သူ့နာမည် ခင်ဇော်လတ်။ အဖဦးသိန်းဟန် ၊ အမိ ဒေါ်သန်းသန်းတို့က သူ့ကို ၁၉၈၀မှာ မွေးဖွားခဲ့တယ်။ ညီအစ်ကို မောင်နှမ ခြောက်ယောက်မှာ သူက အငယ်ဆုံး။ အစ်ကို ကလည်း စိုးစိုး(လပွတ္တာ)ဆိုတဲ့အနုပညာအမည်နဲ့ ပန်းချီလောကမှာ ရှင်သန်နေတဲ့သူ။ အခု အမှတ် ၁၈၄။ /၈၄ (အေ) ၊ သံလွင်လမ်း၊ ရွှေတောင်ကြား ၂ မှာသူနေတယ်။ အဲဒီမှာပဲ KZL gallery ဖွင့်ထားတယ်။ သူပြောပြတဲ့ ပန်းချီခင်ဇော်လတ်ရဲ့ ကောက်ကြောင်းတချို့က ဒီလို…။
ငယ်ငယ်က ကျောင်းစာအုပ်ထဲ အရုပ်တွေလျှောက်ဆွဲလွန်းလို့ ဆရာမဆူတာ ခဏခဏခံရတယ်။ ဆယ်တန်ုးမှာ အစ်ကို (ပန်းချီစိုးစိုး) ကရန်ကုန်ခေါ်ပြီး ကျောင်းထားပေးတယ်။ အဲဒီမှာ သူ့ပန်းချီကားတွေ ကြည့်ခွင့်၊ တခြားပန်းချီဆရာတွေရဲ့ ပန်းချီစာအုပ်တွေ ဖတ်ခွင့်ရသလို ပန်းချီကို ပိုစိတ်ဝင်စားခဲ့တယ်။ ဆယ်တန်းမအောင်မချင်း ပန်းချီမဆွဲရဘူးလို့ အစ်ကိုကအမိန့်ထုတ် ထားလို့ စုတ်တံကိုင်ခွင့်မရခဲ့ဘူး။ ဆယ်တန်းဖြေပြီးတာနဲ့ စုတ်တံကိုပြေးကိုင်တော့တာပဲ။ ဆယ်တန်းအောင်ပြီး ယဉ်ကျေးမှုတက္ကသိုလ် တက်ခဲ့တယ်။ ၂၀၀၂မှာကျောင်းဆင်းတယ်။ အစ်ကို့ဆီက ပညာအများကြီးရခဲ့တယ် တက္ကသိုလ်တက်တော့ အခြေခံကျကျ လေ့လာခွင့် ရပြီး ပြပွဲ ၂ပွဲလည်း သူငယ်ချင်းတွေနဲ့အတူ လုပ်ဖြစ်တယ်။ ပန်းချီဆရာဖြစ်ချင်စိတ်ကလည်း တက္ကသိုလ်တက်တဲ့အချိန်မှာ ပိုပြီးပြင်းထန် လာတယ်။ အစ်ကိုက ရှေ့ကရှိနေတော့ အခက်အခဲအကြီးစားတွေမကြုံရဘူး။ စူးစူးစိုက်စိုက်နဲ့ ဒါကိုပဲ လုပ်နေရတာကို ကျေနပ်နေတာ။ အောင်မြင်တာမအောင်မြင်တာလည်း မသိဘူး။
ကိုယ်လုပ်တဲ့ပန်းချီဟန်မှမဟုတ်ဘူး၊ တခြားသူတွေရဲ့လက်ရာတွေလည်း ကြိုက်တာပဲ။ abstract တို့ surrealismတို့၊ performance ,installation တို့လည်းအားပေးတယ်။ ဦစိန်မြင့်(ရွှေချည်ထိုး)ကားတွေလည်း ကြိုက်တယ်။ လောလောဆယ် အမေရိကန်ပန်းချီပညာရှင် Jeff Koons ရဲ့ခေတ်ပြိုင်အနုပညာဖန်တီးမှုလက်ရာတွေကို ကြိုက်နေတယ်။ နည်းစနစ်အတိအကျတော့ ကျွန်တော့်ပန်းချီကားမှာ တွေ့ရမှာမဟုတ်ဘူး။ medium အားလုံးကြိုက်ပေမဲ့ အသုံးများတာတော့ acrylic ပဲ။ subject လည်း အသေဆုပ်ကိုင်ထားတာ ကျွန်တော့မှာမရှိဘူး။ subject တစ်ခုဖန်တီးပြီး နောက်တစ်ခု ဖန်တီးချင်စိတ်ပေါ်ရင် ထပ်လုပ်လိုက်တာပါပဲ။
ပန်းချီခင်ဇော်လတ်ရဲ့ ကောက်ကြောင်းတချို့ရုပ်လုံးပေါ်လာပြီးနောက် ၂၁ မေကနေ ၂၂ ဇွန်လအထိ ပြသ ဟောင်ကောင်က Asia Fine Art Galleyမှာ ပြသခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော်ပြပွဲအကြောင်း၊ ဟောင်ကောင်က ပြပွဲကြည့်ပရိသတ်တွေနဲ့ မြန်မာပရိသတ်တွေ စိတ်ဝင်စားမှုအကြောင်း သိချင်သေးတယ်။
ဒီပြပွဲမှာ ကျွန်တော် ပန်းချီ ၁၂ကားပြတယ်။ ကျွန်တော့်ရဲ့ new serie လမ်းပေါ်ကလေးတွေရဲ့ပုံတွေပါ။ သူတို့ဘ၀တွေကို ပုံဖော်ထားတာ။ ပြပွဲလာပရိသတ်ကတော့ အမျိုးမျိုးပြောကြတယ်။ အရင်ကားတွေထက် ပိုကောင်းတယ်ပြောသလို အရင်ကားတွေပဲ ဆက်ရေးစေချင်သူလည်းရှိတယ်။ ကျွန်တော်ကတော့ သူတို့ရဲ့feedback တွေကို စိတ်ဝင်စားလေ့မရှိဘူး။ ကောင်းတယ်ပြောလို့လည်း ထူးပြီးမ၀မ်းသာမိဘူး၊ မကောင်းဘူးပြောလည်း စိတ်မကောင်းမဖြစ်မိဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာပဲကိုး။ စိတ်ဝင်စားမှုပုံစံမှာတော့ ဒီမှာနဲ့ မြန်မာပြည်မှာနဲ့ တော်တော်ကွာတယ်ဗျ။ ဒီမှာက ပြည်သူလူထုအားလုံးက ပန်းချီပြပွဲတွေကို တကူးတကန့်အချိန်ပေးပြီး ကြည့်ရကောင်းမှန်းသိတယ်။ မြန်မာပြည်မှာက ပြပွဲတစ်ပွဲပြပြီဆိုရင် ခံစားကြည့်ရှုဖို့ဦးတည်လာသူ ပန်းချီပရိသတ်ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ များသောအားဖြင့် ပန်းချီဆရာတွေနဲ့ ပန်းချီကားဝယ်ယူစုဆောင်းသူတွေ ပြီးတော့ သတင်းမီဒီယာသမားတွေ ဒီလောက်ပဲ လာကြည့်လေ့ ရှိတယ်။ ဒီမှာက ပန်းချီသမားတွေကလည်း ကြိုက်တဲ့ပုံစံ ကြိုက်သလိုရေး၊ ဖန်တီးသမျှ ကြည့်ရှုအားပေးမယ့်သူ ပရိသတ် အများကြီးရှိတယ်။ မြန်မာပြည်မှာ ဘုရားကျောင်းကန်၊ ဘုန်းကြီး၊ သီလရှင်၊ ရှုခင်းလှလှ ဒါမျိုးတွေရေးမှ ပန်းချီကားဖြစ်တယ် လို့ လူအများက လက်ခံနေကြတယ်။ တချို့ဆို မြန်မာပြည်က ပန်းချီကို pagoda art လို့တောင် ခေါ်နေကြတယ်။
၂၀၁၂ ဖေဖော်ဝါရီ ၂ရက်နေ့က စတင်ဖွင့်လှစ်ခဲ့KZL galleryမှာ သူနဲ့ခင်မင်ရင်းနှီးတဲ့ ပန်းချီဆရာတွေရဲ့ ကားတွေပုံမှန်ခင်းကျင်းပြသ ထားတယ်။ တစ်နှစ်မှာ ပြပွဲ ၄-၅ပွဲ ပြတယ်။ သူ့ရဲ့ KZL gallery အပါအ၀င် မြန်မာပြည် ပြခန်းတွေဟာ စီးပွားရေးသိပ်မတွက်ဘဲ ပန်းချီကားရောင်းရတဲ့အပေါ်မှာ ၂၀%ယူပြီး လည်ပတ်နေကြရတယ်၊ အကျိုးအမြတ်ထက် သူငယ်ချင်းပန်းချီဆရာတွေ ပုံမှန်ဆက်လုပ်နိုင်အောင် ရည်ရွယ်တယ်၊ တစ်ခါတစ်ခါ လိုအပ်တဲ့နေရာတွေလှူဒါန်းရအောင် Fund Raising Show တွေ လုပ်ကြတယ်လို့ သူပြောပြတယ်။ မျိုးဆက်သစ်ပန်းချီသမားတွေအတွက် ဆရာစွဲမထားဘဲ များများလေ့လာ၊ များများရေးဆွဲကြဖို့ တိုက်တွန်းခဲ့သလို မြန်မာပြည်ပန်းချီလောကရဲ့ လက်ရှိအခြေအနေကို သူမြင်သလောက် ခုလို ပြောပြတယ်။
မြန်မာပြည်ပန်းချီလောကက လက်ရှိမှာ တစ်စိတ်တစ်ပိုင်းစီကွဲနေတဲ့ pizza လိုဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်။ အမှတ်တမဲ့ကြည့်ရင် အ၀ိုင်းတစ်ခုတည်းလိုဖြစ်နေပြီး သေသေချာချာသိရင်တော့ pizza လို အစိတ်လေးတွေ ကွဲနေတယ်။ ပန်းချီရေးတဲ့လူတွေက performance, installation တွေကို အလကား ပန်းချီမရေးတတ်လို့ လွယ်တာလုပ်နေကြတာလို့ ပြောသလို၊ performance သမားတချို့ကလည်း ပန်းချီသမားတွေကို ပိုက်ဆံအတွက်ပဲ ရေးနေကြတာ၊ ခင်ဗျားတို့ ခုထိ canvas ပေါ်ရေးနေကြတုန်း ပဲလား စသဖြင့် အထင်သေးစကား ဆိုတတ်ပြန်တယ်။ ပန်းချီလောကတစ်ခုလုံး တိုးတက်ဖို့ဆိုရင် အားလုံးသင့်မြတ်ပြီး လက်တွဲလုပ်ကိုင် ဖို့ လိုမယ်။ လက်ရှိတွေ့နေရတဲ့ အခက်အခဲလေးတစ်ခု ပြောပြချင်တယ်ဗျ။ World Economic Forum နဲ့ YGL(Young Global Leader)အစည်းအဝေးမှာပါတဲ့ လူ ၃၀၀ထဲက အယောက် ၂၀ က ပန်းချီနဲ့ပတ်သက်တဲ့ဟာတွေကို စိတ်ဝင်စားကြတယ်။ အဲဒါနဲ့ မြန်မာပြည်မှာ အစည်းအဝေးတစ်ခုအနေနဲ့ River gallery ရယ်၊ ကျွန်တော့်KZL gallery မှာရယ် လုပ်တယ်။ ပန်းချီဆရာတွေဖိတ်တော့ သူနဲ့ သူနဲ့က အစေးမကပ်ဘူး၊ သူနဲ့သူနဲ့ကတော့ အဆင်မပြေဘူး ဆိုတော့ နှစ်ဖွဲ့ကို သေချာခွဲပြီး နှစ်နေရာစီစဉ်ရတယ်။ အဲဒီလိုအစည်းအဝေးဆို စကားများတတ်ကြတယ်မဟုတ်လား။ ပြီးတော့ သူတို့ YGL က ပန်းချီစာအုပ်တွေလှူချင်တယ်တဲ့ ဘယ်မှာထား ရင်ကောင်းမလဲ၊ ပန်းချီဆရာအားလုံးနီးပါး အလွယ်တကူ ကြည့်နိုင်မယ့်နေရာဘယ်မှာရှိမလဲ၊ ပန်းချီပန်းပုကျောင်းလား၊ ပန်းချီပန်းပုကောင်စီလား၊ တခြား gallery တစ်ခုခုလား….။
ကျွန်တော်တို့ဆီမှာ ပန်းချီဆရာတွေအားလုံး ၀င်ထွက်သွားလာနိုင်တဲ့နေရာ တစ်ခုခုရှိစေချင်တယ်။ ဒီကိစ္စက ဆွေးနွေးရင် အရှည်ကြီးဖြစ်သွားလိမ့်မယ်။ ခုနောက်ပိုင်းမြန်မာပြည်တိုးတက်ပြောင်းလဲလာတာနဲ့အတူ တခြားတိုင်းပြည်တွေကနေ မြန်မာပန်းချီကို စိတ်ဝင်စားလာကြပြီး စောင့်ကြည့်နေရာတာတွေလည်း ရှိကြတယ်။ မြန်မာပြည်ပန်းချီလောကကို ဗီယက်နမ်းပန်းချီလောကလို ဖြစ်သွားဦးမယ်ဆိုပြီး စိတ်ပူနေကြတာလည်း ရှိတယ်။
ကျွန်တော့်ရဲ့ဆန္ဒကတော့ ပန်းချီကိုစိတ်ဝင်စားတဲ့ပရိသတ်တွေ ကျွန်တော်တို့တိုင်းပြည်မှာ များများရှိလာစေချင်တယ်။ အကျိုးအမြတ်မကြည့်ဘဲ ပန်းချီစာအုပ်စာပေ မဂ္ဂဇင်းတွေ ထုတ်ဝေစေချင်တယ်။ ခု ပန်းချီစာအုပ်ကနည်းတော့ ပန်းချီအကြောင်းမသိ၊ ပန်းချီအကြောင်း မသိ၊ မဖတ်ချင်ကြလို့ ပန်းချီစာအုပ်တွေမထုတ် နဲ့ သံသရာလည်နေတယ်။ သာမန်လူတန်းစားတွေ ပန်းချီအနုပညာကို စိတ်ဝင်စားအောင် စည်းရုံးယူဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်၊ မြန်မာပြည်မှာ ပန်းချီစာအုပ်တွေများများထုတ်ကြစေချင်တယ်။ ပြည်သူလူထုတစ်ရပ်လုံး တခြားတိုင်းပြည်တွေမှာလို ပန်းချီပြပွဲတွေကို သေသေချာချာလာကြည့်ကြစေချင်တယ်။
ပန်းချီခင်ဇော်လတ်ဟာ မြန်မာပြည်မှာ ပြပွဲ ၃၀ကျော်ပြသခဲ့သလို ပြည်ပမှာလည်း ပြပွဲပေါင်း ၂၀ကျော် ခင်းကျင်းပြသခဲ့ပြီးပါပြီ။ ၂၀၁၃၊ ဇွန် လကုန်နဲ့ ဇူလိုင်လဆန်းမှာ သူ့အစ်ကို စိုးစိုး(လပွတ္တာ)နဲ့ duet show တစ်ခု ဘယ်လ်ဂျီယမ်မှာ လုပ်မယ်လို့ သိရတယ်။
Without a fixed idea man, Khin Zaw Latt
His name is Khin Zaw Latt was born in 1980. His parents are U Thein Han and Daw Than Than. He is youngest son of six members of his family. His brother Soe Soe (Latputter) is also an artist. He was very strongly insterested in painting since he was young. After 10th Standart, he attended in Yangon University of Culture and then graduated in 2002. His brother Soe Soe helped him to prosper more knowledge for his artist life. He was certainly satisfied with art, didn't know what about success.
He likes many kinds of art by all of Myanmar artists. Especially Artist Sein Myint, who creates gold embroidery in Myanmar and American artist Jeff Koons's contemporary art.
He Loves to use acrylic more than other mediums. He doesn't like to have a fixed idea. He wishes to paint one or two subjects as his emotion, again and again. He exhibited the new series in Hong Kong from 22nd May to 23rd June in this year.
Most of the audience of Hong Kong Knows very well to go and see the art exhibitions, not the same Myanmar audience. He doesn't think about feed-backs from all of audience.
KZL gallery was opened in 2nd Feb 2012, display daily the paintings of his closed-friends, Myanmar well known artists. Sometimes, display group fund raising art shows to donate, for some places, there are really needed help.
He wants to message to new art generations, study and paint more and more everyday.
He considers about Myanmar art field, looks like pizza in splinters. The performance artists think about the creation of some painters, they make art for getting money.
Also the painters think about making performance, the performance artists going easy way coz they cannot create paintings.
In Myanmar, no have art magazine and journals, no art big culture centre every artist need to observe about art. He said that. He and his brother will exhibit duet art show on the last week of July, in Belgium, soon.
Junio
(Living Fashion Magazine, July, 2013)
1 comment:
လာဖတ်သွားတယ်
ကျမလည်း ဘာကိုမှ အသေဆုပ်ကိုင်မထားလိုဘူး
Post a Comment