Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 25, 2013

မန္တလေးကို ရန်ကုန်လို ရွေ့စေချင်သူ ပန်းချီ နေဇော်

၁၉၈၃၊ စက်တင်ဘာ ၁၄ရက်နေ့မှာ အဖ ဦးဖေသန်း၊ အမိ ဒေါ်ခင်အုန်းတို့က သူ့ကို မန္တလေးမြို့မှာ မွေးဖွားခဲ့တယ်။ သူ့အဖေက အထက်မြန်မာပြည်လက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်ပေမဲ့ သူက အဖေနဲ့မတူခဲ့ဘူး။ သူ့အဖိုး Commercial Art ပန်းချီဆရာကြီး ဦးဘရင်လိုပဲ ပန်းချီရေးဆွဲဖို့သာ ငယ်စဉ်ကတည်းက စိတ်အားထက်သန်ခဲ့တယ်။ ဘယ်လောက်စိတ်အားထက်သန်ခဲ့သလဲဆိုရင်…
            “ကျွန်တော် ငယ်ငယ်က မီးပျက်လည်းပဲ၊ ဖယောင်းတိုင်ထွန်းထွန်းပြီး ညစဉ်ညတိုင်း ပုံရေးဆွဲလေ့ရှိတယ်၊ အဲဒါကို အမေက အမြဲပဲ အမှတ်တရ ပြောပြောပြတတ်တယ်”လို့ ပန်းချီနေဇော်က သူ့ရဲ့ ငယ်ဘ၀ကောက်ကြောင်းကို စတင်ပြောပြခဲ့တယ်။

သူ့အဖိုးက သူ ငယ်ငယ်ကတည်းက အနီးကပ်မြင်တွေ့ရင်းနှီးလာသူမို့ သူ့ရဲ့ ပန်းချီရေးဟန်တွေက သူ့အဖိုး ပန်းချီဆရာကြီး ဦးဘရင်ဆီက ကူးလူးလာတာဖြစ်မှာပဲလို့ ကျွန်မက ကောက်ချက်ချလိုက်မိပေမဲ့ သူ့အဖြေစကားကြောင့် ကျွန်မအံ့အားသင့်သွားတယ်။
“ငယ်ငယ်ကတည်းက ကျွန်တော်တကယ်ကြိုက်တဲ့ ပန်းချီဆရာကြီး ဦးပေါ်ဦးသက်နဲ့ တွေ့ခဲ့တယ်၊ ဆရာပေါ်ဦးသက်က ကျွန်တော့်ဦးလေး ပန်းချီညွှန့်ဝေသစ်ဆီလာတတ်တယ်ဗျ။ အဲဒီမှာ ကျွန်တော် ဆရာပေါ်ဦးသက်ရဲ့ စကားပြောဟန်၊ ပန်းချီရေးဟန်၊ သူ့ရဲ့ဘ၀နေထိုင်မှု ဟန်ပန်ကို အနီးကပ်တွေ့လိုက်ရတော့တာပဲ။ အဲဒါ ကျွန်တော် ၁၀နှစ်သားအရွယ်ကပေါ့။ ကျွန်တော်ခုလို ရေးဆွဲနေ တဲ့ ပန်းချီဟန်တွေ၊ အရောင်တွေ၊ ပန်းချီကားဖွဲ့စည်းပုံတွေက ဆရာပေါ်ဦးသက်ဆီက ကူးလူးလာခဲ့တာ၊ အခုလို ကျွန်တော်ဖြစ်လာတဲ့ အတွက် ဆရာပေါ်ဦးသက်ကို ငယ်ဘ၀ကတည်းက မဖြစ်မနေတွေ့ရှိလိုက်တယ်၊ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်သူ့ရဲ့ ရေးဟန်၊ ကားဖွဲ့စည်းမှု၊ အရောင်တွေကို သိပ်ကိုနှစ်သက်ခဲ့တာ၊ အဖိုးရေးတာတွေကို နေ့စဉ်မြင်တွေ့မိပေမဲ့ အဲဒီအချိန် တုန်းကတော့ ကလေးဆို တော့။ သိပ်ပြီးတန်ဖိုးမထားတတ်ခဲ့ဘူ၊ ခုကျမှ နှမြောမိတယ်၊ အဖိုးက မင်း ဟိုလိုရေး၊ ဒီလိုဆွဲ လို့တော့ မသင်ခဲ့ဘူး။ ကျွန်တော်ကလည်း ငယ်သေးတော့ ဒီလောက်မရူးသွပ်ခဲ့ဘူး။ ကျွန်တော် ၁၀နှစ်သားအရွယ်လောက် ရူးစပြုချိန်မှာ ဆရာပေါ်ဦးသက်ကို အာရုံထဲ ငြိသွားတာ”

ပန်းချီကို ငြိတွယ် ရူးသွပ်သွားခဲ့သလို ဆယ်တန်းအောင်တဲ့အခါ သူ့ဆုံးဖြတ်ချက်က ပန်းချီကျောင်း တက်ဖို့ကလွဲပြီး တခြား ဘာမှမရှိခဲ့ဘူး။ အရင်က ယဉ်ကျေးမှုတက္ကသိုလ်၊ အခု “အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်”လို့ခေါ်တွင်တဲ့ ကျောင်းမှာ ၂၀၀၁ ခုနှစ်က စတက်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာ ကျောင်းပြီးခဲ့တယ်။ ၄နှစ်တက်ပြီး ဘီအေပန်းချီဘွဲ့ကိုသူပိုင်ဆိုင်ခဲ့တယ်။ နောက် ထပ် ဒီပလိုမာ ဆက်တက်ပြီး ၂၀၀၆မှာ ဘွဲ့လွန်ဒီပလိုမာ(ပန်းချီ)ရခဲ့တယ်လို့ သိရတယ်။

“ ကျွန်တော်တို့အိမ် မျက်နှာချင်းဆိုင်က မဝေနှင်းခိုင်တိုးက ရန်ကုန်ပန်းချီကျောင်းတက်ပြီး ပြန်လာတယ်၊ သူက သူရေးထား တဲ့ ပုံတွေပြတယ်၊ တော်တော်ကောင်းတယ်ဗျ။ ဒီမှာပဲ ငါရေးနေတာတွေ ဘာမှမဟုတ်သေးပါလားလို့ မြင်လာတယ်၊ စနစ်တကျ သင်ယူဖို့လည်း လိုသေးတယ်လို့ သဘောပေါက်သွားတယ်၊ အဖိုးကလည်း သူ့အမွေကို ဆက်ခံသူ ဖြစ်စေချင်ပုံရတယ်။ ဒါနဲ့ပဲ တခြား ဘယ်တက္ကသိုလ်မှ မတက်တော့ဘဲ ယုံကြည်စွာနဲ့ပဲ ပန်းချီကျောင်းတက်ခဲ့တယ်။ အခုအချိန်ထိ ကျွန်တ်ာကျောင်းဆင်းခဲ့တဲ့ မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်မှာပဲ နည်းပြဆရာဘ၀နဲ့ တာဝန်ထမ်းဆောင်ရင်း အနုပညာလောကထဲကို ခြေစုံပစ်ဝင်လိုက်တော့တယ်”

အနုပညာလောကထဲကို ခြေစုံပစ်ဝင်လိုက်သူ၊ သူဟာ အခုအချိန်မှာ မန္တလေးက ယဉ်ကျေးမှုကျောင်းမှာ နည်းပြဆရာတစ်ယောက်။ ဒါပေမဲ့ သူ့ကို အခြေခံကစလို့ ခက်ခဲနက်နဲတဲ့ ပန်းချီပညာတွေထိ အဆင့်ဆင့် နည်းပညာတွေ ဖြန့်ဝေ လက်ဆင့်ကမ်းပေးခဲ့သူ ဆရာများစွာကို သူ့ရင်မှာ နေ့ရက်အစဉ်အတိုင်း အမည်နာမနဲ့တကွ မှတ်မိသိရှိနေဆဲ။

“ကျွန်တော့်အဖိုး ဦးဘရင်ဆီက လေ့လာခဲ့တာတွေလည်းရှိသလို အခြား ဆရာတွေလည်း ကျွန်တော့်မှာ အများကြီးပဲ ရှိကြတယ်။ မန္တလေားယဉ်ကျေးမှုတက္ကသိုလ် က ဆရာဦးဇော်ဝင်း၊ ဦးကြည်သိန်း၊ ဦးမြတ်ထွန်းအောင်၊ ဦးစိုင်းမောင်မောင်၊ ဦးအောင်စည်သူလှိုင်၊ ဦးမင်းလွင်၊ ဒေါ်မြခက်၊ ဒေါ်လွင်လွင်လှိုင်ရွှေ၊ ဒေါ်နွယ်နီလေးဝင်း နဲ့ ဒေါ်စန္ဒာဝင်းထွန်း တို့ဆီကနေလည်း လေ့လာ သင်ယူခဲ့တယ်။ ကျွန်တာ့်ဦးလေး ပန်းချီညွန့်ဝေသစ် ဆီကလည်း သင်ယူခဲ့တယ်။ မော်ဒန် အတွေးအေခါ် အယူအဆတွေနဲ ပတ်သက်ပြီးတော့လည်း ဦးကျော်မိုးသာ၊ ဦးကြည်ဝင်း(မန္တလေးတို့ဆီကလည်း လေ့လာခဲ့တယ်။ ကျွန်တာ့်ဘ၀တစ်လျှောက်လုး ချန်ထားလို့ မရတဲ့ ဆရာတစ်ဦးလည်းရှိသေးတယ်။ သူကတော့ ကျွန်တော်က လေးလေးငြိမ်းလို့ခေးတဲ့ ပန်းချီဦးချစ်ငြိမ်းပါ။ ဆရာကြီးနဲ့ ကျွန်တော်က ၂၀၀၄ ကျောင်းမဆင်းခင်က စပြီး တွ့ခဲ့တာ၊ သူ့ဆီကို အစဉ်တစ်စိုက် သွားရောက်လေ့လာခဲ့တယ်။ ဆရာကြီးက ကျွန်တော့ကို ခေတ်သစ်ပန်းချိ/ရဲ့ အတွေးအခေါ်တွ၊ အယူအဆတွေကို စနစ်တကျ သင်ကြား၊ ပြောပြခဲ့တယ်။ ကျွန်တော့်ဘ၀အတွက် ခေတ်သစ်ပန်းချီလမ်းကြောင်းထဲရောက်အောင် သူက ပို့ဆောငသ်ပေးခဲ့တာလို့ ပြောလို့ရတယ်ဗျ ”

သူက ပြည်တွင်းကပန်းချီဆရာတွေမှာ ဦးဘသက်၊ ဦးခင်မောင်(ဘဏ်)၊ ဦးပေါ်ဦးသက်၊ ဦးစိန်မြင့် နှင့် ပန်းချီ ဦးချစ်ငြိမ်း (သူ့အခေါ်လေးလေးငြိမ်း)တို့ကို အားကျနှူစ်သက်သူ။ ပြည်ပအနုပညာရှင်တွမှာတော့ ကမ္ဘာကျော် ပန်းချီသမားကြီးတွေ ဖြစ်တဲ့ မားတီးစ်၊ ဗန်ဂိုး၊ ပီကာဆိုတို့ကို ရူးရူးမူးမူးသဘောကျတယ်လို့ပြောပြခဲ့တယ်။ လူတွေကတော့ ဟုတ်ပါပြီ။ ပန်းချီရေးတဲ့ မီဒီယမ်တွေထဲမှာရော သူ့အကြိုက်တွေက ဘယ်ဟာတွေလဲမသိ။
“ မဒီယမ်တွေ အမျိုးမျိုးအထွေထွေထဲမှာ ကျွန်တော်တော့ acrylic ရယ်၊ water colorရယ်၊  oil pastel ရယ် ပိုနှစ်သက်လို့ ဒတွေ ပဲ ခပ်များများေ/းဖြစ်တယ်။အခု လတ်တလောမှာ  oil pastel ကို ပိုပြီး အာရုံကျနေတယ်၊ ပိုပြီး ရေးဖြစ်တေယ်၊ စိတ်ထဲမှာ ရေးလိုက်ရင် တခြားဟာနဲ့မတူဘဲ ပိုပြိး လွတ်လပ်တယ်၊ ပိုပြီးပျော်တယ် လို့ ကိုယ့်ကိုယ်ကိုယ် ထူးထူးခြားခြား ခံစားမိတယ်”

သူ့ရဲ့ပန်းချှီကားတချို့မှာ အမြင်အာရုံကို လွတ်လပ်ပေါ့ပါးစွာ သိမ်းကြုံး ဖမ်းစားလိုက်သလို၊ အရသာတစ်မျိုး ပေးစွမ်းနိုင်တာကို သတိပြုမိခဲ့တယ။ အထူးဖြင့် ရွှေတိဂုံ ၊ တို့ကျောင်း၊ ဘယ်အချိနရှိပြီလဲ….ဆိုတဲ့ ပန်းချီကားတွေ။ ကြည့်မိသူဘက်ကနေ လွတ်လပ်ပေါ့ပါးစေတဲ့ space နေ/ာလွတ် ပြင်ကျယ် တွေကို ကားတချို့မှာ မြင်ရတယ်။ ဒီကားတွေကို သူဘယ်လို စတ်ကူးနဲ့ ဖန်တီးခဲ့တာပါလိမ့်။
“တကယ်တော့ အဲဒီလို space တွေ လွှတ်တာကလည်း ရိုးရိုးလေးပါ၊ ကျွန်တ်ာကိုယ်တိုင်ကလည်း လွတ်လွတ်လပ်လပ်နဲ့ အသက်ရှျူေချာင်ချောင် နေချင်မိတယ်၊ ကျွန်တ်ာတို့ကျင်လည်ရတဲ့ လက်/ရှိဘ၀က လူတွကို အသက်ရှူကျပ်စေတဲ့အရာတွေ ပြည့်နျက်နေတယ်မို့လား။လ အသက်ရှူချောင်ချောင်လညလည် နေချင်မိတဲ့ စိတ်ခံစားမှုက ကျွန်တော်ေ/းလိုက်တဲ့ ပန်းချီကားတွေထဲမှာ သွားပြီး ပုံရိပ်ထင်ကုန်တာဗျ။ ပန်ျးခှကားတွေမှာ ရောင်ပြန်ဟပ်လာတယ်ပေါ့။ ဒါကြောင့် ကြည့်သူကိုလည်း ကျွန်တော့်လို ဖြစ်စေချင်၊ ခံစားစေချင်၊ လွတ်လပ်စေချင်၊ အသက်ရှူချောင်စေချင်တယ်ပေါ့ဗျာ။ ရှိသေးတယ် ဈေးချိုတစ်ခေါက်၊ ကျုံးတော်ပတ်လည် နောက် တော်တော်များများပဲရှိတယ်။ ကျွန်တော်ပန်းချီေ/းတော့မယ်ဆိုရင် sketch တွေအရင်ထုတ်တယ်။ cropping လုပ်တယ်။ ကားဖွဲ့စည်းပုံမှာ စိတ်ကြိုက်ဖွဲ့စည်းတယ်၊ အရောင်တွေရော စိတ်ကြိုက်ဖွဲ့စည်းပြီးမှ ရေးဆွဲတယ်။ ဓာတ်ပုံအတိုင်း ဘယ်တော့မှ မရေးဘူး။ ကျွန်တ်ာက sketch ကို အားကိုးတယ်။ ဒါကလည်း ဒီဇိုင်းသမ်ားတွေရဲ့ အားသာချက်တစ်ခုပေါ့ဗျာ”

ပြောရရင် သုက ငယ်ရွယ်သေးတဲ့ ပန်းချီသမားတစ်ယောက်ပါ။ ငယ်ရွယ်ပေမဲ့ ပန်းချီအရာမှာ နေရာတစ်ခု စိုက်စိုက်မတ်မတ် ထူထောင်ပြီးခဲ့သူ။ အနုပညာလောကမှက ဟိုဟာကောင်းနိုး၊ ဒီဟာဟုတ်နိုးနဲ့ စမ်းတ၀ါးဝါး လျှောက်လှမ်းနေ သူတွေလည်း အပုံအပင်/ရှိနေတယ် ဆိုတော့…အဲဒီလို မျက်နှာသစ်ပန်းချီသမားနုနုနယ်နယ်တွေအတွက် သူ အကြံညဏ်ကောင်းတွေ ပေးနိုင်မယ်ထင်/ရဲ့။
“ တကယ်တော့ ကျွန်တ်ေလည်း အခုအချိန်ထိ ဘယ်အဆင့်မှ မရောက်သေးပါဘူး၊ ကိုယ်ယုံကြည်တာကိုပဲ တစိုက်မတ်မတ် လုပ်နေတဲ့သူပါ။ ဒါကြောင့် ကျွန်တာ့်လို ၀ါသနာပါသူ ညီအစ်ကို မောင်နှမအားလုံးကို ပန်းချီပညာရဲ့ အခြေခံ သေဘောတရားတွေ၊ ပန်းချီသီအိုရီတွေကို စနစ်တကျ လေ့လာပါ။ နောက်ပြီး ပန်းချီမှာလည်း ဂီတလိုပဲ အကိုင်းအရွက်အခက်တွေ အများကြီးပဲ။ ကိုယ်ဘာကို ယုံကြည်တာလဲ၊ အရငသ် /ရှာဖွေရမယ်၊ သိအောင်လုပ်/ရမယ်။ ကိုယ်ဘာကို ယုံကြည်တာလဲသိမှ ကိုယ်ယုံကြည်တာကို တစိုက်မတ်မတ်လုပ်နိုင်မယ်၊ ဒါကြောင့် ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာနဲ့ အစဉ်တစ်စိုက်လိုက်ပါ လို့ ပြောချင်တာပါပဲ။ နောုက်တစ်ခု ဆရာကြီး ဦးခင်မောင်သန်းစကားကို လက်ဆင့်ကမ်းရမယ်ဆိုရင် ဘာပဲလုပ်လုပ် အကောင်ဆုံးလုပ်ပါ၊ တံမြက်လှည်းရင်တောင် အပြောင်ဆုံး လှဉ်းကျင်းလိုက်ပါ ဆိုတာပါပဲ။ ကျွန်တော်ကတော့ ဒီလိုပဲ ခံယူထားတယ်ဗျာ… ”

ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်၊ တံမြက်စည်းလှည်းရင်တောင် အပြောင်ဆုံးလှည်း ဆိုတဲ့စကားက မှတ်သာစရာ ဖြစ်ခဲ့တယ်။ လူသားအားလုံး ဒီလိုစတ်ထားပြီး လုပ်ဆောင်ကြမယ်ဆိုရင် ဘယလောက်ကောင်းမှာပါလိမ့်လို့ အတွေးတွေ ဆန့်ထွက် နေမိတယ်။ ပိုကောင်းတာကို မမြင်တတ်သေးသရွေ့တော့ ကိုယ်လုပ်တာကိုပဲ အကောင်းဆုံးလို့ အထင်ရောက်နေမှာ အသေအါချာ။ ဒါကြောင့် ပိုကောင်းတာကို မြင်အောင်ကြည့်ဖို့ သင်ခန်းစာရလိုက်မိတယ်။ ရန်ကုန်နဲ့မန္တလေး မှာရော ဘယ်ဟာပိုကောင်းနေပြီလဲ။ ရန်ကုန်ပန်းချီလောက နဲ့ မန္တလေးပန်းချီလောက၊ ဘာက ပိုကောင်းလို့ ဘယ်ဟာက အကောင်းဆုံးဖြစ်နေပြိလဲ။သိချင်လာပြန်တယ်။
“ မန္တလးပန်းချီလောကို ပြောရမယ်ဆိုရင်တော့ သိပ်ပြီးတော့ ကျေနပ်မှုမရ/ှိလှဘူး။ ဘာလို့လဲ ဆိုတော့ ပြခန်းတွေ ကောင်ေးကောင်းမရှိဘူး။ နောက်ပြီး ၀ယ်ယူစုဆောင်းသူ၊ ကြည့်ရှုသူ သိပ်ကိုနည်းပါးတယ်။ပြောရမယ်ဆိုရင် လှုပ်ရှားမှုတော်တော်လေး နည်းတယ်(ကျွန်တ်ာတို့အပါအ၀င်ပေါ့) ရန်ကုန်မှာဆို ပြပွဲခန်းတွေ အများကြီးရျှိတယ်။ ပြခန်းတွေက အကြိုင်အဆိုင် ပြပွဲတွေ လုပ်ကြတယ်။ နှစ်ပတ်လည်ပွဲတို့၊ မြို့နယ်ပွံတို့၊ grouop ပွဲတို့ လုပ်ကြတယ်။ အသစ်တွေရှိလာတယ်၊ အမြဲတမ်းလှုပ်ရှားနေတာဆိုတော့ ရှေ့ကိုရောက်တာပေါ့ဗျာ။ မန္တလေးမှာက ပြန်ခန်းတေါကောင်းကောင်းမရှိလို့ မလှုပ်ရှားနိုင်ဘူး။ တချို့ မန္တလေးပန်းချီဆရာတွေကတော့ ရန်ကုန်ဆင်းပြီး ပြပွဲလုပ်ကြ လှုပ်ရျားကြတာတွေ့ရ/တယ်။ သူတို့လည်း ရှေ့ကို ရောက်သွားကြတယ်။ တကယ်ရောက်သွားကြတယ်။ ရန်ကုန်က အရာရပိုကျယ်ပြန့်တယ်လေ။ ဒီလိုမျိုး မန္တလေးပန်းချီလောကကို ဝေဖန်မိတာတော့ သိပ်မကောင်းလှဘူးပေါ့ဗျာ။ မင်းက ဘာကောင်လဲ မင်းကရော ဘာလုပ်ပေးနိုင်လို့လဲ ထင်သွားနိုင်တယ်။ ဒါကလည်း ကျွန်တာ် ပန်းချီမျိုးဆက်သူစ်တစ်ဦးအနေနဲ့ မြင်တဲ့အတိုင်း ပြောကြည့်လိုက်တာပါ။ ဆန္ဒအမှန်က မန္တလေးပန်းျီလောကကို ဒါ့ထက်ပိုတိုးတက်စေချင်တာပါပဲ။ အဘက်ဘက်ကပေါ့။ ပန်းချီဆရာတွေကိုလည်း လါတ်လပ်စွာဖန်တီးခွင့်နဲ့အတူ၊ အားလုံးကို လက်ရှိ အနေအထားထက် ပိုပြီး အဆင်ပြေစေချင်တယ်။ ရန်ကုန်လိုပဲ မန္တလေးပန်းချီေူလာကကိုလည်း ပြခန်းတွေ၊ အရောင်းအ၀ယ်တွေ၊ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လှုပ်ရှားမှုတွေ အများကြီးနဲ့အသက်ဝင်ပြီး ရန်ကုန်လို ရွေ့နေစေချင်တယ်”

အားမလိုအားမရစိတ်၊ မန္တလေးကိုချစ်တဲ့စိတ်တွေနဲ့အတူ သူနေတဲ့မန္တလေးကို မြို့ပြရန်ကုန်လို ခပ်လှလှဖြစ်စေချင်တဲ့ သူ့သဘောကို စာနာနားလည်မိလိုက်တယ်။ မန္တလေးဟာ ရန်ကုန်လို ပန်းချီရေးရာလှုပ်ရှားမှုတွေနဲ့ လှလှပပဖြစ်ပါစေလိုအသံတိတ်ဆုတောင်းပေးလိုက်တယ်။ ပန်းချီလှုပ်ရှားမှုအပိုင်းမှာ ရန်ကုန်လောက် သိပ်မရွေ့တဲ့ မန္တလေး၊ အဲဒီမန္တလေှးာ သူကရော ဘယ်လိုဆက်ပြီး စီးမျောာသွားမှာလဲ…..။
“ကျွန်တော်ကတော့ ကျွန်တော်ယုံကြည်တဲ့ ရေးဟန်စတိုင်ကို ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည်နဲ့ ဆက်ရေးသွာူးမယ်။ ဘ်ာပဲလုပ်လုပ်အကောင်းဆုံးလုပ်မယ် လို့စိတ်ထဲမှာထားပြီး လုပ်ကိုင်မယ်။ ကျွန်တော့်ပန်းချီကားတွေ ရောင်းရသည်ဖြစ်စေ၊ မရောင်းရဘဲ ကျန်နေသည်ဖြစ်စေ ကိုယ်ယုံကြည်တာကို အစဉ်တစ်စိုက် ရေးဆွဲသွားမယ်။ လွတ်လပ် သန့်ရှင်းတဲ့ စိတ်နဲ့ပဲ ပးန်းချီကို အားထုတ် ဖန်တီးသွားမယ်။ ကျွန်တော်က ဟိတ်ဟန်တွေထုတ်ပြီး မဖြတ်သန်းချင်ဘူး၊ ရိုးရိုးလေးပဲ ဖြတ်သန်းချင်တယ်”

Nay Zaw (Biography of Brief)
Born in 1983 Mandalay
Obtained B.A(Painting),University of Culture, Mandalay in 2005
2004 – New Grneration art exhibition Kuthodaw art gallery,Mandalay
2006 – Pan Zan art exhibition Kuthodaw art gallery ,Mandalay
2006 – New Generation 2 art exhibition Kuthodaw art gallery ,Mandalay
2006 – Tear’s Color art exhibition, Lawkanat art gallery,Mandalay
2006 – Five Series art exhibition,Kuthodaw art gallery,Mandalay
2006 – Classic and Conetmporary fine art show,Yadanapon art gallery,Yangon
2006 – All Myanmar art exhibition ,City Hall,Mandalay
2008 – Art for Help, donation art exhibition ,Panthusandar art gallery,Mandalay
2008 – Nargis donation art exhibition,Lawkanat art gallery,Yangon
2009 – Direction Three art exhibition, Mandalay
2010 – Unity art exhibition Kuthodaw art gallery,Mandalay
2010 – Kathain donation art exhibition, Sinphyudaw art gallery,Mandalay
2010 – My Friends Mandalay art exhibition, Yangon
2011 – The Seeder art exhibition ,Thiriwuttsa,Mandalay
2011 – Six Senses art exhibition,Yangon
2011 – Our Beloved Mandalay art exhibition, Damatharla Hall, Mandalay
2012 – Rhythm art exhibition ,Sinphyudaw art gallery,Mandalay
2013 – Winner Travel art exhibition, Myanmar Ink art gallery, Yangon
2013 – Feburary Dearum art exhibition,Kuthodaw art gallery, Mandalay

address – No.168/1 ,84th  Street, 32nd  s x 33rd  st,Mandalay,Myanmar
ph – 09 43003340, mail – nayzawartist@gmail.com


ဂျူနီယို
(Living Fashion-Oct'13)


No comments: