လေယာဉ်စီးတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ လုံခြုံရေးနည်းလမ်းတွေ၊ နားလည်ရခက်တဲ့နှောင့်နှေးမှုတွေ လေလမ်းကြောင်း အနေအထားတွေအကြောင်း နိုင်ငံတဝှမ်းက လေယာဉ်မှူးတွေကို မေးမြန်းကြည့်တဲ့အခါ ရှင်းရှင်းတည့်တည့်ဖြေကြတယ်။ သူတို့ဖြေကြတာက လေယာဉ်မှူးအခန်းတံခါးနောက်ကွယ်က တကယ်ပဲဖြစ်ပျက်နေတဲ့ကိစ္စတွေပါ။

လေယာဉ်မှူးတွေပြောတဲ့စကားဟာ လေယာဉ်ခရီးအပေါ် သင်တွေးမြင်ထားပုံနဲ့ မတူ ပြောင်းလဲသွားပါလိမ့်မယ်။ ခရီးသည်တွေကိုမပြောဘဲ သိမ်းဆည်းထားတဲ့ လေယာဉ်မှူးတွေရဲ့ စကားတွေဟာ စိတ်ဝင်စားစရာကောင်းလှတယ်။
လျှပ်စီး နှစ်ကြိမ်တောင်ထိမှန်ဖူးတယ်
"လေယာဉ်မှူးအများစု ကြုံဖူးကြပါတယ်။ လေယာဉ်တွေကတော့ အဲဒါကို ခံနိုင်ရည်ရှိနိုင်အောင်တည်ဆောက်ထားတာပါ။ ဝုန်းခနဲ ကျယ်ကျယ်လောင်လောင်မြည်ဟည်းသံကြီးကို ကြားလိုက်မယ်။ ပြီးတော့ ပြိုးပြိုးပြက်ပြက်အလင်းကြီးကို မြင်လိုက်ရမယ်။ အဲဒါပါပဲ။ ခင်ဗျား ကောင်းကင်ပေါ်ကနေ ပြုတ်ကျမသွားပါဘူး" Pilot for a regional carrier, Charlotte, North Carolina
ခင်ဗျားက စိုးရိမ်စိတ်ကြီးလွန်းသူဆိုရင် မနက်ခင်းလေယာဉ်ကို ရွေးပါ
"မြေကြီးရဲ့အပူဟာ အချိန်နောက်ကျလာလေ လေကို ဂျုံးဂျုံးဂျိုင်းဂျိုင်း ပိုပြီးမြည်စေတယ်။ မွန်းလွဲပိုင်းတွေမှာ မိုးကြိုးမုန်တိုင်းတိုက်နေတာနဲ့တောင် တူနေနိုင်သေးတယ်" - Jerry Johnson, pilot, Las Angeles
အညင်သာဆုံးနေရာက လေယာဉ်တောင်ပံတည့်တည့်ပိုင်း ဒါမှမဟုတ် အနီးအနားပါ

လေယာဉ်တိုင်းမှာ လေစီးဆင်းမှုဟာ ယေဘူယျအားဖြင့် ရှေ့ပိုင်းကနေ နောက်ပိုင်းဆီရွေ့ပါတယ်။ တတ်နိုင်သလောက် အလတ်ဆတ်ဆုံးလေကို ရှုရှိုက်ချင်တယ်ဆိုရင် ဒါမှမဟုတ် မပူအိုက်ချင်ဘူးဆိုရင် ရှေ့ပိုင်းနီးနိုင်သလောက်နီးတဲ့နေရာမှာထိုင်ပါ။ လေယာဉ်တွေဟာ ယေဘူယျအားဖြင့် နောက်ပိုင်းက အပူနွေးဆုံးပါ - Tech pilot at a regional airline, Texas
အလုံခြုံဆုံးနေရာကတော့ မရှိပါဘူး။ မတော်တဆမှုတစ်ခုမှာ အနောက်ပိုင်းမှာထိုင်တဲ့ခရီးသည်တွေအသက်ဆုံးပါးကြတယ်။ နောက်ပြီးတော့ ရှေ့ပိုင်းက ခရီးသည်တွေလည်း အသက်မရှင်ကြပါဘူး - John Nance, aviation safety analyst and retired airline captain, Seattle
သူတို့ရဲ့ ဆဲလ်ဖုန်းတွေ ဘာလို့ အသုံးမပြုနိုင်သလဲ ခရီးသည်တွေက နားမလည်ကြဘူး

ကျွန်တော်တို့ ခင်ဗျားရဲ့ laptop ကို သေသေသပ်သပ်ထားသိုဖို့မပြောလိုပါဘူး။ လျှပ်စစ်ပစ္စည်းနဲ့နှောင့်ယှက်စွက်ဖက်တာတွေကတော့ စိုးရိမ်စရာပါ။ အဲဒါဟာ ခင်ဗျားပေါင်ပေါ်မှာ ဒုံးကျည်တစ်လုံးရှိနေသလိုမျိုးပဲ။ ခင်ဗျားအကြောင်း ကျွန်တော်မသိဘူး။ ဒါပေမဲ့ တစ်နာရီကို မိုင် ၂၀၀ လောက်သွားနိုင်တဲ့ ဒုံးကျည်မျိုး Macbook ကိုသုံးပြီး ဦးခေါင်းကို ပစ်တိုက်လိုက်တာမဖြစ်ချင်ပါဘူး။ ခင်ဗျားရဲ့ နားကြပ်ကိုဖြုတ်ခိုင်းလိုက်ပြီး ခင်ဗျားရဲ့ ပျော်ရွှင်မှုကိုလည်း မဖျက်ဆီးချင်ဘူး။ အဲဒီနေရာမှာ အရေးပေါ်ကိစ္စတစ်ခုခုရှိခဲ့ပြီးဆိုရင် ခင်ဗျားကြားစေချင်တာလေးတစ်ခုပါပဲ - Patrick Smith
အဲဒါဟာ လေစီးကြောင်းပါ၊ လေထန်နေတာမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ တကယ်စိုးရိမ်နေတာပါ

လေယာဉ်မှုးတွေ တွေ့ရှိရတာက လူတွေဟာ လေထန်တာကို သိပ်ကိုကြောက်လန့်ကြတယ်။ အဲဒီလောက်ပါပဲ လေထန်တာက လေယာဉ်ပျက်ကျတာမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေထန်တာကိုရှောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေဟာ ပြန်ကျသွားနိုင်တယ်။ ပြီးတော့ စိတ်အနှောင့်အယှက်ပေးနိုင်တာကြောင့်ပါ - Patrick Smith
လေယာဉ်အချိန်မှန်ခြင်းဟာ လူတိုင်းကိုစောင့်ဆိုင်နေတာထက် ပိုပြီးအရေးကြီးပါတယ်

အဲဒါ ခင်ဗျားစိတ်ကူးချည်းပဲမဟုတ်ပါဘူး။ လေကြောင်းလိုင်းတွေမှာ သူတို့ရဲ့လေယာဉ်ဆိုက်ရောက်ချိန်တွေအတွက် ကိုက်ညှိထားတာရှိပါတယ်။ အဲဒါကြောင့် ဆိုက်ရောက်ချိန်မှန် မှတ်တမ်းကောင်းရရှိနိုင်ကြတယ်။ လေယာဉ်က ၂ နာရီကြာပျံသန်းရတဲ့ခရီးစဉ်ဆိုရင် တကယ်တမ်းပျံသန်းချိန်ဟာ တစ်နာရီနဲ့ ၄၅ မိနစ်ပဲ ကြာမြင့်ပါတယ် - AirTran Airways captain, Atlanta
လေယာဉ်ဆီနည်းနည်းပဲ သယ်ဆောင်ရတဲ့အခါ မကြာခဏ စိတ်ဖိစီးရတယ်
လေကြောင်းလိုင်းတွေဟာ အနိမ့်ဆုံးလိုင်းလောက်ပဲ လေယာဉ်ဆီထည့်ခွင့်ပြုလေ့ရှိတယ်။ ခင်ဗျားက သယ်လာသမျှဆီသုံးပစ်တယ်။ တခါတရံမှာ လေယာဉ်ဆီကို လုံလောက်ရုံလောက်လေးပဲသယ်ဆောင်လာမိတဲ့အချိန်၊ မိုးကြိုးမုန်တိုင်းတွေနဲ့ ရင်ဆိုင်ရတယ်၊ နှောင့်နှေးမှုတွေရှိလာတဲ့အခါ ရုတ်တရက် ဆီကုန်သွားတဲ့အခြေအနေဖြစ်တတ်ပါတယ်။ အဲဒီတော့ အနီးဆုံးလေဆိပ်တစ်ခုကို ဆင်းရတော့မယ် - —Captain at a major airline
ကျွန်တော်တို့ အင်ဂျင်တွေထဲက တစ်လုံးပျက်နေပြီလို့ ခင်ဗျား ဘယ်တော့မှကြားရမှာမဟုတ်ဘူး
အဲဒီအစား သူတို့ပြောကြမှာက "ကျွန်တော်တို့ အင်ဂျင်တွေထဲက တစ်ခုဟာ အလုပ်လုပ်ပုံသိပ်မမှန်သလို ညွှန်ပြနေတယ်" ဒါမှမဟုတ် သူတို့ ဘာမှကိုပြောမှာမဟုတ်ပါဘူး။ ကွဲပြားမှုကို ခရီးသည်တွေဘယ်တော့မှ သိကြမှာမဟုတ်ဘူး။ လေယာဉ်အများစုက အင်ဂျင်တစ်လုံးအလုပ်မလုပ်ဘဲနဲ့ ကောင်းမွန်စွာပျံသန်းနိုင်ကြပါတယ်။ "ကောင်းရောဗျာ၊ မိတ်ဆွေတို့ရေ အပြင်ကို မြင်နိုင်စွမ်းကတော့ သုညပဲဗျာ" ဆိုတဲ့စကားအစား "ဝါရှင်တန်ဧရိယာမှာ မြူတချို့ရှိနေတယ်" လို့ပဲ ပြောကြလိမ့်မယ်။
ရေထဲကို landing လုပ်တယ်ဆိုတာ မရှိပါဘူး
အဲဒါ သမုဒ္ဒရာထဲကို လေယာဉ်ပျက်ကျတာပါ။
အမှန်တော့ ကျွန်တော်တို့ ခြေကုန်လက်ပန်းကျရပါတယ်

လေယာဉ်မှူးတွေ လေယာဉ်မောင်းတဲ့အခန်းထဲအိပ်သလား။ အသေအချာကိုအိပ်ပါတယ်။ တခါတရံ ၁၀မိနစ်လောက် ခဏငိုက်မျဉ်းရုံပါ။ ဒါပေမဲ့ သူတို့အိပ်ကြပါတယ်။ —John Greaves, airline accident lawyer and former airline captain, Los Angeles
လေယာဉ်က မနက် ၇ နာရီ ရောက်ပြီ။ ခင်ဗျားရဲ့ လေယာဉ်မှူး အနားယူရမယ့်အချိန်က အသင့်ပါပဲ။ ဒါပေမဲ့ သူတို့ရတဲ့ ဟိုတယ်ဟာ သိပ်ဆိုးကြတယ်။ ပတ်ဝန်းကျင်က ဆူညံတယ်။ သူတို့က သိပ်ကို ကျယ်လောင်လွန်းကြတယ်။ ကြမ်းပိုးကိုက်ခံရတယ်။ ပြီးတော့ ကားရပ်နားရာနေရာမှာ စုပြုံကြပ်ညပ်နေကြတယ်။ —Jack Stephan
တခါတရံ လေကြောင်းလိုင်းတွေမှာ ကျွန်တော်တို့ကို နေ့လည်စာအတွက်အချိန်မပေးဘူး။ ဒါမှမဟုတ် စားရမယ့်အချိန်ကိုတောင် မပေးကြပါဘူး။ ကျွန်တော်တို့ လေယာဉ်တွေကို နောက်ကျစေရတယ် ဒါမှပဲ ကျွန်တော်တို့ အစားစားနိုင်မှာကိုး။ —First officer on a regional carrier
ခရီးသည်အများစု လေယာဉ်နဲ့ခရီးသွားပြီးအပြန်ဖျားနာကြတာက သူတို့ရှုသွင်းလိုက်တဲ့လေကြောင့်မဟုတ်ဘူး တို့ထိကိုင်တွယ်မိတာကနေ ဖြစ်ကြတာပါ
အိမ်သာကိုတော့ ဆေးကြောကြပေမယ့် အစားအစာတင်တဲ့ tray စားပွဲ နဲ့ ထိုင်ခုံနောက်ကိုရွှေ့တဲ့ခလုတ်တွေကို မသုတ်ကြဘူး။ —Patrick Smith
လေယာဉ်မှူးက ထိုင်ခုံခါးပတ်တပ်ထားဖို့ sign ပြလာခဲ့ရင် အဲဒါတစ်ခုခုပါပဲ
သူက လေယာဉ်ဝန်ထမ်းတွေကို ထိုင်ဖို့ပြောထားမယ်ဆိုရင် ခင်ဗျား သေသေချာချာနားထောင်ပါ။ အဓိပ္ပါယ်က ပြင်းထန်တဲ့လေထန်တာမျိုး ရှေ့မှာဖြစ်နေတယ်ဆိုတဲ့သဘောပါ —John Greaves
မောင်းနှင်တာက လေယာဉ်တစ်စင်းပျံသန်းတာထက် ပိုပြီးကြောက်စရာကောင်းတဲ့ နည်းလမ်းပါ
လူတွေက အမြဲတမ်းမေးကြတယ် "ခင်ဗျားအတွက် ကြောက်စရာအကောင်းဆုံးအရာက ဘာလဲ" ကျွန်တော် သူတို့ကိုပြောလိုက်ပါတယ် လောစ့်အင်ဂျလိစ်ကနေ ဟိုတယ်ကို ကားမောင်းသွားရတာ လို့ပြောလိုက်တယ်။ ကျွန်တော် နောက်နေတာမဟုတ်ဘူး -- Jack Stephan
လေယာဉ်စီးချိန်အများစုမှာ landing ဟာ လေယာဉ်မှူးတစ်ရဲ့ ကျွမ်းကျင်မှုကို အကောင်းဆုံးညွှန်းဆိုနိုင်တဲ့အရာ
ဒါကြောင့် ခင်ဗျားကသာ လေယာဉ်မှူးကို ကောင်းမွန်တဲ့စကားလေးတစ်ခုခုပြောချင်တယ်ဆိုရင် ခင်ဗျားလေယာဉ်ပေါ်ကအထွက်မှာ "nice landing" လို့ပြောပြလိုက်ပါ။ ကျွန်တော်တို့ အင်မတန်သဘောကျတယ် —Joe D’Eon, a pilot at a major airline who produces a podcast at flywithjoe.com
သတိရပါ - ဆိုးတဲ့ရာသီဥတုဟာ မြို့နှစ်မြို့ကြားထဲမှာ တည်ရှိနေတတ်တယ်
အဲဒီလိုအမြဲပဲဖြစ်နေတတ်တယ်။ ပစ်ထ်စ်ဘာ့ဂ် ကနေ ဖီလီကို အသွားမှာ ကျွန်တော်တို့ရှိနေပါတယ်။ ရာသီဥတုကြောင့်နောက်ကျရဖို့ဖြစ်တော့မယ်။ ပစ်ထ်စ်ဘာ့ဂ် မှာ ရာသီဥတုကောင်းတယ်။ ပြီးတော့ ခရီးသည်တွေပြောဆိုနေကြတာ ကျွန်တော်ကြားရမယ် "ခင်ဗျားသိလား၊ ကျွန်တော်သူငယ်ချင်းဆီခုပဲဖုန်းခေါ်မေးပြီးပြီ၊ ဖီလ်လာဒဲလ်ဖီးယားမှာလည်း ရာသီဥတုကောင်းမွန်နေတယ်တဲ့" အဲဒီတော့ ကျွန်တော်တို့ တစ်ခုခုလှို့ဝှက်ကြံစည်နေကြတဲ့ပုံစံလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ ပစ်ထ်စ်ဘာဂ့် နဲ့ ဖီလီကြးမှာ ကြီးမားပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတစ်ခုရှိနေပါတယ် -- Jack Stephan
ကလေးငယ်ကို ပေါင်ပေါ်တင်ပြီး ခရီးသွားလာနေ ဘေးအန္တရာယ် ကင်းမလား။ မကောင်းပါဘူး
အလွန်အမင်းကို အန္တရာယ်ကြီးပါတယ်။ တစ်ခုခုတိုးတိုက်မိရင် အရှိန်လျော့လိုက်ရင် ကိုင်ထားတဲ့ကလေးငယ်ဟာ ဒုံးကျည်တစ်ခုဖြစ်သွားလိမ့်မယ်။
ခရီးသည်တွေဟာ ကိုယ်တိုင်အတွက် နဲ့ တခြားသူတွေအတွက်ရော ကျေးဇူးပြုပြီး သတိရှိပါ

ခင်ဗျားက ထိုင်ခုံကို လှဲချဖို့ လုပ်တော့မယ်ဆိုရင် ကျေးဇူးပြုပြီး အနောက်ဘက်ကို ပထမကြည့်ပါ။ ခပ်ကြမ်းကြမ်းခရီးသည်တွေ ကိုယ့်ခုံနောက်မှာထိုင်နေတဲ့သူတွေကို အလေးမထားဘဲ ထိုင်ခုံကို ဆတ်ခနဲချလိုက်တာကြောင့် laptop တွေ နှစ်စဉ် ဘယ်လောက်ပျက်စီးခဲ့ကြလဲ ခင်ဗျားသိမှာမဟုတ်ဘူး -- John Nance
စကားမစပ် လေယာဉ်မှူးအခန်းထဲမှာ ကျွန်တော်တို့ ဦးထုပ်ဆောင်းမထားကြပါဘူး
တီဗီနဲ့ တချို့ဟာသဇာတ်မြူးတွေမှာတွေ့ရတဲ့ လေယာဉ်မှူးတွေဟာ ဦးထုပ်တွေဝတ်ဆင်ထားကြတယ်။ သူတို့ရဲ့ မိုက်ကရိုဖုန်းပါနားကြပ်ကိုပါ ဦးထုပ်ကိုကျော်လျက်သား တပ်ထားကြသေးတယ်။ အဲဒါကိုမြင်မိရင် ကျွန်တော်တို့တော့ ရယ်ချမိတာပဲ -- Joe D'Eon
ကျွန်တော်တို့ မေတ္တာရပ်ခံတာမှန်သမျှ အကြောင်းပြချက်ကောင်းကောင်းတစ်ခုစီရှိပါတယ်
ကျွန်တော်တို့က ပြတင်းကာကို ဖွင့်ထားပေးဖို့တောင်းဆိုတာဟာ လေယာဉ်ဝန်ထမ်းတွေအပြင်ဘက်က အရေးပေါ်အခြေအနေတစ်စုံတစ်ရာမြင်နိုင်တယ်။ cabin ထဲမှောင်နေတဲ့အခါ အလင်းရောင်ဝင်သာစေတယ်။ လေယာဉ်ကျွမ်းထိုးနေ ဒါမှမဟုတ် လူးလိမ့်နေတဲ့အခါမှာလည်း ခရီးသည်တွေ အသားကျအောင်/ ကိုင်းညွတ်နိုင်အောင်ကူညီပေးတယ်။
ကျွန်တော်တို့ အမှိုက်လိုအရာတွေ ကြားရသေးတယ်

ပြီးတော့ ဒီလိုပြောစကားမျိုးကြားရတာလည်း အင်မတန်စိတ်ကုန်ပါတယ်။ "အို ဘုရားရေ၊ ရှင်က girl pilot ပါလား" အသားမည်းလေယာဉ်မှူးကို တွေ့ပြန်ရင်လည်း "ဘုရားရေ ခင်ဗျားက black pilot ဖြစ်နေပါလား" -- Pilot for a regional carrier
လူတွေက ထင်နေကြတယ် လေယာဉ်က သူ့အလိုလိုပျံသန်းနေသလိုပဲ။ ကျွန်တော့်ကိုယုံပါ။ အဲဒါမမှန်ပါဘူး။ တခါတရံ ပျံသန်းနိုင်တာဟုတ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက တချိန်လုံး control ခလုတ်နှိပ်ပြီး မွှေဖို့ကလိဖို့ စောင့်နေမယ်ဆိုရင် အဲဒါတကယ် ဗရုတ်ကျတာပဲ။
တချို့အတွင်းစကား အကြံပြုချက်လေးတွေ
ကျွန်တော့်ကလေးတွေကို အမြဲပဲမှာတယ် ခရီးသွားရင် တောင့်တောင့်တင်းတင့်ရှုးဖိနပ်စီးသွားကြဖို့ပါ။ လေယာဉ်ကို စွန့်ခွာထွက်ပြေးရမယ်။ ကျွမ်းထိုးမှောက်ခုံကျနိုင်တယ်။ ပြီးတော့ ပူလောင်နေတဲ့ လေယာဉ်ပြေးလမ်းပေါ်ရပ်ဖို့ဖြစ်လာနိုင်တယ်။ ပေါင်းပင်ရိုင်းတွေကြားထဲ ဖိနပ်မပါဘဲဖြစ်သွားနိုင်သေးတယ်။ -- Joe D'Eon
လေယာဉ်ထဲမှာ အေးနေလား? လေယာဉ်ဝန်ထမ်းကို ပြောပြပါ။ ကျွန်တော်တို့က ငြိမ်ငြိမ်သက်သက်လေးထိုင်လျှက် လိုက်ပါလာကြပေမဲ့ သူတို့ကတော့ တချိန်လုံးလှုပ်ရှားသွားလာနေကြရတယ်။ ခရီးသည်တွေက ခေါ်နေကြတယ်။ ပြောနေကြတယ်။ ခရီးသည်တွေကို တချိန်လုံး ဖြည့်ဆည်းပေးနေရတယ်။ သူတို့ကတော့ ပူအိုက်နေကြမှာပေါ့။ ဒါပေမဲ့ ကျွန်တော်သိတယ်။ ခရီးသည်အများစုက ခိုက်ခိုက်တုန်ချမ်းနေကြတယ် -- Captain at a major carrier
လေကြောင်းကုမ္ပဏီအလုပ်တွေရဲ့ အမှန်တရားက
သင့်ရဲ့ အိမ်နီးချင်းတွေ ထင်မြင်နေသလို သင့်မှာ အချိန်ပိုများများမရှိဘူး။ သင့်ရဲ့ ဆွေမျိုးတွေ ထင်မြင်နေသလို သင့်က ငွေများများမရနိုင်ဘူး။ သင့်ရဲ့ ဇနီး ထင်မြင်နေသလို သင့်မှာ မိန်းကလေးမိတ်ဆွေတွေအများကြီးမရှိနိုင်ဘူး -- Commercial pilot, Charlotte, North Carolina
Source : Things Your Pilot Won’t Tell You | Reader's Digest
ဖြိုးဖြိုး
(Living Fashion, May. 2014)
(Living Fashion, May. 2014)
No comments:
Post a Comment