Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 03, 2014

ဓား သွားပေါ်က နှင်းဆီနီ

The Sword and the Rose 
Directed by Ken Annakin
Produced by
Written by Lawrence Edward Watkin (screenplay)
Charles Major (novel "When Knighthood was in Flower")
Starring Glynis Johns
Richard Todd 
Music by Clifton Parker
Studio Walt Disney Productions
Distributed by RKO Radio Pictures
92 minutes
Country USA
Language English

The Sword and the Rose ကို ရိုက်ကူးသူက  ဒါရိုက်တာ Ken Annakin ဖြစ်င်္ပြိး  အဌမမြောက် အင်္ဂလန်ဘုရင် ဟင်နရီ VIII ရဲ့ နှမတော်အငယ်ဆုံး  မေရီ ကျူဒါ ကို နှင်းဆီပွင့်လေးသဖွယ် အလေးပေး တင်စား ဖေါ်ပြ ရိုက်ကူးထားခြင်းဖြစ်တယ်။ သမိုင်းဝင်ဖြစ်စဉ်တခုအပေါ် မူတည်ပြီး ပုံကြီးချဲ့ ရိုက်ကူးထားတယ်။ .မေရီကျူဒါ အဖြစ် Glynis Johns က ပါဝင် သရုပ်ဆောင်ထားပြီး သူမ ချစ်သူ နိုက်သူရဲကောင်းကလေး Charles Brandon, 1st Duke of Suffolk အဖြစ် Richard Todd က သရုပ်ဆောင်ထားတယ်။ (Glynis Johns ဟာ အေ၀မ်းခြံထွက် မင်းသမီး မေမြ နဲ့ အတော်လေး ဆင်တူပါတယ်။)
 1898 က Charles Major ရေးသားတဲ့  When Knighthood Was in Flower  အမည်တွင်ခဲ့တဲ့ ၀တ္ထုစာအုပ်ကို  အခြေခံပြီး ရိုက်ကူးထားတာပါ။

မေရီဟာ နန်းတော်ကြီးကို အသစ်ဝင်ရောက်ခစားလာတဲ့ ချားလ် ဘရန်ဒွန် ကို မေတ္တာသက်ဝင် ချစ်ခင်မိပေမဲ့ အကိုတော် ဟင်နရီ ဘုရင်မင်းမြတ်က တော့ ဘုရင်အို  Louis XII of France နဲ့ လက်ထပ်ထိမ်းမြားဖို့ ပြောဆိုထားတာပါ။ အသက်အရွယ်က ပဓါeမဟုတ်ဘူး။ဒါဟာပြင်သစ်နဲ့ အင်္ဂလန်  နှစ်ပြည်ထောင် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး နည်းလမ်းပါ တဲ့။ ဘုရင်ဟာ အိုမင်းနေပြီဖြစ်လို့ သူ နတ်ရွာစံရင် ညီမတော် လွတ်လပ်စွာ ကြိုက်ရာလူကို လက်ထပ်နိုင်ကြောင်း ချော့ပြောတယ်။

မလိုသူတွေက မေရီ့ကို ချစ်လို့ မဟုတ်ပဲ ရာထူးနဲ့ အာဏာကို မက်မောနေတာလို့ နန်းတွင်းအမတ်တချို့ က လှောင်ပြောင် ရယ်မော ပြောဆိုတာကို ချားလ် ဘရန်ဒွန် က နားမခံနိုင်တော့ပါဘူး။
ချားလ်ဘရန်ဒွန်ဟာ  သူ့ကို မူးမတ်အချို့ က မလိုလားကြောင်းသိရှိသွားတယ်။ ကမ္ဘာသစ်တခုကို သူခရီးထွက်မယ်လို့ေ၇ွှနန်းတော်ကြီ်းနဲ့ ချစ်သူကို စွန့်ခွာ ထားရစ်ပြီး ထွက်လာပေမဲ့ မေရီက မနေပါဘူး။ ယောက်ျားလေး သဏ္ဍာန်ဝတ်စားဆင်ယင်ပြီး သူ့အနောက်ကို လိုက်သွားခဲ့တယ်။
အမှန်ကတော့ တိုင်းပြည်အတွက် အချစ်ကို စွန့်လွှတ်ပြီး အဝေးကို လွှင့်သွားခဲ့တာမို့ မြင့်မြတ်တဲ့ နှလုံးသားရှိသူ လို့ ဆိုရမှာပါ။
   
ဟင်နရီ့လူတွေ သိရာမှာတော့ လိုက်လံ ဖမ်းဆီးကြပြီပေါ့။ ချားလ်ဘရန်ဒွန်ကို လန်ဒန်မြို့က မျှော်စင် ပေါ်မှာ ပြစ်ထားခဲ့ပြီး မင်းသမီးကို ပြန်ခေါ်သွားတယ်။
မင်းသမီးက ဘာကင်ဟန်မြို့စားကို အကူအညီ တောင်းရာမှာ ကူညီချင်ဟန်ဆောင်တဲ့ ဘာ၈င်ဟန်မြို့စား ထပ်မံ သေကြောင်းကြံခဲ့တာပေါ့။ သူကတော့ သိမ်းမြစ်ထဲကို ကျပြီး သေပြီလို့ ထင်မြင်ယူခဲ့တယ်။သူ မသေပါဘူး။
မေရီကတော့ လူးဝစ် ဘုရင်ကြီးနဲ့ အကိုတော် ဟင်နရီ ဘုရင်ရဲ့ အစီအမံ အတိုင်း လက်ထပ်လိုက်ရတယ်။သူတို့သား လူဝီ ဘုရင်ကြီးဟာ ကျန်းမာရေး မကောင်းရသည့်အထဲ အရက်ကို မတည့်ပဲ အလွန်အကျွံ သောက်သုံးခဲ့တယ်။
သူ့ထီးနန်းကို ဆက်ခံခွင့်ရှိတဲ့  ဖရန်စစ်မင်းသားကလည်း  ရာဇပုလ္လင်ဆီ သွားရာလမ်းကြောင်းမှာ ဆူးငြောင့် ခလုပ်တွေကို ရှင်းလင်းရမယ်လို့ မြင်ထားတယ်။ သူက မေရီကို စိတ်မချတာပါ။ မေရီဘုရင်မ ဖြစ်ဖို့ မလိုလားပါဘူး။ ဘုရင်ကြီး နတ်ရွာလားရင်မေရီ့ ကို အင်္ဂလန်ပြန်စေချင်တယ်လေ။ 
နောက်ဆုံးမှာတော့ အရက်ကို မဆင်မခြင် သောက်လေ့ရှိတဲ့ လူးဝစ် ဘုရင် နတ်ရွာလားပါတယ်။ အကိုတော် ဟင်နရီဟာ သူ့ကတိစကားအတိုင်းနှမတော်ကလေးကို ကြိုက်နှစ်သက်လူနဲ့ လက်ထပ်ခွင့် ပြုလိုက်တယ်။ ချားလ်ဘရန်ဒွန်ကမသေပဲ ရွှေနန်းတော်ကို ပြန်ရောက်လာပါတယ်။ဟင်နရီဘုရင်က Duke of Suffolk. မြို့စားကြီးဘွဲ့ကို  နှင်းအပ် ပြီး နှမတော်နဲ့ လကထပ်ခွင့်ပြုလိုက်တယ်။
အင်္ဂလန်နဲ့ ပြင်သစ်ဟာ ဆွေမျိုးအရင်းအချာကြီး ဖြစ်သွားခဲ့တယ်လို့ ဆိုရမှာပါ။ဖရန်စစ်မင်းသားလည်း သူလိုလားတဲ့ ရာဇပုလ္လင်ဆီ ဖြော့င့်ဖြောင့် လျှောက်နိုင်ခဲ့တယ်လေ။
ဇတ်လမ်းက ရိုးစင်းပါတယ်။ ဒါပေမဲ့ ဒီကားထဲမှာ လူတွေရဲ့ အကျင့်စရိုက်ကို မျိုးစုံ လေ့လာနိုင်ပါတယ်။
 လူတို့ရဲ့  ဒေါသ မောဟ လောဘတွေ မန်မာနတွေကို အထင်းသား အကွင်းသာ မြင်ရနိုင်တယ်။
ယူတတ်ရင် သင်ခန်းစာတွေချည်းပေါ့။ဘယ်လို ရုပ်ရှင်ကားမျိုးကို ကြည့် ကြည့် ဟောလီဝုဒ် ရုပ်ရှင် ကားတွေမှာ ပွဲကြည့်ပရိသတ်ကို သင်ခန်းစာတွေ တထွေးကြီး တထိုင်တည်း ရအောင် ပေးစွမ်းနိုင်တဲ့ ကားတွေ ၇ိုက်ကူးတင်ဆက် ပြသနိုင်တယ်။
ဒရမ်မာ အက်ရှင် ကားမို့  ဓါးခုတ်လှံထိုး အမျိုးမျိုး ကိုလည်း ကြမ်းကြမ်းရမ်းရမ်း မြင်ရနိုင်သလို ။ မျက်စိကျစရာ အနုအလှ ပသာဓ ကိုလည်း မြင်ရနိုင်ပါတယ်။
ဟင်နရီ ဘုရင် လက်ထက်က အင်္ဂလန်ပြည်သူတွေရဲ့ ၀တ်စားဆင်ယင်ပုံကိုလည်း ဆန်းဆန်းပြားပြား တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Florist
Refer: wikipedia

No comments: