Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, October 31, 2020

ပြန်မြင်ချင်ပြီ.... စိမ်းလန်းတဲ့ကမ္ဘာကြီးဆီ...

ပြတိုက်ရှေ့နားက Serbian sculptor MATIJA VUKOVIC ရဲ့ The miner ဆိုတဲ့ ပန်းပုရုပ်

ဆောင်းဦးဝင်လာပြီဆိုတော့ အအေးတော့ပိုလာပါပြီ။ ဒါပေမဲ့ ဆောင်းလို အေးအေးစက်စက်ရာသီဥတုမျိုးတော့ မဟုတ်သေးဘူးပေါ့။  ဘဲလ်ဂရိတ်မြို့ Museum of Contemporary Art ရှေ့မှာ Performance ပွဲတစ်ခုရှိမယ်တဲ့။ ကဗျာနည်းနည်းရွတ်ကြမယ်။ ဗိုင်းရပ်စ်ကိုကြောက်နေကြရတော့ ပြတိုက်အတွင်းပိုင်းအခန်းတွေမှာလုပ်ဖို့က နည်းနည်းအန္တရာယ်များမှာ၊ အဲဒါကြောင့် ပြတိုက်ရှေ့ မြက်ခင်းပြင်မှာလုပ်ကြရတယ်တဲ့။ သူက ကြည့်ချင်တော့ သွားဖြစ်ကြတယ်။ အပြင်သိပ်မထွက်ဖြစ်တော့ ဆောင်းဦးမှာ အရောင်တွေပြောင်းလဲလာကြတဲ့ သစ်ရွက်ညိုညို၊ သစ်ရွက်ဝါဝါတွေနဲ့ နွေလက်ကျန် သစ်ရွက်စိမ်းစိမ်းတွေဟာ ကျမအတွက်တော့ ကြည့်ရတာ သိပ်လှတာပဲ။ ကျမကတော့ performance လုပ်နေတဲ့သူတွေဆီ အာရုံမရောက်ပါဘူး။ အရောင်စုံသစ်ရွက်တွေကိုပဲ အငမ်းမရ လိုက်လိုက်ကြည့်မိတယ်။  မိုးအုံ့နေပေမဲ့ ခပ်ဖွဖွတိုက်နေတဲ့ လေက မအေးလှပါဘူး။

Tuesday, December 24, 2019

So this is christmas !

နှင်းမရှိတဲ့ ခရစ်စမတ်.....
နှင်းဖြူဖြူလေးတွေ ဘယ်ခရီးလွန်နေကြပါသလဲ
ခရစ်စမတ်ဟာ ဖြူမွမွနှင်းတွေမရှိတော့ မပြည့်စုံသလိုပဲ
ဒါပေမဲ့.....
နှင်းတွေမရှိလည်း ခရစ်စမတ်ကတော့ ရောက်လာမြဲပါ။

နှင်းတွေမရှိလည်း "so this is christmas what have you done" ဆိုတဲ့ Lennon ရဲ့သီချင်းလေးနားထောင်ဖြစ်မြဲ၊ war is over စာသားလေးတွေလိုက်နားထောင်မိရင်း စိတ်မကောင်းဖြစ်ရမြဲ၊
Mary's boy Child သီချင်း၊ ခရစ်စမတ်သီချင်းတွေနားထောင်ရင်း ခရစ်စမတ်ခံစားမှုလေးတော့ရမြဲ၊
ဒီလိုခံစားမှုလေးတွေနဲ့ပဲ နှစ်တစ်နှစ်၊ နှစ်အသစ်တစ်ခုကိုကြိုဆိုရဦးမယ်။

Happy Christmas and Happy New Year to all!

Sunday, December 01, 2019

Sweet December ! ❤❤

I wish you all to be sweet in Sweet December.
But for me December is not so sweet. Father, sister ... they run away from us.
But I tried... I am trying... I will try to be sweet all time, (memories) that I face.
I love to be sweet. (but I don't love to eat sweet. 😉😉)

ငယ်ငယ်တုန်းကတော့ ကိုယ့်ဘာသာမကြိုက်တာတွေ သိပ်ကိုများခဲ့တာပဲ။
အခုတော့ ကိုယ့်ဘာသာ ကြိုက်လာပါပြီ။ ချစ်တတ်လာပါပြီ။
ကိုယ့်ဘာသာကြိုက်တာတွေ သိပ်များလာခဲ့ပြီလို့တောင် ပြောလို့ရသွားပြီ။

Tuesday, June 11, 2019

ယောဂအလေ့အကျင့်ကောင်းလေးစလိုက်ရအောင်

မယ်ရူပ

ကိုယ့်တို့ကိုယ်၊ စိတ်ခန္ဓာ ကျန်းမာကြော့ရှင်းလှပသွားမယ့်ယောဂလေ့ကျင့်ခန်း/ ကျင့်စဉ်/ ဒဿနဆိုတာ ဘယ်လိုမျိုးလဲ။ ယောဂလေ့ကျင့်ခန်း အလေ့အကျင့်ကောင်းလေးစမကြည့်ရသေးသူလေးတွေအတွက် စူးစမ်းချင်စရာပဲပေါ့။ ယောဂရဲ့ ပြိုင်ဘက်ကင်းထူးခြားလှတဲ့အစွမ်းက စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းတာရယ်၊ ခန္ဓာကိုယ်အတွင်းအပြင်၊ အစိတ်အပိုင်းတစ်ခုစီထိရောက်တဲ့လေ့ကျင့်ခန်းနဲ့ထိန်းသိမ်းတာရယ်၊ အတိအကျပြောရရင် body/ mind/ spirit သုံးပါးလုံးထိန်းသိမ်းပေးနိုင်တဲ့ကျင့်စဉ်မျိုးဆိုတော့ တကယ့်ကိုစိတ်ဝင်စားစရာပါ။ အဲဒီထဲက ခန္ဓာကိုယ်အစိတ်အပိုင်းတွေပြေလျော့ကျန်းမာနေအောင် ကိုယ်နဲ့အလိုက်ဖက်ဆုံး ဘယ်လိုလေ့ကျင့်ခန်း စယူရင်ကောင်းမလဲ။ ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲ ကိုယ်တို့ဘယ်လိုသိနိုင်မှာလဲ။ ဒီအချက်အလက်လေးတွေကတော့ ကိုယ်ခန္ဓာကြော့ရှင်းသွက်လက်နေနိုင်တဲ့ လေ့ကျင့်ခန်းမျိုးလေးတွေပါ။ ကိုယ့်အတွက် အသင့်တော်ဆုံးယောဂလေ့ကျင့်ခန်းလေးတွေ ရှာဖွေဖို့ အကူအညီပေးပါလိမ့်မယ်။ 

မျက်တောင်လေးတွေမဆက်ခင် ကိုယ်သိထားချင်တာ

(ယောဂမဂ္ဂဇင်းတစ်ခုအတွက်ဟိုးတုန်းက ရေးထားဖူးတာ။
စာရေးဖို့ သွေးပူလေ့ကျင့်ခန်းလုပ်ချင်တာနဲ့ တင်လိုက်ပါတယ်။)

လာမယ့် ကိုယ့်နွေရာသီမင်္ဂလာပွဲလေးမတိုင်ခင်လေးမှာ ကိုယ့်စိတ်ကြိုက်မိတ်ကပ်ပညာရှင်က ညွှန်းလို့ ပထမဆုံးအကြိမ် မျက်တောင်ဆက်ကြည့်ခဲ့တယ်။ သူပြောတာက semi-permanent  မျက်တောင်တွေဟာ မျက်တောင်ကော့ဆေးသုံးထားတာထက်ပိုပြီး သဘာဝကျကျလှနေမယ်။ ဓာတ်ပုံထဲမှာ ပေါ်လွင်လှပနေမယ်တဲ့။ သူပြောတာ ၁၀၀ ရာခိုင်နှုန်းမှန်ခဲ့တာပဲ။ ကျွန်မရဲ့ မင်္ဂလာပွဲလေးမှာ လုံးဝစွဲမက်စရာအလှအပရှိနေတဲ့ကျွန်မလို့ ကိုယ့်ဘာသာခံစားခဲ့မိတယ်။ ဒါပေမဲ့ တစ်နှစ်မှာတစ်ကြိမ်ထက်ပိုပြီး ဆံပင်ညှပ်ဖို့တောင် အကြိမ်ကြိမ်စဉ်းစားတတ်သူ၊ တစ်ယောက်ယောက်ကို ယုံကြည်ပစ်လိုက်ဖို့ ခက်ခဲသူမျိုးဆိုရင်တော့ အဲဒီလို ပုံစံအသစ်ဖြစ်သွားမယ့်မျက်နှာလေးတစ်ခုရသွားဖို့က ကျွန်မတော့ သိပ်ပြီးမတိုက်တွန်းချင်ဘူး။ ကျွန်မတောင် မင်္ဂလာပွဲပြီးနောက်ပိုင်းမှာတော့ ဆက်ထားတဲ့မျက်တောင်လေးတွေကို ရှိမနေစေချင်တော့ဘူး။ ပြီးတော့ အဲဒီလိုအလှအပလေးတွေအတွက် ပိုက်ဆံဘယ်လောက်သုံးတတ်တဲ့အလေ့အကျင့်ရှိမလဲ၊ ပြီတော့အချိန်ရော၊ ကျန်းမာရေးနဲ့သက်ဆိုင်တာတွေဆိုတဲ့အကြောင်းတွေကြောင့်ပေါ့။

Sunday, February 24, 2019

Feeling 92 အမှတ်တရ

Feeling 92 အမှတ်တရ ဓာတ်ပုံလေးတွေပါ။

နွေရယ် မိုး ... ဆောင်းလတို့ ပြောင်းစေကွယ် .....

ဖြိုးဖြိုး

“boat” ….. “boat” ….. “boat” …..
“ship” ….. “ship” …..“ship” …..
ဆာဗာမြစ်ဆီက အင်ဂျင်စက်သံသဲ့သဲ့ကြားတာနဲ့ ခပ်သေးသေးလှေလေးလား၊ သင်္ဘောတစ်စီးစီးပဲလား မသိသေးခင် ကျွန်မကတော့ အသံကိုစူးနေအောင်အော်လိုက်တာပဲ။ ကျွန်မ အဲဒီလိုအော်ပြီဆို ကျွန်မအသံကြားတာနဲ့ ကျွန်မတို့ရဲ့ ကြောင်လေး လူဝီ၊ ခွေးလေး ဂျက်ကီနဲ့ ဟက်ပီ တို့က မြစ်ဘက်ဆီပြေးပြီးကြည့်ကြတယ်။ ကျွန်မကလည်း အော်လည်းအော် မြစ်ဘက်ဆီကို အပြေးသွားတယ်။ ပြီးရင်တော့ မြစ်ဘက်က ခြံစည်းရိုးဘေးမှာထိုင်ပြီး ကျွန်မတို့အားလုံး ငေးကြည့်ကြတာပေါ့။ ကျွန်မတို့ရဲ့မြင်ကွင်းထဲက အဲဒီလှေ၊ သင်္ဘောလေးတွေပျောက်သွားတဲ့အထိပေါ့။

Thursday, October 04, 2018

ကိုယ့်အသည်းလေး အပြစ်ကင်းစေဖို့

ဒီလိုအံ့သြဖွယ်ကောင်းလှတဲ့အရည်တစ်ခွက် သောက်ပေးလိုက်တာနဲ့ ကိုယ်ခန္ဓာထဲက အသည်းလေးကို အဆိပ်အာနိသင်တွေကင်းစင်၊ သန့်ရှင်းစင်ကြယ်သွားစေရုံတင်မဟုတ်ဘဲ ကိုယ်အလေးချိန်ကိုပါ ၃ရက်အတွင်းလျော့ကျသွားစေဖို့ အကူအညီပေးပါလိမ့်မယ်။

Tuesday, August 21, 2018

လန်းဆန်း လတ်ဆတ်တဲ့ အရောင်စုံဆလတ်ပြင်ဆင်ကြမယ်


ဒီနှစ်နွေမှာပေါ့ …  
ဂြိုဟ်ကမ္ဘာကြီးထဲမှာရှိတဲ့ အရသာအရှိဆုံး ခပ်စိမ်းစိမ်းတွေ၊ အစေ့အဆန်တွေနဲ့ ပရိုတင်းတွေဆီ လှည့်လည်လေ့လာထားတဲ့ခရီးတစ်ခုလို့ ဆိုရမယ့် Around the World in 120 Salads ချက်ပြုတ်နည်းစာအုပ်သစ်ထဲက ထူးကဲလှတဲ့အရောအနှောဆလတ်နည်းတွေနဲ့ လတ်လတ်ဆတ်ဆတ်၊ အရသာရှိရှိပြင်ဆင်ပြီး ရှင်တို့ထမင်းပန်းကန်လေးနဲ့ ရှင်တို့အာသီသကို အသက်ဝင်စေနိုင်မှာပါ။
KATIE AND GIANCARLO CALDESI


အိမ်နေရင်း ယောဂကျင့်မယ်ဆိုရင်

အိမ်မှာနေရင်းနဲ့ပဲ ယောဂလေ့ကျင့်ခန်းစချင်တယ်။ ဒါပေမဲ့ဘယ်က ဘယ်လိုစရမှန်းမသိဘူးဆိုသူလေးတွေအတွက် ဒီအချက်လေးတွေကို ဖတ်ကြည့်ထားဖို့ ညွှန်းပါရစေ။ အိမ်မှာယောဂလေ့ကျင့်တာ ထိုက်တန်တဲ့အလုပ်တစ်ခုပါ။ ယောဂသင်တန်းတစ်ခုရဲ့ စတူဒီယိုထဲမှာ အတန်းချိန်တွေပြီးမြောက်အောင်မြင်အောင်ပြုလုပ်နိုင်တယ်ဆိုတာလည်း သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်လေ့ကျင့်ခန်းတစ်ခုကို နေရာမရွေး၊ နေ့/ ည အချိန်မရွေးပြုလုပ်နိုင်သေးတာပါပဲ။ ကိုယ်ဝတ်ချင်တာလည်း ဝတ်နိုင်တယ်။ လေ့ကျင့်ခန်းလုပ်ဖို့ ကိရိယာအသုံးအဆောင်တွေလည်း များများစားစားမလိုလှပါဘူး။ အားလုံးထဲကအကောင်းဆုံးက အိမ်မှာ ယောဂလေ့ကျင့်တာဟာ ကိုယ်တို့ရဲ့ ကိုယ်ပိုင်ကိုယ်ခန္ဓာလေးကို ဂရုစိုက်ပေးဖို့ သင်ကြားပေးနိုင်တာပါ။ နေ့ရက်တစ်ရက်ထဲ ကိုယ်ရသလောက်အချိန်လေးမှာပဲ ကိုယ့်အတွက် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးအတွက် အထောက်အပံ့ပေးမယ့်နည်းလမ်းတစ်ခုကို စတင်ဖို့ ဘာတွေလိုအပ်မှာလဲ။

Tuesday, August 07, 2018

သင်ရဲ့ပန်းကန်လေးကနေ ရေဓာတ်ကြွယ်နေစေဖို့

“ရေဓာတ်ကြွယ်ဝနေဖို့က H20 ကို တစ်ကျိုက်တည်းသောက်နေဖို့က တစ်ခုတည်းသောနည်းလမ်းလို့ ထင်နေမလား။ နောက်ထပ်တစ်တစ်ခါလောက် ပြန်စဉ်းစားကြည့်ပါဦး”
Story by Victoria Clayton

ဂျန်နီဖာဘရောင်းက နံနက်ခင်းတွေမှာ သံပုရာညှစ်ထားတဲ့ရေ ၁၆ အောင်စရှိတဲ့ရေ ဖန်ခွက်တစ်ခွက် စတင်သောက်နေပြီ။ အဲဒီနံနက်ခင်းရိုးရာအလေ့အကျင့်ဟာ ရှေးအိန္ဒိယ ဆေးသိပ္ပံပညာ Ayurveda (ဘဝနေနည်းဗဟုသုတဆိုင်ရာ) လေ့ကျင့်ခန်းဖြစ်ပြီး အစာခြေစနစ်ကို အရှိန်မြှင့်ပေးဖို့ စိတ်ချရစေတယ်။ ရေဓာတ်ကြွယ်ဝစေဖို့လည်းအာမခံပေးတယ်လို့ ဘရောင်းက ပြောပါတယ်။ အရီဇိုးနားပြည်နယ် Pheonix အနီးမှာနေတဲ့သူတွေအတွက် ရေနည်းနည်းလေးပဲ မသောက်သင့်ဘူး။ “နွေရာသီမှာ ကျွန်မတို့ရဲ့နေရာမှာ အပူချိန်က ၁၁၀ဒီဂရီလောက် မကြာခဏဖြစ်တတ်တာ။ ည ၉ နာရီ တောင်မှ အပူချိန် ၁၀၀ ဝန်းကျင်လောက်ရှိနေတုန်းပဲ” လို့ အရီဇိုးနားပြည်နယ် Goodyear က Wellness Center က ယောဂသင်ပေးတဲ့သူ အဟာရဗေဒပညာရှင် ဘရောင်းက ပြောပါတယ်။

ပထမဆုံးယောဂီ သို့မဟုတ် ရှီဗာနတ်ဘုရား

ယောဂီယဉ်ကျေးမှုထဲမှာ ရှီဗာ(Shiva)ဟာ နတ်ဘုရားတစ်ပါးလို ကျော်ကြားတာမျိုးမဟုတ်ပါဘူး။ Adiyogi ဒါမှမဟုတ် ပထမဆုံးယောဂီ- ယောဂကို အစပြုခဲ့သူလို့ သိကြတာပါ။ သူဟာ လူသားတွေရဲ့စိတ်ထဲကို အဲဒီမျိုးစေ့ချစိုက်ပျိုးပေးခဲ့သူတစ်ဦးပါ။ ယောဂီရိုးရာအစဉ်အလာအရ ရှေးနှစ် ၁၅၀၀၀ကျော်မှာ ရှီဗာဟာ ဥာဏ်အလင်းရပြီး ပြင်းပြတဲ့ပီတိအဟုန်နဲ့ ကခုန်ခဲ့သတဲ့။ အဲဒါ ဟိမဝန္တာတောင်တောင်ထဲမှာပေါ့။ သူ့ရဲ့ ပီတိအဟုန်က အားကောင်းလာပြီး ပိုပြီးအရှိန်ပြင်းပြင်း လှုပ်လှုပ်ရှားရှားကခုန်ခဲ့တယ်။ အဲဒီကခုန်ခြင်းကလွန်မြောက်သွားပြီးတဲ့အခါမှာတော့ သူဟာ လုံးလုံးလျားလျားကို ငြိမ်သက်သွားတော့တယ်လို့ဆိုထားတယ်။

ကယ်လိုရီ သုည အစားအစာတွေ

“Zero Calorie” အစားအစာလို့ခေါ်လာကြတဲ့အစားအစာတွေမှာ သူတို့ကို ကိုယ်ခန္ဓာက ဖြတ်တောက်သုံးစွဲပြီးတာထက် ကယ်လိုရီနည်းနည်းပဲ ပိုပါနေတတ်တဲ့ celery လို၊ သခွားသီးလိုမျိုးတွေ ပါဝင်ကြတယ်။ အဟာရဗေဒပညာရှင်တွေက ကိုယ်တို့ကယ်လိုရီဘယ်လောက်လိုမလဲ တွက်ချက်တဲ့အခါ သူတို့ကို ကြိတ်ဝါးတဲ့အခါနဲ့ အစာခြေတဲ့အခါ ထုတ်ယူသုံးစွဲရတဲ့ စွမ်းအင်ကိုလည်း တွက်ချက်ကြတယ်။ ဒါပေမဲ့ ဒီလိုကယ်လိုနည်းအစားအစာတွေဟာ ကိုယ်တို့ ပန်းကန်တွေထဲမှာ အဓိကအလုပ်ကိုပဲလုပ်ကိုင်/ အဟာရဖြည့်သွားနိုင်ကြတယ်။ သူတို့ကို ကိုယ်တို့အူတွေပြည့်ကျပ် အနေမခက်သရွေ့ ပမာဏများများစားနိုင်ပါတယ်တဲ့။ ကယ်လိုရီလျော့နည်းတယ်ဆိုတာဟာ အဟာရလျော့နည်းတယ်ဆိုတဲ့အဓိပ္ပါယ် မဟုတ်ဘူးလို့လည်း ရှင်းပြကြတယ်။ “ကယ်လိုရီပိုမြင့်တဲ့အစားအစာတွေကို ကိုယ်တို့စားနေတာကနေ ကယ်လိုရီနည်းအစားအစာတွေကို စားမယ်၊ အဲဒါကိုထိန်းထားနိုင်တယ်ဆိုရင် ဒါ အောင်မြင်မှုတစ်ခုပဲ” လို့ Nutrition Diva postcast ဖန်တီးတည်ထောင်ခဲ့သူ လိုင်စင်ရ အဟာရဗေဒပညာရှင် Monica Reinagel က ပြောပါတယ်။ အဲဒါကြောင့်ပဲ ကိုယ်တို့ရဲ့ ရေခဲသေတ္တာတွေမှာ ကယ်လိုရီတွေမဟုတ်ဘဲ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေအပြည့်ပါဝင်နေကြတဲ့ အစားအစာ အမျိုး ၂၀ ကို ဖြည့်ထားကြရအောင်နော်။

Cumcumber (သခွားသီး)

Saturday, January 06, 2018

ဆရဲချန်ဘန်ညီဒန် Cрећан Бадњи дан

 
Orthodox ခရစ်ယာန်တွေအများဆုံးရှိကြတဲ့ ဆားဘီးယားမှာ ခရစ်စမတ်နေ့ကို ဇန်နဝါရီ ၇ ရက်နေ့မှာ ကျင်းပကြတယ်။ ရုံးပိတ်ရက်ပါ။ ခရစ်ယာန်ကျမ်းစာအလိုအရ Jesus Christ မွေးဖွားတဲ့ရက်အထိမ်းအမှတ်ပြုလုပ်ကြတာပါပဲ။ ဒါပေမဲ့ အော်သိုဒေါစ့်ခရစ်ယာန်တွေက 45 BC က Julius Caesar ဖန်တီးထားခဲ့တဲ့  ရှေးကျတဲ့ Julian Calendar ကိုအသုံးပြုထားတော့ ဇန်နဝါရီ ၇ ရက်ကို ခရစ်စမတ်နေ့အဖြစ်တွက်ထားကြတယ်။ အနောက်နိုင်ငံအများစုက ခရစ်ယာန်တွေအတွက်ကတော့  Pope Gregory ၁၅၈၂ ခုနှစ်က မူလ မိတ်ဆက်ခဲ့တဲ့ Gregorian Calendar အရ ဒီဇင်ဘာ ၂၅ ရက်နေ့ဟာ ခရစ်စမတ်နေ့ပေါ့။

Monday, January 01, 2018

Fight Fight!

တစ်ခုခုကို ကြောက်တဲ့အခါတိုင်း သီချင်းတွေ အကျယ်ကြီး အကြာကြီးနားထောင်မိတယ်။

breaking news သတင်းလှုပ်လှုပ်ခတ်ခတ်တွေ စိတ်ဝင်တစားစောင့်စောင့်ကြည့်ပစ်လိုက်တယ်။

အရင်တုန်းကတော့ ဘောလုံးပွဲတစ်ပွဲအစအဆုံးထိုင်ကြည့်ပြီးတိုင်း စိတ်တွေပေါ့ပါးသွားတာပဲ။
အခု ဘောလုံးသမားတွေလည်း သိပ်မသိတော့ဘူး။ သေသေချာချာလိုက်ကြည့်မှ ဘယ်သူက ဘယ်အသင်းမှာသိတော့မှာ။ အဲဒီတော့မှလည်း ကြည့်ရတာ ပိုပြီးအသက်ဝင်မှာ။ စိတ်ဝင်စားဖို့ ပိုကောင်းတော့မှာ။ ခု မသိတော့ မကြည့်ဖြစ်တော့ပါဘူး။
သီချင်းနဲ့ သတင်းတွေကတော့ အမြဲ အဖော်ရနေတုန်းပဲ။

Thursday, December 07, 2017

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၁)

သိထားချင်တဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ

(အစ္စရေး နဲ့ ပါလက်စတိုင်းပဋိပက္ခတွေ ပြင်းထန်နေတဲ့အချိန်တုန်းက ကိုယ်တိုင်သိချင်တာနဲ့ ရေးဖြစ်တာပါ။ စာတွေကတော့ အများကြီးရယ်။ ဖတ်ရတာ စိတ်ညစ်စရာကောင်းနေမလားပဲ။)

အစ္စရေး နဲ့ ပါလက်စတိုင်းဆိုတာဘာလဲ။ ဘာကြောင့်သူတို့ တိုက်ခိုက်နေကြတာလဲ။
အစ္စရေးဟာ ကမ္ဘာ့တစ်ခုတည်းသော ဂျူးဝစ်ရှ်နိုင်ငံတော်ပါ။ မြေထဲပင်လယ်အရှေ့ဘက်လေးမှာပဲတည်ရှိတယ်။ ပါလက်စတိုင်းကတော့ အာရပ်လူဦးရေအစုအဝေးဖြစ်ပြီး အစ္စရေးက အခုထိန်းချုပ်ထားတဲ့ကုန်းမြေဟာ သူတို့ရဲ့ဇာတိမြေပါ။ အဲဒီနယ်မြေကို ပါလက်စတိုင်းလို့ပဲ ညွှန်းဆိုတယ်။ အဲဒီနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ်အားလုံးကို အဲဒီအမည်နဲ့ပဲ ပါလက်စတိုင်းနိုင်ငံတော်ထူထောင်လိုကြတယ်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခဟာ ဘယ်သူက ဘယ်မြေနေရာကိုရရှိမယ်။ ဘယ်လိုထိန်းချုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီးဖြစ်ပွားတာပါ။ ဂျူးတွေနဲ့ အာရပ်မူုစလင်တွေဟာ နယ်မြေပြန်လည်ရယူနိုင်ရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အခွင့်အရေးအတွက်တောင်းဆိုနေကြတယ်။ နှစ်ဦးလုံးကပဲ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ကတည်းက သူတို့ပိုင်ဆိုင်ခဲ့တဲ့နယ်မြေလို့ ဆိုကြတယ်။ လက်ရှိနိုင်ငံရေးပဋိပက္ခတွေကတော့ ၂၀ရာစုအစပိုင်းမှာစတင်ခဲ့ကြတာပါ။ ဂျူးတွေနှိပ်စက်ညဉ်းပန်းခံရပြီး ဥရောပထဲထွက်ပြေးကြရင်း ဗြိတိသျှအင်ပါယာထဲက အာရပ်နဲ့ မူစလင်အများစုရှိနေတဲ့နယ်မြေကို မွေးရပ်ဇာတိအဖြစ်တည်ထောင်ချင်ကြတယ်။ အာရပ်တွေက အဲဒီမြေဟာ တရားသဖြင့်သူတို့ပိုင်ဆိုင်တဲ့နယ်မြေအဖြစ် ခုခံကာကွယ်လိုတယ်။ အစောပိုင်း UN အစီအစဉ်မှာ ဆုံးရှုံးသွားတဲ့မြေရဲ့ အပိုင်းကို အုပ်စုတစ်ခုစီကို ပေးမယ်စီစဉ်ကြပါတယ်။ ပြီးတော့ အစ္စရေးနဲ့ ပတ်ဝန်းကျင် အာရပ်နိုင်ငံတွေဟာ အဲဒီနယ်မြေမှာစစ်ပွဲများစွာ ဆင်နွှဲခဲ့ကြတယ်။ ဒီနေ့အရေးကိစ္စတွေမှာ အဲဒီစစ်ပွဲတွေထဲက စစ်ပွဲနှစ်ပွဲကြောင့် ထိခိုက်မှုရလာဒ်တွေရရှိကြတယ်။ တစ်ခုက ၁၉၄၈ မှာ ဆင်နွှဲတဲ့စစ်ဖြစ်ပြီး တခြားစစ်ပွဲကတော့ ၁၉၆၇ စစ်ပွဲပါ။

Thursday, September 07, 2017

ကောင်းကင်မှာထိန်ထိန်သာနေတဲ့ ငွေလမင်း

(ခင်မေသစ်)
ကြည့်စမ်း  အသက်တွေက ကြီးလာပါပကော။ ကိုယ့်ကိုယ်ကိုယ် မာလှချည့် ထင်နေတာ ဗြုံးကနဲ ဒိုင်းကနဲ ဖြစ်လိုက်တော့ ကျော်မကောင်း ကြားမကောင်း ဆေးရုံတွေရောက် အရေးပေါ်တွေရောက် ဟိုလူမနေရ ဒီလူမနေရ ဆစ်ဒနီက လူမနေရ ဆားဘီးယားကလူလည်းမနေရ ရန်ကုန် မန္တလေး ပျဉ်းမနား မနေရ  တော်တော်ကို အရုပ်ဆိုးလိုက်တာလေ။ နေကောင်းပြီဆိုတော့လည်း လူကသာ နေကောင်းတာ ဦးနှောက်က မကောင်းဘူး။ စိတ်ရှုပ်မခံနိုင်ဘူးလေ။
အရေးထဲ   စုမီအောင့်ကဗျာတစ်ပုဒ်ကို သွားသတိရတယ်။ 

Wednesday, July 05, 2017

ကတ္တီပါသားတော်လှန်ရေးအောင်မြေ ပရတ်ဂ်မြို့ဆီ (အပိုင်း ၁)

ဒီနှစ်နွေရာသီအပမ်းဖြေခရီးအတွက် သွားလည်ချင်တဲ့နေရာရွေးကြတဲ့အခါ ချမ်းအေးလှတဲ့ဆောင်းကာလကတည်းက စိတ်ကူးထားမိတဲ့ Czech Republic နိုင်ငံ Prague ပရတ်ဂ်မြို့ကိုပဲ Tour နဲ့ သွားကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ tour တွေလိုက်ကြည့်ကြတော့ ဈေးနှုန်းရယ် ကိုယ်သွားချင်တဲ့ရက်တွေလိုက်ကြည့်ပြီး tour ကိုရွေးလိုက်ကြပါတယ်။ ခရီးစဉ်ထဲ boat trip ၊ Spa နဲ့ နောက်ထပ် ဂျာမနီနိုင်ငံထဲက မြို့လေးဆီသွားကြမယ့်ခရီးစဉ်တွေအတွက် လိုက်ချင်တဲ့သူတွေက ကျသင့်တဲ့ဈေးနှုန်းထပ်ပြီးပေးရမှာပါ။

Monday, June 05, 2017

Love conquers fear ❤ Love conquers hate

သီချင်းတွေနားထောင်ရတာကြိုက်လို့ လိုက်ရှာနားထောင်ဖြစ်ရင်း၊
One Love Manchester ဂီတပွဲက သီချင်းတွေနားထောင်ရင်း သူတို့နဲ့အတူ မျက်ရည်ကျရပြန်ရော
သီချင်းတွေအမှတ်တရ ဒီမှာသိမ်းထားဦးမယ်။
London bridge attack အကြောင်း မေမေ့ကို ပြောပြတော့ မေမေကပြောတယ်။ အမုန်းကို အမုန်းနဲ့ချေဖျက်လို့မရဘူးတဲ့။ ဒီပွဲမှာ သူတို့ပြောသွားသလိုမျိုးပဲပေါ့။