Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 20, 2013

ဗီယင်နာဒိုင်ယာရီ

(စာကြောင်းအရှည်မရေးနိုင်တော့လို့ပါ၊ မမေ့အောင်လို့ ဒိုင်ယာရီကောက်ရေး)

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ဆီခရီးသွားတော့ tour group အဆင်မပြေလိုက်လို့ ကိုယ့်ဘာသာပဲ autobus နဲ့ သွား၊
မြေပုံကြည့်ပြီးတော့ပဲ မြေအောက်ရထားစီး၊ မြေပေါ်ရထားစီး ကိုယ်သွားချင်တဲ့နေရာတွေရွေးသွားကြ၊ ဗီယင်နာကတ် ရထားလက်မှတ် ရောက်ရောက်ချင်းဝယ်၊ ဗီယင်နာကတ်က သုံးရက်အတွင်းကြိုက်တဲ့ ရထားစီးလို့ရ၊
Hop on Hop off tour လက်မှတ်ဝယ်၊ အဲဒီ tour အတွက် အနီ၊ အဝါ နဲ့ အပြာသုံးလိုင်းရှိ၊ ကားပေါ်မှာ audio guide ပါ၊ ထိုင်ခုံမှာ နားကြပ်လေးတပ် ကြိုက်တဲ့ ဘာသာစကားရွေး၊ ဘယ်အဆောက်အဦက ဘာပါပေါ့၊ ကိုယ်စိတ်ဝင်စားတဲ့နေရာဆို ဆင်းနေခဲ့လို့ရ hop off ပေါ့။ အဲဒီမှာ ကြိုက်သလောက်ကြည့်ပြီး အပြင်မှာ ကားပြန်စောင့် လိုင်းရွေးပြီးဆက်စီးလိုက်ကြည့်။ မနက် ကိုးနာရီကနေ ညနေ ငါးနာရီအထိ။ ဗီယင်နာကတ် ပြနိုင်ရင် ပြခန်းတွေ၊ ပြတိုက်တွေမှာ discount ရ၊

Time Travel adventure ပြခန်းကြိုက်တယ်။

နန်းတော်တွေခမ်းခမ်းနားနား၊ ပန်းချီကားတွေဆန်းဆန်းပြားပြားမကြိုက်တတ်တော့ပါ။နန်းတော်ကြီးတွေခမ်းနား၊ ဒါပေမဲ့ အားလုံးက အလှကြည့်ဖို့ပဲ၊ အသုံးမပြု၊ အသက်မဝင်တဲ့နန်းတော်ကြီး ပြခန်းကြီးတွေ၊ အခန်းလွတ်ကြီးတွေ အခန်းကျယ်ကြီးတွေ၊ လူမရှိတဲ့ အခန်းလွတ်တွေ၊ အခန်းမရှိတဲ့ လူအလွတ်တွေအကြောင်း တွေးမိတိုင်းတမျိုးကြီး၊

time travel ပြခန်းမှာ ကြည့်တုန်းက ကိုယ်က စစ်အတွင်းက အခန်းတစ်ခန်းထဲမှာရာက်နေသလို အရသာမျိုးရအောင်လုပ်ထား၊ ကြမ်းတွေရောအခန်းကရှေးရှေးက အုတ်မြေတိုက်ခန်းမျိုး ဘေးနံရံတွေမှာ တီဗီကင်မရာတွေက အပြင်ဘက်ကို ကိုယ်က ကြည့်နေသလိုမျိုးပေါ့
အပြင်ဘက်မှာ စစ်အတွင်းက ချီတက် ပြီးတော့ လေယာဉ်ပျံတွေလာ ဗုံးကျဲ
အခန်းကြီးကလည်း သိမ့်ကနဲ ခါခါသွား
တကယ်ဗုံးကျဲသလို ကြောက်စရာ။
ပြီးတော့ screen ပြတင်းပေါက်တွေမှာ ဗုံးတွေကျဲ မီးလုံးကြီးတွေဝင်းကနဲ လက်ကနဲ အခန်းကြီးပါ မီးတွေလင်းသွား
နောက်တော့ ငြိမ်သွားပြီ။ အပြင်ဘက်မှာ စကားပြောသံတွေကြားရ၊ နောက်ဆုံး စစ်ကြီးပြီးပြီဆိုပြီး ရုရှားလိုအော်လိုက်တဲ့အသံကြား ပြခန်းတစ်ခုပြီး၊ (ကိုယ်ကြားတာမဟုတ် သူများပြန်ပြောပြ)
3D မိုးဇက်အော်ပရာအက ကိုကြည့်တော့ အဝိုင်းကြီးလည်နေတာမှာ tourist တွေက ဝိုင်းထိုင်နေ မိုးဇက်တေးသွားတွေနဲ့ အက က နံရံတွေမှာ အရိပ်တွေပေါ်နေ။

time travel 5D cinema မှာတော့ ကိုယ်က ဟိုးအရင်ခုနှစ်တွေကို ပြန်ရောက်သွားသလို တူရကီတွေတို့ ရောမန်တွေတို့ သြစတြီးယားကို စစ်ချီစစ်တိုက်တာတွေကို ကိုယ်က ခိုတွေနဲ့အတူ လေပေါ်က ကြည့်သလို၊ နောက် ကြွက်တွေပြေးသလို ကိုယ်ကလည်းကြွက်တွေနဲ့အတူပြေးသလို ထိုင်ခုံတွေကပါလှုပ်ခါ
ဝှီးကနဲ ဝှီးကနဲ လေတွေကပါတိုက်
ချမ်းလိုက်တာ။
နောက် screen မှာ ကြွက်တွေပြေးတော့ ကိုယ့်ခြေထောက်ကပါ ကြွက်တွေတိုးဝှေ့ပြေးသလို ခြေထောက်မှာ လာတိုး။ အားးးးး
သူများတွေလည်း အော်ပြီး ခြေထောက်တွေအပေါ်ဆန့်ထားကြရော၊
ကိုယ်လည်းအော်တာပဲ ခြေထောက်မြှောက်ထား၊
မိုးဇက် တို့ သြစတြီးယားဘုရင်နဲ့ ဘုရင်မ စီစီတို့ ဖယောင်းရုပ်တွေက စကားအပြန်အလှန်ပြောကြ၊ သူတို့ family tree အကြောင်းပေါ့။ အဲဒါတွေလည်းပြ၊
စစ်ကြီးပြီးတော့ State treaty နောက်ဆုံးချုပ်တဲ့စာချုပ်မူရင်းဗီဒီယိုပြ၊
၁၉၅၅ State treaty စာချုပ်လက်မှတ်ထိုး မူရင်းတော့မဟုတ်၊ ပြထား။
မူရင်းက အခု မော်စကိုမှာတဲ့။

စာရေးမယ်ဆိုရင်တော့ ပြန်ဖတ်ရဦးမယ်။ ပြေးပြေးလွှားလွှားကြည့်ရ၊
လူက အကုန်လုံးကို မစုပ်ယူနိုင်တော့တဲ့ ဖော့တုံးအဟောင်းတစ်တုံးလိုပဲ။ အသက်အရွယ်က စကားပြောလာပြီထင်တယ်။
tour group နဲ့မဟုတ်ဘဲ နှစ်ယောက်တည်းသွားကြတော့ ပင်ပမ်း၊ ဒါပေမဲ့ ပျော်တော့ပျော်ပါတယ်။       ။

No comments: