Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Thursday, December 13, 2012
လူ့အခွင့်အရေး နဲ့ အလင်းပေးသူ
၁၉၇၁ခုနှစ် နိုဝင်ဘာလ ၁၂ရက်မှာ ချန့်ကိုမွေးဖွားပါတယ်။သူဟာ တရုပ်ပြည်သူ့သမတနိုင်ငံ ကျေးလက်ဒေသရှိ ပြည်သူဆင်းရဲသားလူတန်းစားများရပိုင်ခွင့်အတွက် တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ်ကာလကတည်းက  မျက်စိအလင်းမရခဲ့သော်လဲ မိမိဘာသာ ဥပဒေပညာရပ်ကိုလေ့လာလိုက်စား ဆည်းပူးခဲ့သူ ကိုယ်တိုင်ကြိုးစားသင်ယူခဲ့သူ ဖြစ်ပါတယ်။ 
အမျိုးသမီးရပိုင်ခွင့်များ လယ်သမားများ လယ်ယာမြေရပိုင်ခွင့်များအတွက် သူက ဦးဆောင် ကိုယ်စားပြု အရေးဆို လှုပ်ရှားခဲ့တယ်။အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့  မိသားစုစီမံကိန်းကိုလည်း ချန် က ဆန့်ကျဉ်ပါတယ်။ ရှင်ဒေါင်း အာဏာပိုင်တွေကို ဆန့်ကျဉ်ပီး  တအိမ်ထောင် ခလေးတယောက်မူဝါဒကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ချန်ဟာ ကမ္ဘာမှာ ပေါ်လွင် ထင်ရှားလာပြီး  နိုင်ငံတကာက အသိအမှတ်ပြုလာရတယ်။ အမိန့်အာဏာကို ဖီဆန် လှုပ်ရှားခဲ့တာမို့  တ၇ားစွဲဆိုခြင်းခံရပါတယ်။ ၂၀၀၅ စက်တင်ဘာမှ ၂၀၀၆မတ်လအထိ  ထပ်ဆင့်ပြီး  ဇွန်လအထိ နေအိမ်အကျယ်ချုပ် ချခံရပါတယ်။        
အကျိုးဆောင်ရှေ့နေများနဲ့  ခုခံချေပ ပြောဆိုခွင့်မရပါဘူး။ ၂၀၀၆သြဂတ်စ်၂၄မှာ  လေးနှစ် သုံးလ  အကျဉ်းကျခံရန် ပြစ်ဒါဏ်ချမှတ်ခဲ့ပါတယ်။ ၂၀၁၀မှာ  လွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် သူ့နေအိမ်မှာဘဲ လုံခြုံရေး ဗီိဒီယို ကင်မရာများနဲ့ ထိမ်းသိမ်းခြင်းခံရပြန်ပါတယ်။ ရဲများက အလွန်အကျွံ စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်းသူ့ဇနီးက ပြောကြားခဲ့တယ်။ ၂၀၁၁ ဖေဖေါ်ဝါရီလကမှ လုံးဝလွတ်မြောက်လာခဲ့တာပါ။ချန်ရဲ့ အမှုကိစ္စကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိတ်ပါဝင်စားစွာ အထူးအာရုံစိုက် စောင့်ကြည့်ခဲ့ကြတယ်။ အမေရိကန်ဋ္ဌာနဆိုင်ရာ စောင့်ကြည့်အဖွဲ့။ ဗြိတိန်နိုင်ငံရပ်ခြား လုံခြုံရေးအဖွဲ့။လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ စသည်တို့ မျက်ခြေမပြတ်အလေးထားစောင့်ကြည့်ခဲ့ကြတယ်။၂၀၀၇မှာ Ramon Magsaysay Award ဆုရရှိခဲ့တယ်။၂၀၀၆မှာ Time မဂ္ဂဇင်းရဲ့ သြဇာရှိအယောက်တရာမှာ စာရင်းဝင်သွားတယ်။ ၂၀၁၂မှာတော့ လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့တယ်။ သူဟာ တရုပ်အစိုးရနဲ့ ဆွေးနွေးအပြီး ဘေဂျင်းရှိ အမေရိကန်သံရုံးအတွင်း ပြေးဝင် ခိုလှုံခဲ့တယ်။၂၀၁၂မေလမှာတော့ ကျန်းမာရေးဆေးစစ်ရန် အမေရိကန်သို့ ဇနီးသားသမီးများနှင့်အတူ ပြည်ပခရီးအတွက် တရုပ်အစိုးရက ခွင့်ပြုခဲ့တယ်။ ဒါ့ကြောင့်သူတို့ မိသားစု ဘေဂျင်းကို စွန့်ခွာခဲ့ပြီး နယူးရော့ခ်ကို ရောက်ရှိလာတယ်။
ချန်ဟာ ရှန်ဒေါင်းပြည်နယ်က ရွာကလေးတရွာမှာနေထိုင်တဲ့  လယ်သမားမိသားစုထဲက  သားငါးယောက်အနက်  အငယ်ဆုံးသားဖြစ်တယ်။ဂျီနန်မြို့ က နေ ကီလိုမီတာ ၂၀၀ လောက်ဝေးပါလိမ့်မယ်။သူ ၆လသားမှာဘဲ အပြင်းဖျားပြီး အာရုံကြော ချို့ယွင်းမှုကြောင့် မျက်စိ ကွယ်သွားတာ လို့ “ နယူးရော့ရီဗျူးစ် အော့ဖ် ဘွတ်ခ်" နဲ့ အင်တာဗျူးတခုမှာ ပြောပြခဲ့တယ်။ ကျွန်တော်တို့ မိသားစုဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများမဟုတ်ပေမဲ့ ရိုးရာအားဖြင့် တရုပ်ယဉ်ကျေးမှုမှာလဲ သူတော်ကေါင်းတရား ကျင့်ကြံရမျိုးရှိပါတယ်လို့ ချန်က ပြောတယ်။ ကျွန်တော်တို့မိသားစုဟာ ဆင်းရဲပါတယ်။ ချိုးခြံခြွေတာပြီး အလိုက်အထိုက်  ချင့်ချိန်နေထိုင်ကြတာပါ။ စားစရာလဲရှိမယ်။ ကျောင်းလဲ သွားရမယ် ဆိုရင် ကျွန်တော်ငယ်ငယ်က သိပ်ပျော်တာပေါ့တဲ့။ ချန်ကပြောပါတယ်။နောင်အခါ ချန့်အဖေဟာ လစဉ်ပုံမှန် ဒေါ်လာ၆၀နဲ့ ညီမျှတဲ့ငွေရဖို့  ကွန်မြူနစ်စာသင်ကျောင်းမှာ သင်တန်းနည်းပြဆရာလုပ်ပါတယ်။
“ကျွန်တော်အဖေက ကျွန်တော့်ကို စာကြီးပေကြီးတွေ ဖတ်ပြတယ်ဗျ။ ဒီမိုကရေစီတို့ လွတ်လပ်ခြင်းရဲ့အရသာ တို့  အဖေက ကျွန့်ကို လူတလုံး သူတလုံး ဖြစ်စေချင်တာပါ။”လို့လဲ ချန်က ပြောတယ်။ ၁၉၉၁ခုနှစ်မှာ မသန်စွမ်းသူများ တရားဥပဒေနှင့်အညီ ကာကွယ်ခြင်း ရပိုင်ခွင့်များခံစားခြင်း  စသည် အသေးစိတ်ဖေါ်ညွှန်းထားတဲ့စာအုပ်တအုပ် အဖေက ကျွန့်တော့်ကို ပေးတယ်။လို့ ချန်က ပြောခဲ့တယ်။ ၁၉၈၉ အသက် ၁၈နှစ်မှာတော့ လင်ရီ မြို့က အခြေခံမျက်မမြင်ကျောင်းကိုတက်ရောက်ပီးတော့ ၁၉၉၄မှာ မျက်မမြင် အထက်တန်းကျောင်းကို ဆက်လက် ကျောင်းတက်ပါတယ်။၁၉၉၈မှာဘဲ ဘွဲ့ရ တယောက်ဖြစ်လာခဲ့တယ်။အဲဒီနှစ်မှာဘဲ ချန်ဟာ တရုပ်ရိုးရာ ဆေးပညာတက္ကသိုလ်ကို တက်ရောက်ဖို့ အပိုဝင်ငွေ ရှာကြံခဲ့တယ်။ဆင်းရဲပေမယ်လို့ တက္ကသိုလ်အာဏာပိုင်များဟာ ချန့်ကို စာတော်တယ် ကြိုးစားမှုရှိတယ်လို့ အထူးအခွင့်အရေးပေးခဲ့ပါတယ်။
ကုန်ကျစရိတ် ဒေါ်လာ ၄၀၀ မှာ ၃၄၀ ချေးငှားခဲ့ရပါတယ်။၁၉၉၈မှ ၂၀၀၁အထိ လေ့လာသင်ကြားခဲ့ရတယ်။ လေ့လာမှု ပီးဆုံးချိန်မှာတော့ သူဟာ ရီနန်ဆေးရုံရဲ့ အရေးပါတဲ့  လက်နှိပ်ကုထုံးပညာရှင် တယောက်  ဖြစ်လာခဲ့ပါတယ်။
နိုင်ငံရေးလှုပ်ရှားမှု
၁၉၉၆ခုနှစ်ကတည်းက နိုင်ငံရေးလှုပ်ရှားမှု စတင်ခဲ့တယ်ပြောရမှာပါ။သူ့မိသားစုအပေါ် အခွန်စည်းကြပ်မှုနဲ့ပတ်သက်ပြီး သူက ဘေဂျင်းအစိုးရကို အသနားခံစာတင်သွင်းပါတယ်။ တရုပ်လူ့ဘောင်အဖွဲ့အစည်းမှာ မသန်စွမ်းသူများအခွင့်အရေးနဲ့ ပတ်သက်လို့ ဥပဒေရှိပါတယ်တဲ့။ သူက ရင်ထဲရှိတဲ့အတိုင်းဖွင့်ထုတ်ပြောဆိုတတ်သူပါ။ သူပြောတာမှန်ပါတယ်။ခြေလက်ဆာသူတွေ မျက်စိမမြင်တဲ့သူတွေ ကိုယ်အင်္ဂါချို့ တဲ့သူတွေ အတွက် သူက အခွန်စည်းကြပ်ကောက်ခံ မှုတွေကို တရားရံ့းတော်အထိ လိုက်လံ ကူညီ ဖြေရှင်း ပေးတာ အောင်မြင်ပါတယ်။ ၁၉၉၇မှာချန် တို့ရွာ ခေါင်းဆောင်များကမြေယာ ၆၀ရာခိုင်နှုံး ကို ငှားရမ်းရာမှာ ငှားရမ်းခ ဈေျးနှုံးကြိးမြင့်တာကြောင့် ကျေးလက်နေ ဆ်းရဲသားများ ကြပ်တည်းပြီး ဒေသခံ အစိုးရအဖွဲ့အစည်းမှာသာ ချမ်းသာကြွယ်ဝစေပါတယ်။ဒီ မြေယာကိစ္စတွေကိုလည်း သူက ဦးဆောင် ကိုယ်စားပြုပြီး ကိုင်တွယ် ဖြေရှင်းပေးပါတယ်။ ၂၀၀၀ခုနှစ် နန်ဂျင်းကနေ လေ့လာပြီးစီးတဲ့အခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ညစ်ညမ်းမှု ကာကွယ်ရေးစတာတို့နဲ့  ရငိဆိုင်တိုးနေပြန်တယ်။
၁၉၈၈က စက္ကူစက်ရုံကစွန့်ပစ်တဲ့ အညစ်အကြေးတွေ ဟာ မင်းန်မြစ်ထဲကို အဆိပ်အတောက်ဖြစ်  ကျရောက်တဲ့အတွက်သီးနှံတွေ ပျက်စီးဆုံးရှုံးရသလို တောရိုင်းတိရိစ္ဆာန်တွေလဲ ပျက်စီးဆုံးရှုံးရပါတယ်။မြစ်အောက်ဘက်က ဒေသခံရွာသားများဟာ အရေပြားနဲ့ အစာခြေအင်္ဂါစု မှာ ပြဿနာ ဖြစ်တာမျိုးကြုံရတော့တယ်။ချန်ဟာ ကျေးရွာပေါင် ၇၄ရွာက ရွာသားများကို စည်းရုံးပြီး စက္ကူစက်ရုံရဲ့ အညစ်အကြေးစွန့်ထုတ်မှုကို ရပ်ဆိုင်းဖို့ အသနားခံခြင်း ပြုလုပ်ပါတယ်။ဆန့်ကျဉ်ကန့်ကွက်ခြင်းပြုလုပ်ပါတယ်။ချန်လုပ်တာ မှန်ပါတယ်။ စက်ရုံက ရပ်ဆိုင်းလိုက်တယ်။ နောက် ချန်ဟာ ဘေဂျင်းမှာ ရှိတဲ့ ဗြိတိသျှသံရုံးကို အကျိုးအကြောင်းပြောဆိုပိး ရေသန့်ပိုက်လိုင်းများ  ထောက်ပံ့ဖို့ တောင်းဆိုခဲ့တယ်။ ဗြိတိသျှတို့က ပေါင် ၁၅,၀၀၀ချမှတ်ကူညီပေးတယ်။
၂၀၀၄ခုနှစ် မှာ ဒေါင်ရှီဂူကျေးရွာက ရွာသား၃၀၀ကျော်ကို ၁၀နှစ်ကြာ ချောဆွဲထားရာက ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြတယ်။ဒီကိစ္စကိုတော့ အာဏာပိုင်များက တာဝန်မယူပါဘူး။ချန်ကိုယ်တိုင်ဦးဆောင်ပြီး ရွာသားတွေက တဆင့်တက်လို့ တရားစွဲဆိုဖို့ ပြင်ဆင်တဲ့အခါေ၈ျနန်တရားရုံးကအမှုကို ၂၀၀၅ ခု အစောပိုင်း မှာ ကြားနာ စစ်ဆေးဖို့လက်ခံလိုက်တယ်။ အဲဒီနှစ်မှာဘဲ လပေါင်းများစွာ ကြာလာတဲ့အခါ ရှန်ဒေါင်းပြည်နယ်သားများဟာ ခလေးတအိမ်ထောင်တယောက်စံနစ်ကို ဆန့်ကျဉ်ဖို့ ဘေဂျင်းအရှေ့တောင်ဘက် မိုင်၄၀၀ကျော် အကွာက လင်းရီမြိုံကို လူသန်းနဲ့ချီ  ထွက်လာ ကန့်ကွက်ကြတယ်။ မက်ဆီဂူးရွာက အသက် ၃၆နှစ်ရှိ အမျိုးသမီးတဦးကို တွေ့ဆုံမေးမြန်းရာမှာ”သူတို့က ကျွန်မကို ဖမ်းချုပ်ပြီး သားကြောမဖြတ်ရင် လွှတ်မပေးဘူးပြောပီးအတင်းအကြပ် စေခိုင်းပါတယ် “   လို့ ဆိုတယ်။ တန် နဲ့ ချန် တို့ဟာ ဒေသခံ ခန့်မှန်း မိန်းမ ၁၃၀၀၀၀တို့ကို လွှတ်ပေးဖို့ အပြင်းအထန် တောင်းဆိုခဲ့ကြတယ်။ ချန်ဟာ ဒီမျှနဲ့မက ပါဘူး။ ဘေဂျင်းကို သွားရောက်ပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံ ရှင်းလင်း ပြောပြပါတယ်။
၂၀၀၅ခုနှစ် စက်တင်ဘာလထဲမှာ လင်းရီ အာဏာပိုင်တွေက ချန့်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ဖမ်းချုပ်ပြီး နေအိမ်မှာ အကျယ်ချုပ်ထားလိုက်ပြန်တယ်။ထွက်ပြေးကြိုးစားရင်း  ခြေကုန်လက်ပန်းကျခဲ့ရတယ်။ ၂၀၀၆ ခုနှစ် မှာ နေအိမ်ကနေ ပြန်လည်ရွှေ့ပြောင်းပြီး ရီနန်စီရင်စုနယ် မှာ ထိမ်းသိမ်းထားခဲ့ပြန်တယ်။ နိုင်ငံရပ်ခြား တရုပ်ဆန့်ကျဉ်မှုကို ထောက်ခံခဲ့ပြီး မသန်စွမ်းသူများကို ပေးအပ်တဲ့ ထောက်ပံ့ငွေများကိုလည်း လက်ခံရရှိခဲ့တယ်။
အမှုရင်ဆိုင်ရခြင်း 
၂၀၀၅ စက်တင်ဘာမှာ မိသားစုစီမံကိန်းကို မဖြစ်မနေပြုလုပ်ဖို့ တာဝန်ရှိနေကြသူတွေက ၂၀၀၆ ဇူလိုင်၁၇ရက်မှာ အမှုရင်ဆိုင်ဖို့ တရားရုံးက အမိန့်ချမှတ်ကြတယ်။လွတ်လပ်တဲ့အာရှအသံနဲ့ တရုပ်လူ့အခွင့်အရေးစောင့်ကြည့်သူများ တရားရုံးရဲ့အပြင်ဘက်ကနေ ချန့်ကိုထောက်ခံသူများ ၀ိုင်ဝန်းကန့်ကွက်မှုကြောင့် တရားရင်ဆိုင်နိုင်ဖို့  နှောင့်နှေးကြန့်ကြာခဲ့ရတယ်။၂၀၀၆ သြဂုတ်၁၈ရက်နေ့မှာတရားစီရင်ဆုံးဖြတ်ခံရတယ်။ခရစ်စမတ်အကြိုနေ့မှာ လျူဇီယောင်၊ ရီတုံလောဖန် အပါအ၀င် ရှေ့နေသုံးယောက်တို့ကို ရီနန်ပုလိပ်များဖမ်းဆီးခေါ်ဆောင်သွားပေမဲ့ ၂ယောက်ကိုတော့ မေးမြန်းစစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်။ ချန်ရဲ့ရှေ့နေတွေနဲ့ချန့်ဇနီးကိုတော့ တရားရုံးမှာရှိတဲ့ အခန်းငယ်အတွင်း နေထိုင်ဖို့  ခွင့်ပြုခဲ့တယ်။တရားရုံးပြင်ဘက်က ချန့်က်ု အားပေးထောက်ခံသူတွေ ဆူပူနေတာကြောင့် ရုံးတင်စစ်ဆေးမှုဟာ ၂နာရီဘဲ ကြာမြင့်ခဲ့ပါတယ်။၂၀၀၆ သြဂတ်စ် ၂၄ရက်မှာ ၄နှစ်နှင့်၃လ အကျဉ်းချခံရန် အမိန့်ချမှတ်ခဲ့တယ်။ သူ့အမှုနဲ့ပတ်သက်ပြီးတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မာဂရက် ဘာ့ကက်ထ်က ၂၀၀၆ခုနှစ် ဗြိတိန်အစိုးရ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အစီရင်ခံစာအရ ဥပဒေကို လေးစားလိုက်နာရန် ဆော်သြခဲ့တယ်။ နိုဝင်ဘာ ၂၀၀၆ ၃၀ရက်မှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကြီးက သူ့အား Prisoner  of conscience  ဆုကို(လူသားတို့ ရပိုင်ခွင့်များကို ငြိမ်းချမ်းစွာ ကာကွယ်စောင့်ရှောက် တောင်းဆိုသူ)  ပေးအပ်ခဲ့တယ်။
နေအိမ်အကျယ်ချုပ်ကျခံရခြင်း 
၂၀၁၀မှာ ချန် အကျဉ်းကျခံရခြင်းမှလွတ်မြောက်လာပါတယ်။နေအိမ်မှာဘဲ ဆက်လက် အကျယ်ချုပ်ထားတယ်။ ဘယ်လိုဘဲ ချန်နဲ့ သူ့ဇနီးတို့ဟာ ဗွီဒီယိုတွေ  စာတွေမှတဆင့်  ပြင်ပကမ္ဘာနဲ့ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့  အချိန်နှင့်အမျှ စောင့်ကြည့် စစ်ဆေးမှုများကတော့ ရှိနေဆဲပါ။ဆက်သွယ်ရေးလမ်းကြောင်းဟူသမျှသူတို့နေအိမ်မှာ  ဖြတ်တေက်ပြစ်ခံရတယ်။နေအိမ်တံခါးပေါက်တွေကို လည်းသတ္တုအလွှာတွေနဲ့ ဖုံးအုပ် ကာဆီးလိုက်တယ်။ ၆နှစ်အရွယ်သမီးကလေးအပါအ၀င် သူတို့ မိသားစုရဲ့ သွားလာလှုပ်ရှားမှုမှန်သမျှ အနှောင့်အယှက် အဟန့်အတားဖြစ်စေတယ်။လယ်တောယာတောထဲက မိခင်ကိုတောင် အလွတ်မပေးပါဘူးတဲ့။ချန်ကပြောပါတယ်။ သူတို့တတွေ ယွမ်ငွေ သန်း၆၀အထိ အကုန်အကျခံ ကြည့်ရှုခဲ့တယ်လို့ ပြောပါတယ်။ နယူးရော့ခ်တိုင်းမ် မှ သတင်းပေးပို့ရာမှာ ချန့်ကို ထောက်ခံသူတွေ အားပေးသူတွေဟာ ဘယ်လိုဘဲ ကြိုးစား ထိုးဖေါက်ခဲ့ပေမဲ့ လုံခြုံရေးအတားအဆီး ဧဂျင်စီတွေ ကို မကျော်လွှားနိုင်ဘူး။ ဆုတ်ခွာခဲ့ကြရတယ် တဲ့။ ၂၀၁၁ နိုဝင်ဘာမှာ အမေရိကန်လွှတ်တော်အမတ် ခရဏ်စမစ် ဟာ ချန်နဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်။အခွင့်မရခဲ့ပါဘူး။ ၀န်ကြီး ကလင်တန်က ဖေါ်ပြပြောဆိုရာမှာ “ဆက်လက်ပြီး ခုလိုကျင့်သုံးနေမယ်ဆိုရင် တရုပ်ဟာ  နွေးထွေးမှု ကင်းမဲ့တဲ့ ရက်စက်မှု အရှိဆုံး နိုင်ငံတခုဖြစ်သွားမှာ စိုးရိမ်မိတယ်တဲ့။ “
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေကတော့ ဒီလိုထိမ်းချုပ်ထားမှုဟာ ဥပဒေနဲ့ လုံးဝ မကိုက်ညီဘူး အမြန်ဆုံးလွတ်ပေးရမယ်လို့ ကြေညာခဲ့တယ်။၂၀၁၁ မှာ သရုပ်ဆောင် ခရစ်စတယ် ဘေးလ် ဟာ ချန်နဲ့ တွေ့ဆုံဘို့ CNN ၀န်ထမ်းတဦးနဲ့ကနေ ဆက်သွယ်ခဲ့ပေမဲ့ အစောင့်တွေက ကြမ်းတမ်းစွာ တွန်းထိုးရိုက်ပုတ်ပြစ်ခဲ့တယ်။ ဘေးလ် က သူ လူတယောက်နဲ့ တွေ့ချင်တယ် သူ့ကို ချီးကြူး ဂုဏ်ပြု နှုတ်ဆက်ချင်တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့ ကားထဲအထိ ၄၅မိနစ်ကြာ လိုက်ပြီးကြမ်းကြမ်းတမ်းတမ်းပြုမူခဲ့တယ် လို့ ထုတ်ဖေါ်ပြောဆိုခဲ့တယ်။ ဗွီဒီယိုမှာ မှတ်တမ်းတင်ထားလိုက်နိုင်တယ်တဲ့။
လွတ်မြောက်ခြင်း
၂၀၁၂ ဧပြီလ ၂၂ရက်မှာ သူ လွတ်မြောက်ခဲ့တယ်ချန့်ရဲ့ တပည့် ဟူဂျာ က ပြောဆိုရာမှာ ချန်ဟာ လွတ်လပ်ခွင့် ရချင်တယ်။ အချိန်တိုင်းသူလွတ်မြောက်ဖို့ကိုဘဲ         တွေးနေတော့တာပဲ။ ဥမင်တခုကိုတောင်တူးဖို့ သူကြိုးစားနေတာတဲ့။ အစောင့်တွေကိုလည်း ဖိအားပေးပြီး  သူလွတ်မြောက်ဖို့ ကြိုးစားသေးတာပါ။အပြင်လောကကြီးနဲ့ သူ ကွဲကွာသွားရင် သူ အိပ်ယာထဲလဲပြီး ဖျားသေရလိမ့်မယ် လို့ ဆိုတယ်။ ဇနီးသည်ရဲ့ အကူအညီနဲ့ နံရံတွေကိုတက် တဘက်မြေပေါ်ကို ခြေချဖို့ ကြံစည်ခဲ့တယ်လို့ ဆိုတယ်။ သူဟာ ကံကောင်းစွာနဲ့ဘဲ မင်းမြစ်ကို ရောက်လာတယ်။ အစောင့်တွေ ထူထပ်လှတဲ့ တံတားကိုတောင် အရဲစွန့်လို့ မရပ်မနား ကျော်ဖြတ်နိုင်ခဲ့တယ်။အစောင့်တွေ အိပ်ပျော်နေတာလို့  ချန်က ယုံကြည်နေတယ်။ချန်ခလေးဘ၀က သွားလာလှုပ်ရှားခဲ့တဲ့ နေရာဟောင်းဖြစ်တာမို့ သူအဖို့ သိပ်ခက်ခက်ခဲခဲ မရှိဘူးဆိုပေမဲ့ သူ အကြိမ်၂၀၀ကျော် ပြိုလဲခဲ့သေးတယ်လို့ ချန်က သူ့ လွတ်မြောက် ထွက်ပြေးခဲ့ရာမှာ  ခုလိုပြောပြခဲ့တယ်။ အင်္ဂလိပ်လူမျိုး တက်ကြွလှုပ်ရှားသူ ဆရာ ဟီပယ်ရောင်းနဲ့ဆဲလ်ဖုန်းကနေ အဆက်အသွယ်ရခဲ့တယ်။ လူ့အခွင့်အရေး စောင့်ကြပ်ကြည့်ရှုသူ များရဲ့ ၀န်းရံ ပံ့ပိုးမှုနဲ့ ဘေဂျင်းကို ရောက်ရှိလာပီး အမေရိကန်သံရုံးမှာ ခိုလှုံခဲ့တယ်။ ဟူဂျာက အမေရိကန်သံရုံးမှာ ခိုဝင်နေကြောင်း ပြောခဲ့ပေမဲ့ သံရုံးကတော့ အတည်ပြု ပြောဆိုခြင်းလည်းမရှိ၊ ငြင်းပယ်ခြင်းလည်း မရှိပါဘူး။ 
အမေရိကန်ဟာ တရုပ်နဲ့လည်း ဆက်ဆံရေးမပျက်ပြားအောင် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာအမေရိကန်အစိုးရအဖို့  တော်တော်လေး အကြပ်ရိုက်သွားစေခဲ့တယ် လို့ နယူးရော့ခ် တိုင်း သတင်းစာက ဆိုပါတယ်။ အီရန် ဆူဒန်  ဆီါ်ရီးယားနဲ့ မြောက်ကိုးရီးယား ကိစ္စတွေကလည်း ရင်မအေးစရာပါ။ အားလုံးဟာ တခုနဲ့တခု ကွင်းဆက်လိုယှက်နွယ်နေတယ်။ ကွန်ဆာဗေးတစ်သမတလောင်း မစ်ထ် ယွန်းနေ က သမတ ဘးရက်အိုဘားမားကို ထိုးနှက်ရာမှာ “ သူသာ အရာရာတတ်နိုင်မယ်ဆိုရင် ချန်ကိုလည်း  လုံလုဲံခြုံခြုံထားနိုင်ရမယ် “ တဲ့။ ဟပြီ ၂၉ရက်မှာ ဒု