Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 25, 2014

ကမ္ဘာပေါ်က အလှဆုံး ရေပန်းများ

Waterfront Park (Charleston)
အမေရိကန်ပြည်ထောင်စု  တောင်ကာရိုလိုင်းနားပြည်နယ် ချားလ်စတန်ဒေသ ကူးပါးမြစ်အနီး ခန့်မှန်း မိုင်ဝက်ရှည်ပြီး၁၂ဧက ရှိ (5 ha)မြေနေရာမှာ တီထွင် ဆောက်လုပ်ထားတဲ့ နာနတ်သီးပုံ ရေပန်းပါ။၂၀၀၇ခုနှစ်က Landmark Award ဆုကို လက်ခံရရှိခဲ့သတဲ့။American Society of Landscape Architects  အဖွဲ့နဲ့ National Trust for Historic Preservation အဖွဲ့ တို့က ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ ဒီဇိုင်းလက်ရာ တို့ကြောင့် ပေးခဲ့တာဖြစ်တယ်။ှSasaki Associates အဖွဲ့က စတူးအတ် အို ဒေါ်ဆန်ရဲ့ လက်ရာပါတဲ့။ ၁၉၈၉ခုနှစ် ဟာရီကိန်း ဟူးဂိုး ကြောင့် ဒေါ်လာတသန်းဖိုးလောက် ဆုံးရှုံးခဲ့ရပြီး နောက် ၁၉၉၀ခုနှစ် မေလ ၁၁ရက်နေ့မှာ ဖွင့်ပွဲလုပ်နိုင်ခဲ့တယ်။


Volcano fountain, Abu Dhahi
ဒီဟာကတော့ အဘူဒါဘီ နိုင်ငံ က မီးတောင်သဏ္ဍာန် ပြုလုပ်ထားတဲ့ ရေပန်းပါ။အဘူဒါဘီ ဆိုတာက အာရပ် စော်ဘွားများ နိုင်ငံပေါ့။(UAE) တဲ့။
ရေပန်းဥယျာဉ်ကို မတ်စောက်တဲ့ မီးတောင်ပုံစံ ဒီဇိုင်းပြု တီထွင် ဆောက်လုပ်ထားခြင်းဖြစ်တယ်။အရေပန်းရဲ့အမြင့်က ပေ ၈၀ ရှိပြီး circular pyramid လုံးဝန်းသော ပီရမစ်  ပုံနဲ့လည်း ခပ်ဆင်ဆင်ပါ။ရေပန်းရဲ့ ထိပ်ဆုံးကို ရောက်ဖို့ လေးဘက်လေးတန်မှာ လေယာဉ်ရပ်နားရန် ပလက်ဖေါင်း ၆ခုရှိပြီးညအချိန်မှာ မီးရောင်စုံ ဖြာယှက်ကာ ရေတံခွန် က ရေသွယ်ဖြာဆင်းပုံများ ကို  နှစ်လိုဖွယ် ပန်းချီကားချပ်ပမာ တအံ့တသြ  မြင်တွေ့နိုင်တယ်။နိုင်ငံရဲ့ ရတနာ တပါးပါတဲ့။

People Friendship fountain Moscow, Russia
၁၉၄၈ခုနှစ် စတာလင် ခေတ် ယဉ်ကျေးမှု တခုပါ။လူသားတို့ မိတ်ဆွေဖွဲ့ခြင်းပါတဲ့။မြို့တော် မော်စကို မှာ တည်ရှိနေတာဖြစ်ပြီး ယခင် ဆိုဗီယက်ပြည်ထောင်စုခေတ်က တည်ဆောက်ခဲ့တာဖြစ်တယ်။ဆိုဗီယက်စီးပွားရေးစ့နစ် အောင်မြင်ခြဲ့ခင်းကို  ရည်စူးတည်ဆောက် ခဲ့တာဖြစ်ပါတယ် တဲ့။ရေပန်းဥယျာဉ်ပေါင်းများပြားစွာ တည်ဆောက်တဲ့အထဲမှာ ဒါက တခုအပါအ၀င်ပါ။ အလက်ဇန်းဒါး ပန်ြးံခံရှေ့မှာ တခု။ဘိုလ်ရှိုအီ အားကစားပြိုင်ပွဲများကျင်းပရာရုံကြီးရှေ့ ပြိုင်ပွဲ အမျိုးမျိုးကျင်းပရာ သရေတာ စကွဲယားတွင် တခု။လူဖြန်ကာ စကွဲယားတွင် တခု စသည်တည်ဆောက်ခဲ့တာပါ။ဆန်းဆန်းပြားပြား ရေပန်းကြီးတွေ ကြွယ်ဝတဲ့ နိုင်ငံကြီးပါပဲ။

Oval Fountain ,Tivoli, Italy
အီတလီနိုင်ငံ ရောမမြို့အနီးTivoli တွင် ယူနက်စကို အသိအမတ်ပြု Oval  သဏ္ဍာန် လုံးဝန်းသော ရေပန်း တခု ရီနေဆင်ခေတ် က တည်းက တည်ရှိခဲ့တာပါ။
ဥရောပ စာပေယဉ်ကျေးမှု ထွန်းကားစဉ် ကာလ Pope Alexander VII လက်ထက် လို့ ဆိုပါတယ်။ရေအားအတတ်ပညာကို သိမြင် ကျွမ်းကျင်သူ ပြင်သစ်လူမျိုး Clude Venard က ဒီဇိုင်းရေးဆွဲ ပေးခြင်းဖြစ်တယ်။

Trevi Fountain, Rome Italy
Trevi Fountain  ရေပန်းကို  ရေးဆွဲသူ ဒီဇိုင်းဆရာက  Italian ပိသုကာဆရာ  Nicola Salvi ဖြစ်ပြီး Pietro Bracci  ထပ်မံဖြည့်စွက် ခဲ့တယ်။အရှည်မီတာ 26.3 metres (86 ft) အမြင့်  49.15 metres အကျယ်က (161.3 ft) ပါ။ရှိပါတယ်။ကမ္ဘာပေါ်က ရေပန်းတွေ အားလုံးထဲမှာ ရှုပ်ထွေးမှု အများဆုံး ကိုင်တွယ်ရအခက်ဆုံးလို့ ကျော်ကြား.ပါသတဲ့။
ရေပန်းမှာ လမ်းသုံးလမ်း ဆုံတွေ့ရာ ပါရှိတဲ့အတွက် Trevi လို့ ခေါ်ဝေါ်ခြင်းဖြစ်တယ်။

Swarovski Kristallwelten (Swarovski Crystal Worlds), Austria
လင်းလင်းလက်လက် ပြောင်ပြောင်ဝင်းဝင်း ကျောက်သလင်း မျကိစိအပြူးသာနဲ့ ပါးစပ်ထဲက ရေတွေ တလစပ် ပန်းထွက်နေတဲ့ ရေပန်းကြီးကတော့ ဥရောပနိုင်ငံတခုဖြစ်တဲ့ သြစတီးယား (Austria) က ဆွာရိုဗတ်စကီ ခရစ်စတယ်လ်ဝါးလ် လက်ရာတွေပါ။ကောင်းကင်အမြင့်မှာ ပြူးပြူးပြဲပြဲ ထိုးထွက်နေတဲ့ အသက်ရှူမှားစရာ ဘီလူးကြီး တကောင်နဲ့ မတူပေဘူးလား။ဆန်းဆန်းပြားပြား ထွင်လည်း ထွင်တတ်ပါပေရဲ့လို့ သြချ ယူရပါလိမ့်မယ်။ Innsbruck အနီး Wattenဒေသမှာ တည်ရှိနေတာပါ။Austrain Artist, Writer and Actor Andre Heller ရဲ့ တီထွင်မှုဖြစ်ပါတယ်။ ပါးစပ်ပေါက် ကြီးဟာ ၀င်ပေါက် ပါတဲ့။ဇတ်ရုံလည်းဖြစ်တာမို့ ကလေးတွေ အရမ်း သဘောကျ နှစ်ချိုက်ကြသတဲ့။ မနက် ၉နာရီမှ ညနေ ၄နာရီခွဲအထိ ဖွင့်ထားပါတယ်။ ဥရောပတိုက် ရှိ သြစထီးယားနိုင်ငံ က ကျောက်သလင်းမျက်စိ နဲ့ ပါးစပ်ထဲကရေတွေ အဆက်မပြတ် ထွက်ကျနေဟန်  ထုဆစ် တီထွင် ပြုလုပ်ထားတဲ့ ရေပန်းကြီးပါ တဲ့။

Magic Fountain of Montjuic,Barcelona  Spain
 စပိန်နိုင်ငံ ဘာစီလိုနာမြို့ကအိမ်မက် ဆန်လွန်းလှတဲ့ မွန်တီဂျူ့စ် ရေပန်းကြီးပေါ့ 
The Magic Fountain of Montjuïc, Spain
1922ခုနှစ်က ဒီဇိုင်းဆရာ Carles Buigas  ရေးဆွဲခဲ့တဲ့ လက်ရာပါ။စပိန်နိုင်ငံ ဘာစီလိုနာက  မွန်တီဂျူစ်တောင်ခြေမှာ တည်ရှီနေတာပါ။၁၉၂၉ခုနှစ် မှာ ကျင်းပတဲ့ Barcelona International Exposition ပွဲတော်အတွက် တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။,.စပိန်ပြည်တွင်းစစ်အတွင်း ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ပေမဲ့  ပြန်လည်ပြုပြင် နိုင်ခဲ့ပါတယ်။ The God Father, The Lord of The Rings,Gladiator, Zarzuela, စတဲ့ ရုပ်ရှင်ကားကြီးများရဲ့ ဇတ်ဝင်ခန်းတွေကို တော်တော်များများရိုက်ကူးခဲ့တဲ့ နေရာတွေပါ။တေးဂီတ တင်ဆက်မှု မီးအလှဆင် ပါဖေါမင့် ပြသမှုတို့ကိုလည်း  မြင်တွေ့ရမှာပါ။

Buckinghan fountain,Chicago
ချီကာဂို မြို့ ဘာကင်ဟန် ရေပန်းကြီးပါ။ 
Buckingham Fountain ဟာ Chicago ရဲ့ နှလုံးသည်းပွတ်ဆိုရင် မမှားပါဘူးတဲ့။Grant Park ပန်းခြံအလယ်မှာရှိနေတာပါ။1927ခုနှစ် လောက်ကတည်းက ကမ္ဘာ့ အကြီးဆုံး အလှဆုံးလို့ ကျော်ကြားနေတာပါ။အီလီနွိုက်စ်နယ် မီချီကန် ရေကန်ကြီး မှာ တည်ဆောက်ခဲ့တာဖြစ်တယ်။
 rococo လက်ထပ်ကိတ်မုံ့ သဏ္ဍာန်တော်ဝင် ဗာဆိုင်းနန်းတော်ကြီးရဲ့ (Palace of Versailles)အထိမ်းအမှတ် လို့ တင်စားထားပါတယ်။ မီးရောင်စုံပြပွဲများ ရေပန်း ပုံသဏ္ဍာန် မျိုးစုံ ပြပွဲများလည်း ပုံမှန် အချိန်ဇယားရေးဆွဲပြီး ပြသနေမှာ ဖြစ်ပါတယ်။အမှန်က တရားဝင်အမည်က Clarence Buckingham Memorial Fountain ဖြစ်တယ်။ အမတော် ကိတ် ဘာကင်ဟန်က အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀  ရင်နှီးမြှုပ်နှံ မတည် ဆောက်လုပ်ခဲ့တာပါ။ တကယ်ကုန်ကျငွေက အမေရိကန်ဒေါ်လာ ၇၅၀,၀၀၀  ကုန်ကျခဲ့တာလို့ ဆိုပါတယ်။

Bellagio Fountains, Las Vegas
 ဘယ်လာဂီယိုရေပန်းကြီးကို  လပ်စ် ဗွီိးဂတ်စ် မှာ ဒေါ်လာသန်း၄၀ အကုန်အကျခံ တည်ဆောက်ခဲ့တာပါ။ ၁၅မိနစ် တကြိမ်ကျ ၁၅မိနစ်ကြာ ဂီတဖျော်ဖြေမှု  အမျိုးမျိုး ပြောင်းလဲ ပြုလုပ် တင်ဆက် ပေးသတဲ့။ 
မီးရောင်စုံ ၄၅၀၀ ကို အသုံးပြု အလှဆင်ထားတယ် လို့ ဆိုပါတယ်။၁၉၉၈ခု အောက်တိုဘာ ၁၅ရက်နေ့ က ဖွင့်လှစ်ခဲ့တာပါ။အီတလီနိုင်ငံ Bellagio အရပ်မှာ တည်ရှိပါတယ်။ 
Las Vegas Nevada  ဆိုတာက ကမ္ဘာကျော် ကြေးကြီး လောင်းကစားရာ နေရာဖြစ်ပါတယ်။တညလုံးသူက နည်းနည်းလေးမှ မအိပ်ဘူးဆိုပဲ။နေ့ရောညပါ လူတွေ သက်ဝင်လှုပ်ရှား နေကြတယ်။Bellagio ရဲ့ အပြင်ဘက်မှာတော့ Bellagio ရေပန်းကြီးပေါ့.။ဂျိန်းဘွန်းရုပ်ရှင်ကားတွေမှာ  မြင်ဖူးကြမှာပါ။ ရေပန်းတွေက စတိုရီတွေလည်း ပြောပြတတ်တယ်။ ကခုန်မြူးထူးခြင်းလည်း လုပ်နိုင်တယ်။
။ဘရော့ဝေးလ် လမ်းမကြီးတွေပေါ်က ပြဇတ်တွေ အော်ပရာတွေလို ကိုယ်တိုင်လည်း ကခုန်ပျော်ပါးနိုင်တယ်။.သွားရောက်လည်ပတ်မယ်ဆိုရင် နေ၀င်အပြီးမှာ  သွားရောက်ကြည်ရှု နိုင်မယ်ဆိုရင် မီးရောင်စုံအလှနဲ့ ပို အဆင်ပြေနိုင်ပါတယ်။

Florist

1 comment:

စံပယ်ချို said...

ရောက်ဖူးချင်မိတယ် တနေ့နေ့ပေါ့နော်---------------