၊
            မြူနှင်းဝေကတော့ အဲသည်လိုပဲ ရိုးရိုးစင်းစင်း နားလည်ထားသည်။
            တမင်လုပ်ကြံညှိနှိုင်းယူစရာမလိုသည့် နားလည်မှု မေတ်္တာအနန်္တဖြင့် ကိုကြီးကို မြူနှင်းဝေ နှစ်သက်မြတ်နိုးခဲ့ပါသည်။ သို့သော် . . .
            “မြူလေးရေ ကိုကြီးတို့လက်ထပ်ကြရအောင်”        လို့ ကိုကြီးကမဆိုခဲ့ဖူး သလို မြူနှင်းဝေကလည်း လက်ထပ်ဖို့ဆိုတာကို ဦးတည်မျှော်လင့်ခဲ့ခြင်းမရှိပါ။ နေ့စဉ်နှင့်အမျှ ကိုကြီး ပျော်ရွှင်ဝမ်းမြောက်နေသည်ကိုသာ ကြည်နူးစွာ ကြည့်မြင် ကျေနပ်ရင်း ပေးဆပ်ခြင်း သက်သက်ဖြင့်သာ နေထိုင်လာခဲ့ပါသည်။ လောကမှာ ပေးဆပ်စရာ ဆိုလို့ ကိုကြီးမှတစ်ပါး အခြားမည်သူမျှ မြူနှင်းဝေမှာ မရှိခဲ့ပါ။ လက်ထပ်ခြင်းထက် မြဲမြံသည့် ခပ်သိမ်းသောအရာများ မိမိတို့နှစ်ဦး ကြားမှာ အပြည့်ရှိနေသည်ပဲဟု အစ ကတည်းက စိတ်ချယုံကြည်ထားခဲ့သည်။ နောင်နှစ်များစွာသို့တိုင် သည်လိုပဲ စိတ်ချယုံကြည်ချင်ပါသေးသည်။
            မြူနှင်းဝေသည် ယခုမှပင် တစ်လောတုန်းဆီက မဆွေ၏ ပြောစကားများ ကို ပြန်တွေးကာ အလန့်တကြား အဓိပ်္ပာယ်ကောက်ယူမိတော့သည်။
            “မလဲ့ကတော့ နေ့ရှိသရွေ့ ဘယ်လိုတိုးတက်ကြီးပွားအောင်လုပ်ရမလဲလို့ အကြံ ထုတ်နေတတ်တဲ့သူမျိုးဆို သိပ်သဘောကျတာပဲ။ ဒီခေတ်က တစ်ချိန်လုံး လောဘတကြီး အကြံထုတ်နိုင်ပါမှ၊ မဟုတ်ရင် နောက် ကောက်ကျသွားမှာပဲ။ တစ်လောက စာအုပ်နှစ်ပတ်လည်ပွဲတုန်းကဆို အခက်အခဲတွေအမျိုးမျိုး ကြားက မဖြစ်ဖြစ်အောင် တမင်လုပ်ပြလိုက်တာ၊ စာပေလောကသားတွေ အားလုံး အံ့သြသွားအောင်လို့လေ။ မလဲ့စိတ်က အနှောင့်အယှက် အတားအဆီး ပေါ်လေလေ မရရအောင်လုပ်ပြ တတ်လေ လေပဲ”
            ထိုစဉ်ကတော့ ဘာမျှမသိရှာသည့် မြူနှင်းဝေခမျာ ဘာမျှအဓိပ်္ပယ် မကောက်နိုင်သည့် သူငယ်မျက်လုံးများဖြင့် မလဲ့ကို ငေးလို့သာကြည့်ရင်း ငါသာ သူ့လိုထက်မြက်ပြီး လောဘကြီးတတ်တဲ့မိန်းမဖြစ်ရင် ဘယ်လောက် ကောင်းမှာပါလိမ့်ဟု တွေးလျက် မလဲ့အပေါ် ရိုးရိုးသားသား အားကျနေမိခဲ့ သေးသည်။ ယခုလို အကျိုးအကြောင်းဆက်စပ်လျက် အရာရာချင့်ချိန် စဉ်းစားမိလေကာမှ ထိုစကားတို့သည် မည်မျှ အန်္တရာယ်ကြီးမားသည့် စကားဖြစ်ကြောင်း ရိပ်စားမိရလေတော့သည်။
            ဘုရားရေ . . .ကိုယ့်စိတ်ရင်းအမှန် အပေါ် အခြေခံပြီး လုပ်ချင်စိတ်
ကြောင့် နှစ်သက်စွာ လုပ်လိုက်တာမျိုးမဟုတ်ဘဲ လူတကာ အံ့သြ အထင်ကြီးအောင် တမင်လုပ်ပြတဲ့ အကျင့်စရိုက်တွေလည်း ဒီလောကမှာ ရှိကြသေးသပေါ့။ ပြီးတော့ မလဲ့က အနှောင့် အယှက်ပေါ်လေလေ မရရအောင် လုပ်ပြတတ်လေလေ ဆိုပြီး သူ့ စိတ်ဓာတ်ကို တစ်ဖက်လှည့်ဖြင့် လှလှပပလေး လှစ်ဟပြခဲ့တာပဲလားဟု အခုမှပဲ မြူနှင်းဝေ တွေးမိလာသည်။
            ဒါ-ဒါဖြင့် သူနဲ့ကိုကြီးနဲ့ ပတ်သက်မှုကရော . . .ဒီသဘောတရားအတိုင်းပဲ
လား။ လူ့အသိုင်းအ၀ိုင်းက မနှစ်မြို့ဟန်နဲ့ တားဆီးလေလေ၊ မရရအောင် ရှေ့ကို ဇွတ်တိုးလေလေ ဆိုတဲ့သဘောကို ဆုပ်ကိုင်ထားမယ့်သဘောပဲပေါ့။ လူရှေ့သူရှေ့ကျတော့ မခုတ်တတ်တဲ့ ကြောင်ကလေးတွေလိုပေါ့။ ကွယ်ရာ မှာတော့ . . .။ အို . .မြူနှင်းဝေကတော့ အဲသည်လောက် ဟန်ဆောင်ကောင်း ကောင်းနဲ့ အသက်ရှင်သန် မနေလိုပါ။ ပွင့်လင်းရိုးရှင်းစွာ နေထိုင်ရင်း သေဆုံး ပစ်လိုက်ချင်ပါသည်။
            လောလောဆယ် သေဆုံးပစ်လိုက်ဖို့အထိတော့ အကောင်အထည် မဖော်ရဲသေးပါ။ ဒီတော့ မမြင်မတွေ့လိုသည့် မျက်နှာထိ မျက်နှာပေးများကို မမြင်ရလေအောင် အကြောင်းတစ်ခုခုရှာ၍ သည်အလုပ်က ထွက်ပစ် လိုက်ရန်သာ ရှိတော့သည်။
            ထိုသို့ စဉ်းစားကာ မြူနှင်းဝေ အလုပ်ထွက်လိုက်သည်။ ကိုကြီးကိုတော့ အလုပ်ပြီးလို့ အိမ်ပြန်လာချိန်(နောက်ကွယ်ကနေ)ပြုစုစောင့်ရှောက်ပေးရန် မြူနှင်းဝေ ၀န်လေးတုံ့ဆိုင်းခြင်းမရှိသေးပါ။
xxxxx
            “ဟိုရက်တွေက မလဲ့ယောက်ျားက ပြန်ပေါင်းမယ်ဆိုပြီး ဆက် သွယ်တာ၊ မလဲ့က လက်မခံတော့ဘူးတဲ့။ အခု သူ့ယောက်ျားနဲ့ အပြီးကွာရှင်း လိုက်ပြီလို့ မိဇာတော့ ကြားတာပဲ”
            ထိုသတင်းကိုကြားလျှင် မြူနှင်းဝေ ယောက်ယက်ခတ်ရတော့သည်။
            အလုပ်ထွက်လိုက်သည်မှာ မှားများမှားသွားလေပြီလား။ ဖယ်ခွာ ရှောင်တိမ်း၍ ဝေးဝေးနေပေးလိုက်ခြင်းကား ပို၍ မှားလေပြီဟု ထင်မိသွားသည်။ သူတို့နှစ်ဦး ပို၍လွတ်လပ်ကာ ဘာကိုမှ မငဲ့ဘဲ လုပ်ချင်တာလုပ်ကြဖို့ ကြိုးစဖြည်ပေး လိုက်သလိုများ ဖြစ်ခဲ့လေပြီလား။
            လူတွေကို မြူနှင်းဝေ မယုံတော့ပါ။ တစ်ယောက်တစ်ပေါက် လာလာ ပြောနေကြသည့် ၀န်ထမ်းလေးတွေကို မယုံပါ။ ထိုမိန်းမကို လုံးဝ မယုံပါ။ ကိုကြီးကို လုံးဝ မယုံချင်တော့ပါ။ မယုံချင်တော့အောင်လည်း ကိုကြီးက အနီးကပ် သင်ကြားပေးခဲ့ပြီ။      ယောက်ျားနဲ့ ကွာရှင်းလိုက်တဲ့ မိန်းမတစ် ယောက်ရဲ့ ခြေလှမ်းတွေဟာ ကိုယ့်ဘ၀ကိုယ် ကိုယ်တိုင်ထိန်းကျောင်း မယ်ဆိုတဲ့ဆုံးဖြတ်ချက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးစိတ်နဲ့ ပြတ်သား ရဲရင့်နေတာလို့ ယုံကြည် ရပါ့မလား။ နောက်ထပ် ယောက်ျားတစ်ယောက်ကို အားကိုးလိုစိတ်နဲ့ ကိုယ်လုပ်သမျှ အဟုတ်ထင်၊ ကိုယ့်ကိုယ်ကိုယ်ဘ၀င်မြင့်ပြီး ပြတ်သား ဆောင့်ကြွားနေတာရော မဖြစ်နိုင်ဘူးလား။ သိပ်ကိုဖြစ်နိုင်တာပေါ့။ တစ်ဖက်တည်း ရဲရင့်နေလို့ရော ရပါ့မလား၊ မရနိုင်ပါ။ ခြေလှမ်းဆိုတာ ခြေထောက်နှစ်ဖက် စည်းချက်ညီညီ ပူးပေါင်း လှမ်းနိုင်ပါမှ ခရီးတွင်ပါလိမ့်မည်။
            အောင်မြင်မှုဂုဏ်သတင်းတွေ ကျော်ကြားလှတဲ့ လုပ်ငန်းတစ်ခုရဲ့ နောက်ကွယ်က တက်ညီလက်ညီခြေထောက်တွေ ဘယ်အထိ၊ ဘယ်လို ခရီးဆက်လှမ်းကြလေမလဲ။ အဲသည် ခြေလှမ်းတွေအောက်မှာ လူတစ်ယောက် ရဲ့ ဖုတ်လှိုက်ဖုတ်လှိုက် ခုန်ယင်နေတဲ့ နှလုံးသားတစ်စုံ ရှိနေမှန်း သိသိကြီးနဲ့လေ။ခြေလှမ်းတွေကို ရိုးရိုးသားသား လှမ်းယူလို့ မရနိုင်ဘူးလားကွယ်။ ဘာကြောင့် များ ရိုးရိုးသားသား မလှမ်းချင်ကြတာပါလိမ့်။ ရိုးသားခြင်းဟာ ခြေလှမ်းတွေကို နှောင့်နှေးစေတယ်ဆိုတဲ့ အတွေးရိုင်းတွေ ၀င်လာကြလို့ပဲလား...။ 
            အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ရိုးသားခြင်းတွေ ပျောက်ဆုံးခဲ့ပြီ ဆိုတာကို မြူနှင်းဝေ ကတော့ မျက်ဝါးထင်ထင် မြင်ဖူးခဲ့ပါပြီ။ လူတစ်ယောက် (တစ်ယောက်ထက် ပို၍လည်းဖြစ်နိုင်ပါသည်) ရင်ကွဲအသည်းကြွေပါမှ အောင်မြင်မှုတွေ ငွေကြေးတွေ ပိုင်ဆိုင်ကြစတမ်းဆိုလျှင်တော့ အဲသည် အောင်မြင်မှုနဲ့ ငွေကြေးတွေကို မြူနှင်းဝေကတော့ နည်းနည်းမှ မလိုချင် တော့ပါ။ လမ်းဘေးမှာပဲ အသုပ်ဆိုင်ဖွင့်ကာ ကိုယ့်စားပွဲခုံ ကိုယ်ခင်း၊ ကိုယ့်လက်နှင့်ကိုယ် အားစိုက်နယ်ရင်း အေးအေးလူလူထိုင်၍ လက်သုပ်စုံ ရောင်းစားပါတော့မည်။

xxxxx

            ခုနောက်ပိုင်း ကိစ်္စတစ်ခုဖြစ်လေတိုင်း မိမိ ၀င်ရောက်အကြံပေးသည်ကို (ယခင်ကလို)ကိုကြီး လက်မခံတော့ပါ။ မိမိအား ပြစ်တင်ဝေဖန် ပြောဆိုလာ တတ်သည့် နင့်သီးလှသည့် ထိုစကားတစ်ခွန်းကို ပြန်စဉ်းစားမိလေတိုင်း မြူနှင်းဝေ တုန်လှုပ်ကြေကွဲရပါသည်။
            “ငတုံးမ၊ နင်မတုံးစမ်းနဲ့ မြူလေး၊ နင်ဒီလောက် တုံး အ နေလို့ ငါ ခရီး မတွင်တာ”
            ခက်ပါပြီကောကွယ်။ လျှာအရိုးမရှိတိုင်း ကြမ်းပိုးကို လိပ်ဖြစ်အောင်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတတ်မှ ကိုကြီးက သဘောကျမှာတဲ့လား။ လျှို့ဝှက်ကောက်ကျစ်မှု အဆင်တန်ဆာတွေကို လည်မှာဆွဲပြီး လူတကာကို လျှာချိုချိုနဲ့ အသုံးချနေတဲ့ မိန်းမတွေနှင့်စာလျှင်တော့ တုံးတုံးအအနှင့် ဘာအဆင်တန်ဆာမှ မရှိတဲ့ မိန်းမကမှ ဘ၀မှာ လေကောင်းလေသန့် ၀၀လင်လင် ရှူနိုင်ပါသေးသည် ဟု ကိုကြီး မျက်နှာကို စေ့စေ့ကြည့်ကာ မြူနှင်းဝေ ပြောပစ်လိုက်ချင်ပါသည်။ သို့သော် ကိုကြီးမျက်နှာကိုလည်း ခုတလော စေ့စေ့မကြည့်ဖြစ်တာကြာပြီ။ မလဲ့မျက်နှာကိုလည်း စေ့စေ့မကြည့် ချင်တာ ကြာခဲ့ပြီ။
            တိုက်အောက်ခြေမှာ သွက်လက်ညီညာစွာ လျှောက်လှမ်းနေကြသည့် ညနေခင်းခြေထောက်များကို ၀ရန်တာထက်ကနေ ငုံ့ကြည့်ရင်း မြူနှင်းဝေ တိတ်တဆိတ် ရင်ကွဲ အသည်းကြွေပြန်ပြီ။ “နင်ဒီလောက်တုံးနေလို့ ငါ ခရီးမတွင်တာ”လို့ ကိုကြီးက ပြောရက်နိုင်ခဲ့သည်။ တကယ်ပဲ မြူလေး ကြောင့် ကိုကြီးခရီးတွေ မတွင်ခဲ့ဘူးလားကွယ်။ ဒီလိုသာသေချာရင်ဖြင့် ဒီနေ့ကစလို့ မြူလေး ဟောသည့်ဝရန်တာထက်မှာပဲ ခြေစုံရပ်ကာ ကျန်ရစ် ပေးခဲ့ပါတော့မည်။ ကိုကြီးဘာသာ တက်ညီလက်ညီ ရှိလှတယ်လို့ထင်တဲ့ ခြေထောက်တွေနဲ့ ခရီးတွေအောင်မြင်အောင် ဆက်လှမ်းပါတော့ကွယ်။
            တစ်ခုတော့ မြူလေး ပြောချင်ပါသေးသည်။ ကိုကြီးမောပန်းနွမ်းလျပြီလို့ ထင်တဲ့တစ်နေ့၊ ကိုကြီးခြေထောက်တွေ ဘယ်မှ မလှမ်းနိုင်တော့ဘဲ ခွေခေါက် ကျိုးကျခဲ့တဲ့ တစ်နေ့၊ အဲဒီတစ်နေ့ (မပြောကောင်း မဆိုစကောင်း) ရောက်ခဲ့ ရင်သာ“မြူလေးရေ”လို့ ကိုကြီး ပါးစပ်ဖျားက“တ”ခေါ်လိုက်ပါ။ ကိုကြီးရဲ့ ကျိုးကြေနေတဲ့ခြေထောက်တွေအစား မြူနှင်းဝေက နှစ်ဆတိုးလို့ ခရီးတွေ ပျော်ပျော်ကြီးလှမ်းပေးပါဦးမည်။

xxxxx

            နာရီလက်တံနှစ်ချောင်းစလုံးက ဆယ့်နှစ်ဂဏန်းမှာ တစ်ထပ်တည်း ကျရောက်ခဲ့လေပြီ။
            သည်ညအဖို့တော့ ကိုကြီး အိမ်ပြန်လာမည်မဟုတ်တော့ဟု ကြေကွဲ လျက် လက်ခံလိုက်ရတော့သည်။  မိမိတို့နှစ်ဦးအတွက် ရည်ရွယ်လျက် ချက်ပြုတ်စီမံ ခင်းကျင်းထားသည့် ညစာ(နှစ်သစ်အကြို နံနက်ခင်းစာ)စားပွဲကို စိတ်မနှံ့သူတစ်ယောက်လို ယောင်ချာချာ မျက်လုံးများဖြင့် ခဏခဏ ဝေ့ဝေ့ ကြည့်ရင်း နှစ်သစ်ကို ကြိုဆိုရန် စိတ်ထဲက ကြောက်လန့်လာသည်။
            ဒီဇင်ဘာကိုပစ်လျက် လူ့လောကကနေ မြူနှင်းဝေ ထွက်ပြေး သွား လိုက်ချင်သည်။ မကြာခဏ ပေါ်လာတတ်သည့် ထိုစိတ်အကြံကို ယနေ့အထိ အကောင် အထည်တော့ မဖော်ဖြစ်ခဲ့သေးပါ။ တစ်စုံတစ်ယောက် အတွက် မိမိအသက်ကို ဆွဲဆန့်ရှင်သန် ပေးချင်သေး၍ပဲ ဖြစ်သည်။
            ဟိုက သည်က “ဆွိဒီဇင်ဘာ“ အော်ဟစ်သံများ ကြားရ လျှင်တော့ မြူနှင်းဝေသည် တစ်စုံတစ်ယောက်ကို ရှာဖွေငံ့လင့်လျက် နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်လာရသည်။ နှစ်ဦးသားဝေးဝေးလာသည့် အေးစက်စက် ဒီဇင်ဘာညများကို ဖြတ်သန်းရမှာ ကြောက်သည်။ နေ့စွဲများကို ရှေ့သို့မသွားစေဘဲ နောက်သို့သာ ပြန်လှည့်ပစ်ချင်သည်။ တိတ်ဆိတ်အေးစက် ဒီဇင်ဘာညများထဲ တိတ်တခိုးငိုရှိုက်သံများ လိမ်းကျံလျက် မိန်းကလေးတစ်ယောက် အသည်းကွဲနေပါသည်။

စုမီအောင်

(true story ပါ။ ဒါပေမဲ့ ပြင်ပကတကယ့်ဖြစ်ရပ်အကုန်အစင် မပါပါဘူး။ ဖြစ်ရပ်မှန်ရဲ့ အစပိုင်းကာလလေးကိုသာ ခပ်ပါးပါးလေး ယူပြီးရေးလိုက်တာပါ။ တချို့ပြင်ပက ဖြစ်ရပ်တွေဟာ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးတင်ပြလေ့ရှိတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထက် ပိုပြီး အံ့သြဖွယ်ကောင်းလှပါတယ်။ စိတ်ကူးတွေဗြောင်းဆန်အောင် မွှေနှောက်ရေးသားတင်ပြခဲ့ရင်တောင် လိုက်လို့မမီနိုင်တဲ့ လွမ်းမောနာကျင်ခံစားရတဲ့ တကယ့်ဇာတ်လမ်းတွေ ပြင်ပမှာ အပုံအပင်ရှိနေပါတယ်။ ဒီဝတ္ထုထဲက မြူလေး ဆိုတဲ့ မိန်းကလေးနဲ့ ထပ်တူ ကျွန်မနာကျင်ခံစားခဲ့ရလွန်းလို့ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ချီးမွမ်းအသိအမှတ်ပြုတဲ့သဘောနဲ့ ရေးခဲ့တာဖြစ်သလို သူနဲ့ထပ်တူခံစားနာကျင်ခဲ့ရလ�

No comments: