Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 16, 2013

အာရပ်ကမ္ဘာက နယ်လ်ဆင်မင်ဒဲလား

Morsy
ကျွန်မတို့  ဘာ့ကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင် မူဆလင် ညီအကိုတစုကို အလုံးအရင်းနဲ့ ဒီမျှ ထောက်ခံနေကြတာလဲ။ အဖြေက ရှင်းပါတယ်။ အီဂျစ်သမ္မတ မိုဟာမက် မော်ဆီ ဟာ လူထုက မဲဆန္ဒ အများဆုံးနဲ့ ရွေးကောက်တင်မြှောက်လိုက်သူဖြစ်လို့ပါပဲ။
ခု ဒီမိုကရေစီကို တစာစာ တောင်းဆိုနေတဲ့ မူဆလင်ညီအကို တစုဟာ သူ့ လူများဖြစ်ပါတယ်။
မကြာမီက  သူ့ကို အီဂျစ်ထီးနန်ကနေ စစ်တပ်က  နန်းချဖယ်ရှားလိုက်တယ်။ 
 ကျွန်မအိမ်ရှိရာ ရီမင်နိုင်ငံ ဆန်နာ ကနေ ကိုင်ရိုမြို့ ရပ်ဘာ အယ်လ်-အဒါဝီယာ ရင်ပြင်မှာ စုဝေးဆန္ဒပြနေကြတဲ့ ဒီမိုကရေစီ ဘက်တော်သားများနဲ့ ပူးပေါင်းဖို့  ထွက်ခွာမယ်လို့  ကြေညာလိုက်တယ်။
အီဂျစ်မှာ ဘာတွေ ဖြစ်နေပြီလဲ။ မြင်ကွင်းတွေက တကယ့် ကြောက်ခမန်းလိလိ။
  အာရပ်နွေဦးမှာ ကျွန်မတို့ အားလုံး မျှော်လင့် ကြိုးစားခဲ့သမျှတွေ ဘယ်လောက် ဟန်ကျ ပန်ကျ နိုင်ခဲ့သလဲ။
မကြာမီကပဲ အီဂျစ်ဟာ  စစ်အာဏာသိမ်းမှု ခံလိုက်ရပြီ။တရားမျှတမှု နဲ့  လွတ်လပ်ခွင့်တွေ ပြန်လည် ဆုံးရှုံးသွားခဲ့ပြီ။
သတ်ဖြတ်ညှင်းဆဲမှုတွေ။ မတရားအပြစ်မဲ့ ဖမ်းဆီးထောင်ချ မှုတွေ ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ နှိပ်ကွပ်မှုတွေ  လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အဲဒါ ကျွန်မ အကုန်ဆန့်ကျင်တယ်။ 
၂၀၀၁ ဇန်န၀ါရီ လ ၂၅ရက်နေ့တော်လှန်ရေးကြီး အောင်မြင်ခဲ့မှုကို ကာကွယ် ထိမ်းသိမ်းဖို့   ကျွန်မ ကိုင်ရို က  ရပ်ဘာ အယ်လ် -အဒါဝီယာ ရင်ပြင်ကို သွားမယ်ဆိုတာ  ကြေညာလိုက်တယ်။လွတ်လပ်မှုကို ထုတ်ဖေါ်ပြသဖို့ ငြိမ်းချမ်းစွာ စုရုံးနိုင်ဖို့  ဒီမိုကရေစီ အင်အားစုတွေကို ဖြည့်တင်းဖို့ လိုအပ်ချက်အရ ။သွားကို သွားရလိမ့်မယ်။အီဂျစ်နိုင်ငံရေးရာ ကိစ္စတွေက ရှုပ်ထွေးနေတယ်။ စစ်အုပ်စုကို လိုလားထောက်ခံသူတွေရဲ့ ခြိမ်းခြောက်မှုက ကျွန်မတို့  တတွေကို  သေမင်းခေါ်ရာ ပို့ဆောင်ပေးနေတယ်။သူလှိုလုပ်ငန်းတွေကြောင့်လည်း ထောင်နခမ်းဝကိုလည်း ရောက်စေနိုင်တယ်။    
ကျွန်မ ကိုင်ရိုလေဆိပ်ကို သြဂုတ်လ ၄ရက်နေ့ မှာ ကျွန်မမိတ်ဆွေ  ဘာရှား အယ်လ် ဆာရာဘီ 
( Bushra  Al- Serabie) နဲ့ အတူ ရောက်လာ တယ်။ သူဟာ   နှောင်ကြိုးမဲ့အမျိုးသမီး ဂျာနယ်လစ် အကြီးအကဲ ဒါရိုက်တာ  တယောက်ပါ။    ကျွန်မကို ကျေနပ်လောက်အောင် အာမခံပေးနိုင်ပါတယ်။ကျွန်မ စဥင်္းစားမိတာက အီဂျစ်အာဏာပိုင်တွေက ပြည်ဝင်ခွင့်ပေးပြီး ဖမ်းဆီးလိုက်မှာ လမ်းပေါ်က ဆန္ဒပြပွဲတွေမှာ အဆုံးစွန် အပြီးတိုင် သတ်ပြစ်လိုက်မှာ အဲဒါ သူတို့ လုပ်နိုင်တယ်။ 
ပွဲကတော့ ပွဲကောင်းပဲ။ ရုပ်ရှင် ဇတ်လမ်းတပုဒ် ဖြစ်လာမှာ။
ကျွန်မလိုတာ မှန်သမျှ လုပ်နိုင်ဖို့ မလွယ်ပေမဲ့ လှုံ့ဆော်မှုတွေတော့ ရိုးသားစွာ တတ်အားသရွေ့ လုပ်ပါတယ်။
လေဆိပ်ကို ရောက်တယ်ဆိုရင်ပဲ လုပ်ရိုးလုပ်စဉ်အတိုင်း ဗီဇာရဖို့ တန်းစီရတယ်။ဒီအချိန်မှာပဲ အရာရှိတယောက်က  ကျွန်မ ဘာလဲဆိုတာ သိပုံရတယ်။ စစ်မေးစရာရှိကြောင်းပြောပြီး ကျွန်မကို စပယ်ရှယ်မေးခွန်းတွေ ထုတ်ဖို့ ခေါ်ယူသွားတယ်လေ။ 
ဒီအချိန်မှာပဲ အရာရှိရဲ့ ဖုန်းက အဆက်မပြတ် မြည်လာတယ်။ သူတို့ အချင်ျးင်း ကျွန်မအကြောင်း တိုးတိုးညင်သာ ပြောနေကြတယ်။လေ။ကျွန်မသိတာပေါ့။ “Tawakkol လာပြီ။ Tawakkol လာပြီ သူ့ကို ပေးဝင်လို့ မဖြစ်ဘူး ။ သူက တို့ကို ဒုက္ခပေးလိမ့်မယ် “ ဆိုတာ ကျွန်မသဲ့သဲ့ ကြားလိုက်တယ်။
အရာရှိက ကျွန်မကို ပေးမ၀င်ပဲ ရီမင်ကို ပြန်လည် ထွက်ခွာစေတယ်။ပြည်နှင်ဒါဏ်ပေးလိုက်ကြတယ်။ကျွန်မစီးလာတဲ့ လေယဉ်နဲ့ပဲ ပြန်လည် ထွက်ရမယ်တဲ့။
ဘာ့ကြောင့်ပါလိမ့်။အကြောင်းကတော့ 
ကျွန်မရဲ့ နာမည်ဟာ အမည်ပျက်စာရင်းဝင်ဖြစ်နေပါတယ် တဲ့။ကျွန်မနားထဲမှာတော့ ရပ်ဘာ အယ်လ် အဒါ ၀ီယာ ရင်ပြင်က ကြွေးကြော်သံတွေ တရားမျှတမှုကို တောင်းဆိုနေတဲ့ ကျွန်မမိတ်ဆွေတွေ ရဲ့ အသံတွေ ပဲ့တင်ထပ်လာတယ်။
ဒီလို လမ်းမပေါ်က တိုက်ပွဲတွေကြောင့်တော့  ကျွန်မတို့ ဂုဏ်ငယ်မသွားပါဘူး ။ ဂုဏ်သရေရှိတဲ့အလုပ်ဆိုတာ လူတိုင်းသိတယ်။ဒါဟာ ကျွန်မတို့ရဲ့ တာဝန်လေ။နိုင်ငံ့သမိုင်းမှာ အရေးပါတဲ့ ဖြစ်စဉ်တွေပါ။ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မဲ ၆၀ရာခိုင်နှုံးနဲ့  အနိုင်ရ ရွေးကောက်ခံထားတဲ့ သမတ ပါ။လွတ်လပ်သော တရားမျှတသော မူဆလင်ညီအကိုများ ရဲ့ ပါတီပါ။
အီဂျစ်ရဲ့ ကံကြမ္မာကို လူတိုင်း ဖန်တီးခွင့်ရှိတယ်။နိုင့်ထက်စီးနင်း ဖိနှိပ်မှုတွေနဲ့ အကြပ်ကိုင်မှုတွေနဲ့ ထင်ရာစိုင်းမဲ့ စစ်အုပ်ချုပ်ရေးကို ရွေးမလား။ တရားမျှတသော ဒီမိုကရေစီ လိုလားသူ မူဆလင် ဘရားသားအဖွဲ့ကို ထောက်ခံအားပေးမလားဆိုတာ ပြောဖို့ မလိုဘူး  ရှင်းနေတယ်။
မော်ဆီဟာ ဒီမိုကရေစီနည်းကျကျ  ရွေးကောက်ခံထားရတဲ့ သမတဖြစ်ရုံမျှမက အာရပ်ကမ္ဘာရဲ့ နယ်လ်ဆင် မင်ဒဲလား ဆိုတာ ကမ္ဘာ သိသွားပါပြီ။ 
နယ်လ်ဆင်မင်ဒဲလားဟာ သူ့နိုင်ငံ သူ့ တိုင်းပြည်အတွက်ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ရယူပေးသူ ခေါင်းဆောင်ကြီးပါ။  တနှစ်အကြာ မော်ဆီရဲ့အုပ်ချုပ်မှုအောက်မှာ အီဂျစ်ဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တယ်။ဖိနှိပ် ချုပ်ချယ်မှုတွေ ကင်းလွတ်ခဲ့တယ်။နိုင်ငံရေးအကျဉ်းသားတယောက်တောင်မရှိခဲ့ဘူး။အကြမ်းဖက်မှု နှင်ထုတ်မှု ဆိုတာ မရှိခဲ့ဘူး။ မင်ဒဲလားရဲ့ အာဖရိက အမျိုးသားကွန်ဂရက်ထက် မလျော့တဲ့ အုပ်ချုပ်မှုမျိုးနဲ့ တိုင်းပြည် သာယာဝပြောခဲ့တယ်။ လမ်းပေါ်က လှုပ်ရှားမှုတွေ တောင်းဆိုမှုတွေ ဆန့်  ကျင်မှုတွေ ထောက်ခံမှုတွေ ဘာ့ကြောင့်ဖြစ်သလဲ ဆိုတာ လွတ်လပ်တဲ့ကမ္ဘာ က အမှန်အတိုင်း သိမြင်နေကြပါပြီ။
စစ်အာဏာမသိမ်းခင် အရင်အစိုးရ တိုတောင်းတာကို ကျွန်မ မသိမဟုတ်ပါဘူး။ဇွန်၃၀ရက် မော်ဆီကို ဆန့်ကျင်ပြီး လမ်းပေါ်ဆန္ဒပြပွဲတခု ပြုခဲ့တာကို ကျွန်မထောက်ခံပါတယ်။ဒါပေမဲ့ ကျွန်မက ဦးတည်ချက်တခုကိုပဲ ထားတယ်။အီဂျစ်အသိုင်းအ၀ိုင်းမှာ အကွဲအပြဲတွေ အဆုံးသတ်ဖို့ လူများစု ဆန္ဒအရ စစ်မှန်တဲ့ ညီညွတ်မှုနဲ့ နိုင်ငံကို ဦးဆောင် တည်ဆောက်ကြရမယ်။ အသိဥာဏ်ကင်းမဲ့သူ ခွန်အားသုံး တပ်တွေ ဒီမိုကရေစီ နည်းကျကျ နေရာမှန် ပြန်ပို့ရလိမ့်မယ်။ 
နာမည်အားဖြင့် မိုဟာမက် အယ်လ် ဘာရာဒေး နဲ့ အမျိုးသား ဘေးအန္တရယ် ကင်းဝေးရေး အဖွဲ့အစည်း တွေ ရှိတယ်။ စစ်အစိုးရ လက်အောက်မှာတော့  ဘယ်နည်းနဲ့မှ ဒီမိုကရေစီ မရ နိုင်ပါဘူး။
အီဂျစ်မှာ က အကြမ်းဖက်မှုတွေ အရှိန်အဟုန် ကြီးမားလာလိမ့်အုံးမယ်။                                                           
ဟိုစနီ မူဘာရတ်ခ်  ခေတ်ကထက် ပိုဆိုးနေပြီ လို့ ရဲတွေကတောင် ထုတ်ပြောနေကြပြီ။
ယနေ့ အီဂျစ်ဟာ မယုံကြည်နိုင်အောင် ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ပြည့်နက်နေပြီဖြစ်တယ်။အကြမ်းဘက်သမားတွေ တဖန်ပြန်လို့ ခေါင်းထောင်ထဖို့ အသက်ရှူလမ်းကြောင်းပွင့်ဖို့  အခွင့်အရေးရသွားပြီ။ အယ်လ်ကာရီးဒါးခေါင်းဆောင် အာမင် အယ်လ်ဇာဝါဟီရီ က သူ့ web siteမှာ  “အဆုံးသတ်မှာတော့ ဒီမိုကရေစီက အလိုလို အသက်ပျောက်သွားလိမ့်မယ်။အနောက်တိုင်းမူနဲ့ ကိုက်ညီပေမဲ့ အစ္စလမ်မစ် နိုင်ငံတွေနဲ့ မကိုက်ညီဘူး။ ဆီးရီးယား အီရတ် ကိုကြည့်။မဲခွဲ ဆုံးဖြတ်တယ်ဆိုတာထက် လက်နက်ကိုသာ ကြည့်ကြမှာပဲ”  လို့ ရေးခဲ့တယ်။  နိုင်ငံရေးအမြင်ကျယ်မှု အားနည်းတာကြောင့် စစ်တပ်ရဲ့ ခပ်ပြင်းပြင်း ဘောလုံးရိုက်ချက် ကူပံ့မှုဟာ အကြမ်းဖက်သမားတွေကို ကောင်းချီးပေးလိုက်ခြင်းဖြစ်နေပါပြီ။

အီဂျစ်မှာ ဘာတွေ ဖြစ်လာအုံးမလဲ။မိုင်ပေါင်းထောင်ကျော်ဝေးတဲ့ ရီမင်က ကျွန်မအိမ်ကို ရောက်လာတဲ့ အီဂျစ်ဂယက်ရိုက်ခတ်မှု အသံတွေက ညိမ့်ညောင်းမှု မရှိလှပါဘူး။ အာရပ်နွေဦးဖြစ်စဉ်တွေမှာ ကျွန်မတို့ ဘာတွေ ချို့ယွင်းမှု  ရှိခဲ့သလဲ။အာရပ်နွေဦးမှာ ဖြစ်ပွားခဲ့တဲ့  ဖိနှိပ်ချုပ်ချယ်မှုတွေဟာ ခုအခါ စစ်အာဏာသိမ်းအဖွဲ့ကို ကောင်းချီးမင်္ဂလာ ပေးခြင်းပဲ ဖြစ်နေပါပြီ။ 
ဒါပေမဲ့  ကျွန်မတို့ နောက်မကျသေးပါဘူး။ ဒီမိုကရေစီအဖူးအပွင့်တွေ  ကိုင်ရိုမှာ ဖူးပွင့်ချိန်ရောက်လာရင် တခြား အာရပ်နိုင်ငံတွေကိုပါ ပျံ့နှံ့ရောက်ရှိသွားနိုင်ပါတယ်လို့ ကျွန်မယုံကြည်ပါတယ်အထောက်အပံ့လည်းလိုအပ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသတခွင် လွတ်လပ်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့ ဆိုတာ  ဘယ်သူ ထောက်ပံ ပေးနိုင်မလဲ။ 
ဘာပဲဖြစ်ဖြစ် ကိုင်ရိုမှာ ဆူပူအကြမ်းဖက်မှုတွေ ထွန်းကားလေလေ သူတို့ရဲ့ ခွန်အားတွေ ပွားများလာလေလေ  နောင်တနေ့ အောင်ပွဲ ခံရမှာ မလွဲပါဘူး။

နောက်ဆုံးသတင်းဝင်ရောက်လာရာမှာ မော်ဆီရဲ့ ဇနီးက သမ္မတရာထူး ပြန်လည်ခန့်အပ်ရန် ယာယီသပိတ်စခန်းတခုကနေ  လူထုကို မိန့်ခွန်းပြောကြားရင်းတောင်းဆိုနေပြီဖြစ်ပါတယ်။  နိုင်ငံခြားသံတမန်များနဲ့ ဆွေးနွေးညှိနှိုင်းမှု မအောင်မမြင်ဖြစ်ပြီးနောက် စစ်တပ်က သပိတ်စခန်းများကို ဖြိုခွင်းမည်ဟု ကြိုတင် ပြောကြားထားပြီးဖြစ်သည့်အတိုင်း စတင်နေပြီဖြစ်ပါတယ်။

Florist
Ref: 
Morsy Is the Arab World's Mandela - By Tawakkol Karman (Foreign Policy)

No comments: