ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ဘရာဇီးအမျိုးသားအသင်း graffiti art ခြယ်မှုန်းထားတဲ့လေယာဉ်စီးမယ်
ဘရာဇီးနိုင်ငံသားတွေဟာ ကမ္ဘာ့ ရေပန်းအစားဆုံးလူမျိုးဖြစ်နေတယ် လို့ ဆုံးဖြတ်သတ်မှတ်ရမယ့်နောက်ထပ်အကြောင်းပြချက်တစ်ခုရခဲ့ပြန်ပါပြီ။ ကမ္ဘာ့ဖလားပွဲမှာ သူတို့ရဲ့ ဘရာဇီးအမျိုးသားအသင်းကို သယ်ဆောင်စီးနင်းစေမယ့် လေယာဉ်ဟာ အလွန့်အလွန်ထူးခြားလှတဲ့ graffiti art လက်ရာတွေခြယ်မှုန်းထားတဲ့လေယာဉ်ဖြစ်နေခဲ့လို့ပါ။ breakdancer တွေကနေ graffiti artist ဖြစ်လာကြတဲ့ ဘရာဇီးနိုင်ငံ São Paulo ဖွား အမွှာညီအစ်ကို Os Gemeos တို့ဟာ မှုတ်ဆေးဗူး ၁၂၀၀ အသုံးပြုကာ သူတို့ရဲ့ ရေးဟန်အတိုင်း အရောင်စုံစတိုင်လ်အပြည့် ဘိုရင်း ၇၃၇ လေယာဉ်မှာ ခြယ်မှုန်းထားခဲ့ကြတယ်။ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ အသားဝါဝါဇာတ်ကောင်လေးတွေ မပါမဖြစ်ဆွဲထားပါတယ်။ အော့တာဗီယို နဲ့ ဂူစတာ့ဗို တို့ ပြောတာက အဲဒီဇာတ်ကောင်လေးတွေက သူတို့ရဲ့ အိပ်မက်တွေကိုလွှမ်းမိုးစေတဲ့အမှတ်အသားလို့ ဆိုတယ်။ အမွှာညီအစ်ကိုဟာ ဘရာဇီးနိုင်ငံရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ခေတ်ပြိုင်အနုပညာရှင်နှစ်ဦးပါ။ ဈေးသက်သာတဲ့ ဘရာဇီးလေကြောင်းလိုင်း GOL က အလုပ်အပ်ခဲ့တာပါ။ အဲဒီလေယာဉ်ဟာ FIFA World Cup စတင်တဲ့ ၁၂ ရက်နေ့ကနေ ကမ္ဘာ့ပွဲစဉ်တွေမှာ ဘရာဇီးအမျိုးသားဘောလုံးအသင်း နိုင်ငံအတွင်းဟိုဟိုဒီဒီ ဘောလုံးပွဲစဉ်တွေသွားတဲ့အခါ အသုံးပြုဖို့ပါ။ graffiti art နဲ့ လေယာဉ်ကိုခြယ်မှုန်းမယ့် စိတ်ကူးကို ကိုယ်ပိုင်စိတ်ကူးနဲ့ပဲ ဖန်တီးဖြစ်ခဲ့တယ်လို့ အမွှာနှစ်ဦးက artnet news နဲ့ အမေးအဖြေမှာ ပြောခဲ့ပါတယ်။ ဒီဇိုင်းရဲ့ theme ကတော့ "ဘရာဇီးဖြစ်တည်မှု၊ ဒီမိုကရေစီ နဲ့ အမျိုးမျိုးအထွေထွေကွဲပြားခြင်း" ကို ပြချင်တာလို့ဆိုတယ်။ ကမ္ဘာ့ဖလားပြီးဆုံးပြီးနောက် ၂ နှစ်အကြာခန့်အထိ ဒီလေယာဉ်ကို အဲဒီ graffiti art တွေနဲ့ပဲအသုံးပြုပျံသန်းသွားမယ် လို့ GOL တာဝန်ရှိသူတွေပြောပါတယ်။
Source : CNN Travel
ဟန်ဂေရီမှ ကမ္ဘာ့အမြင့်ဆုံး Lego မျှော်စင်
ပလပ်စတစ် lego တုံးလေးတွေနဲ့ လေးထောင့်သေတ္တာလေးတစ်ခုအရွယ်အစားလေးတွေပေါင်းစုပြီး ရှည်လျားလျားမြင့်တက်လာခဲ့တာဟာ ကောင်းကင်ဆီ အမြင့် ၃၆ မီတာထိတောင်ရောက်ရှိသွားပါတယ်။ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ်မှာပါ။ ပြီးခဲ့တဲ့မေလ ၂၅ ရက်နေ့က ၁၁၄ ပေ မြင့်တဲ့ မျှော်စင်ပြီးစီးခဲ့တယ်။ အဲဒီမျှော်စင်ဟာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ ကမ္ဘာ့အမြင့်အရှည်ဆုံးကလေးကစားစရာပုံစံအဖြစ် တရားဝင်ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Delaware မှာ ယူအက်စ်ကျောင်းသားလေးတွေအကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ၃၄.၄ မီတာရှည်လျားတဲ့မျှော်စင်ရဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့တာပါ။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်း ပြောရေးဆိုခွင့်ရှိသူက "ချိတ်ဆက်ထားတဲ့ပလပ်စတစ်တုံးလေးတွေနဲ့ အရှည်လျားဆုံးပုံစံဖြစ်အောင်တည်ဆောက်နိုင်ခဲ့တယ်" လို့ မျှော်စင်လေးရဲ့မြင့်မားမှုကို ချီးကျူးပါတယ်။ မေလ ၂၅ ရက်နေ့က တရားဝင် စာရင်းသွင်းမှတ်တမ်းတင်ခဲ့ပါပြီလို့ သူကပဲပြောပါတယ်။ Magic Cube လို့ မူလကခေါ်ဆိုခဲ့တဲ့ Rubik's Cube ဟာ ဟန်ဂေရီယန် ပန်းပုဆရာ၊ ဗိသုကာပညာရှင် ပရော်ဖက်ဆာ Ernő Rubik ၁၉၇၄ ခုနှစ်က တီထွင်ခဲ့တဲ့ 3D combination puzzle တုံးလေးပါ။ အခု Lego မျှော်စင်ရဲ့ ထိပ်ဆုံးမှာ Rubik's cube နဲ့ အဆုံးသတ်တည်ဆောက်ထားခဲ့ကြတယ်။ ဟန်ဂေရီယန် မူလတန်းကျောင်းမှ ကလေးငယ်လေးတွေ ပူးပေါင်းကူညီခဲ့တယ်လို့ ဟန်ဂေရီဒေသခံသတင်းဝက်ဘ်ဆိုက်တွေမှာ ရေးသားဖော်ပြခဲ့ကြတယ်။ မျှော်စင်ကို ဘူဒါပက်မြို့တော် ရိုမန်ကက်သလစ်ဘုရားရှိခိုးကျောင်း St. Stephen's Basilica ရှေ့မှာ တည်ဆောက်ခဲ့ကြပြီး lego တုံးလေးတွေနဲ့ ချိတ်ဆက်ပြုလုပ်ထားတဲ့ block ပေါင်း တစ်သိန်းကျော်အသုံးပြုခဲ့ကြတယ်။
ကန့်ကွက်ငြင်းဆန်သံတွေကြားထဲမှာပဲ 9/11 အောက်မေ့ဖွယ်ရာ ပြတိုက်ဖွင့်လှစ်ခဲ့
၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီး ပြိုကျပျက်စီးခဲ့တဲ့ Twin Towers နေရာ မှာ တည်ဆောက်ခဲ့ကြတဲ့ National September 11 Memorial & Museum (9/ 11 Memorial Museum) ကို မေလ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲမတိုင်ခင်အောက်မေ့ဖွယ်အခမ်းအနားမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ရှင်သန်လွတ်မြောက်ခဲ့သူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့သားတွေတက်ရောက်ခဲ့ကြတယ်။ သမ္မတအိုဘားမားကပြောပါတယ် "ကုစားမှု နဲ့ မျှော်လင့်ချက်အတွက် အလေးထားအပ်တဲ့နေရာ" ဟာ အခုထိတိုင်မွေးဖွားမလားသေးတဲ့ မျိုးဆက်တွေအတွက် ယူအက်စ်မြေလွှာပေါ်မှာတိုက်ခိုက်ခဲ့တဲ့ အဆိုးဝါးဆုံးအကြမ်းဖက်မှုအကြောင်း ဘယ်တော့မှမေ့မသွားတော့ဘူး"တဲ့။ ကျောစိမ့်ကြောက်လန့်စရာ၊ ဝမ်းနည်းစရာနေရာနှစ်ခုက အောက်မေ့ဖွယ်ပြခန်းဟာ ဧည့်သည်တွေကို လွန်ခဲ့တဲ့ ၁၃ နှစ်က မိုးတိမ်ကင်းစင်နေတဲ့ တစ်မနက်ခင်း အပိုင်စီးလေယာဉ်တွေရောက်မလာခင်၊ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမပြိုကျခင်အချိန်ပိုင်းအထိခေါ်ယူသွားပါလိမ့်မယ်။ အဲဒီနေ့ကအခမ်းအနားမှာ နယူးယောက်အုပ်ချုပ်ရေးမှုး အန်ဒရူးချုရိုမို၊ နယူးယောက်မြို့တော်ဝန်ဟောင်းတွေဖြစ်တဲ့ မိုက်ကယ်ဘလွန်းဘာဂ့် နဲ့ ရူးဒေါ့ဂူလီယာနီနဲ့ သေကြေဆုံးပါးခဲ့ကြသူ ၂၇၀၀ ကျော်ရဲ့ ဆွေမျိုးတွေလည်းတက်ရောက်ပါတယ်။ မိန့်ခွန်းမပြောခင်မှာ သမ္မတအိုဘားမားနဲ့ ဇနီးမစ်ရှဲလ်အိုဘားမားတို့ဟာ ပြတိုက်ထဲကို သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ အတွင်းရေးမှူးဟောင်း ဟီလာရီကလင်တန် နဲ့ တခြားဂုဏ်သရေရှပုဂ္ဂိုဟ်တွေလည်း တက်ရောကြတယ်။ 'ဒီကိုလာတဲ့သူတွေ ငယ်ငယ်ရွယ်ရွယ်လူငယ်တစ်ဦးရဲ့ စွန့်လွှတ်အနစ်နာခံမှုကိုမြင်သာအောင်ပြထားပါလိမ့်မယ်။ အသက်များစွာကယ်ဆယ်နိုင်ဖို့ ပြိုကျနေတဲ့အဆောက်အဦအထပ်အပေါ်တွေကိုတက်ပြီးကယ်ဆယ်ခဲ့တဲ့ ဝဲလ်က်စ် ကရောက်သာ ရဲ့ မိခင်က အောက်မေ့ဖွယ်ရာနေရာဟာ "အဲဒီနေ့က လူတွေတစ်ဦးနဲ့တစ်ဦးဘယ်လိုကူညီခဲ့ကြလဲ" ဆိုတာပြသနိုင်မယ့် သင်္ကေတဖြစ်နေခဲ့ပါတယ် လို့ဆိုတယ်။ ပြတိုက်မှာ အမျိုးအစားပေါင်း ၁၂၅၀၀ တားရှိပြီး ၁၉၉၅ ခုဟာ စကားပြောနဲ့ သမိုင်းကိုပြောပြထားတယ်။ နာရီပေါင်း ၅၈၀ ကြာ ရုပ်ရှင်နဲ့ ဗီဒီယိုတွေလည်းပြသထားတယ်။ တိုက်ခိုက်မှုမှာ ဆုံးပါးခဲ့ကြတဲ့ မိသားစုထဲက ဆယ်လရီဂန်ဟာ့ဒ်ကတော့ "ကျမတို့ရဲ့ သားတွေဟာ ဒီမြို့ကလူတွေကိုကယ်ဆယ်ရင်းသေဆုံးခဲ့ကြရတယ်။ သူတို့ ဒီမြို့နဲ့ ဒီတိုင်းပြည်အတွက် သေဆုံးခဲ့ကြတယ်၊ အခုသူတို့က ပြတိုက်တစ်ခုလိုပြင်ဆင်မွမ်းမံပြီး ပြသကြလိမ့်မယ်။ ကျမရဲ့ သားဟာ 9/11 museum အတွက် ဈေးကွက်မြှင့်တင်ရေးကိရိယာ တစ်ခုလိုပဲ အသုံးချခံရတယ်" လို့ ကန့်ကွက်ပြောဆိုပါတယ်။ အဲဒါဟာ ကျမတို့ကို ဝမ်းနည်းပက်လက်ဖြစ်စေတယ်။ စိတ်ထိခိုက်စေပါတယ်လို့ ဆိုတယ်။ လက်ရှိနေရာ ပြတိုက်တည်ဆောက်တာကို ဆန့်ကျင်လိုတဲ့ မိသားစုတွေလည်းရှိနေပါတယ်။ သူတို့ပြောတာက "မြေအောက်ပြတိုက်ဟာ ရေလျှံနိုင်ခြေရှိတယ်။ သချိုင်းတစ်ခုလိုဖြစ်နေတဲ့နေရာအတွက် ပြတိုက်ဝင်ကြေး ၂၄ ဒေါ်လာကောက်ခံတာဟာလည်း မသင့်တော်ပါဘူးတဲ့။ အကြမ်းဖက်တိုက်ခိုက်မှုမှာ လူပေါင်း ၃၀၀၀ နီးပါးသေဆုံးခဲ့ပါတယ်။ ပြတိုက်ရဲ့ ဗိသုကာပညာရှင်ကတော့ နယူးယောက်နဲ့ ဆန်ဖရန်စ္စကိုအခြေစိုက်ကုမ္ပဏီ Handel Architects မှ အစ္စရေးဗိသုကာပညာရှင် မိုက်ကယ်လ်အရာ့ဒ်ပါ။
အရောင်တွေစုံတဲ့ညထဲက ဆစ်ဒနီရဲ့အံ့ဘနန်းအလှ
ဆောင်းရာသီရိုက်ချက်ပြင်းပြင်းခံလိုက်ရတော့ ဆစ်ဒနီမြို့သား ၄ သန်းလောက်ဟာ အအေးဒဏ်ကိုရှောင်ရင်း အိမ်ထဲမှာ နေသားကျအောင်နေခဲ့ရတာပါ။ အခုတော့ နွေးနွေးထွေးထွေး နွေရာသီကာလမှာ ပျော်ရွှင်စရာ အရောင်စုံညတွေ ဖန်တီးကြပါတော့တယ်။ ၁၈ ရက်ကြာ အလင်း၊ ဂီတ နဲ့ စိတ်ကူးတွေမြူးကြွတဲ့ပွဲတော်ညတွေဖြစ်တဲ့ Vivid Sydney ကို မေလ ၂၄ ရက်ကနေ ဇွန် ၁၀ရက်နေ့အထိ ကျင်းပခဲ့ကြတယ်။ ညနေ ၆ ကနေစတင်ပြီး ဆစ်ဒနီ Opera House ၊ Museum of Contemporary Art နဲ့ တခြား အဆောက်အဦကြီးတွေမှာ ကြီးမားလှတဲ့ အရောင်စုံအလင်းတွေထွက်ပေါ်လာအောင် ပြင်ဆင်ဖန်တီးခဲ့ကြတာ အံ့ဘနန်းလှပလွန်းခဲ့ပါတယ်။ ညနေတိုင်း ဆစ်ဒနီမြို့ဒေသခံတွေနဲ့ နိုင်ငံတကာက လာရောက်တဲ့ အနုပညာရှင်တွေကလည်း အလင်းနဲ့အင်စတော်လေးရှင်း၊ 3-D projector တွေအသုံးပြုပြီး ထူးခြားလှပတဲ့အရောင်စုံပုံရိပ်အကွက်ပေါင်း ၁၀၅၆၀၀၀ မှာ အမျိုးမျိုးပြောင်းလဲပြသခဲ့တာပါ။ အဲဒီ Vivid Live အလင်းပွဲတော်က ပြိုးပြိုးပြက်ပြက်အလင်းနဲ့ လိုက်ဖက်တဲ့ဂီတပေါင်းစပ်မှုကို ဂျာမန် အီလက်ထရွန်နစ်ဂီတအဖွဲ့ Kraftwerk က ဂီတသမားတွေဖန်တီးခဲ့ကြတာပါ။ တခြားဖျော်ဖြေတင်ဆက်မှုတွေမှာ ယူကေမှ Joy Division နဲ့ ဂရိ Composer Vangelis နဲ့ သြစတြေးလျ Blue Mountains မှ ရောခ့်အဖွဲ့ Cloud Control ၊ ဆစ်ဒနီမှ electronic music duo "Empire of the Sun" တို့လည်း ပါဝင်ဖျော်ဖြေခဲ့ကြတယ်။ Vivid အစီအစဉ်တွေထဲမှာ ဟောပြောပို့ချမှု၊ workshop နဲ့ ဆွေးနွေးငြင်းခုံမှုပေါင်း ၁၀၀ ကျော်ခန့်လည်းပါဝင်ခဲ့တယ်။ ဖက်ရှင်၊ ရုပ်ရှင်၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဗိသုကာနဲ့ ဒီဇိုင်း ဖန်တီးမှုအနုပညာနယ်ပယ်က ပညာရှင်တွေဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
ဖြိုးဖြိုး
No comments:
Post a Comment