(၁၇)
“ကေခိုင်ရေ..။ ငါတို့  Ivanhoe သွားကြည့်ရအောင်”
တနေ့ တန်းခွဲ (D)မှ ၀င်းဝင်းတင့် နှင့် ခင်မြတ်စုက ရုပ်ရှင်ကြည့်ဖို့ ခေါ်သည်။
“ဘာလဲ ကျောင်းလစ်ရမယ်ပေါ့လေ။ အဲလို ကြပ်ကြပ်လုပ် စာမေးပွဲ အောင်မယ် ..အားကြီး"
ဝင်းဝင်းတင့်နှင့် ခင်မြတ်စုမှာ တွဲဘက်ညီသည်။ ဘယ်သူမှ့ ဂရုမစိုက်. ။မကြာခဏ အထူးသဖြင့် ကုလားကားကောင်းတိုင်း နေ့ခင်းပိုင်း ကျောင်းလစ်ကြည့်တတ်သည်။ စာမေးပွဲလဲ နှစ်ကြိမ်ကျပြီးမို့သူတိုနှစ်ယောက်က တန်းခွဲ D မှာနေရသည်။ ကျွန်မနှင့် သိပ်တွဲလေ့ မရှိပါ။ ဒါပေမဲ့ ဒီတခါတော့ အိုင်ဗင်ဟိုး က အင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်မို့  ပြီးတော့ ကျွန်မအကြိုက် Robert Taylor နှင့် Liz Taylor တို့  သရုပ်ဆောင်ထားတာမို့  ကျွန်မ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါသည်။
ကျွန်မတို့ မဟာဝန် ရုပ်ရှင်ရုံ ရောက်လို့ အထဲဝင်တော့ Trailer ပြနေပါပြီ။ အံ့သြစရာက ကျွန်တို့ရဲ့ခုံတန်းအနောက်မှာ အိုင်ဗင်ဟိုး ကို သင်ပေးနေတဲ့ ကျွန်မတို့ရဲ့ဆရာ ဦးမောင်မောင်လေးကို တွေ့မြင်လိုက်ရလို့ပါပဲ။ နေ့ ပွဲ ဆိုတော့ ၂နာရီမှာ စပြတာပါ။ ဆရာ့ရဲ့ ဂျူတီချိန် အော့ဖ် ဖြစ်ရင် ဖြစ်နေနိုင်ပါသည်။ Once a thief, always a thief. စကားပုံရှိသည်။ အစရှိ အနောင်နောင်။ ကျွန်မ မကြာခဏ ကျောင်းလစ်တတ်လာသည်။ အရွယ်မရောက်ခင်ကမူ အကိုတွေက ရုပ်ရှင်ကြည့် ခေါ်သွားတတ်သဖြင့် ချိန်တန်ပြီ။ ချစ်အမျှ။ မြဟေ၀န်။သည်ဆောင်းဟေမန်၊ ချစ်မုန်းမာန် စသည် အေ၀မ်းထွက် မြန်မာရုပ်ရှင်ကားများ ကြည့်ခဲ့ရသည်။ အကိုတွေက အင်္ဂလိပ်ကားမကြည့်။နောက်ပိုင်း ကျွန်မကြီးလာတော့ ရုပ်ရှင် ကြည့်မခေါ်တော့။ ဖေဖေ မေမေတို့ ကလည်း ရုပ်ရှင် ကြည်လေ့ မရှိ. ။
ဒါ့ကြောင့် ကျွန်မနေ့ ခင်းပိုင်းကျောင်းပြန်တက်ချိန်များတွင် roll call ခေါ်ချိန်များမှာ present sir ထူးပြီး ကျောင်းလစ် ရုပ်ရှင်ရုံ ပြေးတော့သည်။ မုံရွာမြို့ တွင် မဟာဝန် နှင့် မြဟေ၀န် ရုပ်ရှင်ရုံ နှစ်ရုံရှိရာ မဟာဝန်က အင်္ဂလိပ်ကားများပြပါသည်။ Knights of the Round Table, The Sword and the Rose, Romeo and Juliet, Prisoner of Zinder, Robin Hood တို့ သာမက အက၊ အလှ ဝေဆာထုံမွှန်းနေသည့် စိတ်ကူးယဉ် တေးသံသာကုလားကားများလည်း ကြည့်တတ်လာသည်။
အမြဲ ကျောင်းပြေးလေ့ရှိသည့် ၀င်းဝင်းတင့်တို့ နှင့် တွဲ မိသွားတာပါ။
တနေ့ တွင် Anna kali ကုလားကားကြည့်အပြီး အတူလာသူ ခင်မြစု က ..
“ဟေ့.. ခိုင် ..ယူ့ အတန်းက မြမြစန်းအမ မြမြသန်းကို သိလား"
"သိသားပဲ။ ဘာဖြစ်လဲ။”
“သူပြောတာပြန်ပြောမလို့။ ယူ့ တက္ကသိုလ်ကျောင်းတော်ာသားကြီး က ခင်မြကြည်နဲ့အတွဲ များနေသတဲ့ “
“ဘယ်သူလဲ ခင်မြကြည် ဆိုတာ”
“မနှစ်က စတိတ် တူး ကနေ အောင်သွားတဲ့ fresher လေ ကွာ ။”
“ဟင့်အင်း ဟုတ်နိုင်ပါဘူး"
“မြင်တဲ့ သူတိုင်းကတော့ နေနှင့်လ ရွှေနှင့်မြ တဲ့ကွ။ လိုက်ဘက်ညီ သတဲ့။ ကျောင်းမှာ သိပ်နာမည်ကြီးတာဆိုပဲ“
ကျွန်မ သူများပြောတိုင်း မယုံချင်ပါ ။ ဒါပေမဲ့ စာမလာတာကြာပီဆိုတော့.. ။
ဟို..မိုးကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ ဖိုးလမင်းကြီးဆီ ကျွန်မရဲ့  စာလွှာကလေးကို ပါးလိုက်ပါရစေအုံး။
“လွှာသ၀ဏ်”
ဝေးရပ်မြေ တနယ်ခြားဆီက ၊
ရောက်လာငြား မောင့်သ၀ဏ် ၊
မျှော်မိတယ်ရှင်။
လမင်းကိုပင် ၊ စေချင်ရဲ့  ပျိုတပါး။
သော်တာဆွေ ဖြူငွေ လဲ့ ရယ် ၊
ခွန်းဖွဲ့ မှာလား။ ။
နှမပျို လက်ကို တွက်ပါလို့  ၊
ရက်ဆက်ပ မောင့်စာမျှော်၊
လွမ်းလှလို့ နော်၊
မျှော်သာမျှော် .၊
အို ..ပေါ်လာဘု သွေရှောင်ထင့်၊
မောင့်သက်ဝေ အနေကြုံ့ သူလို့  ၊
ခွန်းတုံ့ ကြူဆင့်။ ။
ဒီကဗျာလေးကိုလည်း မြ၀တီ မဂ္ဂဇင်းမှာဘဲ ကိုကို ဖတ်ရှု နိုင်ပါလိမ့်မည်။
(၁၈)
ကျွန်မနှင့် အိမ်က လူကြီးတွေ တခုပြီး တခု အဆင်မပြေ ဖြစ်လာပုံက များများလာသည်။ ကျောင်းသားသမဂ္ဂတွင် ကျွန်မတစ်နှစ် ဘဏ္ဍာရေးမှူးတာဝန်ယူထားစဉ် DSO ကျောင်းသားများနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်။ှ ဆန္ဒပြ လှည့်လည်ရာတွင် ကျွန်မက ခွပ်ဒေါင်းအလံ ကိုင် ပြီး ရှေ့ ဆုံးမှ ချီတက်ခဲ့သဖြင့် အကိုကျော်နှင့် ထိပ်တိုက်တိုးခဲ့ရပြီး ကျောင်းထုတ်မည် လုပ်သည်။ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာပါသည်ဟု သူက စွပ်စွဲ သည်။ အမြင်ချင်း မတူသည်ကို ၀န်မခံ။ ကျွန်မကိုပဲ အပြစ်ပုံချနေတာလို့  ထင်သည်။
တစ်ခါ ကျောင်းသားသမဂ္ဂမှ ကြီးမှူးကျင်းပသည့် တန်းမြင့်မောင်မယ်ရွေးပွဲ နှင့် ပဒေသာကပွဲ တင်ဆက်ကြသည် အတန်းပိုင်ဆရာမက ကျွန်မကို တပင်တိုင်အကနှင့် ပဏာမ ကန်တာ့ခန်းတင်ဆက်ပေးရန် တာဝန်ပေးသည်။ ကျွန်မတာဝန်မယူနိုင်လျှင်လည်း တာဝန်ယူ ကချင်တဲ့သူတွေ တစ်ပုံကြီး ရှိသည်။ ဒါပေမဲ့ ကျွန်မက ကချင်သည်။ ဆရာမကလည်း အိမ်တိုင်ယာရောက် ခွင့်တောင်းပေးမည်ဟု ကိုကျော်နှင့် ကျောင်းနေဘက် သူငယ်ချင်းဘဲ သူပြောရင် ရမည်လို့ ယူဆကာ အိမ်လာပြောတော့သည်။ တကယ်တန်း ဆရာမ ရောက်လာချိန်၌ ကိုကိုကျော်က သူပြီးရင် ပြီးသည်ကို ထမင်းရေပူ လျှာလွဲသည်။
“ဆရာမရယ် ..။ ကျွန်တော်က ဆိုင်သာဆိုင် မပိုင်ဘူး ခင်ဗျာ့။ မေမေ့ကို ခေါ်ပေးပါရစေ” တဲ့။ စကားကိုလှအောင်သုံးပြီးပေါ်မလာတော့။
မေမေထွက်လာပြောပုံက ..
“ကျွန်မတို့ မျိုးရိုးထဲမှာ သဘင်သည်ဖက်ခွက်စားမရှိပါဘူး။ ၀ါသနာပါရင် ဆရာမကိုယ်တိုင် ကလိုက်ပါလား” တဲ့ ။
မျက်နှာရဲတွတ်လာပြီး ထပြန်သွားရတဲ့ ဆရာမကို မိခိုင် မျက်နှာချင်း မဆိုင်ရဲခဲ့ပါ။
“ကိုယ်တော်မြတ်မွန်၊ မယ့်ဖြစ်ဟန်ကို ၊ ရွှေဥာဏ်တော်စက်၊ မဖြန့်ကျက်၍၊နေ့ရက်ရှည်လျှင်၊မြင်လည်းမသိ၊
ထွန်းညှိဥာဏ်စက်၊ ဖြန့်ပေလျက်တည့်။ဝိပက်ဝါသနာ၊
ကြမ္မာအလျောက်၊ ခါထောက်ချိန်သင့်၊ လင့်လည်းမသိ၊
ယခုပြီ့ဝယ်၊ မယ်ရှိလေရာ၊ ရွှေနန်းသာသို့ ၊
စကြာဖြန့် ယူ။ဘုရားဟူသည်။ ရောင်ဖြူပရွှန်း၊
လပြည့်ဝန်းသို့ ၊ ပေါ်ထွန်းစိစိ၊လင်းပါလှည့်.။"
“ကိုကိုရယ် .."
မလ္လိကာဒေ၀ီ ဘုရားတသလို တလိုက်ချင်ပါရဲ့  ။
သပြေတစ်ခက်နဲ့ေ၇ပက်ပါရစေဆို၊ ခိုင်မမြင်မိပါလားကွယ်။
ကိုကို ပြောပြဖူးတဲ့  ချစ်နန်းဗိမာန်လေးက ဘယ်မှာတဲ့လဲ..။
ကိုကို့ကို ယုံချင်ပေမဲ့ ကံကြမ္မာကို ခိုင်မယုံဘူး။ နှောင့်နှေးကြန့်ကြာ နေခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေတာဆိုပဲ။ Delays are dangerous ဆို ကိုကိုရဲ့။ အချိန်အခါဆိုတာ စောင့်တိုင်းကောင်းတာမဟုတ်ဘူး။ ခုဆို သူငယ်ချင်းတွေက ခိုင့်ကို လှောင်ချင်နေပြီ။
ကိုကိုနဲ့  မမမြမြကြည် သိပ်လိုက်တယ်တဲ့။ သူတို့ ကပြောနေကြပြီ။ ဘယ်လိုလဲ ကွယ်၊ ခိုင့်ကို ပြောပါအုံး။ခုတလော ခိုင်စိတ်လေနေတယ်။ စာကို ဟန်ဆောင်ကြည့်နေတာ။
ခိုင်မို့  ဘာလုပ်လုပ် အိမ်က အကောင်းမမြင်ဘူး။
ဟိုဟာလုပ် လုပ်ပြန်ပြီ။ ဒီဟာလုပ် လုပ်ပြန်ပြီနဲ့  ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။
စာ စာ နဲ့ တစ်ချိန်လုံးစာဘဲ ပြောနေကြတာ။ နားခါးလာပြီ။
ခိုင်လေ စိတ်ညစ်လာရင် ရုပ်ရှင်ရုံဘက် ရောက်သွားတော့တာပဲ။
အော်..ညက အိမ်မက် မက်တယ်ကိုကိုရဲ့။ ပြောပြအုံးမယ်။ အိမ်မက်ထဲမှာ ကိုကိုနဲ့ခိုင် မြေညီလမ်းလေးတခုမှာ လမ်းလျှောက်နေတုံး ဗြုံးဆို ဘာမပြော ညာမပြော ကိုကိုက ခိုင့်လက်ကို ဖြုတ်ချပြီးထွက်သွားခဲ့တယ် တဲ့။ကိုကိုရေ..လို့ တစာစာခေါ်ပေမဲ့ ကိုကိုက လှည့်မကြည့်ခဲ့ဘူး။ ဒီမှာတင် ..လူကြီးတယောက်ပေါ်လာပြီး ခိုင်လက်ကို မလွှတ်တမ်းဆွဲခေါ်သွားလိုက်တာ.အမလေး လေ့...ဟို အဝေး..အဝေးကြီးကို ရောက်ကရော တဲ့။ ငယ်ငယ်တုံးက တစ်ခါ ဒီလိုဘဲ အိမ်မက်ထဲမှာ ဆွဲခေါ်သွားတာ ခံရဖူးတယ်။ အဲဒီလူက ဖေဖေလေခု လူကြီးကတော့..
ကိုကိုရယ် ..ခိုင့်ကို ဒီအိမ်ြကီးနဲ့ ဝေးရာ ခေါ်သွားပါလားဟင်၊ ရတနာတွေ စိန်ကျောက်တွေ မလိုပါဘူး ကိုကို။ပိုးဖဲကတ္တီပါတွေမလိုပါဘူး။ အိမ်ကလေး တစ်လုံးရယ် တောအုပ်စိမ်းစိမ်းလေးရယ်။ စမ်းချောင်းလေးတစ်ခုရယ်။တောပန်း တောင်ပန်းလေးတွေရယ်၊ပြီးတော့ ..စာအုပ်တွေကတော့ မရှိမဖြစ်ပေါ့နော်။ အို..ခိုင်သိပ်ပျော်မှာပဲကွယ်။ပျော်ချင်လိုက်တာ။ ခိုင်လေ..သီချင်းတွေ အော်ဆိုပြစ်လိုက်မယ်။.ကိုကိုကပဲ့တင်ပြန်လာတဲ့အသံကို နားထောင်ကြည့်ပေါ့။
ပြီးရင် တူတူ ရယ်မောကြမယ်။
ညရောက်ရင် မီးပုံဘေးမှာ ၀န်းပတ်ကခုန်ကြမယ်။ လူရိုင်းတွေလိုလေ..လွတ်လွတ်လပ်လပ်ပေါ့။
ပျော်တယ်နော်.။
ချစ်တဲ့ခိုင်
“ကိုကိုရေ..”
ခိုင့်စာရပြီလား။ ခု ကိုကို့ ကို ပြောစရာရှိလို့  ။ ပြီးခဲ့တဲ့  ဆန်းဒေး က state 2 နဲ့ state1 ချစ်ကြည်ရေး မိတ်ဆက် debate ပွဲကလေးတခု ကျင်းပဖြစ်တယ်။ အရှုံးအနိုင်မရှိ ဆရာကြီး ဦးမောင်မောင်စိုးတင့်က ဆုချီးမြင့်တယ်။သူ့ကျောင်းမှာကိုး။ ခိုင်ရတဲ့စာအုပ်တွေက ခုံတော်မောင်ကျဘမ်း။ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ်။Gorke ရေးတဲ့ Articles and Pamphlets ဆိုတဲ့ စာအုပ်တွေပေါ့။ ခိုင်တော့ ဖတ်စရာ ကောင်းကောင်းရပြီ။
လာမဲ့ စာဆိုတော်နေ့မှာလည်း “အမျိုးသမီးများသည် အမျိုးသားများထက် တိုင်းပြည်ထူထောင်ရာ၌ သာလွန်စွမ်းဆောင်နိုင်သည်”ဆိုတဲ့ ခေါင်းစဉ်နဲ့  စကားရည်လုပွဲ တခုမှာ ခိုင်ကစလို့ အဆိုတင်သွင်းရမယ်။မြဟေ၀န်ရုပ်ရှင်ရုံမှာာ ကျင်းပဖြစ်မယ်။ ကိုကိုပြန်လာ နားထောင်ရင် ကောင်းမှာပဲ ကွယ်။
ကိုကိုရေ..ဒီနေ့ လေ..ကျောင်းမှာ ဆရာကြီး ဦးသာဒင်ရယ် .အရမ်းရယ်ရတာဘဲ။ သိလား ကိုကို။
သူက ပြဋ္ဌာန်းစာအုပ် ”She Stood to Conquer" ပြဇတ်မှာပါတဲ့ ..ဇတ်လိုက် Marlow ရှက်နေပုံ သရုပ်ဖေါ်ပြတာ ကိုကိုရာ တခန်းလုံး ဝေါကနဲ ပွဲ ကျသွားတယ်။ ဟိုတနေ့ကလည်း Revenge ကဗျာထဲက နပိုလီယဲန်စတိုင် လက်နှစ်ဘက်နောက်ပစ် ခြေနှစ်ချောင်းကားရပ် ခေါင်းကြီးရှေ့ထွက်လို့ ခြေမြန်တော်လေး လာမယ့်လမ်းကို ရင်တထိတ်ထိတ်မျှော်လင့်စောင့်စားနေဟန် သရုပ်ဖေါ်ပြခဲ့သေးတာ ကိုကိုရဲ့။ ခိုင်တို့ ဆရာကြီးကတော့ စံပါဘဲ ကိုကို။ တကယ်စေတနာပါတယ်။ ကျောင်းသားတွေရော ဆရာတွေအားလုံးကပါ ချစ်ကြတယ်။
အော် ကိုကိုေ၇..ခိုင် ကဗျာတစ်ပုဒ် အကြိုက်တွေ့ ထားတယ်။ သေခြင်းရဲ့ အခြားတဘက်မှာ ဘာတွေ ရှိနေမလဲ ခိုင်သိချင်လိုက်တာ..။
အဲဒီ Song ကဗျာလေးကို ခိုင် မြန်မာမှုပြုထားတာ ကိုကို ဖတ်ကြည့်ပါဦး။
“ငါသေသောခါ “
ငါသေသောခါ၊သက်မြညှာရယ်၊
သဲဘွှာနုတွင်း၊လွမ်းတေးချင်းကို၊
ပူပြင်းလျက်သာ၊ မဆိုပါနှင့်။
ငါသေသောခါ၊ လွန်စွာပျံ့ လှိုင်၊
ရနံ့ ကြိုင်သည့်၊ပန်းခိုင်နှင်းဆီ ၊
ပွင့်နီနီကို၊ ဤသည်ခေါင်းဘက် ၊
မြေပုံထက်၌၊နှစ်ချိုက်ဖွယ်ရာ၊
မစိုက်လာနှင့်။
ရိပ်ခိုစရာ၊အေးရိပ်သာမည့် ၊
ဘဇာပင်မျှ၊မစိုက်ချနှင့်၊
သဘာဝအလျင်း၊မြက်ခင်းစိမ်းစိမ်း၊
နှင်းဖြင့်လိမ်းကာ၊မိုးဖွဲရွာစေ၊
ဘာသာဓလေ့ ရှိစေမည်။
သည်ကတလီ၊ပြီတီတီနှင့်၊
သာသည်တေးချင်း၊နိုက်တင်းဂေးလ်ခေါ်၊
ညငှက်တော်၏၊သာပျော်ချိုအေး၊
လွမ်းသံတေးလဲ။ ခင်လေးမကြားနိုင်တော့ပါ။
ဆည်းဆာနေခြည်၊အိမ်မက်ပြည်၌၊
အတည်မကျ၊ ငါ့ဘ၀ကို၊
နိုးထနိုင်စွမ်းမရှိပါ။ ။
“ချစ်တဲ့ ခိုင်”
ခင်မေသစ်
No comments:
Post a Comment