နိုင်ငံခြားရေးဝန်ကြီး ကဒ် အမ် ကဲ့မ်ဘဲလ် ဘေဂျင်းကို ဆိုက်ရောက်လာတယ်။ချန်ရှီတဲ့နေရာကို အတိအကျ မပြေ နိုင်ခဲ့ကြပါဘူး။ ဧပြီ ၂၇ရက်နေံမှာ ချန်က ဗွီဒီယိုမှာ ပေါ်လာတယ်။အာဏာပိုင်တွေကတော့ ဒါဟာ ရူးသွပ်သော ဒါဏ်ခတ်မှုဘဲလို့ ဆိုလိုက်ပါတယ်။ဥပဒေကြောင်းအရ ချန်လွတ်မြောက်ထွက်ပြေးမှုမှာ အားပေးကူညီသူ သံသယရှိသူ  ဆွေမျိုးတစုကို တရားစွဲနိုင်တယ်လို့ ဆိုတယ်။ တရုပ်နဲ့ဆက်ဆံရေးကောင်းမွန်ချင်တဲ့ အိုဘားမားအဖို့တော့ မျက်နှာပူစရာပါဘဲ။
စေ့စပ် ညှိနှိုင်းခြင်း မေလ ၂ရက်နေ့မှာ 
ရက်အတန်ကြာလာတဲ့အခါ  ချန်ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ မီဒီယာတွေက မှန်းဆပြောဆိုလာတယ်။ အမေရိကန်အစိုးရရဲ့ စောင့်ရှောက်မှုအောက်မှာ ခိုလှုံ ရောက်ရှိနေခြင်းဖြစ်တယ်လို့ မေလ ၂ရက်နေ့မှာ ထုတ်ဖေါ်လာတယ်။ အမေရိကန်ဘက်က သံတမန် ကဲ့န်ဘဲလ်နှင့် စေ့စပ်ဆွေးနွေးပြီး မေ ၂ရက်နေ့မှာဘဲ သံရုံးက ထွက်ခွာခဲံ့တယ်။မိသားစုနဲ့ ပြန်လည်းစုစည်းနေထိုင်ခဲ့တယ်။ဘေဂျင်းဆေးရုံမှာ ကျန်းမာရေးဆေးစစ်ခြင်း ဆေးဝါးကုသခြင်းများ ပြုလုပ်ခဲ့တယ်။သူ့ကို လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နဲ့ မပြီးပြတ်သေးတဲ့ဥပဒေပညာရပ်ကို ဆက်လက် ဆည်းပူးလေ့လာဖို့ အခွင့်ကို တိုးမြင့် တောင်းခံခဲ့တယ်။ အမှန်တော့ ချန်ဟာ တရုပ်ပြည်မကြီးကို စွန့်ခွာလိုသူမဟုတ်ဘဲ ပြည်မကြီးမှာသာ လွတ်လပ်စွာ သွားလာ နေထိုင်ချင်သူပါ။ ဒုက္ခသည်တယောက်အနေနဲ့ ခိုလှုံနေထိုင်ရတာမျိုးကိုလဲ မလိုလားပါဘူး။
တရုပ်ဘက်က နိုင်ငံခြားရေးဝန်ကြီး လျူဝေမင်း ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောရာမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်က တရုပ်ကို တောင်းပန်သင့်တယ် တဲ့။ မိမိတို့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာမျိုး အမေရိကန်က မလုပ်သင့်ဘူး ရှောင်ကျဉ်ရမယ် လို့ ဆိုတယ်။ ချိုင်းနားဒေလီ သတင်းစာကြီးကလဲ “ချန်ဟာ တရုပ်ကို အမဲဖျက်ချင်တဲ့ အမေရိကန်တွေအကြိုက် လိုရာဆွဲရွှေ့နိုင်တဲ့ နယ်ရုပ်ကလေးဘဲလို့ ပြောလိုက်ပါတယ်"။ ဘာပဲဖြစ်ပါစေ နောက်ဆုံးမှာတော့ ချန်ဟာ အမေရိကားမှာ ပညာသင်ကြားခွင့် ဗီဇာ ရရှိသွားပါတယ်။ မေလ ၁၉ရက်နေ့မှာ ချန်နဲ့  သူ့ဇနီး သူခလေးနှစ်ယောက် ကုန်သွယ်လေကြောင်းလိုင်းလေယာဉ်နဲ့အမေရိကန်ပြည်ထောင်စု နယူးဂျာစီနယ်ကို ရောက်ရှိသွားတော့တယ်။
အမေရိကားမှာ 
နယူးရော့ခ်စီးတီး ယူနီဗာစီတီ အဆောင်မှာ  ချန်တို့ မိသားစုကို နေခွင့်ပေးပါတယ်။ နေ့စဉ် တနေ့ ၂နာရီ အင်္ဂလိပ်စာကို သင်ကြားရတယ်။ ဥပဒေဆိုင်ရာပညာရှင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခွင့်ရတယ်။ ချန်ဟာ သူံဘ၀ဖြစ်စဉ်ကို မှတ်တမ်းတင် ရေးသားနေပြီး ၂၀၁၃မှာ ထုတ်ဝေခွင့်ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ နယူးရော့ခ်တိုင်းသတင်းစာနဲ့ တွေ့ဆုံစဉ်မှာ ချန်က ကျွန်တော်နဲ့ ကျွန့်တော့်ပိသားစုကို ခုနှစ်ကြာအောင် တားဆီးချုပ်နှောင်ထားခြင်းဟာ ဥပဒေမဲ့ ပြုမူရာရောက်ပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ဥပဒေကို လေးစားလိုက်နာမှု မရှိတာဟာ အဆိုးဝါးဆုံးသော မထေမဲ့မြင် ပြုခြင်းပါဘဲ တဲ့။
နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း။
ချန်ရဲ့ လှုပ်ရှားမှု ပြုမူဆောင်ရွက်ချက် စတာတွေဟာ နိုင်ငံတကာက သတင်းမီဒီယာသမားတွေအဖို့ မျက်စိကျစရာတွေချည်းပါဘဲ။ ၂၀၀၂ခုနှစ် နယူးဝိစ်ခ်မဂ္ဂဇင်းမျက်နှာဖုံးမှာ ချန့်ပုံကို ဖေါ်ပြခဲ့ပြီး တရုပ်ပြည်အနှံ့ ခြေဗလာခရီးဆန့်လို့ ဆင်းရဲသား များ ကိုယ်စား တိုက်ပွဲဝင်သူ ရှေ့နေကြီးလို့ တင်စားဖေါ်ပြခဲ့တယ်။တိုင်းမဂ္ဂဇင်းရဲ့ာသဇာအရှိဆုံး အယောက်တရာထဲမှာ ချန်ဟာ တယောက်အပါအ၀င်ဖြစ်ခဲ့တယ်။ ကျေးလက်ရွားသားတွေက သူ့ကို
”ဟုတ်ပါတယ် ချန်ဟာ ငယ်ငယ်ကတဲက မျက်စိမမြင်ခဲ့ပါဘူး။ ဒါပေမဲ့  ထောင်နဲ့ သန်းနဲ့ချီတဲ့ လူတွေကို မျက်စိအလင်းပေးခဲ့သူပါ" တဲ့။
နယူးရော့ခ်မှာအခြေစိုက်တဲ့ NGO အဖွဲ့က ဟယူးမင်းရိုက်ထ် အ၀ပ်ဒ် ဆုကို ချီးမြှင့်ခဲ့တယ်။
မိသားစု 
၁၉၇၁ခု နိုဝင်ဘာလ ၁၂ရ့်နေ့မှာ မွေးဖွားတယ်။ဘခင်က သူ့ကို လမ်းပြခဲ့တယ်။ညီအကို၅ယောက်မှာ အငယ်ဆုံးပါ။ ၆လသားကတည်းက အပြင်းဖျားပြီးမျက်စိကွယ်ခဲ့တယ်။ ဇနီးသည်က ၀မ်ဝေဂျင်း ခေတ်ပညာတတ် ဓါတုဗေဒ နှင့် ဘွဲ့ရပြီး နောင်အခါ အင်္ဂလိပ်စာပြ ဆရာတယောက်ဖြစ်လာတယ်။ ခလေး၂ယောက်ရှိပါတယ်။ သမီးတယောက် သားတယောက်ပါ။ သူက တအိမ်ထောင် ခလေးတယောက် နှုံးယူရန် စံနစ်ကို ဆန့်ကျဉ်ပါတယ်။ သားဖြစ်သူ ချန်ကီ ချိုင်း ဟာ ဒါးကို ဆွဲကိုင်ပြီး လုံခြုံရေးအရာရှိ ၃ယောက်ကို ထိုးခုတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် ချန်ကိုယ်တိုင် ဒီအမှုကို လိုက်ပါဆောင်ရွက်ခဲ့ရပါတယ်။ ချန်ဟာ ကိုယ်တိုင်က မျက်စိအလင်းမရသော်လဲ အသိဥာဏ်မပွင့်လင်း ကင်းမဲ့တဲ့ ကျေးရွာနေ လူသားအားလုံးကို လင်းရောင်ခြည်ဖြန့်ဖြူးပေးခဲ့သူဖြစ်ပါတယ်။
Florist
No comments: