Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 03, 2014

ကောင်းကင်ဘုံတံခါးဝသို့ မျှော်ကြည့် ချိတ်ဆွဲထားသော ဘေဘီလုံ ဥယျာဉ်ကြီးများ

A 16th-century hand-coloured engraving of the Hanging Gardens of Babylon by Dutch artist Maarten van Heemskerck, with the Tower of Babel in the background

နတ်ဘုရားတို့ ဖန်ဆင်းလိုက်သလိုပါပဲ။တကယ့်ကို ဒဏ္ဍာရီဆန်ဆန်  တိုက်တာအိမ်ခြေ ခေါင်မိုးတွေပေါ်က သစ်ပင် ပန်းမာလ် ဥယျာဉ်ခြံကြီးများဟာ လေမှာဝဲပျံနေသလို အထူးအဆန်း  မြင်တွေ့နေရတာကြောင့်  Hanging Gardens ရယ်လို့ တွင်သွားခဲ့ခြင်းဖြစ်တယ် ။ ကောင်းကင်ဘုံတံခါးဝသို့  မျှော်ကြည့် ချိတ်ဆွဲထားသည့်ဥယျာဉ်ပျံကြီးများ လို့ ဆိုနိုင်ပါသေးတယ်။ဘေဘီလုံ (Babylon) ဆိုတာရဲ့ အဓိပ္ပါယ်ကိုက (Gate of the Gods)”ဘုရားသခင်ရဲ့ တံခါးဝများ” လို့ အဓိပ္ပါယ်ရတာပါ။

၁၆ ရာစုနှစ်က ဒပ်ခ်ျလူမျိုး အနုပညာရှင် မာတင် ဗင် ဟီးမ်ဆကရက်ခ် က နောက်ခံ (Babel Tower ) ဘာဘယ်မျှော်စင်နှင့်အတူ ဥယျာဉ်ပျံကြီးများကို ထူးခြားစွာ ရုပ်လုံးဖေါ်မှတ်တမ်းတင် ရေးသားခဲ့တယ် တဲ့။

နေရာကတော့ ယခုအခါ အီရတ်နိုင်ငံ ဟီးလပ် ဘာဘီလ်(Hillah,Babil)ပြည်နယ်မှာပါ။  ရှေးဟောင်း ဘေဘီလုံမြိုံတော်ကြီးမှာ ဖြစ်ပါတယ် လို့ ဘေဘီလုံနီယဲန်လူမျိုး ဘုန်းတော်ကြီး ဘရော့ဆပ်စ် (Berossus) က 290BC မှာ ပထမ ဦးစွာ ထုတ်ဖေါ် ရေးသားထားကြောင်းဂျို့စ် ဖါ့စ် (Jose Phus)ဆိုသူ သုတေသီတဦးက ကောက်နှုတ်ဖေါ်ပြခဲ့တယ်။ကမ္ဘာ့အံ့ဖွယ် ခုနှစ်မျိုးမှာ တခုအပါအ၀င် ဖြစ်ပါတယ်။တကယ့်ကို ထူးထွေတည့် အံ့ရာ လို့ ဆိုရမှာ  ဖြစ်ပါတယ်။
လူသားတို့ တည်ဆောက်ခဲ့သမျှ ထဲမှာ ဒါဟာ မယုံကြည်နိုင်လောက်အောင် အံ့သြ ချီးမွမ်းဖွယ် ကောင်းသော အစီအမံ ဖြစ်တယ်လို့(The Marvel of the Mandkind ) ဆိုပြီးတော့လည်း နာမည်ကျော်လာခဲ့တာပါ။
Hanging Gardens of Babylon, 20th-century interpretation
၂၀ရာစုနှစ်က ဘေဘီလုံ ဥယျာဉ်ပျံကြီးများ

ဒါ့ကြောင့်လည်း ရှေး ရောမ နဲ့ ဂရိ (ခေါမ သို့မဟုတ် မက်ဆီဒိုးနီးယဲန်) စာရေးဆရာ Strabo,Diodorus Sircutusနဲ့ Quintus Curtius Rufus တို့က ဒါဟာ စိတ်ကူးယဉ်ဆန်လွန်းတဲ့ အရှေ့တိုင်း ဥယျာဉ်တခုလို့ ဆိုပါတယ်။ ရေသွယ်မြောင်းတွေလည်း မလစ်လပ်ရပါဘူး။
ဆန်းကြယ်စွာ စီမံထားတယ်တဲ့။

Illustration of the mythical Hanging Gardens of Babylon by Maerten van Heemskerck (1498-1574), published in 1572.
၁၄၉၈ ကနေ ၁၅၇၄အထိ ထွန်းကားခဲ့တဲ့ စာရေးဆရာ မာတင် ဗင် ဟီးမ်စကပ်ခ် က ၁၅၇၂ခုနှစ်မှာ ဒဏ္ဍာရီ ပုံပြင် ဆန်လွန်းလှတယ်လို့ ထုတ်ဖေါ်ရေးသားခဲ့တယ်။

တကယ့်ကိုပဲ ဒဏ္ဍာရီ ပုံပြင် စိတ်ကူးယဉ်ဆန်ဆန် တည်ရှိနေတာပါ။ သက္ကရာဇ် 605 -528BC အတွင်း ဘေဘီလုံ မြို့တော်ကြီးကို ထီးနန်းစိုက်ထူ ဧကရာဇ်တဆူ ဖြစ်ခဲ့တဲ့ ဘုရင် Nebuchadnezzar II က အိမ်ယာတောတောင်နဲ့ ခွဲခွာလာရတဲ့အတွက်  ဋ္ဌာနီကို အောက်မေ့ လွမ်းဆွတ်တော်မူနေသူ  ပါရှန်မိဖုရား Queen Amytis အတွက် ရွှေနန်းဆောင်တခုနဲ့အတူ ဒီ ထူးခြား ဆန်းပြားတဲ့ ဥယျာဉ်ပျံကြီးများကို တွဲဘက်ပြီး အလွမ်းပြေ တည်ဆောက်ပေးခဲ့တာလို့ ဆိုပါတယ်။ 

နှစ်ပြည်ထောင် ချစ်ကြည်ရေး မိတ်ဆက် လက်ထပ်ရတာမျိုး ရှိလေတော့ မက်ဆီ ဒိုးနီးယဲန်မိဖုရား အတွက် သို့မဟုတ် ပါရှဲန်မိဖုရားအတွက် ဆိုတာ သဲသဲကွဲကွဲမရှိဘူး လို့ တချို့ သုတေသီတို့က အငြင်းပွားဖွယ်ရှိခဲ့ပေမဲ့ ဟီရို ဒိုးတပ်စ် (Herodotus)ကတော့ သူ့သမိုင်းစာအုပ်မှာ ဒီအကြောင်း နီးနီးကပ်ကပ် ထဲထဲဝင်ဝင်  ရေးသားခဲ့တာမျိုး မရှိပါဘူး တဲ့။

တချို့ကလည်း အဆီးရီးယဲန်ဘုရင် Assyrian Sonnacherib(704- 681BC)က တိုက်ဂရစ်မြစ်ပေါ်မှာရှိတဲ့ သူ့ရဲ့ မြို့တော်ကြီး  Nineveh မှာ ဆောက်လုပ်ခဲ့တယ်လို့ ဆိုကြပြန်တယ်။
This copy of a bas relief from the North Palace of Ashurbanipal (669–631 BC) at Nineveh shows a luxurious garden watered by an aqueduct.

နောက်တမျိုး ပြောကြတာက ဒီမျှ ခန်းနားထည်ဝါလွန်းတဲ့ ဥယျာဉ်ကြီး ကို တည်ဆောက်ခဲ့သူဟာ King Ashurbanipal(669-631BC)ဖြစ်တယ်။ ရေသွယ်မြောင်း စုံစုံလင်လင် ပါဝင်တာကြောင့် ဘာမှ လိုလေသေးမရှိပါဘူးတဲ့။
ဒီလို အငြင်းပွားဖွယ် ပြောဆိုနေကြခြင်းဟာ ခေတ်ပြိုင် စာရေးဆရာကြီးတွေရဲ့ ဖန်တီးမှုလည်း  ဖြစ်နိုင်ချေရှိနေ ပါသေးတယ်။ 
ယခုအခါမှာတော့ ယူဖရေးတီးစ်မြစ် (Euphrates)အောက်ခြေမှာ တည်ရှိနေတာဖြစ်တယ် ဘေဘီလုံမှာ ရှိတာမဟုတ်ဘူးလို့လည်း ဆိုကြပြန်တော့ ယခုအခါ တည်ငြိမ်းအေးချမ်းမှု မရှိတဲ့ အီရတ်နိုင်ငံမှာ ပြန်လည် တူးဖေါ်ကြည့်ရှုဖို့ဆိုတာ အလွန်တရာမှ ခက်ခဲလွန်းနေပါတယ်။

နန်းတော်ကြီးကတော့ နိဗ္ဗာန်ဘုံတမျှ ခန်းနားထည်ဝါလွန်းပါတယ်။ ဥယျာဉ်တွေက တွဲလဲ ချိတ်ဆွဲ ထားသလို ပါပဲ။လျှောက်လမ်းတွေဟာ တဖြည်းဖြည်း  ထောင်မတ်ပြီး ကျောက်တိုင်ကြီးတွေနဲ့ အခိုင်အခန့် စီချယ်ကာရံ ဆောက်လုပ်ထားပြီး သစ်ပင်မျိုးစုံ ပေါင်းထည့်ဖြည့်စွက်ထားတာကြောင့် တောတောင်ရှုခင်းတခုလုံး မ,ယူရွှေ့ပြောင်း စိုက်ထူ ထားရော့လား အထင်မှားနိုင်ပါတယ်။ ကြည့်လိုက်ရင် တတောလုံး တတောင်လုံး (ရွှေနန်းတော်ကြီးတခုလုံး)စိမ်းစို ညိုမှိုင်းလို့။တဆင့်ပြီးတဆင့် တောင်ကုန်းကလေးပေါ်ဆင်ခြေလျော မြင့်တက်သွားရာမှာ တောရိုင်းနှင်းဆီတွေလည်း ခြံရံ ဖြာဝေလို့ပေါ့။ပန်းဝတ်ရုံ ခြုံထည် ဖြန့်ခင်းလိုက်သလို တလောကလုံး စိုပြည်တင့်တယ်လို့။ကွေ့ကောက် ပတ်ရစ် မြင့်တက်သွားတဲ့ ပန်းခြုံနွယ် တောတန်းကလေးက လှပါဘိ သနဲ့။
ဒါဟာ ရွှေပြည်တော် မျှော်တိုင်း ဝေးခဲ့ရသူ ဌာနီကို လွမ်းတပူဆွေးနေသူ ပါရှဲန် မိဖုရား ကျေနပ် နှစ်ချိုက်စေဖို့ အထူးပြုလုပ်ပေးထားတဲ့   ဧကရာဇ်ဘုရင်ကြီးရဲ့ စေတနာပါပဲ။ ရှေးပိသုကာအတတ်ပညာရဲ့ ပြောင်မြာက်မှုကို မလွဲမသွေ အံ့သြ ချီးမွမ်းရမှာ ဖြစ်တယ်။

Florist 
Refer: Wikipedia 

No comments: