Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 24, 2014

ရိုင်းသွားမယ်ထင် ဆင်ခြင်ရမယ့်အပြုအမူလေးတွေ

Living Fashion Magazine, June, 2014

နိုင်ငံရပ်ခြားခရီးသွားအတွက်ပြင်ဆင်နေပြီဆိုရင် ဒေသခံတွေကြိုက်နှစ်သက်မှုမရှိနိုင်တဲ့ ယေဘူယျစည်းကမ်းလေးတွေ သိထားနိုင်ရင်ပိုကောင်းမှာပါ။ တခြားနိုင်ငံတွေမှာ ဒီအပြုအမူလေးတွေ မပြုလုပ်မိအောင် တတ်နိုင်သမျှဆင်ခြင်သင့်ပါတယ် တဲ့။

ဂျပန်မှာ ဘောက်ဆူး မပေးပါနဲ့
စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာ tip money ပေးတဲ့ အလေ့အထဟာ တွင်ကျယ်နေကြပါတယ်။ ဂျပန်မှာတော့ ခြွင်းချက်ပါ။ tip money မပေးကြပါဘူး။ အဲဒါဟာ အရှက်ရစေတယ်။ နှိမ်တယ်လို့ ထင်မြင်ယူဆတာကြောင့်ပါ။

ရုရှားမှာတော့ အပြုံးချွေတာပါ
ရုရှားနိုင်ငံရောက်ခဲ့ရင် လူစိမ်းတွေကို ပြုံးမပြပါနဲ့။ သူတို့မြင်ကြတာက အပြုံးဟာ ရင်းနှီးကျွမ်းဝင်တဲ့အပြုအမူတစ်ခုအဖြစ်ပါ။ စစ်မှန်ရင်းနှီးတဲ့မိတ်ဆွေအချင်းချင်းကိုမှ ရည်ညွှန်းပြုံးပြနှုတ်ဆက်လေ့ရှိတာကြောင့် မသိတဲ့ လူစိမ်းတစ်ယောက်ကို ပြုံးပြနေမယ်ဆိုရင် သင်ဟာ ရိုးသားတည်ကြည်မှုမရှိဘူးလို့ သူတို့က ဆုံးဖြတ်သွားနိုင်ပါတယ်။

အိန္ဒိယမှာ ဘယ်လက်မသုံးသင့်ပါ
အိန္ဒိယယဉ်ကျေးမှုမှာ ဘယ်လက်ဟာ သန့်ရှင်းမှုမရှိဘူးလို့ ယူဆကြတယ်။ အဲဒါကြောင့်မို့ တစ်ဦးတစ်ယောက်ကို နှုတ်ဆက်တာပဲဖြစ်ဖြစ် ငွေလဲတာပဲဖြစ်ဖြစ်၊ ပစ္စည်းပစ္စယတွေ ကောက်ယူကိုင်တွယ်တာကအစ သင့်ရဲ့ ညာဘက်လက်ကိုပဲ သတိထားပြီးအသုံးပြုပေးပါ။

တရုတ်နိုင်ငံမှာဆိုရင် ပန်းကန်ထဲမှာ အကုန်အစင်မစားလိုက်ပါနဲ့
ကိုယ့်ပန်းကန်ထဲရှိသမျှအစားအစာကို ပြောင်စင်အောင်စားလိုက်တယ်ဆိုရင် သင့်ကို ဧည့်ခံတဲ့ မိတ်ဆွေဟာ သူ လုံလုံလောက်လောက် မကျွေးနိုင်ခဲ့လို့။ ဒါမှမဟုတ် ထပ်ပြီးဖြည့်မပေးလိုက်လို့ ဆိုတဲ့ သဘောမျိုးပြသတာလို့ ထင်မြင်သွားနိုင်တယ်။ ပန်းကန်ထဲမှာ နည်းနည်းဖြစ်ဖြစ် ချန်ထားလိုက်မယ်။ စားပြီးတဲ့အခါ လေချဉ်တက်လိုက်တာဟာ စားဖိုးမှုးကို ချီးမွန်းမှုအဖြစ် အဆင်ပြေတဲ့အပြုအမူဖြစ်လို့နေပါတယ်။

နော်ဝေးမှာ ဟွန်းမတီးပါနဲ့
အရေးပေါ်ကိစ္စတွေမှသာ အသုံးပြုနိုင်မှာပါ။ တကယ်လို့များ ကားဟွန်းတီးမိခဲ့ရင်တော့ မလိုအပ်တဲ့ အဲဒီ ကားဟွန်း တတီတီမြည်သံကြောင့် တခြားကားမောင်းသူတွေ ထိတ်ထိတ်ပျာပျာဖြစ်သွားပါလိမ့်မယ်။

ပြင်သစ်မှာဆို "ဟယ်လို"
Bonjour madame, monsieur ဆိုတဲ့ စကားလေးဟာ အမြဲတမ်းပဲ ပထမဆုံးပြောလိုက်ရမယ့် စကားဖြစ်သင့်ပါတယ်။ အဲဒီ ဟယ်လို စကားလုံးလေးနဲ့ စပြီးနှုတ်မဆက်ခဲ့ဖူးဆိုရင် သင်ဟာ တစ်ဖက်သားကို မတူမတန်သလို နှိမ့်ချ သတ်မှတ်လိုက်တဲ့သဘောမျိုး ဖြစ်သွားနိုင်တယ်။

ဂျာမနီမှာ ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ပြီး စကားစမြည်မပြောပါနဲ့
ဂျာမန်တွေဟာ အဲဒီအပြုအမူကို ရိုင်းတယ်လို့ဆုံးဖြတ်ကြပါတယ်။ စားသောက်တဲ့အခါမှာလည်း ဓလေ့ထုံးတမ်းနဲ့ အညီဆိုရင် သင့်ရဲ့ လက်တွေကို စားပွဲပေါ်ထင်ထားရမှာပါ။ ပေါင်းပေါ်မှာဖွက်သိမ်းထားတာထက် စားပွဲပေါ်ပဲ တင်ထားတာ ယဉ်ကျေးတဲ့အပြုအမူလို့ ဆိုတယ်။

ဖြိုးဖြိုး
Source : Rude! What You Should Never Do in Other Countries By Taylor Shea | Reader's Digest

ဖြိုးဖြိုး

No comments: