Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, December 01, 2013

အမေရိကန်အင်ပါယာ ကျဆုံးခြင်း

Nweni Magazine, December, 2013
ယူအက်စ်သမတကြီး ဘားရက်ခ် အိုဘားမားတယောက် ကုလစင်မြင့်ကနေ ကမ္ဘာ့ခေါင်းဆောင်ကြီးများ ရှေ့မှောက်မှာ ပြောကြားသွားတဲ့ ပုံရိပ်ကို ကြည့်လိုက်ရင် တွန့်ဆုတ် နေဟန်ရှိနေတာ အထင်းသား မြင်နေရတယ်။
အီရန်နဲ့ နျူကလီးယားကိစ္စ ရင်ဆိုင်ဖို့လည်း အသင့်ရှိနေတယ်။ ရန်သူရှိရာ ပြစ်မှတ်ထား ပို့လွှတ်လိုက်တဲ့ ဒရုန်း တွေနဲ့ တိုက်ခိုက်မှုကြောင့် လူတွေ သေကြေကြရတာတွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဆီးရီးယားကိုတော့ စစ်ဆင်ရေးမစ်ရှင်အဖွဲ့ စေလွှတ်ဖို့ ပြင်ဆင်ခြင်းမရှိသေးပါဘူး။ သူက ကမ္ဘာကြီးအတွက် စိုးရိမ်ပူပန် နေမိကြောင်းကိုသာ  နိမိတ်ပြ ပြောဆိုခဲ့တယ်။


“ယူအက်စ်ဟာ လူသားတွေရဲ့ အကျိုးကို သည်ပိုးနိုင်ဖို့ လူသားချင်းစာနုာဖို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို တခြားတိုင်းပြည်တွေနဲ့ အတူ စွမ်းရည် တိုးမြှင့် ညှိနှိုင်း လုပ်ကိုင်သွားဖို့ ရှိပါတယ်” တဲ့။
သူက ပြောတယ်။
အဖွဲ့ဝင် ၁၉၃ယောက် ပါဝင်တဲ့ အထွေထွေညီလာခံမတိုင်မီ သူမိန့်ခွန်းချွေတုံးက “အမေရိကန် အင်ပါယာဟာ ရှိရင်းစွဲ မူဝါဒအတိုင်း လုပ်ရိုးလုပ်စဉ် အလုပ်ကိုသာ လုပ်သွားမှာပါ။ပြည်သူတွေရဲ့ ဆန္ဒမပါပဲ လုပ်မှာမဟုတ်ဘူး”တဲ့။ သူက ပြောသေးတယ်။
မကြာမီ အချိန်ကလေးက 
ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး အခြေအတင် ပြောကြတုံးက ကမ္ဘာကြီးအတွက်ရော  အမေရိကန်အတွက်ပါ အန္တရယ်ဆိုတာ ပြတ်သားထင်ရှားစွာ  မြင်နေရတယ် လို့ ဆိုတယ်။ဒေသတွင်း နိုင်ငံတွေအတွက်လည်း ထိခိုက်လာနိုင်တဲ့ ပြဿနာဆိုတာ ပီပီပြင်ပြင် တွေ့နေရတယ်။ တဲ့။  သို့သော်လည်း အမေရိကန်ဟာ ဒေသတွင်းပြသနာတွေနဲ့ နိုင်ငံတကာအရေးအခင်း ကိစ္စတွေမှာ စိတ်ဝင်တစားပါဝင် နှစ်မြှုပ်ဖို့ ဆန္ဒမရှိတော့ဘူး။

စစ်ပွဲကြီး ဆယ်စုနှစ်တခုစာချီပြီးတော့ ယူအက်စ်ဟာ      ကမ္ဘာကြီးအတွက် အန္တရယ်လို့မြင်နေကြတယ်။ သေချာပေါက် မူစလင်ကမ္ဘာကိုကျော်လွှား ပျံ့နှံ့သွားခြဲ့ပီ။ ခေါင်းဆောင်ပိုင်းနေရာမှာ စွမ်းရည် လစ်ဟာနေပြီးတော့ လိုအပ်တဲ့နေရာကိုဖြည့်ဆီးဖို့ အသင့် ရှိမနေဘူး။
အချိန်နှင့်အမျှ အိုဘားမားကတော့ ပြောပါတယ်။ အမေရိကန်ဟာ အာရပ်အဇ္ဇရေးလ်ပဋိပက္ခ၊ အီရန်နျူကလီယာပြဿနာ စတာတို့အတွက်  အခြေခံကျတဲ့ နိုင်ငံခြားရေးပေါ်လစီမှာ မူဝါဒ သော့ချက်နှစ်ခုရှိ နေကြောင်း ဒါတွေဟာ ဒေသတွင်း ပြဿနာများရဲ့ အကြောင်းရင်းဖြစ်ပြီး အဓိက နယ်မြေအေးချမ်းသာယာဖို့   လူသားချင်းစာနာထောက်ထားဖို့ကို ဦးစားပေး ရွေးချယ်လုပ်ကိုင် သွားရမှာဖြစ်ကြောင်း ဒါဟာ အရှုံး အနိုင် ကစားနေတဲ့ ပွဲကြီး မဟုတ်ပါဘူး။ အမေရိကားဟာ ဆီးရီးယားမှာ  ဘယ်လို ပဋိပက္ခတွေရှိရှိ လူသားချင်း စာနာထောက်ထားမှုကိုသာ သူရွေးချယ်သွားမယ် တဲ့။သူက ပြောပါတယ်။ဒါဟာ ကမ္ဘာကို သူ ဦးဆောင် နိုင်တဲ့ စွမ်းရည် မရှိတော့ဘူးဆိုတာ ပြနေတာပဲ။အကြမ်းဖက်သမားတွေအတွက် ခိုလှုံစရာ မြေမရှိအောင် သေချာပေါက် လုပ်ဆောင်ဖို့ လိုတယ်လို့ တော့ သူကပြောတယ်။

သူက ကတိပေးပြီး အလုပ်ကိုလည်း ခိုင်မာစေရန်အတည်ပြုပြောပါတယ် ။ယူအက်စ် -ရပ်ရှား ပူးတွဲ ချမှတ်ထားတဲ့ အစီအစဉ်ရှိပါတယ်။ ဆီးရီးယားအစိုးရဟာ နိုင်ငံတကာ ထိန်းချုပ်မှုအောက်မှာ သူ့ရဲ့ ဓါတု လက်နက်တွေကို လည်း တိတိကျကျ စာရင်းဇယားပြ ထားရှိ ရမှာဖြစ်ပါတယ်။ ဒါကိုလည်း လူသိရှင်ကြား ကြေငြာဖို့ လိုပါတယ်။အာဆတ်အစိုးရဟာ ဒါကို ထိထိရောက်ရောက်လိုက်နာဖို့လိုပါတယ်။ တကယ်လို့ အဲဒီလို မဟုတ်ဘူးဆိုရင် နိုင်ငံတကာ ခုံရုံးဥပဒေအရ လုံခြုံရေးကောင်စီက ဆီးရီးယားကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂ မှ အဖွဲံဝင် နိုင်ငံအားလုံး သဘောတူ မဲခွဲ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ ပိုမုကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက စုပေါင်းထောက်ခံပြီး  ဒီအရေးအခင်းကို အဆုံးသတ်စေချင်ကြတယ်။

နောက်ဆုံးတော့ ဆီးရီးယားကို ဘယ်သူ ဦးဆောင် ၀င်မလဲဆိုတဲ့အမေးကတော့ အဖြေမရှိသေးပါဘူး။အမေရိကန်ဟာလည်း လက်ရှောင်နေပါတယ်။ သူ့ဂုဏ်သိက္ခာနဲ့ လိုက်လျောညီထွေစွာ ချဉ်းကပ်ဖို့  နည်းလမ်းကို ရှာတုံးပါပဲ။ သူက လူသားချင်းစာနာထောက်ထားပြီး အကာအကွယ် ပေးသွားမယ်  အမေရိကန်ေါး်လာ သန်း ၃၄၀ ထည့်ဝင်မယ် လို့ ကြေညာလိုက်တယ်။ ခက်တာက ယူအက်စ်နဲ့ ရပ်ရှားတို့ဟာ ဓါတုလက်နက် ပစ္စည်းတွေ ဘယ်တော့ ပြီးစီးအောင် ဆောင်ရွက်ရမယ်ဆိုတာမှာတော့ အကြီးအကျယ် သဘောထားကွဲလွဲ နေတုံးပါပဲ။ခြိမ်းခြောက်မှု အပိုင်းမှာပဲ လမ်းဆုံးနေမလား။လက်နက်ဖျက်သိမ်းရေးမှာ တိကျစွာ အာဆတ်က လိုက်နာခြင်းမရှိရင် နောက်လာမဲ့အကျိုးဆက်ကတော့ အများဆန္ဒအရ အတိအလင်း စစ်အင်အားသုံးဖို့ ကို ရပ်ရှားကပါ သဘောတူပါလိမ့်မယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အိုဘားမားမိန့်ခွန်းမပြောမီ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယားကို   ထိရောက်မှု အရှိဆုံးနဲ့  အမြန်ဆုံး ကိုင်တွယ်ဖို့ တွန်းအားပေးခဲ့တယ်။ ဒါ့အပြင် ဆီးရီးယားက ကောင်းစွာလိုက်နာဖို့ကိုလည်း တိုက်တွန်းခဲ့တယ်။ဘန် က ဖြည့်စွက် ပြောကြားရာမှာအများဆန္ဒအရ မဟုတ်တဲ့ လက်နက်များကို ဖယ်ရှားရာမှာ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ အကူအညီ  မပါဝင်လို့ မဖြစ်ပါဘူး။တရားမ၀င် လက်နက်တွေနဲ့ တိုက်ခိုက်နေရင် လူအသေအပျောက်များသထက်များလာမှာပါ။အလွန်ကြောက်ဖို့ကောင်းတဲ့ စစ်ပွဲကြီးမျိုးလည်း ဖြစ်ပွားလာမှာပါ။

ဘန်က ဆီးရီးယားတိုက်ခိုက်သူများနဲ့ သူတို့ရဲ့  နောက်ခံ နိုင်ငံခြားတပ်ဖွဲ့များကို   ဒီလို ပြောပါတယ်။ စစ်ပွဲနဲ့ အနိုင်ယူခြင်းဟာ အတုအယောင်သာဖြစ်တယ်။ သွေးချောင်းစီး တိုက်ပွဲကြီးများ အလျင်အမြန် ရပ်တန့်ကြပါ တဲ့။
အမေရိကန်တွေ စိတ်ဝင်စားမှု အရှိဆုံး အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်း နိုင်ငံများကိုတောင် နည်းနည်း မရွံ့မရဲ သလိုပဲ။အိုဘားမားကိုင်တွယ်ပုံ လျော့ရဲနေဟန်ရှိတယ်။စစ်ရေးကျူးကျော်မှုများကိုအားမပေးပဲ  ဆန့်ကျင်နေတယ်။ အဇ္ဇရေးဟာ စင်စစ် အမေရိကန် ရဲ့ အပြီပြင်ဆုံး မိတ်ဆွေပါ။အကြမ်းဖက်သမားများရဲ့ လက်ဝယ် ဓါတုလက်နက်များ တဟုန်ထိုး ပွားများလာနိုင်တဲ့ အန္တရယ် အချေအနေက ကမ္ဘာကြီး ကင်းလွှတ်နိုင်စေဖို့ တာဝန်ရှိနေပါတယ်။ 

“အမေရိကန်ပြည်ထောင်စုဟာသူ့သြဇာ အာဏာ ထူထောင်ဖို့ သူ့သိက္ခာကို ထိန်းသိမ်းဖို့  သို့မဟုတ် ဒေသတွင်း နိုင်ငံ ငယ်များကို အကာ အကွယ်ပေးဖို့  စစ်ရေးတိုက်ခိုက်မှု အပါအ၀င် ပြင်ဆင်သင့်သည်များကို အသင့် ပြင်ဆင်ထားမယ် “ လို့တော့  အိုဘားမားက ပြောဆိုနေတာပါ။
“ကျွန်တော် ယုံကြည်ပါတယ်။ ဒီ ဖြစ်စဉ်တွေအပေါ်မှာ  တဖက်သတ်လှုပ်ရှားမှု ကိုလည်း ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် စစ်ရေးလှုပ်ရှားမှုတွေ စစ်အင်အားဖြန့်ကျက်တွေ ဆိုပါတော။့ဒါပေမဲ့  စစ်အင်အားနဲ့ အတင်းအကြပ် ဒီမိုကရေစီထူထောင်ပေးလို့ မဖြစ်နိုင်ဘူးဆိုတာ  အီရတ်က ပြသနေပါတယ်။ကျွန်တော်တို့ဟာ ဒေသတွင်းနိုင်ငံများ ပါဝင်ပူးပေါင်းမှု ရယ် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကူအညီရယ် ပါဝင်ပါမှအကောင်းဆုံး အောင်မြင်ကို ရယူနိုင်မယ်လို့ ကျွန်တော် ခံယူပါတယ် “
လို့ သူက ပြောခဲ့တယ်။

ဆန္ဒပြ ပြည်သူတွေကို စစ်အင်အားသုံး ဖြိုခွဲပြီး  ဇူလိုင်၃ရက်နေ့က အာဏာ ရယူခဲ့တဲ့   အီဂျစ်ရဲ့ စစ်အုပ်ချုပ်ရေး အဖွဲ့သစ်နှင့်ယူအက်စ် ဟာ အလုပ် အတူလုပ်ကြဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက်  အိုဘားမားက
 ”ကျွန်တော်တို့ အီဂျစ်ကို အနုနည်းနဲ့ ဆင်ဆင်ချင်ချင် ထိုးဖေါက် ဆက်သွယ်ခဲ့တာပါ။
”ယူအက်စ် ဟာ အချိန်တိုင်း ကမ္ဘာပေါ်က မည်သည့် နိုင်ငံနဲ့မဆို ထိတွေ့ ဆက်ဆံချင်ပါတယ်။ ထိပ်ဆုံးအထိ အမြင့်မားဆုံး မျှော်လင့်ထားတာပါ။ ဘယ်သူ ကျွန်တော်တို့နဲ့ အနှစ် သာရရှိရှိ အကျိုးခံစားမလဲ “လို့  
ကာကွယ် ပြောကြားခဲ့တယ်။
အိုဘားမား ဖြည့်စွက် ပြောကြားလိုက်တာက 
“ကျွန်တော်တို့ဟာ အမေရိကန်ရဲ့  ကုန်သွယ်ရေး ပြိုင်ဖက်တွေနဲ့ပါ အလုပ်အတူလုပ်ဖို့ ဆန္ဒရှိပါတယ်။အထီးကျန်နေတဲ့ အီရန်နဲ့ရော။ ဆက်ဆံဖို့က ကျွန်တော့တို့ ရဲ့ အမြင့်ဆုံး  ပန်းတိုင်ပါ။” တဲ့။
ကုလလုံခြုံရေးကောင်စီမှာ အီရန်သမတသစ် ဟာဆန်ရိုဟာနီ မိန့်ခွန်းမပြောမီ ကတည်းက အိုဘားမားဟာ အချိန်တိုင်း ပြောဆိုကမ်းလှမ်းနေတာပါ။ “ ကျွန်တော်တို့ စစ်အုပ်ချုပ်ရေး အပြောင်းအလဲကို ကြည့်မနေပါဘူး။ အီရန်ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့ လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ရရှိဖို့ နျူကလီယားကင်းမဲ့ဖို့ နှင့် ကုလသမဂ္ဂ လုံဃြုံရေးကောင်စီက ချမှတ်ဖေါ်ဆောင်ထားတဲ့ နျူကလီယာ လက်နက် မပျံပွားရေး သဘောတူစာချုပ်အရ စည်းကမ်းလိုက်နာဖို့ ကိုသာ ကျွန်တော် တို့ တာဝန်ရှိသလို ဆောင်ရွက်သွားမှာ ဖြစ်တယ် “ 

“အီရန်ပြည်သူတွေ လူ့အခွင့်အရေးကို လေးစာလိုက်နာတတ်လာအောင်  အကောင်းဆုံး ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ။  အီရန်ပြည်သူတွေ ငြိမ်းချမ်းသာယာနေပြီ ဆိုတာ ကမ္ဘာကြီးကို  စိတ်ချယုံကြည်စေချင်တယ်။   စေ့စပ်ဆွေးနွေး ကျေအေးစေမဲ့ စကားလုံးတွေ သုံးပြီး ထင်သာမြင်သာ ကျွန်တော်တို့ဆက်လက်အရေးယူ  ဆောင်ရွက်သွားဖို့ ရှိပါတယ် တဲ့။
ဒီရက်အစောပိုင်းနေ့တွေက ဘရာဇီးလ်သမတ ဒယ်လ်မာရို့စ်ဆက်ဖ်ကတော့ အမေရိကန်ထောက်လှမ်းရေးတွေ ပြည်တွင်း  ၀င် သောင်းကြမ်းသွားပုံကို အခဲမကြေနိုင်ပါဘူးတဲ့။သတင်းဖြတ်တောက်ခိုးယူမှုတွေ ပေါက်ကြားကုန်တာကိုး။ နိုင်ငံတကာ ဥပဒေကိုချိုးဖေါက်တယ်ရယ်လို့ ခိုင်ခိုင်မာမာ စွပ်စွဲ နေပါတယ်။ လောလောဆယ် အမေရိကားကို လည်ပတ်ဖို့ကိုတောင် သူက ဆိုင်းငံ့ထားသတဲ့။

“ကျွန်တော်တို့ရဲ့ ဦးနှောက်ကလာတဲ့ အသိ ဥာဏ်ပညာကို အရင်းပြု လွှာသုံးပြီး အမြင်ချင်း ဖလှယ်ကြဖို့ လိုနေပါပြီ။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ ကျွန်တော်တို့ရဲ့ ပြည်သူတွေ လုံခြုံ အေးချမ်းစွာ နေနိုင်ဖို့ အကြမ်ဖက်သမားတွေရဲ့ရန်က ကင်းစင်ဖို့ ကျွန်တော်တို့ အတူ မျှဝေ ခံစား ပြီး သင့်တင့်လျော်ညီစွာ လုပ်ကိုင်ကြမှာ ဖြစ်တယ် “
လို့ အိုဘားမားက ဆိုပါတယ်။ ဒါပေမဲ့ သူ့ ချေပပြောဆိုမှုတွေက အငြင်းပွားဖွယ် ဖြစ်နေပါတယ်။ ကြားဖြတ် သတင်းခိုးယူ မှုတွေက နိုင်ငံအနှံ့ များပြားလွန်းတာကြောင့် တစ်နံပတ် ကမ္ဘာ့ခေါင်းဆောင်ကြီးနေရာက ကြီးတကာ့ကြီး  စူပါပါဝါကြီးကို  ဟို  အဝေး တနေရာဆီသို့ ပို့ဆောင်ပေးလိုက်ပြီ ဆိုတာ မြေကြီးလက်ခတ်မလွဲ သေချာနေပြီ ဖြစ်တယ်။          ။

Florist
by..Colum Lynch,Ty McCormick
Obama to World: Bad News.The American Empire Is Dead.

No comments: