Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, August 04, 2014

ခရမ်းရောင်ကမ္ဘာ

Living Fashion Magazine, April, 2014

လာဗင်ဒါ ပန်းကလေးတွေကို သင်မြင်ဖူးပါသလား။သူ့ရနံ့ကိုရော သင် အာရုံ ခံစားဖူးပါသလား။
စာရေးသူက  ခရမ်းရောင်ကို ရူးသွပ်သူမို့ခရမ်းရောင် အဆင်းရှိတဲ့ လာဗင်ဒါ ပန်းကို ချစ်ပါတယ်။ သို့ပေမဲ့ ပန်းကိုမမြင်ဘူးပါ ရနံ့ကိုလည်း မခံစားဖူးပါ။ဂျူး ရေးတဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်း  ကို ဖတ်ပြီး ပြင်သစ်က လာဗင်ဒါပန်းခင်းကြီးကို မြင်ဖူးချင်တာနဲ့ အင်တာနက်မှာ ရှာကြည့်ပါတယ်။ အို..ရက်ရက်စက်စက် လှလိုက်တဲ့ ပန်းခင်းကြီးတွေ တမျှော်တခေါ်ကြီးပါလား။

 (ဂျူးက ရေးတယ်။ ပြာလဲ့လဲ့ ကောင်းကင်အောက်က ခရမ်းရောင် လွင်ပြင်ကြီးတဲ့.မိုးကုပ်စက်ဝိုင်းအပြည့် ကြီးမားသော ခရမ်းရောင် ပန်းချီကားချပ်ကြီးတဲ့။ခရမ်းေ၇ာင် ပင်လယ် လို့ ဆိုရင်တောင် မမှားဘူးတဲ့။
မကြုံစဖူး မွှေးပျံ့သည့် ပန်းရနံ့ကလည်း အသက်ရှူလိုက်တိုင်း ရင်ထဲ နှလုံးသားထဲ စူးနစ် ၀င်ရောက်လာသတဲ့။ကောင်းကင်က တဖြည်းဖြည်း အလိပ်လိုက် ရွေ့ရှားနေတဲ့တိမ်တောင် တွေလည်း ဖြူဖွေးနေရမဲ့အစား ခရမ်းရောင် အသွင် ထင်ဟပ်နေသတဲ့။ တလောကလုံး ခရမ်းေ၇ာင်များသာ လွှမ်းခြုံ နေတယ်လို့ လာဗင်ဒါ ပန်းခင်းကို ဂျူးက  ဖွဲ့သီခဲ့တယ်။)

 ကျွန်မ အင်တာနက်မှာ  15 Stunning Photos of Lavender Fileds Around the World ကို သွားတွေ့ပါတယ်။ ကျွန်မလို ခရမ်းရောင် ခရေဇီ သမားများအတွက် လာဗင်ဒါပန်းကို မြင်ဖူးချင်သူများအတွက် သို့မဟုတ် မမြင်ဖူးသူများအတွက် အခု မျှဝေချင်ပါတယ်။ ခံစားကြည့်ရှုကြပါ။

လာဗင်ဒါ ပန်းမျိုးစိတ်ဟာ ၃၅မျိုးတောင်ရှိသတဲ့။သူ့ကို စတင် တွေ့ရှိခဲ့တဲ့ မူရင်းဇာတိ မိခင်နိုင်ငံက  Verde အငူ နဲ့ Canary ကျွန်းဖြစ်တယ်။ဥရောပ တောင်ပိုင်းကို ဖြတ်ကျော်ပြီး အာဖရိက မြောက်ပိုင်း နဲ့ အရှေ့ပိုင်းကို ရောက်ရှိလာတာပါ။အဲဒီကနေ မြေထဲပင်လယ်နဲ့ အာရှ အနောက်တောင် ၊အိန္ဒိယအရှေ့တောင် စသည် ရောက်ရှိလာတာပါ။ ဒီ ချစ်ချင်စရာ ခရမ်းရောင် ပန်းခင်းကြီးကို ပန်းဥယျာဉ်တွေမှာ အလှဆင်ဖို့  တောတောင်ရေမြေ စိမ့်စမ်းရှုခင်း လှပစေဖို့ ပြီးတော့  စီးပွားဖြစ် သင်းပျံ့ချိုအီလွန်းတဲ့ မွှေးရနံ့ မှ အဆီ ထုတ်ယူ ရေမွေးပြုလုပ်ဖို့ လူတွေက  မျှတ ကိုက်ညီတဲ့ ဥတုရာသီမျိုးဖန်တီးပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောင်းရွှေ့  စိုက်ပျိုးခဲ့ကြတယ်။ဓါတ်ပုံဆရာတွေ အတွက်တော့ အလွန်အကြိုက်တွေ့စရာ မြိုင်ဆိုင်လွန်းတဲ့ ရတနာ ပန်းခင်းကြီးပေါ့။ဒီလို မြင်ရသူတိုင်းကို နက်နက်ရှိုင်းရှိုင်း အံ့သြစေနိုင်တဲ့ ခရမ်းရောင်လွင်ပြင် ပန်းခင်းကြီးကို ကမ္ဘာတ၀ှမ်းက ဖိုတို ဂရပ်ဖါတွေ တ၀ကြီး ရိုက်ယူကြတဲ့ ပုံပေါင်းမှာဆိုရင် မရေမတွက်နိုင်အောင် အသိန်းအသောင်းပါပဲ တဲ့။အဲဒီအထဲက အကောင်းဆုံး ၁၅ပုံကို ထုတ်နှုတ်ပြရရင် ……ပြင်သစ်က ပထမ ဗိုလ်စွဲနေသလားမသိ။
 1. Provence, France
Photograph by Keeboon Tan 

ပြင်သစ်နိုင်ငံက လာဗင်ဒါ ပန်းခင်းကြီးပါ ခုနပြောခဲ့သလို လောကကို ပန်းအလှဆင်ဖို့ စီးပွားဖြစ် ရေမွှေးအဆီ ထုတ်ယူဖို့ ( စီးပွားရေးသမားတို့ရဲ့ အသုံးချခံ ပန်းကလေးများလို့ ဆိုရမလားပဲ)ကျယ်ကျယ်ပြန့် ပြန့် စိုက်ပျိုးကြတယ်။ Provenceဒေသဟာ လာဗင်ဒါပန်းခင်းတွေကြောင့် တိုးရစ် သမားတွေအတွက်  ဦးစားပေးသွားရောက်ရမဲ့ နေရာ ဖြစ်နေတာပေါ့။ ဇွန် ဇူလိုင် သြဂတ်လ နွေရာသီမျိုးမှာ  ခရီးသွားတွေ အလာများသတဲ့။ 
နွေဦးရာသီနဲ့ နွေရာသီများမှာ အပွင့်ပိုဝေ ပိုလှသတဲ့။

2. Banstead, Surrey, UK
ယူကေနိုင်င်ငံ က တမျှော်တခေါ် လာဗင်ဒါ ပန်းခင်းကြီးပါ 
Photograph by mazu

3. Castle Farm – Shoreham, Kent, UK 
Photograph by Timothy Sanders 
ယူကေနိုင်ငံက လာဗင်ဒါ ပန်းခင်းကြီးပါ
ယူကေမှာ လည်း အများဆုံး စိုက်ပျိုးကြတယ်။

4. Mt. Shasta Lavender Farms – Montague, California Photograph by Keith Farley 
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက လာဗင်ဒါ ပန်းခင်းကြီးပါ
ပုံစံ ဖေါ်ထားတာက ၀င်္ဂဘာလိုပဲ။ ဆန်းဆန်းပြားပြား ထွင်တတ်ပါပေ့။

5. Snowshill – Cotswolds, Gloucestershire, England 
ယူကေနိုင်ငံက လာဗင်ဒါ ပန်းခင်းကြီးပါ။ 
Photograph by Jim Hellier  
ရှုမဆုံးနိုင်တဲ့  ပန်းပင်လယ်ကြီးပေါ့

6. Lavender Valley Fields – Oak Grove, Oregon 

7. Castle Farm – Shoreham, Kent (Photograph by John King)

8. Hertfordshire, United Kingdom
ယူကေနိုင်ငံက လာဗင်ဒါ ပန်ခင်းကြီးပါ Photograph by Helen Flynn 
လူတွေ တနေ့တခြား  ပိုလို့ ပိုလို့ ဂရုစိုက်လာကြတယ်။ လာဗင်ဒါပန်းဟာလည်း တနေ့ထက်တနေ့ နာမည်ကျော်ကြား လူကြိုက်များလာတယ်။

9. Mayfield Lavender Field – Banstead, Surrey, UK
Photograph by Maureen Barlin 
ယူကေနိုင်ငံက လာဗင်ဒါပန်းခင်းကြီးတွေ

10. Lavender Field Near Mount Shasta, California
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား မောင့် ရှာစတာ အနီးက  လာဗင်ဒါ ပန်းခင်းကြီးတွေ Photograph by Ed Matthews 

11. Castle Farm – Shoreham, Kent, UK 
ယူကေနိုင်ငံက လာဗင်ဒါ ပန်းခင်းကြီးတွေ 
Photograph by kentishmayde 

 12. Lavender Field – Kent, UK 
ယူကေနိုင်ငံ ကင့်ဒေသက လာဗင်ဒါ ပန်းခင်းကြီးတွေ 
Photograph by Rob James 

13. Lavender Field – Kent, UK
 Photograph by Liz Fewings 
ယူကေနိုင်ငံက လာဗင်ဒါ ပန်းခင်းကြီးတွေ
ယူကေမှာလည်း လာဗင်ဒါ ပန်းခင်းတွေ မွနေအောင် စိုက်ပျိုးကြတယ်

14. Lavender Fields – Provence, France
ပြင်သစ်နိုင်ငံက လာဗင်ဒါ ပန်းခင်းကြီးတွေ 
Photograph by Derrick 
 ပြင်သစ်နိုင်ငံက Valensole ကုန်းမြင့်ဒေသ မှာ လာဗင်ဒါ ပန်းခင်းကြီးတွေ အများကြီး ရှိသတဲ့။Provence ပြည်နယ်ဟာ လာဗင်ဒါ ပန်းခင်းတွေကြောင့် ခရီးသွားဧည့်သည်တွေရဲ့  နှုတ်ဖျားမှာ ရေပန်းစား ထင်ရှားနေတာပေါ့။

15. Plateau de Valensole – Provence, France
လာဗင်ဒါ ပန်းခင်းတွေအကြောင်း သင် ဖတ်မယ် ရေးမယ် နားထောင်မယ် စောင့်မယ်ဆိုရင် ဖတ်ပါ ရေးပါ နားထောင်ပါ စောင့်ကြည့်ပါ ဘယ်တော့မှ ကုန်ခန်းနိုင်မယ်မဟုတ်ပါဘူးတဲ့။

Florist
Source : 15Stunning Lavender  photos of Lavender Fields Around the World

2 comments:

သက်ဝေ said...

ခရမ်းရောင် ခရေဇီတစ်ယောက် မဟုတ်ပေမဲ့ ပုံတွေမြင်တော့ လာဗင်းဒါးတွေ လှလိုက်တာ... လို့ အသံထွက်ရေရွတ်လိုက်မိတယ်...
ပြီးတော့ Blog Link လေးလည်း ယူသွားပါတယ်...း)

PhyoPhyo said...

အစ်မ သက်ဝေ ကျေးဇူးအများကြီး