Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 24, 2014

အရှည်ကြာဆုံးသောနေ့

မေမေ့ရဲ့စာ
(Family Magazine, August, 2014)
Directed by
Ken Annakin (British & French exteriors)
Andrew Marton (American exteriors)
Bernhard Wicki (German episodes)
Gerd Oswald (parachute drop)
Darryl F. Zanuck (uncredited)
Produced by
Darryl F. Zanuck
Screenplay by
Romain Gary
James Jones
David Pursall
Cornelius Ryan
Jack Seddon
Based on The Longest Day by Cornelius Ryan


Starring
John Wayne
Henry Fonda
Robert Mitchum
Sean Connery
Eddie Albert
Curd Jürgens
Richard Burton
Peter Lawford
Rod Steiger
Irina Demick
Gert Fröbe
Edmond O'Brien
Kenneth More

Music by Maurice Jarre

Cinematography
Jean Bourgoin
Walter Wottitz
Editing by Samuel E. Beetley
Distributed by 20th Century Fox

Release dates
25 September 1962 (France/US)
4 October (Canada)
23 October (UK/Mexico/Germany)
Running time 178 minutes
Country United States
Language
English
German
French
Budget $7.75 million[1]
Box office $50,100,000[2]

 The Longest Day ဟာ1959ခုနှစ် ကထုတ်ဝေခဲ့တဲ့ သမိုင်းဆရာ Cornelius Ryan ရဲ့သမိုင်းစာအုပ် ကို ရိုက်ကူးထားခြင်းဖြစ်တယ်။D-Day နေ့ကို     ရည်ညွှန်းဖွဲ့ဆိုထားခြင်းဖြစ်တယ်။ D-Day ဆိုတာက ဒုတိယ ကမ္ဘာစစ်အတွင်းမှာ တိတိကျကျဆိုရရင် ၁၉၄၄ခုနှစ် ဇွန်လ ၆ရက်နေ့ မှာ မဟာမိတ်တို့ နော်မန်ဒီကမ်းခြေကို တက်ရောက်သိမ်းပိုက်ပြီး ကွန်မြူနစ်  နာဇီ ဂျာမဏီတို့ကို အပြတ်  နှင်ထုတ်ခဲ့တဲ့နေ့ပါပဲ၊တကယ့် စံပြုထိုက်တဲ့ တော်ဝင် ထိပ်တန်းစစ်ကားကြီးပါပဲ။

စစ်ကားဖြစ်တဲ့ အားလျော်စွာ သရုပ်ဆောင်မင်းသားတွေ ရှိသမျှ ပုံအော ရိုက်ကူးထားတယ် ဆိုရမလောက် ဂျွန်ဝိုင်း၊ ကက်နက်မိုး ၊ရစ်ချတ်တော့ထ်၊ ရောဘတ်မစ်ချမ်း၊ရစ်ချတ်ဘာတန်၊ရှောင်ကွန်နရီ၊ရောဘတ်ဝဂ်နာ စတဲ့ မင်းသားကြီးတွေချည်းပဲ အင်အား၂၀ကျော်လောက် ဖြည့်တင်းပြီး အသိုင်းအ၀ိုင်းမြောက်များစွာ တခန်းတနား တန်ဆာဆင် ရိုက်ကူးပုံဖေါ်ထားတယ်။

ပူးပေါင်း မဟာမိတ်( အမေရိကန်၊အင်္ဂလိပ်၊ ပြင်သစ်၊)တို့နဲ့ဘာလင် -ရောမ၀င်ရိုးတန်း ဂျာမန် အီတလီစတဲ့  ၀င်ရိုးစွန်းနိုင်ငံများစွာ ယှဉ်ပြိုင်အနိုင်လုတဲ့ အဆင့်မြင့် နောက်ဆုံးတိုက်ပွဲလည်းဖြစ်ပါတယ်။

 The Longest Day ဇတ်ကားရှည်ကြီးဟာ Docudrama (မှတ်တမ်းတင် ဒရာမာကား)လို့ ဆိုရပါလိမ့်မယ်။သမိုင်းဝင်တာတော့ဝင်တယ် သို့သော် ဆင်ရိုက်တာလည်းပါတယ်ပေါ့။အဲလိုပြောရမှာပါ။အမေရိကန်နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေဟာ ( ဒီနေရာမှာ florist အနေနဲ့ တခု ပြောချင်ပါတယ်။ တချို့ မီဒီယာသမားတွေဟာ မဟာမိတ်တွေကို အမေရိကန်နဲ့ အပေါင်းပါ ဆိုတဲ့ အသုံးအနှုံး မျိုး ရင့်ရင့်သီးသီး သုံးလေ့ရှိကြတယ်။ ဒီလိုသုံးစွဲခြင်း မပြုသင့်ပါဘူး။  အပေါင်းပါ ဆိုတဲ့ အသုံးအနှုံးဟာ ဘယ်လိုသဘောသက်ရောက်နေတယ်
ဆိုတာ သိသာပါတယ်။ဆိုးတေဖေါ်များလို့လည်းယူနိုင်သလို တရားခံလို့လည်း ယူနိုင်ပါတယ်။ မိမိတို့ သတင်းထုတ်ပြန်ရာမှာ တည့်မတ်စွာ ထုတ်ပြန် ရေးသားဖို့ အကြံဥာဏ်ပေးချင်ပါတယ်)
မဟာမိတ်တို့ဟာ အလွန်ဆိုးဝါးကြမ်းတမ်းလှတဲ့ ရာသီဥတုဒါဏ်ကို ကြံ့ကြံ့ခံချိုးဖျက် ရင်ဆိုင်ရင်း ၀င်ရိုးစွန်း နိုင်ငံများကလည်း ပြင်သစ် နိုင်ငံ မြောက်ပိုင်းကနေ ခုခံကာကွယ်ဖို့ အသင့်အနေအထားမှာ စောင့်ဆိုင်းတည် ရှိနေကြတယ်။ မဟာမိတ်တွေက ဂျင်နရယ် အိုက်ဆင်ဟောင်းဝါး ရဲ့ အမိန့်ကို စောင့်ဆိုင်းနေကြတာလည်းဖြစ်တယ်။
ဇွန်လ ၆ရက်နေ့ နံနက် အစောပိုင်းကတည်းက မဟာမိတ်တို့က  လေကြောင်းချီတပ်တွေ စေလွှတ်ပြီးပါ။ပြင်သစ်ဟာ ဒီသတင်းရတဲ့အခါ  သူ့ရဲ့ အခန်းကဏ္ဍကိုလည်း စတင်လိုက်ပီ ဖြစ်တယ်။D-Day ရယ်လို့
(decision day အချို့က Dooms Day ,အချို့က Designated Day စသည် အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။) သမိုင်းတွင်မည့်နေ့ ကို စတင်လိုက်ခြင်းပါပဲ။ဗြိတိသျှ တော်ဝင် ဂလိုက်ဒါ အဖွဲ့ဟာအေးအေးဆေးဆေးပဲ Pegasus တံတားဆီ ဦးတည်ပျံသန်းလာကြသလို Sainte-Mere-Eglise တ၀ိုက်မှာလည်း အမေရိကန် လေထီးစစ်သားတွေ လည်း ဖြိုးဖြိုး ဖျောက်ဖျောက်  နေရာယူမိပြီ။သူတို့ဟာ နာဇီတပ်တွေကို ဖျက်ဆီးပြစ်ဖို့ တစိမ်စိမ့် ၀င်ရောက်လာကြတာ။ အဖျက်လုပ်ငန်းများလုပ်ဖို့ SOE အေးဂျင့် နဲ့ ပြင်သစ်တပ်တွေ စိုင်းပြင်းနေကြပြီ။

ဒါပေမဲ့ ရာသီဥတုက  ဆိုးဝါး သောင်းကြမ်းလှတော့ မရှုမလှ အလူးအလှိမ့်ခံနေကြရတယ်။ဒီကြားထဲမှာမှ  အသေခံ စစ်သားဆိုတဲ့ သံမဏိ အသိစိတ်ဓါတ်နဲ့ စိတ်ဓါတ်မြှင့်တင်ရင်း နော်မန်ဒီ ကမ်းခြေတ၀ိုက် တပ်ဖြန့် ချီတက်မိကြပြီ။

ဗြိတိသျှတော်ဝင်  လေယဉ်အုပ်စုဟာ အနိမ့်ဆုံး ပျံဝဲပြီး  လေယာဉ်ပေါ်ကနေမရှင်းဂန်းတွေနဲ့ ဒလစပ်ပစ်ခတ်ကြတယ်။

တိုက်ပွဲက စပါပြီ။
US Ranger Assaut Group အဖွဲ့က Pointe de Hoc ကို ၀ိုင်းဝန်းလုပ်ကြံကြတယ်။ Free France Forces လွတ်လပ်သော ပြင်သစ် တပ်ဖွဲ့ စတဲ့ မဟာမိတ်တပ်တွေဟာ ဘယ်ဘက်ကမှ မလပ်စေရပဲ ဟာကွက်မရှိအောင်  ဒေါင့်စေ့စေ့မြေပြင် ဝေဟင် ၀ိုင်းဝန်းလုပ်ကြံတာပါ။ 
နာဇီတို့ဘက်ကလည်း ဂျာမန်လေတပ်သား လေယာဉ်မှူးနှစ်ဦး သာ ကျန်ရစ်တော့တဲ့အထိ ခုခံ ခဲ့ကြတယ်။တဲ့။ အမေရိကန်ဗိုလ်ချုပ် နော်မာ ကိုတာ ( ရောဘတ်မစ်ချမ်း) က သူ့ တပ်ဖွဲ့နဲ့အတူ အိုမာဟာကမ်းခြေကနေ ၀င်ရောက်ကျူးကျော်ပြီး အသက်ပေါင်းများစွာ ပေးဆပ်ရင်း အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။

။အခြားတဘက်က မောက်မာပြီး ဟိတ်ဟန်များတတ်တဲ့ အဒေါ့ ဟစ်တလာက အချေအနေကို ဘာမှမသိပဲ နှစ်ချိုက်စွာ အိပ်ပျော်နေခဲ့တယ်။သူ့လူတွေကို သတင်းပေးဖို့ အမိန့် တစုံတရာ ပေးဖို့ နှောင့်နှေး ကြန့်ကြာခဲ့တယ်။ဒါဟာ  သူ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာခြင်းပါပဲ။တမိနစ်ဆို တမိနစ် တနာရီဆို တနာရီ အချိန်ဟာ တန်ဖိုးရှိလှတယ်။
 အမေရိကန်တွေဟာ နော်မန်ဒီ ကမ်းခြေကနေ စတင်ဝင်ရောက်ပြီးပြင်သစ်မြေပေါ်က နာဇီ တပ်ဖွဲ့တွေကို မောင်းထုတ်နိုင်ခဲ့တာပါ။။ အဲဒီနေ့ဟာ မဟာမိတ်တို့အတွက် သမိုင်းမှာ အပင်ပန်းဆုံးနဲ့ အခက်ခဲဆုံး အရှည်ကြာဆုံး စိတ်ရှည် သည်းခံမှုအရှိဆုံး တိုက်ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်ပွဲတွေထဲမှာ အဆင့် အမြင့်ဆုံးစစ်ပွဲကြီးပါပဲ။

ပြသချိန်ဟာလည်း ၁၇၈မိနစ်ရှိတဲ့အတွက် အရှည်ကြာဆုံး ကြည့်ရှုရမဲ့ စစ်ကားကြီးလည်းဖြစ်ပါတယ်။ Axis ဆိုတာက မူလက ဘာလင်-ရောမ အိက်ဆစ်ဇ် ကို ခေါ်ဝေါ်တာဖြစ် ပါတယ်။ ဒီ့နောက်မှာ နာဇီ ဂျာမဏီ အီတလီ တို့ကို  အိက်ဆစ်ဇ် လို့ ခေါ်ဝေါ်လာတယ်။၁၉၄၀ စက်တင်ဘာ ၂၇ရက်မှာဂျပန် ကလည်း Tripartite Pact.အဖြစ်  လက်မှတ်ထိုးပါဝင်ခဲ့တယ်။စစ်ကြီးဖြစ်လာတဲ့အခါ စိတ်ဆန္ဒရှိတဲ့ နိုင်ငံကိုရော အတင်းအကြပ် သိမ်းသွင်းပြီးတော့ရော အနိုင့်အထက် သြဇာ ပေးပြီးတော့ရော အိက်ဆစ်ဇ် အဖွဲ့ကို  အင်အားဖြည့်တင်းခဲ့တယ်။ဥပမာ ထိုင်း။မန်ချူးကိုး၊ဖင်လန်၊ရူမေနီးယား ။ဟန်ဂေရီ။သြစတြီးယား၊ဘူလ်ဂေးရီးယား တို့ကိုပေါ့။ ဒါပေမဲ့ဒါက ရေရှည် အသုံးမတဲ့လှဘူး။

မဟာမိတ်ဆိုတာကတော့ အမေရိကန်ဦးဆောင်တဲ့ အဖွဲ့ပေါ့။ဗြိတိန် ၊ပြင်သစ် ။ချက်ကိုစလိုဗေးကီးယား၊
ပိုလန်၊စသည်တဲ့ နိုင်ငံတွေပါဝင်ပါတယ်။အဓိက ပြစ်မှတ်ကတော့ ကွန်မြူနစ်တွေကို ချေမှုံး သုတ်သင်ချင်တာပါတဲ့။ဟစ်တလာက ပိုလန်နဲ့ချက်ကို ဆလိုဗေးကီးယား တို့ကို စတင် ကျူးကျော် တိုက်ခိုက်လာတဲ့အခါ ဥရောစစ်ပွဲကြီးစတင်ခဲ့တယ်။ကနေဒါနဲ့ ဘရာဇီးလ် တို့ကလည်းသူတို့ စိတ်ဆန္ဒအရ ၀င်ရောက်ပူးပေါင်းလာတယ်။ကျူးကျော်သိမ်းပိုက် ခံထားရတဲ့ တရုတ် နယ်သာလင် နဲ့ အခြားနိုင်ငံငယ်ကလေးများကလည်း ၀င်လာကြတယ်။ရုရှားဟာလည်းအလားတူပါပဲ။ဒါပေမဲ့ ၁၃၉၃မှာတုံးက ရုရှားဟာလည်းဂျာမဏီနဲ့အတူ ပိုလန်ကို ၀င်ရောက် သိမ်းပိုက်ခဲ့ကြတာပါ။နောက်ဆုံးမှာ ၁၉၄၁ခု ဇန်န၀ါရီ ၂၂ ရက် တိုင်အောင် ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုထားပါသတဲ့။ဂျပန်နဲ့ လည်း အလားတူ 1945မှာ ချုပ်ဆိုထားပါတယ်။တဲ့။
သမိုင်းဆိုင်ရာ အချက်အလက်ပေါင်းများစွာ အထောက်အထား ခိုင်ခိုင်မာမာ ပြသနိုင်တဲ့ စစ်ကားပါ။ဒါရိုက်တာနဲ့ သရုပ်ဆောင်များဟာ ရဲရင့် ပြောင်မြောက်စွာ မိမိတို့ စွမ်းရည်ကို အသီးသီးပြသနိုင်ခဲ့ကြတယ်။တဲ့။
ဒါရိုက်တာ၊ ဇတ်ညွှန်းရေးဆရာ၊တေးဂီတ၊သမိုင်းဆိုင်ရာ အထောက်အထားများခိုင်မာမှု အရှိဆုံးနဲ့ စစ်သွေးအဟုန် အပြင်းထန်ဆုံး သရုပ်ပြ ရိုက်ကူးနိုင်ခဲ့တဲ့ ဂန္ဓ၀င်  မင်းသားကြီးတွေဟာ  ကြယ် ငါးပွင့်အဆင့်သတ်မှတ်ပြီး ချီးကျူးခြင်းခံခဲ့ကြရတယ်။

မဟာမိတ်တွေအဖို့တော့ မဟာ့ မဟာ အောင်ပွဲကြီးပေါ့။ အီတလီ နာဇီ ဖက်ဆစ်ဂျပန် တို့အတွက်ကတော့ နလန်မထူနိုင်အောင် အကြီးအကျယ် ပျက်သုဉ်း ကျဆုံးခန်းနဲ့ ကြုံဆုံခဲ့ရခြင်းဖြစ်ပါတယ်။သွေးချင်းချင်းနီပြီး ဖရိုဖရဲ ပြိုကွဲကုန်တယ်။
ဒါပေမဲ့ စစ်ဆိုတာ ဘယ်ဘက်ကမှ နိုင်တယ်မရှိပါဘူး။ နှစ်ဘက်စလုံးမှာ ပေးဆပ်လိုက်ရတဲ့ အသက်သွေးချွေးတွေက နည်းမှ မနည်းတာ။ပြန်လည် တည်ဆောက်ရမှာတွေ ကလည်း မနည်းဘူး။ အဘက်ဘက်က ပြန်လည်ထူထောင်ရေးတွေ  ပြုပြင်ရေးတွေအတွက် ပေးဆပ်ရမဲ့ ဥစ္စာငွေကြေးတွေ များပြားလွန်းလိမ့်မယ်။အချိန်တွေက ရှည်ကြာလွန်းလိမ့်မယ်။ 
နှစ်ပေါင်းများစွာ တာရှည်အုံးမှာ ဖြစ်ပါတယ်။
 ဟုတ်ြပီ။ စစ်ကြီးပြီးတော့ ဘာအကျိုးအမြတ်တွေ ရသလဲ။
 စက္ကန့် ပိုင်းအတွင်း အနှစ်နှစ် အလလ တည်ဆောက်ခဲ့ရတဲ့ အဆောက်အဦးတွေ ပြာကျကုန်တယ်။လူတွေက စာရိတ္တတွေ ပျက်ပြားကုန်တယ်။ချို့ယွင်းမှုတွေက တလှေကြီးပါ။
ဘာပဲပြောပြော စစ်ပွဲ ဆိုတာဟာလည်း အကြမ်းဖက်တိုက် ခိုက်ခြင်းပဲ မဟုတ်ပါလား။
စစ်ပွဲတွေကို တားဆီးဖို့ ဘာလိုသလဲ ဆိုရင် ပြည်သူလူထု ပေါ့။ပြည်သူလူထုကသာ ညီညီညွှတ်ညွှတ် ငြိမ်းချမ်းစွာ ကန့်ကွက်ကြရင် တားဆီးလို့ ရနိုင်ပါတယ်။ညီညွှတ်မှုက အဓိက ပါ။
အုပ်ချုပ်သူ လူတန်းစားရော ဆန့်ကျင်သူ လူတန်းစားရော လက်နက်တွေကို ပြစ်ချလိုက်ပါ။ တကယ်ပြည်သူလူထုအကျိုးကို လိုလားရင် စစ်မဖြစ်ကြပါနှင့် ။ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ ပွင့်လင်းမြင်သာစွာ လျော့တန်တာလျော့ပြီး မရ အရ  ဆွေးနွေးတိုင်ပင်ကြပါလို့ 

တကမ္ဘာလုံးက နိုင်ငံရေးခေါင်းဆောင်များကို ရော စစ်ဘက် ခေါင်းဆောင်များကိုရော တိုက်တွန်းးချင်ပါတယ်။

 •  Cast: John Wayne, Robert Mitchum, Henry Fonda, Robert Ryan, Rod Steiger, Richard Todd •  Director: Ken Annakin, Andrew Marton, Bernhard Wicki

Florist 
Refer: wikipedia

No comments: