Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 03, 2013

ဟိုသတင်း ဒီသတင်း

ကမ္ဘာလှည့်ခရီးသွားတွေအတွက် ကနေဒီယန်းရော့ကီးတောင်တန်းမှ ဆွဲဆောင်မှုအသစ်တွေ
ခရီးသွားလုပ်ငန်းဆွဲဆောင်မှုအသစ်တစ်ခုအဖြစ် နိုင်ရာဂရာရေတံခွန်စီးလှေအသစ်၊ အဆင့်မြင့်ဟိုတယ်နဲ့ တိုရွန်တိုမြို့လယ်ရေအောက်ပြခန်းအသစ်တွေ ဖွင့်လှစ်ပြသတော့မှာပါ။ အယ်လ်ဘာတာဒေသခံတိုင်း လာမယ့် ၂၀၁၄ မေလမှာ စတင်ဖွင့်လှစ်မယ့် Glacier မိုးမျှော်လျှောက်လမ်းသစ်ကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာစောင့်စားနေကြပါတယ်။ မသန်စွမ်းလူငယ် လူကြီးတွေပါ အားလုံးတက်ရောက်ကြည့်ရှုနိုင်မှာပါ။ လူသွားလမ်းကို မှန်သားနဲ့ဆောက်လုပ်ထားတာကြောင့် လေထဲမှာတကယ့်ကို လွင့်မျောနေသလိုခံစားနိုင်ကြပါမယ်။ အွန်တေရီယို၊ နိုင်ယာဂရာမြစ်ရေစီးမှာ စီးမြောပြီး လိုက်ပါစီးနင်းနိုင်မယ့် လှေအသစ်နဲ့ ခရီးစဉ်ကိုလည်း Hornblower Tour က ပုံမှန်ခရီးစဉ်တွေထက်ထူးခြားအောင်စီစဉ်နေပါတယ်။
ရေတံခွန်တလျှောက် နေထွက်ချိန်နဲ့ နေဝင်ချိန်ခရီးစဉ်တွေအဖြစ် လိုက်ပါကြည့်ရှုနိုင်မှာပါ။ mac ပလပ်စတစ်မိုးကာအကျီဝတ်ဆင်ဖို့ လိုအပ်မှာဖြစ်တဲ့အတွက် www.niagaracruises.com မှာ မှာယူနိုင်ပါတယ်။ တိုရွန်တိုမြို့ထဲကနေ မိုင်အနည်းငယ်ဝေးတဲ့နေရာမှာရှိတဲ့ Ripleys Aquarium အပမ်းဖြေရေအောက်ပြခန်းကိုလည်း ပြန်လည်ပြုပြင်မွမ်းမံနေတာလည်း လာမယ့် ဆောင်းဦးကာလမှာပြီးစီးမှာပါ။ စက်တင်ဘာလထဲ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာ့နာမည်ကျော် CN (Canadian National) မျှော်စင်နဲ့ ခြေလှမ်းအနည်းသာလှမ်းလျှောက်ရတဲ့နေရာ မျှော်စင်အောက်ခြေပိုင်းနားမှာရှိနေတယ်။ အဲဒီငါးပြတိုက်ဟာ Skywalk နဲ့တိုက်ရိုက်ဆက်သွယ်ထားတာပါ။ ကွဲပြားတဲ့ ပင်လယ်ရေအောက်သတ္တဝါအမျိုးအစားပေါင်း ၁၃၅၀၀ခန့်ကြည့်ရှုနိုင်ပါလိမ့်မယ်။ Skywalk ကတော့ CN မျှော်စင်နဲ့ Skydome တို့ကို ဆက်သွယ်ထားတဲ့ မီတာ ၅၀၀ ရှည် မှန်သားလျှောက်လမ်းပါ။ ဒါမှမဟုတ် Nova Scotia ခရီးသွားလုပ်ငန်းရဲ့ အစီအစဉ်သစ် Adventure Canada ရေလမ်းခရီးကိုလည်း ၂၀၁၄ ဇွန်မှာ ပါဝင်နိုင်ကြသေးတယ်။ Sable ကျွန်း၊ အမျိုးသားပန်းခြံရဲ့ ခရီးစဉ်သစ်လည်းဖြစ်ပါတယ်။ သဘာဝအတိုင်းနေထိုင်ကျက်စားနေတဲ့မြင်းပုလေးတွေ၊ မီးခိုးရောင်ဖျံကြီးတွေနဲ့ ရှုမဆုံးအောင်ကျယ်ပြန့်လှတဲ့ငှက်အစုအဖွဲ့တွေဟာ ကြည့်ရှုသူတွေကို သဘောကျနှစ်ခြိုက်သွားစေမှာပါပဲ။ မျက်ခြေမပြတ်စောင့်ကြည့်ရလေ့လာရမယ့် ခရီးစဉ်မျိုးကြိုက်နှစ်သက်သူတွေအတွက် ကနေဒါတစ်ဝိုက် ထူးထူးခြားခြားလှပလွန်းတဲ့ Laurentian တောင်တန်းတွေကို လှည့်လည်ကြည့်ရှုနိုင်မယ့် Hotel Quintessence ရဲ့ခရီးစဉ်တွေလည်းရှိနေပါတယ်။ Foie Gras ရေခဲမုန့်ချိုမြမြအရသာရယ်၊ ကျောက်ပုဇွန်မီးကင်တွေကို ကိုက်ဝါးရင်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့နေ့တွေ ဖန်တီးနိုင်ကြမှာပါ။ သိုးသား ဒါမှမဟုတ် တောဝက်၊ ချေသား ပိုင်မုန့် တွေကို ကြိုက်နှစ်သက်သူတွေအထူးနေ့လည်စာစာနိုင်ကြတယ်။ ညစာစားပြီးတဲ့အခါ စကော့လက်ရွေးစင်ဝိုင်တွေရဲ့ အရသာကိုလည်း မြည်းစမ်းနိုင်မယ့် ဝိုင်မြေအောက်ခန်းမျိုးလည်း ရှိနေပါတယ်။ နွေနေ့လည်ခင်းတွေအတွက် သာယာလှပတဲ့ ကန်ဘေးမှာနေ့လည်စားဝိုင်းဖွဲ့နိုင်အောင် ကြိုတင်လက်မှတ်စီစဉ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
Source : http://www.travelandtourworld.com

ဗီယက်နမ် Sapa ခရီးသွားလုပ်ငန်းရဲ့ နှစ် ၁၁၀ မြောက်နှစ်ပတ်လည်ပွဲရောက်လာတော့မယ်
အစီအစဉ်အတိုင်းဆိုရင် ဗီယက်နမ်နိုင်ငံက Sapa မြို့လေးရဲ့ခရီးသွားလုပ်ငန်းဟာ ၁၉၀၃ ကစတင်လို့ ၂၀၁၃ မှာတော့ ၁၁၀ နှစ်မြောက်ရှိခဲ့ပါပြီ။ အဲဒီ နှစ်ပတ်လည်အခမ်းအနားကို ၂၀၁၃ နိုဝင်ဘာ ၂ ရက်နေ့ညနေခင်း Sa Pa မြို့လယ် အားကစားကွင်းမှာကျင်းပပါလိမ့်မယ်။ Sa Pa မြို့လေးရဲ့ စိမ်းစိုလှပနေတဲ့ လှေကားထစ်စိုက်ခင်းတွေကို အမျိုးသားရှုခင်းတည်နေရာအဖြစ် ယဉ်ကျေးမှု၊ အားကစား နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဆုံးဖြတ်သတ်မှတ်ပေးဖို့ရှိနေပါတယ်။ ၁၁ဝ ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ယဉ်ကျေးမှုဆိုင်ရာ၊ ခရီးသွားလုပ်ငန်းဆိုင်ရာလှုပ်ရှားမှုတွေနဲ့ အမျိုးမျိုးအထွေထွေပြုလုပ်မှာပါ။ အဲဒီအစီအစဉ်ကြောင့် Sa Pa မြို့လေးဟာ စိတ်ဝင်စားဖွယ်အကောင်းဆုံးအချိန်/ နေရာဖြစ်နေပြီး ခရီးသွားတွေ ပိုလို့ရောက်ရှိလည်ပတ်စေဖို့ မျှော်လင့်ထားကြတယ်။ အစီအစဉ်တွေထဲမှာ ဗီယက်နမ်မြောက်ပိုင်းဒေသ၊ တရုတ်နိုင်ငံနဲ့ နယ်နမိတ်နီးစပ်တဲ့ Lao Cai မြို့လေးရဲ့ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလုပ်ငန်းဌာနတွေက Sa Pa မြို့ခံတွေနဲ့ ပူးပေါင်းပြီး Sa Pa ပြပွဲတစ်ခုလည်း ဆင်နွဲစေမှာပါ။ အဲဒီ Sa Pa ပြပွဲကတော့ “မြို့တွင်း ခရီးသွားခြင်း” လို့ ဆိုပါတယ်။ Sa Pa ဒေသရဲ့ စီးပွားရေး၊ လူ့အဖွဲ့အစည်း၊ နဲ့ လူမျိုးစုအစုအဖွဲ့လေးတွေရဲ့ ယဉ်ကျေးမှုတွေကို သီးခြားစီကိုယ့်အစုအဖွဲ့လေးတွေလေ့လာနိုင်မယ့်အစီအစဉ်ပါ။ နှစ်ပတ်လည်လှုပ်ရှားမှုအစီအစဉ်တွေထဲမှာ လူနည်းစုဖြစ်ကျန်ခဲ့တဲ့လူမျိုးစုလေးတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို မူလအတိုင်းထိမ်းသိန်းပြီး ကမ္ဘာကို ဆွဲဆောင်နိုင်မယ့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲတွေလည်းပါဝင်တယ်။ ဗီယက်နမ်၊ လာအို နဲ့ ကမ္ဗောဒီးယားပါဝင်တဲ့ အင်ဒိုချိုင်းနားမှာ အမြင့်ဆုံးတောင် ဖမ်ဇီပန်ကို လေ့လာကြမယ့် Fansipan Discovery 2013 အစီအစဉ်၊ Sa Pa ယဉ်ကျေးမှုအမွေအနှစ်ရှာဖွေလေ့လာရေး နဲ့ Sa Pa Street Festival တွေလည်း ထူးထူးခြားခြားရှိနေတယ်။ အထူးသဖြင့် နိုဝင်ဘာ ၂ ရက် ညနေခင်းမှာ မီးရှုးမီးပန်းအလှပြပစ်ဖောက်တာတွေကြည့်နိုင်မယ်။ လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုအကအလှ “Night of Love Exchanges” ကိုလည်း Sa Pa မြို့လေးရဲ့ Xuan Vien ပန်းခြံ တင်းနစ်ကစားကွင်းနေရာမှာ ကြည့်ရှုနိုင်မှာပါ။ ၂၀၁၃ ရဲ့ ပထမ ၆ လပိုင်းမှာဆိုရင် Lao Cai ဒေသကို ခရီးသွား ၆၄၀ ၂၉၀ ဦးရောက်ရှိခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားက ၂၇၈ ၇၀၀ နဲ့ ပြည်တွင်းခရီးသွားတွေကတော့ ၃၆၁ ၅၉၀ ဦးရှိပါတယ်။ ၂၀၁၃ နှစ်တစ်နှစ့်ပြည့်သွားခဲ့ရင်တော့ ခရီးသွား ၁ ၁၈၀ ၀၀၀ ဦးခန့်ရောက်ရှိအောင် Lao Cai ဒေသလေးက ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်နေကြတယ်။
Source : http://www.travelandtourworld.com

ကမ္ဘာ့ နည်းပညာအဆင့်အမြင့်ဆုံးဟိုတယ်တွေမှာတည်းခိုချင်ရင်
လက်ဆွဲသေတ္တာသိမ်းဆည်းမယ့်သူဟာ ရိုဘော့စက်ရုပ်ဖြစ်နေမယ်။ ဟိုတယ်အခန်းသော့ဟာ iPhone ပြီးတော့ ဓာတ်လှေကားဟာ ခရီးသည်အရေအတွက်ကိုလိုက်ပြီး ကွဲပြားတဲ့ဂီတသံစဉ်တွေနဲ့ သာယာနာပျော်ဖွယ်ဖြစ်စေမယ်။ အဲဒီလို နည်းပညာအဆင့်အမြင့်ဆုံးဟိုတယ်တွေကို တည်းခိုချင်တဲ့သူတွေအတွက် ဟိုတယ်နာမည်လေးတွေ ရွေးထုတ်ပေးရရင်တော့ Yotel New York ပါ။ ရိုဘော့စက်ရုပ်တစ်ရုပ်က သင့်ရဲ့လက်ဆွဲသေတ္တာကို ဆွဲကိုင်ဟာ ဝန်ဆောင်မှုပေးပါလိမ့်မယ်။ 
Yotel New York ရဲ့ အခန်းသော့က အီလက်ထရောနစ် check-in terminal တွေပါ။ အသံလုံစနစ်ပါအခန်းတွေဟာ မော်တာတပ်ထားတယ်။ နေရာအကျဉ်းအကျယ်ရရှိဖို့ အိပ်ရာတွေကိုရွှေ့နိုင်တယ်။ လေအေးပေးစက်ကလည်း လှုပ်ရှားမှုအာရုံခံပြီး ပြောင်းလဲပေးထားတယ်။ ဟိုတယ်စားသောက်ခန်းကိုကလည်း အဆင့်မြင့်နည်းပညာနဲ့ပါပဲ။ စာသုံးသူတွေဟာ စားပွဲကိုအသာအယာထိခတ်လိုက်တာနဲ့ လိုသလိုအနိမ့်အမြင့်ရရှိနိုင်ပါလိမ့်မယ်။ 
Yotel New York, 570 Tenth Ave.; +1 646 449 7700; from $199 per night 

ပိုလန်နိုင်ငံ Poznań က Hotel Blow Up Hall 50 50 မှာ iPhone ကို အခန်းသော့အဖြစ်အသုံးပြုထားတယ်။ အဲဒီပိုလစ်ရှ်ဟိုတယ်မှာ အခန်းနံပါတ်မရှိပဲနဲ့ ဧည့်သည်တွေက သူတို့ရဲ့ အခန်းကို iPhone နဲ့ ဖွင့်ပြီး ဒီဂျစ်တယ်အမှတ်အသားနဲ့အပိတ်အဖွင့်ပြုလုပ်ပါတယ်။ ဟိုတယ်မှာ digital art installations တွေ အပြည့် ခင်းကျင်းထားတယ်။ Hotel Blow Up Hall 50 50, ul. Kościuszki 42, Poznań; +48 61 657 99 80; from $156 per night

QT Sydney, Australia
ဓာတ်လှေကားတွေမှာ ခရီးသည်အရေအတွက်အလိုက် သံစဉ်အမျိုးမျိုးပြောင်းပါတယ်။ စိတ်ဝင်စားစရာကောင်းပေမယ့် စိတ်အနှောင့်အယှက်ဖြစ်ရင်ဖြစ်နိုင်သေးတယ်။ အရေအတွက်ကိုလိုက်ပြီး လိုက်ဖက်တဲ့သီချင်းကို နားဆင်စေတာပါ။ တစ်ယောက်တည်းဓာတ်လှေကားကို စီးမိခဲ့ရင် Elvis ရဲ့ “Are You Lonesome Tonight” ဆိုတဲ့သီချင်းမျိုးဖွင့်ပေးလိုက်တာမျိုးပေါ့။ နှစ်ယောက်စီးမိခဲ့ရင်တော့ Bill Withers ရဲ့ “Just the Two of Us” သီချင်းမျိုးနားထောင်ရနိုင်သေးတယ်။ Digital Art တွေနဲ့ မီးအလှ installation တွေကို HD ဗီဒီယိုနဲ့ ကြည့်နိုင်တယ်။
QT Sydney, 49 Market St., Sydney; +61 2 8262 0000; from $348 per night

theWit, Chicago
အခန်းရဲ့လေအေးပေးစနစ်ဟာ ခန္ဓာကိုယ်အပူချိန်ကိုအာရုံခံပြီးပြောင်းလဲပေးတယ်။ housekeeper တစ်ဦးတောင်းခံချင်ရင် အနီးဆုံးမှာရှိနေတဲ့ဝန်ထမ်းရဲ့ မိုဘိုင်းလ်ကို message ပို့နိုင်ပါတယ်။ လော်ဘီခန်းမတွေမှာ အသံစနစ်ဟာ နေ့တစ်နေ့ရဲ့ အချိန်ကိုလိုက်ပြီးပြောင်းလဲပေးနေတယ်။ နေ့အချိန်မှာဆိုရင် ငှက်လေးတွေကျည်ကျည်ကျာကျာမြည်သံကြားနေရပြီး ညတွေမှာတော့ ပုရစ်လေးတွေရဲ့ အော်သံကိုကြားနေရတာမျိုးပါ။
theWit, 201 N. State St., Chicago; +1 312 467 0200; from $189 per night

Hong Kong Peninsula Hotel
အခန်းတွေမှာပေးထားတဲ့ အီလက်ထရောနစ် tablet  တွေနဲ့ သင့်တော်တဲ့ဘာသာစကားပြောင်းလဲကာ ရုပ်ရှင်တွေကို ရွေးခြယ်နိုင်တယ်။ ဟောင်ကောင်မြို့လမ်းညွှန်လည်းရရှိနိုင်တယ်။ နံရံနဲ့ အိပ်ရာဘေးဘက်မှာတပ်ဆင်ထားတဲ့ touchscreen တွေမှာ အခန်းအတွက်ဝန်ဆောင်မှုအားလုံးခေါ်ယူနိုင်ပြီး do not disturb အမှတ်အသားကိုလည်း အလင်းရောင်ကို ချိန်ညှိပြောင်းလဲနိုင်တယ်။
Hong Kong Peninsula Hotel, Salisbury Road; +852 2920 2888; from $603 per night

Ushuaïa Ibiza Beach Hotel, Ibiza, Spain
လက်ဗွေပုံစံယူတဲ့စက်နဲ့ပဲ ကျသင့်ငွေရှင်းလင်းစေပါတယ်။ ဟိုတယ်မှာ check-in လုပ်ခဲ့ရင် credit card တစ်ခုတည်း စာရင်းသွင်းရမှာမဟုတ်ဘဲ လက်ဗွေကိုလည်းယူပါတယ်။ အဲဒီနောက်ဟိုတယ်မှာသုံးစွဲသမျှအားလုံးအတွက် လက်ဗွေနှိပ်ပြီးတော့ပဲငွေရှင်းစေတာပါ။
Ushuaïa Ibiza Beach Hotel, Playa d'en Bossa, Ibiza; + 34 902 424 252; from $254 per night

Hotel 1,000, Seattle
အနီအောက်ရောင်ခြည်အာရုံစနစ်နဲ့ လုံခြုံရေးကိုအထူးကာကွယ်ပေးထားတယ်။ အခန်းတွင်းမှာရှိနေတဲ့ ရောင်ခြည်အာရုံခံစနစ်ဟာဧည့်သည်ရဲ့ ကိုယ်အပူချိန်ကို ဖမ်းယူထားပြီး ဟိုတယ်ဝန်ထမ်းတွေကို အခန်းတွင်းဧည့်သည်ရှိနေတာကို သတိပေးထား/ သိစေပါတယ်။ နောက်တစ်ခုက နံရံမှာ virtual ဂေါက်ကွင်းပုံစံဖန်တီးပေးထားပြီး နိုင်ငံတကာ golf course ၅၀ ကစားနိုင်ပါတယ်။
Hotel 1000, 1000 First Ave., Seattle; +1 206 957 1000; rates from $259 per night

W Hotel Sentosa Cove, Singapore
touchscreen စားပွဲတွေရယ်၊ ကြည့်မှန် Facebook ကင်မရာနှစ်မျိုးသုံးနိုင်အောင်ပြုလုပ်ပေးထားတယ်။ ဧည့်သည်တွေဟ လော်ဘီခန်းမထဲဝင်လိုက်တာနဲ့ sensor က ဓာတ်ပုံယူထားလိုက်ပြီး kaleidoscope ရုပ်စုံ ဒီဂျစ်တယ်ပန်းချီကားပုံစံပြသပေးနေမှာပါ။ W Lounge မှာ touchscreen bar တွေနဲ့ ဂိမ်းကစားနိုင်ပါတယ်။ Woobar မှာတော့ ကြည့်မှန်ဟာ ကင်မရာအဖြစ်လည်းအသုံးပြုနိုင်ပြီး Facebook လို့ လူမှုကွန်ယက်ဆိုက်တွေဆီကိုယ့်ရဲ့ ဓာတ်ပုံပို့နိုင်ပါတယ်။
W Hotel Sentosa Cove, 21 Ocean Way, Singapore; +84 (58) 388 0000; from $504 per night

The Magdalen Chapter, Exeter, UK
အားလုံးက iPad နဲ့ပဲ ပြီးမြောက်စေပါတယ်။ The Magdalen Chapter ဟာ စာရွက်ကင်းလွတ်တဲ့နေရာပါပဲ။ ဧည့်သည်တွေဟာ iPad နဲ့ပဲ check-in လုပ်နိုင်တယ်။ iPad မှာပဲ စားသောက်ဆိုင်က အလိုရှိရာရွေးချယ်နိုင်တယ်။ ဝိုင်စာရင်းကြည့်ရှုနိုင်ပါတယ်။ တီဗီနဲ့ iPad ချိတ်ဆက်ပြီး ဗီဒီယို၊ ရုပ်ရှင် သီချင်းကြည့်နိုင်တယ်။ laptop နဲ့ USB စတစ်တွေလည်းအသုံးပြုနိုင်တာကြောင့် ရုံးကိစ္စနဲ့ ရောက်ရှိကြသူတွေအတွက်သင့်တော်မှာပါ။
The Magdalen Chapter, Magdalen Street, Exeter; +44 01392 281 000; from $193 per night
Source : CNN

Royal Caribbean သင်္ဘောရဲ့ အပမ်းဖြေလေ့လာရေးခရီး ကလေးများအတွက်ပါ
Royal Caribbean International ရဲ့ ကလေးများအတွက် အထူးအစီအစဉ် “Kids Tour Free” ၂၀၁၄ ဥရောပ ပင်လယ်အပျော်ခရီးစဉ်ဟာ အသက် ၁၂ နှစ်နဲ့ အောက် ကလေးငယ်တွေကို အခမဲ့ လိုက်ပါစေမှာပါ။ Kid Tour Free အစီအစဉ်ကိုရယူချင်ရင် ခရီးသည်တွေ ဥရောပ ပင်လယ်အပျော်ခရီးစဉ်ကို ၂၀၁၄ ၊ သြဂုတ် ၂၄ ကနေ စက်တင်ဘာ ၃၀ ရက် အတွက် ဝယ်ယူရမှာပါ။ ကြိုတင်လက်မှတ်စီစဉ်နိုင်မယ့်အချိန်ကတော့ ၂၀၁၃ ဒီဇင်ဘာ ၁၅ ရက်နေ့လို့ဆိုပါတယ်။ ဒီဥရောပပင်လယ်အပျော်ခရီးစဉ်မှာ ကလေးတွေရဲ့ ကျောင်းစာအုပ်ထဲက သင်ခန်းစာတွေကို အပြင်လောကထဲ လက်တွေ့လေ့လာသိရှိစေပါလိမ့်မယ်။ Royal Caribbean ရဲ့ Broadway ပြပွဲတွေလည်း ကလေးငယ်တွေအတွက် အံ့ဘနန်းကြည့်ရှုနိုင်ပါလိ့မယ်။ ၇ ည ခရီးစဉ်မှာ မိသားစုတွေစိတ်ဝင်စားနှစ်ခြိုက်ကြမယ့် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ကနေ Spelndour of the Seas မြင်ကွင်း၊ ဂရိကျွန်းစုတွေနဲ့ တူရကီကို အလည်အပတ်၊ စပိန်၊ ဘာစီလိုနာကနေ Liberty of the Seas မြင်ကွင်း၊ Rome(Civitavecchia) ၊ အီတလီကနေ မြေထဲပင်လယ်၊ ဆောက်သမ်ပ်တန် ကနေ ရေကြောင်းရွက်လွှင့်ပြီး စကန်ဒီနေးဗီရားနိုင်ငံတွေနဲ့ ရုရှားနိုင်ငံဆီရောက်ရှိပါမယ်။ On Liberty of the Seas အစီအစဉ်မှာ DreamWorks ရုပ်ရှင်ရဲ့ ကျော်ကြားတဲ့ animation ဇာတ်ကောင်တွေ Kung Fu Panda, Shrek, Fiona and Puss in Boots of “Shrek;” နဲ့ Madagascar ရုပ်ရှင်က Alex the Lion and Gloria the Hippo ဇာတ်ကောင်းတွေကြည့်ရှုနိုင်မယ်။ ဘရော့ဒ်ဝေးဂီတ Saturday Night Fever ကိုလည်း ကြည့်ရှုခံစားနိုင်ကြမှာပါ။ ဥရောပမှာရောက်ရှိနေစဉ် ခရီးသည်တွေ မိသားစုအပျော်ခရီး ကမ်းခြေလေ့လာရေးခရီးရွေးခြယ်နိုင်ကြတယ်။ အသေးစိတ်အချက်အလက်တွေ ရယူချင်တယ်ဆိုရင်တော့ RoyalCaribbean.com/KidsTourFree and RoyalCaribbean.com/Europe (http://www.royalcaribbean.com/selectCountry.do) မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Source : http://www.travelandtourworld.com

ဖြိုးဖြိုး
Living Fashion Magazine, October, 2013

No comments: