Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 26, 2013

ဘာလီ ကျွန်းသူကျွန်းသားတို့ ပျော်စံရာ ကျွန်းမြတ်မဟာ

အရှေ့တောင်အာရှ  အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဆိုတာ နတ်ဒေ၀တာတို့ ပျော်စံရာ ဒေသလို့ အဆိုရှိပါတယ်။ လှပတဲ့ ရှုခင်းရှုကွက်တွေ စိမ်းစိုလန်းဆန်းတဲ့ တောင်ကုန်းတွေ ထူးထွေ ဆန်းပြားလှတဲ့ ကျောက်ဆောင် ကျောက်တောင်တွေ တောက်ပ၀င်းလက်နေတဲ့ သဲသောင်ပြင်တွေနဲ့ အလွန်တရာ ကြည်နူးချမ်းမြေ့ ဖွယ်ကောင်းပါတယ်။ မြေကြီးဟာ မီးတောင်ချော်ရေ ကြောင့် ကြပ်တီးလွင်ပြင်ဆန်သော်လည်း တုနှိုင်းမရှိ ကောက်ပဲသီးနှံ ဆံရေစပါးစသည် ဖြစ်ထွန်းပြီး သာယာဝပြောတဲ့ ဌာနေတခုပါပဲ။

အမှန်တကယ် ဆိုရရင် ကမ္ဘာမြေပေါ်က လောကနိဗ္ဗာန်ဘုံကလေးတခုဖြစ်တယ်။ ကမ္ဘာ့အဆင့်မှီ လှိုင်းစီးရာဌာန ဒိုင်ဗင်ထိုးရာဌာနအဖြစ် သတိမှတ်ထားတဲ့  နေရာကောင်းတခုလည်းဖြစ်လို့ လှိုင်းစီးကျွမ်းကျင်သူ ဒိုင်ဗင်ထိုးကျွမ်းကျင်သူတို့ဟာ ဘာလီကမ်းခြေကို မဖြစ်မနေ လာကြရပါ တယ်။ကြီးမားတဲ့ သမိုင်းကြောင်းရှိရာ ယဉ်ကျေးမှုထွန်းကားရာ ရှေးဟောင်းသုတေသီတို့ အကြိုက်တွေ့ရာ ဌာနေလည်းဖြစ်တယ်။ ဘာလီကျွန်းကို တောင် မြောက် အရှေ့ အနောက် အလယ် စသည် ခွဲခြားထားတယ်။ ဘာလီဟာ အင်ဒိုနီးရှား ကျွန်းစုပေါင်း ၁၇၀၀၀ ကျော် ရှိသည့်အနက်က တစ်ခုဖြစ်တယ်။နိုင်ငံတကာ ခရီးသွားဧည့်သည်၈၀ ရာခိုင်နှုံး လာရောက် လည်ပတ်ကြတဲ့ နေရာလည်းဖြစ်တယ်။ သြဂတ်စ် စက်တင်္ဘာနှင့် ခရစ်စ်မတ်ကာလ နှစ်သစ်ကူးကာလများမှာ ဧည့်အလွန်များပြားတယ် အုပ်စုလိုက် ရောက်လာတတ်ကြတယ်လို့ အဆိုရှိတယ်။

တည်ငြိမ်အေးချမ်းမှုကို လိုလားသူတိုင်း ပျော်ရွှင် ကြည်နူးမှုကို လိုလားသူတိုင်း စိတ်တိုင်းကျ အပန်းဖြေ နားနေလိုသူတိုင်း  ဘာလီကိုရောက်လာစမြဲမို့ ဘာလီကလည်း ခရီးသွားဧည့်သည်များကို လိုအပ်သမျှ အပြည့်အ၀ ဆောင်ရွက် ပေးနိုင်စွမ်းရှိတယ်လို့ ကမ္ဘာမှာ အထူး ဂုဏ်သတင်း ကျော်ဇောနေတာပါ။ ဟိုလွန်ခဲ့တဲ့ 100BC အစောပိုင်းကဟိန္ဒူတွေ စတင်ရောက်ရှိနေထိုင်ကြတာပါ။ ဒါပေမဲ့ ဘာလီမှာ အိမ်နီးချင်းဂျာဗားကျွန်းသားတွေလည်းရောက်ရှိနေထိုင်ကြတယ်။

ဂျာဗားဘုရင် ရဲ့ လက်အောက်  Majapahit Empire အတွင်းမှာ တည်ရှိပြီး နတ်ကိုးကွယ်မှု ထွန်းကားပျံ့နှံ့ခဲ့တာပါ။ ဟိန္ဒူတို့ရဲ့ အနုပညာလက်ရာ စာပေ ကိုးကွယ်မှု ဘာသာတရားစသည် တို့မှာ ယုံကြည်သက်ဝင်ခဲ့တယ်။ ဘာလီဟာ နတ်ကိုးကွယ်မှု အထွန်းကားဆုံးနိုင်ငံလို့ ဆိုနိုင်ပါတယ်။ ဟိန္ဒူ နတ်ဘုရား နတ်ဘုရားမများက သီးနှံစပါး အောင်မြင်ဖို့ အကောင်းဆုံး အထောက်အပံ့ပေးတယ်လို့ ယူဆကြလို့ ဖြစ်ပါတယ်။ဂျာဗါးနဲ့ ဘာလီကျွန်းစု တွေမှာ ဟိန္ဒူဘုရားကျောင်းပေါင်းက ၂၀၀၀၀ကျော် တည်ရှိနေတာပါ။ ဘာလီကို လာရောက်လည်ပတ်ချင်အောင်  ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်တဲ့ အရာတွေထဲမှာ အင်အားအကြီးဆုံးကတော့  ဘာလီ ဂီတနဲ့ အကပါပဲ။  ဂျာဗားကျွန်းနဲ့ ဘာလီကျွန်းဟာ ယဉ်ကျေးမှုချင်း သိပ်တော့ ခွဲခြားမရပါဘူး။

Barong လို့ ခေါ်တဲ့ ခြင်္သေ့အက ဟာ ခလေး လူကြီး လူကြိုက်များပါတယ်။ ခြင်္သေ့အကကို သရုပ်ဆောင်သူဟာ ခြင်္သေ့အရေ နှင့် ခြင်္သေ့ မျက်နှာဖုံးကိုစွပ်ပြီး သူသေ ကိုယ်သေ စိတ်ပါ လက်ပါ  တိုက်ြကရတယ်။ အဓိပ္ပါယ်ကတော့ နတ်ဆိုးနဲ့ နတ်ကောင်း တို့ရဲ့ အဆုံးစွန် ယှဉ်ပြိုင်တိုက်ခိုက်မှုဖြစ်ပြီး နောက်ဆုံး နတ်ကောင်းက အောင်ပွဲခံရခြင်းကို သရုပ်ဖေါ်ကပြတာပါ။ Calonarang ဆိုတဲ့အက ကတော့နတ်ဆိုးတွေကိုနှင်ထုတ်တဲ့ပွဲအသွင် ကပြကြရတာပါ။ ခမ်းနားကြီးကျယ်လွန်းလို့ ကြည့်ဖူးသူတိုင်းက  လက်ဖျားခါရပါတယ် တဲ့။ ချီးကျူးမဆုံးကြဘူး။
Kecak ဆိုတာက မျောက်ကပါ။ သရုပ်ဆောင်ကပြသူ အယောက် ၂၅၀ က အစွမ်းပြ ကခုန်တဲ့ ပွဲကြီးပွဲကောင်း ပါပဲ။

Legong Keraton အက ဆိုတာက ၁၂ရာစုက ပေါ်ထွန်းခဲ့တဲ့အကဖြစ်တယ်။ မနောအာရုံခံပြီး မကောင်းဆိုးဝါးများကို နှင်ထုတ်တဲ့ အက ပါပဲ။ ဒီအကကိုတော့ ငယ်ရွယ်နုပျို ပြီး ချောမောလှပတဲ့ မိန်းမပျိုကလေးများက သရုပ်ဆောင်ကပြကြတာမို့ အလွန်လူကြိုက်များတဲ့ပွဲပါ။

Nyepi ပွဲတော်ဆိုတာက ဘာလီပြက္ခဒိန်မှာ အလွန်အရေးပါတဲ့ နေ့တနေ့ ဖြစ်တယ်။ပီပီပြင်ပြင်တိတ်ဆိတ်စွာနေထိုင်ခြင်းဖြင့်  မကောင်းဆိုးဝါးများ ဘာမှ မလုပ်နိုင် ပြန်လည်ထွက်ခွာသွားရ တဲ့ သဘောကို ဆောင်ပါတယ်။ဟိန္ဒူနှစ်သစ်ကူးပွဲလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အသွင်အမျိုးမျိုး အရောင်အမျိုးမျိုးနှင့် အရုပ်ဆိုးဆိုး ဘီလူးသဏ္ဍာန် သရုပ်ဆောင်ထားတဲ့ သူတွေ စည်တန်းလှည့်လည် ထွက်ခွာကြတာမြင်တွေ့ ရမှာပါ။ ဒါပေမဲ့ အကြို ပွဲနေ့ မနက် ၆နာရီက နောက်တနေ့ ၆နာရီထိ တိတ်ဆိတ်ငြိမ်သက်နေရမှာ ဖြစ်တယ်။

လူသေဆုံးတဲ့အခါ ပြုလုပ်ကျင်းပတဲ့  Funerals အသုဘအခမ်းအနားများ ဟာ ဆန်းပြားခမ်းနားကြီးကျယ်လှပါတယ်။ အချိန်တိုင်းတွေ့မြင်လေ့လာနိုင်ပါတယ်။ ခရီးသွား ဧည့်သည်တွေအတွက်  ဘာလီကျွန်းသားတို့ရဲ့ အနုပညာ လက်ရာ စာပေ လင်္ကာ စသည်    လေ့လာစရာတွေကတော့     မကုန်နိုင် မခန်းနိုင် အသင်္ချေ အနန္တပါပဲ။  နိုင်ငံတကာ လေကြောင်းလိုင်းတွေ အများဆုံးရှိတယ်။   ရေကြောင်းခရီးနဲ့ သွားမလား  ကုန်းလမ်းသည်ယူ ပို့ဆောင်ရေး စသည် အားလုံး ရှိတယ်။

နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ စူပါမားကက်ကြီးတွေ ရှိတယ် ။ဘာလီကျွန်းထွက် လက်ဆောင်ပစ္စည်း အမျိုးမျိုး ၀ယ်ယူနိုင်တယ်။ သင်ဘာလိုအပ်ပါသလဲ ။ ဘာလီမှာ ဘာမဆို..လိုတာရနိုင်ပါတယ်။ Sun Far Travels & Tours Co .Led မှလည်း ပို့ဆောင်ပေးနေပါတယ်။
Living Fashion Magazine, July, 2013
Ref: wiki travel 
Florist

No comments: