Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 16, 2013

မူဂါဘီ ရှက်ဖွယ်

Mugabe
ရိုးရိုးကလေးကြည့်မယ်ဆိုရင်  ရောဘတ်မူဂါဘီ  တယောက် နန်းစံသက် သုံးဆယ်နဲ့ သုံးနှစ် အလွန်မှာ တကယ့်ကို  သူ့ကိုယ်သူ ကူကယ်နိုင်ဖို့ လမ်းမမြင်နိုင်တော့ပါဘူး။ ဒါနဲ့တောင်  ဇူလိုင် ၃၁ရက်မှာ ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲမှာ သူအနိုင်ရပုံက ပမာပြရရင် ကင်းမြီးကောက်နဲ့ ဖါးလိုပါပဲ။ရက်စက်မှုတွေ ခက်ထန်မာကြောမှုတွေ  အာဏာရှင်ဆန်မှုတွေ အဂတိလိုက်စားမှုတွေ သူ့ ပင်ကိုယ်စရိုက်အတိုင်း ပေါ်လွင် ထင်ရှားခဲ့တယ်။

ရှေးလွန်လေပြီးသော ၁၉၈၀ခုနှစ်များဆီက ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ပြီး ရိုဒီးရှား ( Rhodesia ) ရယ်လို့ နာမည်တွင်ခဲ့တာပါ။ မူဂါဘီ ဟာ ဇင်ဘာဘွေနိုင်ငံရဲ့ ပထမမြောက် တဦးတည်းသော သမ္မတပါပဲ။သက်ဦးဆံပိုင် ဘုရင် စံနစ်မျိုးနဲ့ သူ့နိုင်ငံကို အုပ်ချုပ်ခဲ့တယ်။ဖမ်းဆီး ထောင်ချမှုတွေ ဖိနှိပ်ချုပ်ချယ်မှုတွေ သုတ်သင်သတ်ဖြတ်မှုတွေ ပြည့်နက်ခဲ့တယ။် တချိန်က စီးပွားရေးကောင်းနေတဲ့ နိုင်ငံဟာ သူ့လက်ထက်မှာ လျောကျ ထိုးဆင်းသွားတယ်။ရွေးကောက်ပွဲ သုံးခုမှာ အားလုံး သူက အဂတိလိုက်စားပြီး  မဲခိုးခဲ့တာချည်းပါပဲ။တော်တော်လေးကို ကြေကွဲ ၀မ်းနည်းဖွယ် ဖြစ်ရပ်တွေနဲ့ ကြုံဆုံခဲ့ရတာပါ။ အဘက်ဘက်က ယိုယွင်းကျဆင်းသွားတာပါပဲ။ အမှန်တော့ ဒီဖြစ်ရပ်တွေအပေါ် မူဂါဘီကိုပဲ သက်သက်ကြိး  အပြစ်တင်လို့ မရပြန်ပါဘူး။ ဒီမိုကရေစီရဖို့ သာတူညီမျှ အခွင့်အရေးတွေ ရဖို့ ငြိမ်းချမ်းရေးရဖို့  စတဲ့ အိမ်မက်တွေကို မက်နေကြတဲ့ အာဖရိက သမဂ္ဂ (African Union)ရယ် တောင်အာဖရိက အစိုးရတွေရယ် ကြောင့်ပါ လို့ အပြစ်တင်ရင် ရနိုင်ပါတယ်။

တောင်အာဖရိက အစိုးရတွေနဲ့ အာဖရိက သမဂ္ဂ ဟာ မူဂါဘီကို သိပ်လိုလားကြတာတော့ မဟုတ်ပါဘူး။ဆယ်စုနှစ် တခုစာမက ဗရမ်းဗတာလုပ်ခဲ့တာ  တန်စိုးလက်ဆောင်တွေပုံသြပြီး သူ့လျှောက်လမ်းကို ဖြောင့်ဖြူးအောင် လုပ်ခဲ့တာ  ပြီးတော့ ၂၀၀၈ခုနှစ် ရွေးကောက်ပွဲကို သွေးအတိ ပြီးစေခဲ့တာ အားလုံးက မျက်မြင်ကိုယ်တွေ့  သိနေကြလို့ပါပဲ။ သို့သော်လည်း ဇင်ဘာဘွေ နိုင်ငံဟာ လူဦးရေ ၁၂သန်းရှိပါတယ်။အရည်အချင်း မပြည့်ဝတဲ့ မှတ်ပုံတင်ဌာန  ပြသနာ ရှိတာကြောင့် နိုင်ငံရဲ့ ၆နေရာ ရှိ လူဦးရေ တသန်းကျော်ဟာ မှတ်ပုံတင် မရှိပါဘူး။ ကျန်တသန်းလောက်ပဲ မှတ်ပုံတင်နဲ့ မဲဆန္ဒ ပေးနိုင်ကြတယ်။ဇင်ဘာဘွေ သုတေသနအဖွဲ့နှင့် ရှေ့နေများအဖွဲ့ က ထောက်ပြရာမှာ မဲဆန္ဒရှင် တသောင်းကျော်ဟာ သေဆုံးသွားသူများလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ် နိုင်ငံထဲမှာ ကြာရှည်နေထိုင်ခြင်းမရှိသူ ဖြစ်နိုင်တယ်လို့ ဆိုတယ်။တချို့ ဒေသမှာတော့ နှစ်ယောက် တယောက် မဲပေးသူ သာများ လာတာ တွေ့မြင်ရတယ်တဲ့။ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန် ကြေညာရာမှာ Harare   မြို့အတွင်း အနည်းဆုံး မှတ်ပုံတင်ရှိသူ မဲဆန္ဒရှင် ၃၀၅၀၀၀ ဟာ မဲရုံတွေဆီမသွားပဲ ရှောင်လွှဲခဲ့ကြတယ်လို့ ဆိုတယ်။
ယူအက်စ် ၊ ဗြိတိန်၊ သြစတြေးလျား ၊ အီးယူ နှင့် အခြား အနောက်နိုင်ငံတွေကတော့ မဲရုံတွေဟာ  မသမာဘူး။ လိမ်ညာမှုရှိတယ် လို့  သံသယရှိခဲ့ကြတယ်။ယူအက် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း “ဒီရွေးကောက်ပွဲ ရလဒ်ဟာ ဇင်ဘာဘွေ လူထုကို ကိုယ်စားမပြုဘူး သိပ်ကို ရှုပ်ထွေးနက်နဲတယ် “ လို့ ဝေဖန် ထောက်ပြခဲ့တယ်။ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျှံဟေ့ခ်ျ ကလည်း ရွေးကောက်ပွဲ ရလဒ်အပေါ် လုံးဝ အယုံအကြည်မရှိပါဘူး တဲ့။မူဂါဘီ ရှက်ဖွယ်လို့ မြင်ခဲ့ကြတယ်။ မဲအရေအတွက်တွေက ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့  တော်တော်လေး ကွာခြားနေတယ်။

အဖရိက တောင်ပိုင်း နိုင်ငံကလေး ဘော့စ၀ါးနား (Botswana)ကတော့ ဒီရွေးကောက်ပွဲကို ငြင်းဆိုလိုက်ပြီး 
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ" ကို လိုလားကြောင်း ပြောဆိုခဲ့တယ်။
တောင်အာဖရိက သမတ ဂျက်ကော့ဘ်  ဇူးမားကတော့ တမျိုး တဘာသာပါ။ မူဂါဘီ ကို ချီးကျူးထောပနာပြုလိုက်ပြီး အောင်မြင်မှုကို ၀မ်းသာကြောင်းလှိုက်လှိုက်လှဲလှဲ ပြောဆိုလိုက်တဲ့အပြင် ဒီရလဒ်ဟာ ဇင်ဘာဘွေလူထု ရဲ့ ဆန္ဒအမှန်ဖြစ်ကြောင်း ဂျွန်ကယ်ရီ ကို တုံ့ပြန်လိုက်တယ်။မူဂါဘီဟာ အလုပ်လုပ်ရာမှာ ပါးနပ်လိမ္မာမှု ရှိတယ် စီမံဆောင်ရွက်ပုံ သေချာစေ့စပ်တယ်လို့ ဂုဏ်ပြု ပြောဆိုသေးတာပါ။ဒါပေမဲ့  ဇူးမား တယောက် လွဲချော်မှားယွင်းနေပြီ။  ဇင်ဘာဘွေ ရဲ့ ဒီမိုကရေစီ ဟာ တခါတုံးကလို ကျိုးကြေသွားပြီ။အနာတရ ဖြစ်သွားပြီ။

တောင်အာဖရိက သတင်းစာ Business Day က  ခေါင်းကြီးပိုင်း  ရေးသားရာမှာ ရွေးကောက်ပွဲကတော့ အကွေ့အကောက် အရှုပ်အထွေးတွေနဲ့ ပြီးသွားပါပြီ။ယဉ်ယဉ်ကျေးကျေးပါပဲ။  ဒါပေမဲ့ စိတ်ပျက်စရာကောင်းတယ် တဲ့။”ကျုပ်တို့ သမတကြီးကတော့ ပြသနာကို မြင်အောင်မကြည့်တတ်ဘူး။စိတ်ပူပန်မှုလည်း ဖြစ်ပုံ မရဘူး “ တဲ့။ဇူးမားကတော့  ထူးခြားတယ် ပြောရမှာပါ။သူ့ထောက်ခံချက်နဲ့ တောင်အာဖရိက ဟာ အိမ်နီးချင်းနိုင်ငံတွေကို ရေနံ လျှပ်စစ်နဲ့ အခြေခံလူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးပေးပါတယ်။မူဂါဘီအုပ်ချုပ်မှုအောက်က ဇင်ဘာဘွေကို အထောက်အကူပေးခဲ့တယ်။တကယ်တော့ တောင်အာဖရိကဟာ ဒီံအယင်က စီးပွားရေး ပြေလည်ခဲ့တာမဟုတ်ပါဘူး။ပြသနာက ဇူးမားအယင် သမတ သာဘိုဘီကီ(Thabo Mbeki)လက်ထက် ငြိမ်းချမ်းသော သံတမန်နည်းလမ်းနဲ့ အပြုသဘောဆောင်သော စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုများဖေါ်ဆောင်ပေမဲ့လည်း တောင်အာဖရိကရဲ့ လူမျိုးရေးခွဲခြားမှုစနစ်က  အတားအဆီးဖြစ်စေခဲ့တာပါ။ စေ့စပ်ဖြေရှင်းဖို့နည်းလမ်းတွေ ရှာဖွေကြဖို့ သမတရေဂင် က ထုတ်ဖေါ်ပြောဆိုခဲ့တယ်။မူဂါဘီကလည်း လှုံ့ဆော်ခဲ့တယ်။

တောင်အာဖရိကရော ဇင်ဘာဘွေပါ ယခင်က ဗြိတိသျှ ကိုလိုနီနယ်မြေဒေသအဖြစ် သမိုင်းအစဉ်အလာ နီးစပ်တဲ့ ဆက်နွယ်မှုတွေ ရှိခဲ့ပြီးပါ။ နိုင်ငံနှစ်ခုစလုံးကို  လွတ်လပ်ရေးပေးခဲ့ပေမဲ့ လက်မလွှတ်သေးဘဲ တပြိုင်တည်း အတူထားရှိခဲ့တယ်။ မိုင်းတွင်းနဲ့သကြား ကုန်ပစ္စည်းများအတွက် ကြွေးမြီ ကိစ္စတွေ ရှိနေတာကြောင့်ပါ။

နှစ်များစွာ ရုံးကန်ခဲ့ရပြီး အာဖရိကအမျိုးသားကွန်ဂရက် (African National Congress,ANC) ရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပြီး နောက် မူဂါဘီဟာ သူ့ လက်တွဲဖေါ် မဟာမိတ်တို့နဲ့ မြဲမြဲခိုင်ခိုင် မူလအချေအနေမှာပဲ  ရှိနေခဲ့တယ်။ဒီမိုကရေစီလိုလားသူ တောင်အဖရိကရဲ့ ANC ကတော့ အကယ်၍ စည်းမျဉ်းဥပဒေချိုးဖေါက်တိုင်းအကြောင်းပြချက် အမျိုးမျိုးနဲ့ ယိမ်းယိုင်ခဲ့ရင် အာဏာရှင် သဘောမျိုး သက်ရာက်မှု ရှိနိုင်ကြောင်း သတိပေးပြောဆိုခဲ့တယ်။ ဆယ်စုနှစ်တခုစာ ကုန်ဆုံးသွားပြန်လည်း နိုင်ငံရေးကတည်ငြိမ်ဆဲ၊  မူဂါဘီ အောက်မှာ ငြိမ်ဝပ်ပိပြားနေဆဲပါပဲ။ ဒါပေမဲ့ မနှစ်မျို့ မှုတွေကတော့ တိုးတိုးတိတ်တိတ် ပဲ့တင်ရိုက်ခတ်နေတာပါ။  ၂၀၀၈ခု ရွေးကောက်ပွဲ နောက်ပိုင်း မူဂါဘီဟာ နိုင်ငံအချေအနေကို ခပ်မဆိတ် မသိကျိုးကျွံ နေခဲ့တယ်။နောက်ပိုင်းဖြစ်ပေါ်လာတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေမှာ အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် လူ၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြတယ်။ ၂၀၀ က ပျောက်ဆုံးသွားတယ်။တောင်အာဖရိကနဲ့ ဘော့စ၀ါနာ မှာ( ၂၅၃၀၀ ကျော်) ဇင်ဘာဘွေ သားတွေ သောင်းချီ ပြောင်းရွှေ့ နေထိုင်ကြတယ်။ဒါ့ကြောင့် နိုင်ငံခြားသားမုန်းတီး တိုက်ခိုက်မှု ကြီးထွားလာခြင်း  (Xenophobic attacks)။စီပွားရေး ကျဆင်းလာခြင်း အလုပ်အကိုင် ရှားပါးခြင်း ကျန်းမာရေးချို့တဲ့ခြင်း စတာ တို့ ကို ဖြစ်ပေါ်စေတယ်။

ဇူးမားက ဒါတွေအားလုံး  သိပါတယ်။ သိပေမဲ့  မလှုပ်ပါဘူး။ ဂရုမစိုက်ပါဘူး။
သြဂုတ်လ ၂ရက် သတင်းစာ ကွန်ဖရင့်မှာ ယခင် နိုက်ဂျီးရီးယား သမတ Olusegun Obasanjo နှင့် AU (African Union) ရဲ့ ရွေးကောက်ပွဲ ကော်မရှင် က 
လွတ်လပ်သော မျှတသော ယုတ္တိရှိသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြောဆိုခဲ့တယ်။သူက တဖန် ဒီမျှ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲမျိုး ကျွန်တော့်တသက် မမြင်ဖူးဘူး လို့ ဖြည့်စွက် ပြောကြားခဲ့တယ်။
AU ရဲ့ သဘောထားဟာ နှေးကွေးလေးလံသော်လည်း  လက်တွေ့ကျတယ်လို့ ဆိုပါတယ်။ဒီမိုကရေစီ အတွက် အလုပ်လုပ်တယ်ဆိုသော်လည်း အသွင်ပြောင်းလဲဖို့  စိတ်ရှည် သည်းခံမှု လိုအပ်နေတယ်။ 
ဇင်ဘာဘွေမှာ ဖြစ်ပွားခဲ့တဲ့  ရွေးကောက်ပွဲ  ကို အတုယူလို့ မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ ရွေးကောက်ပွဲ မှန်ကန်ကြောင်း ဘာ့ကြောင့် ထောက်ခံနေကြတာလဲ။ ဘာ့ကြောင့်လဲ။
၂၀၀၂ခုမှာ အာဖရိက သမဂ္ဂ ကို Thabo Mbeki က စတင် တည်ထောင်ခဲ့တယ်။ရှေးအခါက တော့ Organization of African Unity (OAU)  အဖွဲ့အစည်း  ဆိုတာ ရှိခဲ့တယ်။

၁၉၆၃ခုမှာ တုံးက ဂါနာသမတ Nkrumah က ဦးဆောင် ထူထောင်ခဲ့တာပါ။ဒါပေမဲ့ ကြွေးမြီ ကိစ္စ အရှုပ်အထွေး ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်။တောင်အာဖရိက သတင်းစာသမားနဲ့ နိုင်ငံရေးအကဲခတ် ကျွမ်းကျင် ပညာရှင် R.W Johnson က သူရေးသားတဲ့ “South Africa’sBrave New World “ အမည်ရ စာအုပ်မှာ
“OAU အကြီးအကဲတွေဟာ ကိုလိုနီနိုင်ငံမဟုတ်ဘူး ကြားဝင် မနှောင့်ယှက်နိုင်ဘူး ဆိုပြီး ဂုဏ်တက်မာန်ရစ်နေကြတယ်။ “ဘာပဲဖြစ်ဖြစ် ကြမ်းကြုတ်ရက်စက် ခက်ထန်မှုကတော့ သရဖူ ဆောင်းတုံးပဲ “ လို့ ဖေါ်ပြ ရေးသားခဲ့တယ်။

OAU ဟာ လူမမာလို သေငယ်ဇောနဲ့ မျောနေတာမို့ ပြန်လည်ရှင်သန်လာဖို့ ခွန်အား လိုအပ်နေကြောင်း  AU ရဲ့ အပြောင်းအလဲကာလ ၂၀၀၂-၂၀၀၃  အတွင်း AU ကို အုပ်ချုပ်ခဲ့သူ Mbeki က  သဘာပတိမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တယ်။
အဲဒီနောက် ဆူဒန်နိုင်ငံမှာလည်း ထူးထူးခြားခြားသတင်းမီဒီယာ  ပဋိပက္ခတွေ ရှိနေဆဲပါ။
 Mbeki ရဲ့ စိတ်ကူးက အာဖရိက နှစ်နိုင်ငံကို တွန်းတွန်းတိုက်တိုက်  မိမိရရ ဆုတ်ကိုင်ထားဖို့ ဖြစ်တယ်။ သူက သူ့ကိုယ်သူ အမြဲတမ်း ညီညာပြန့်ပြူးနေတဲ့ အာဖရိက ပုံရိပ်ကို မို့မောက်သွားစေပြီး အာဖရီကဲန် ရီနေဆင်ခေတ်ကို (African  Renaissance )  စိတ်ကူးယဉ် ပုံဖေါ် မျှော်မှန်းနေတာပါ။တောင်အာဖရိကမှာ ဆယ်စုနှစ်ကာလတခုလုံး  တခြားအလုပ်တခုဖြစ်တဲ့ UN ရဲ့ အထွေထွေ အတွင်းရေးမှူး နေရာကို ရယူဖို့ ကြိုးစား နေတယ်။ The Economist စာစောင်က Unflattering 2005 profile မှာ “Mbeki ဟာ  အာဖရိကရဲ့ သံကြီးတမန်ကြီးအဖြစ် ကမ္ဘာကိုခြေဆန့် တိုးဝင်ချင်သူလို့ ထင်မြင်ချက်ပေးလိုက်တယ်။
OAU ထက်ပိုပြီး AU က စစ်ပွဲတွေနဲ့  တလကြမ်း နပမ်းလုံးနေတဲ့ နိုင်ငံတွေကို  AU အနေနဲ့ သိသိသာသာကြီး ကြားဝင် ဖြေရှင်း ပေးချင်တါပါ  ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ပေးချင်တာပါတဲ့။  သတင်းစာဆရာ Brian Pottinger က The Mbeki Legacy ဆိုတဲ့ သူ့စာအုပ်မှာ “စံပြုထိုက်တဲ့ ပုဂ္ဂိုလ် ပါပဲ” လို့ ပွင့်ပွင့်လင်းလင်း  ရေးသားခဲ့တယ်။
အဖွဲ့အစည်းရဲ့ ၁၀နှစ်မြောက် ၂၀၁၂ခုနှစ်မှာတော့ Mbeki ဟာ ညှိုးနွမ်းပျက်ပြယ်တော့မဲ့  AU  လို့ ရေးသားလိုက်တယ်။အနောက်နိုင်ငံတွေရဲ့ လက်ကိုင်ဒုတ် ဖြစ်လာပြီလို့ ဆိုတယ်။ Mbeki က အာဖရီကဲန်ရဲ့ ပြသနာဟာ မလွယ်ဘူး အနာတရဖြစ်နေပြီ တဲ့။ဥပမာ (၂၀၁၁ က လစ်ဗျားကို UN က စွက်ဖက်  ကြားဝင်ခဲ့လို့ သူက ဒေါသဖြစ်နေတာပါ။)သူက ဒီ့အတွက်နဲ့ တော်တော်လေး မအီမသာ ဖြစ်နေတာကိုး။
ဇူးမားရဲ့  ဇနီးဟောင်း  Nkosana Dlamini-Zuma က AU ရဲ့  သဘာပတိ ဖြစ်နေချိန်ပေါ့။တောင်အာဖရိက လွတ်တော်အမတ်နေရာအတွက် မမျှော်လင့်ပဲ ပြသနာဖြစ်လာတယ်။ ပြင်သစ်စကားသာ အသုံးများတဲ့ တောင်အာဖရိကနိုင်ငံတွေမှာ ဘာသာစကားက  အရေးကြီးနေတယ်။ 
တောင်အာဖရိကရဲ့ ပထမ အမျိုးသမီး သမတ ချက်ခြင်း  အနိုင်ရဖြစ်လာဖို့ ဆိုတာ စိတ်ကသိကအောက်ဖြစ်စေတယ်။ဘာ့ကြောင့်လဲဆိုရင် Mbeki က သမတနေရာအတွက်  အမျိုးသမီးအမည်စာရင်း တင်သွင်းခြင်းကို ဆန့်ကျင်နေလို့ပါ။

၂၀၀၈ခု ဇင်ဘာဘွေ ရွေးကောက်ပွဲ အပြီးမှာ  သတင်းစာဆရာ Dianna Games က Business Day သတင်းစာမှာ AU ဟာ အရာရာတိုင်းမှာ  သူ့ရဲ့ သြဇာအာဏာကို မြဲမြဲ ဆုတ်ကိုင်ဖို့ အဓိကထားတဲ့အတွက် သဘောထားကွဲလွဲမှု ဖြစ်ပေါ် လာနိုင်တယ်  လို့ ရေးသားခဲ့တယ်။အချိန် ၅နှစ် ကုန်လွန်သွားပေမဲ့ ဘာမှ ပြောင်းလဲမှု မဖြစ်ခဲ့ပါဘူး။Mbeki ဟာ အခြားသော အာဖရိက ခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံရာမှာ လူသိထင်ရှား ဝေဖန်ခံနေရတယ်။ AU ဟာ ကနေ့အထိ ဒီလိုပဲ ဆက်လက် သွားလျက်ရှိနေတယ်။
ရိုက်တာသတင်းဌာနက  ခရစ် ချီနာကာ  က မှတ်ချက်ပြုရာမှာ  ” ဇူးမားဟာ   ရွေးကောက်ပွဲ မှာ မူဂါဘီ အနိုင်ရ အောင်မြင်မှုကို လိုလိုလားလား ထောက်ခံ အားပေးခဲ့တယ်။နိုင်ငံတကာ အမြင်မှာတော့ မယုတ်မလွန်ပါပဲ။ ဒီမိုကရေစီ  ရွေးကောက်ပွဲအတွက်   ကုန်ကျမဲ့ စရိတ်ကို  AU က ကောင်းကောင်းကြီး ထောက်ပံ့ခဲ့တာလို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတယ်။ AU ဟာ ဒီရလဒ်မျိုး ထွက်ပေါ်လာခြင်းကို အတော်လေးစိတ်အာထက်သန်စွာ နွေးနွေးထွေးထွေးရှိခဲ့တယ်ဆိုတာ ကြည့်လိုက်ရင် အလွယ်နဲ့ သိနိုင်ပါတယ်။

နောက်ဆုံးအကြိမ် မှာတော့ မူဂါဘီ အတွက် ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုကို ကိုယ်တိုင် ခံစားတွေ့ထိ လိုက်ရပြီဖြစ်တယ်။ ဇင်ဘာဘွေအတွက်သာ မက ဘူး။ ဒေသတွင်း နေရာများနဲ့ တောင်အာဖရိက တိုက်တတိုက်လုံးနဲ့ သက်ဆိုင်နေတာပါ။ ဇင်ဘာဘွေ ဟာ စီးပွားရေးက ဘုံးဘုံးလဲနေရတဲ့အထဲ ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုတွေ မတည်မငြိမ် ဆူပွက်မှုတွေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မယုံကြည်နိုင်လောက်အောင် ဖြစ်ပွားခဲ့တာမဟုတ်ပါလား။
အကယ်၍များ သင်သာAU မှာ သြဇာအာဏာရှိသူ ဖြစ်ခဲ့ရင် အဲဒီမှာ သင် ပျော်ပျော်ကြီး ကြည့်နေနိုင်မလား။သင့် အုပ်ချုပ်မှု သမိုင်းမှတ်တမ်းမှာ သင်ဘယ်လို ရေးထိုး မလဲ။ မေးပါရစေ။
R.W .JOHNSON က “AU က အာဏာရှင် အုပ်စိုးမှုကို လိုလားနေတာဖြစ်တယ်။   ၂၀၀၂ခု မက်ဒကာစကား နိုင်ငံ သမတ ရွေးချယ်ပွဲမှာ မက် ရာဗာလိုမာနာနာ က AUကို ပါဝါမပေးခဲ့ပါဘူး။ ခွင့်မပြုခဲ့ပါဘူး။    ဒါ့ကြောင့်လည်းသူ့ခမြာ အရာမရောက် အချည်းနှီး ဖြစ်ခဲ့ရတယ်။ မာဒကာစကားနိုင်ငံရဲ့ အဆင့်မြင့်  ဥပဒေပြု  လွှတ်တော်မှာ  အချေအတင်ဖြစ်ခဲ့တယ်”လို့ ဆိုပါတယ်။   ဂျွန်ဆင် သံသယဖြစ်တာက AU ဟာ နိုင်ငံကို ၃၃နှစ် အုပ်ချုပ်လာတဲ့  မူဂါဘီလိုပဲ  သမတရွေးပွဲ ရှုံးနိမ့်သူ ဒီဒီရာရက်ဆီ ရာကာ နှင့် ဧကာစာရီ ကျင့်သုံးခဲ့တယ်  တဲ့။ 

တိတ်ဆိတ်ငြိမ်သက်တဲ့ သုတ်သင်ဖယ်ရှားမှုလား။AU ကတော့ သက်ကြီးရွယ်ပျိုတွေလို့ ဆိုရပါတော့မယ်   တဲ့။ ဂျွန်ဆင်က ရေးပါတယ်။ ဝေဖန်မှုတွေ ပြင်းထန်နေဆဲပေမဲ့ တောင်အာဖရိက ကတော့ ဆက်လက် မောင်းနှင်အား ကောင်းတုံးပါပဲ။ဂျွန်ဆင်ကတော့ ၂၀၀၁ခု ဒီဇင်ဘာလကို ပြန်သွားနေပါတယ်။လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားသူ များက  ဥပါယ်တမည် ကြံစီဖန်တီးခြင်းမပြုရန် မူဂါဘီရဲ့ လူ့ အခွင့်အရေး ချိုးဖေါက်မှုကို ရပ်ဆိုင်းရန် တောင်းဆိုထားပါတယ်။

တကယ်တမ်းပြောရရင် ခေတ်မီ AU အဖွဲ့အစည်းကတော့ ဟို ရှေးက အာဖရိက ပုံရိပ်ကို ပြန်ပြောင်းသတိရနေတာပါ။ နိုင်ငံရေးသမားတွေကလည်း အတော်ကြီး သတိကောင်းကောင်း ထား ပြီး အဆင့်မြင့်မြင့် တန်ဘိုးကြီးကြီး ထားပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။ ဟိုတခါတုံးကလို AU ကို ကယ်တင်ဖို့ မလိုတော့ပါဘူး။လိုအပ်တာက ခေါင်းဆောင်ပိုင်းတွေကိုပါ။အာဖရိကဟာ အစွမ်းအစရှိပါတယ်။ ဆယ်စုနှစ်တခုအကျော် အချိန်မလွန်ခင်  တောင်အာဖရိကဟာ ဇင်ဘာဘွေနဲ့  ရင်းနှီးချစ်ကြည်စွာ ထိတွေ့ ဆက်ဆံ မဲ့ မူဝါဒတခုချမှတ်ဖို့ သတိပေးထားပါပြီ။ ဒါပေမဲ့ အမှန်က ကြေကွဲစရာကောင်းအောင်  နောက်ကျနေတာဖြစ်တယ်။
ဒီမိုကရက်တစ် အစိုးရ အဖြစ် ဖေါ်ဆောင်ဖို့ ဒီရွေးကောက်ပွဲကို  သက်သေပြ အသုံးချ  လိုက်သလို  AU အဖွဲ့ဟာ မှားယွင်းတဲ့ အပြုအမူကနေ ခ၀ါချ  အကောင်းဘက်ကို ပြန်လည် ဦးတည် ပေးမဲ့ စွမ်းနိုင်သူတွေ  ပေါ်ထွန်း ရှိလာနိုင်ပါလိမ့်မယ်။      ။

FLORIST
Mugabe's Shameful Protector - By Roy Robins (Foreign Policy)

No comments: