မဂ္ဂဇင်းစာစောင်တွေထဲက ဗေဒင်ကဏ္ဍမှာ ကရကဋ်ရာသီဖွားဆိုရင် ကဏန်း ကောင်ရုပ်ပုံနဲ့ ယှဉ်တွဲဖော်ပြလေ့ရှိပါတယ်။ ကျွန်မက အဲ့ဒီ့ရာသီဖွားပေါ့။ တချို့က ပြောတယ်။ အဲ့ဒီရာသီဖွားတွေဟာ ကဏန်းကောင်ဘေးတိုက်သွားသလိုပဲ အများနဲ့ ဆန့်ကျင်ပြီး ကန့်လန့်လုပ်တတ်ကြတယ်တဲ့။ အရာရာတိုင်းမှာ လူတွေနဲ့ဆန့်ကျင်ပြုပြီး ကန့်လန့်တွေးမယ် ကန့်လန့်လုပ်မယ်ဆိုတဲ့ အတွေးနဲ့ကြိုတင်ကြံဆ ထားတာတော့ ကျွန်မမှာ မရှိဘူး။ ဒါပေမယ့် သတိထားကြည့်မယ်ဆိုရင် ကျွန်မရဲ့အကြိုက် ကျွန်မရဲ့အတွေး ကျွန်မရဲ့လုပ်ရပ်တွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ သိသိသာသာကြီး ကွဲလွဲနေတာတော့ အမှန်ပါပဲ။ လူဆိုတာ လူတွေထဲက လူတွေပဲမို့ အများကြိုက်တာကို အကြိုက်များကြပြီး အများလုပ်တာကို အလုပ်များကြတယ်။ ဒါဟာ ပုံမှန်သဘာဝ တစ်ခုပဲလို့ ကျွန်မစဉ်းစားမိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အများကြိုက်တာကို ကြိုက်မရ၊အများကြိုက်တာကို မလုပ်ချင်နဲ့၊ ဘာကြောင့် အဲ့ဒီသဘာဝနဲ့ ဆန့်ကျင်နေသလဲ တော့ မဆိုနိုင်ဘူး။ ကျွန်မလိုလူတွေလည်း ဒီကမ္ဘာကြီးမှာ အများကြီးရှိမှာပါ။ ကျွန်မအပါအဝင် ဒီလိုလူတွေဟာ သာမာန်လူတွေနဲ့ မတူလို့ တမူထူးတယ် ဆိုရပေမယ့် အင်အားနည်းတဲ့လူနည်းစုဖြစ်လေတော့ထူးခြားမှုဟာ မပေါ်လွင်ဘဲ အများတကာရဲ့ လှောင်ပြောင်ကဲ့ရဲ့ တာကိုပဲ ခံကြရတာများပါတယ်။
ကျွန်မသူငယ်ချင်းရဲ့ အစ်ကို(ံနလေနပ နြအေူ ဂစ်တာသမားတစ်ယောက်) ဆိုရင် ခုခေတ်ဂီတာသမားအများစုလို ဆံပင်ရှည်မထားဘူး၊ အရက်ဘီယာမသောက် ဆေးလိပ်မသောက်ဘူး(မူးယစ်ဆေးမမှီဝဲဘူး)။မိန်းမစိတ်မဝင်စားဘူး။ အဲ့ဒီတော့ သူ့ကို အပေါင်းအသင်းတွေက 'ာနအေူ ဂျယ်ကြီး' လို့ကွယ်ရာမှာ ဟားကြသတဲ့။ ခလေးလူကြီး မိန်းမယောက်ျားမရွေး ကြိုက်ကြတဲ့ဘောလုံးပွဲတွေကို ကျွန်မက မကြိုက်ဘူး။ အနည်းဆုံး ဒေးဗစ်ဘက်(ခ)ဟမ်းပါတဲ့ အင်္ဂလန်အသင်းပွဲစဉ်လောက်တော့ ကြည့်ဖြစ်မှာပါလို့ သူငယ်ချင်းတွေက မယုံသလိုဝိုင်းပြောကြတယ်။ ဟင့်အင်းတစ်ခါမှကို မကြည့်တာ၊ စိတ်ကိုမဝင်စားဘူးလို့ အမှန်အတိုင်းပြောတော့ 'ထွင်တာပါကွာ'တဲ့။ ရာဇာနေဝင်းဆိုပြီး ဆယ်ကျော်သက်လေးတွေ သဲသဲလှုပ်နေချိန်မှာ ဆယ်ကျော်သက်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကျွန်မကတော့ အဲ့ဒီမင်းသားကို လုံးဝမကြိုက်ဘူး။ မိန်းကလေးတွေဂရေဟမ်၊ ဇော်ပိုင်နဲ့ တဟမ်ထဲဟမ် တပိုင်ထဲပိုင်နေကြပေမယ့် ကျွန်မဖြင့်သူတို့ကို အသံရော လူပါမနှစ်သက်ဘူး။ သီဟန်မှကြိုက်သေးဆိုတော့ ဘယ်သူလဲ သီဟန်ဆိုတာတဲ့။ လူသိနည်းတဲ့(သူတို့မသိတဲ့) အဆိုတော်ကို ချောင်ဂလောင်က ဆွဲထုတ်လာပြီး သူတို့နဲ့ဆန့်ကျင်ပြုတယ်မြင်ကြပြန်ရော။
ဒါတွေက ပမွှားကိစ္စလေးတွေပါ။ ကျွန်မနဲ့ သူငယ်ချင်းတွေးကြားမှာ အဲ့ဒါ တွေထက်ပိုဆိုးတဲ့ အကြီးစားသဘောထား ကွဲလွဲမှုတစ်ခုရှိနေတယ်။ အဲ့ဒါက ဘာလဲဆိုတော့..........
တစ်နေ့က အတန်းထဲမှာ ဆရာမက 'စိတ်ကူးဖလှယ်တမ်းကစားကြမယ်' လို့ ဆိုတယ်။ 'စိတ်ကူးထဲမှာ အိမ်တစ်လုံးဆောက်ကြည့်ပါ၊ ဘယ်နေရာဘယ် အပိုင်းကို အလှဆုံးအကောင်းဆုံးဖြစ်အောင်လုပ်မလဲ' လို့ ဆရာမကမေးတော့ တစ်ယောက်တစ်မျိုး ကိုယ့်စိတ်ကူးတွေကို အလုယက်ဖြေမိကြတာပေါ့။ တချို့က အိမ်ရှေ့မှာ ပန်းခြံကလေးလုပ်မယ်တဲ့။ အဲ့ဒီမှာမှ အကောင်းစား ပန်းပင်တွေစိုက်ချင်သူနဲ့၊ တကယ့်မြို့တော်ရဲ့ ပန်းခြံတွေလို ခုံတန်းတွေ ရေတံခွန်တွေ ကစားကွင်းတွေပါထားချင်သူနဲ့။ တချို့ကတော့ အိမ်နောက်ဖေးမှာ သီးပင်စားပင်တွေစိုက်ပြီး ဥယျာဉ်ကလေးလုပ်မယ်တဲ့။ ဘော်လုံးကွင်း လုပ်ချင်သူ၊ တင်းနစ်ကွင်းလုပ်ချင်သူ၊ ရေကူးကန်လုပ်ချင်သူနဲ့ စုံလို့ပါပဲ။ တချို့ကံသာနျအကိငသ အသေးစားကလေးလုပ်မယ်၊ သူငယ်ချင်းတွေစုပြီး သီချင်းဆိုမယ် အသံသွင်းမယ်တဲ့။ တချို့က စာဖတ်ခန်းတစ်ခုလုပ်မယ် ညဖက်စာဖတ်ဖို့ အကောင်းဆုံွးှဘေူနူောစ တွေနဲ့ အခန်းကို အလှဆင်မယ်တဲ့။ တချို့ဧည့်သည်တွေလာတတ်တဲ့ ဧည့်ခန်းကို အကောင်းဆုံးအသားနားဆုံးဖြစ်အောင် လုပ်မယ်တဲ့။ အဲ့ဒီဧည့်ခန်းနံရံမှာမှ အဖိုးတန်ပန်းချီကားတွေ ချိတ်ဆွဲပြသထားချင်သူနဲ့၊ ပန်းအိုးတွေ အလှဆင်ချင်သူနဲ့၊ အကောင်းစား ကက်ဆက်တီဗွီကြီးတွေထားချင်သူနဲ့၊ ရှိုးကေ့စ်တွေထားချင်သူနဲ့ မီးဆိုင်း အလှစားတွေတွဲလောင်းချိတ်ဆွဲချင်သူတွေနဲ့၊ ငါးကန်ကလေးတွေ ထားချင်သူနဲ့ အို.. စုံလို့ပါပဲ။
တချို့က လူဟာ ကောင်းကောင်းယူဖို့ လိုတာကြောင့် အိပ်ခန်းကို ဇိမ်အကျဆုံး အကောင်းဆုံးဖြစ်အောင် လုပ်မယ်ပြောကြပြန်တယ်။အိပ်ခန်းထဲမှာ dim light ပြာလဲ့လဲ့လေးထွန်းချင်သူနဲ့၊ အိပ်ခန်းနဲ့ ရေချိုးခန်း တွဲရက်ထားချင်သူနဲ့ ၊ ပူတဲ့ရာသီအတွက် ဗငမ ခသည နဲ့ အေးတဲ့ရာသီအတွက် မီးလင်းဖိုထားချင်သူနဲ့။ကောင်လေး တစ်ယောက် ကတော့သူ့အိပ်ခန်းထဲမှာ အရက်ဘားအသေး စားလေးထားဦးကလေးထားဦးမယ်ဆိုလို့ ဆရာမကအံကြိတ်ပြလို့ ကျွန်မတို့ ရယ်ကြရသေးတယ်။ အလှကြိုက်တဲ့မိန်းကလေး တချို့က့ သအနူ က ဘနကေအပျေူသည တွေလို အလှပြင်ခန်းသီးသန့်ထားမယ်တဲ့။ နံရံ ပတ်ပတ်လည်မှာ ကိုယ်လုံးပေါ် မှန်ကြီးတွေထားချင်သူနဲ့၊ ရေနွေးကန်စိမ်ချင်သူနဲ့၊ ဘသိပ ဘနကေအပအတွက် အားကစားပစ္စည်းတွေအစုံအလင်ရှိတဲ့ အခန်းမျိုးထားချင်သူနဲ့။ တချို့က အိမ်ပြင်ထွက်စရာမလိုဘဲ ကမ္ဘာကြီးနဲ့ဆက်သွယ်ဖို့ ကွန်ပျူတာအခန်းတစ်ခန်းလုပ်မယ်တဲ့။ တချို့က စက်ဘီးတွေ ဆိုင်ကယ်တွေ ကားတွေထားနိုင်တဲ့ ဂိုဒေါင်ကြီးတစ်ခု အပျံစား ဆောက်မယ်ပြောတယ်။ စိတ်ကူးတွေကို ကြားရတာ ပျော်စရာပါပဲ။
ကျွန်မအလှည့်မှာ မီးဖိုချောင်ကလေးတစ်ခုကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်လဲဆိုရော ကျွန်မဘေးနားက သူငယ်ချင်းတွေ နှာခေါင်းရှုံ့လိုက်ကြတာ ကျွန်မမြင်တယ်။ ထွင်ပြန်ပြီလို့ ခပ်တိုးတိုးပြောသံလည်း ကြားမိတယ်။ ကျွန်မက စိတ်ကူးရှိတဲ့အတိုင်း ပြောလိုက်တာပါ။ ဟင်းသီးဟင်းရွက်တွေကို သန့်ရှင်းစွာဆေးကြောဖို့ ပန်းကန်ဆေးတာတွေနဲ့မရောနှောဘဲ သီးသန့်ဘေစင်တစ်ခုလုပ်မယ်၊ လေဝင် လေထွက် ကောင်းအောင် ပြူတင်းပေါက်တွေများများလုပ်မယ်၊ ဓါးတွေနဲ့ စဥ့်တုံးတွေကို သားငါးလှီး ဖို့က သက်သက်၊ ဟင်းရွက်ဟင်းသီးလှီးဖို့က သက်သက်ထားမယ်၊ တစ်ရေးနိုး ဆာလောင်ချိန်မှာ အိပ်ချင်မူးတူးနဲ့ခလုတ်မတိုက်ရလေအောင် ညမီးသီးပြာလဲ့လဲ့လေး ထွန်းမယ် စသည်ဖြင့်ပေါ့။
မီးဖိုချောင်နဲ့ ပတ်သက်တဲ့ ကျွန်မစိတ်ကူးကို စိတ်ဝင်တစား လက်ခံသူ ဆရာမတစ်ယောက်သာ ရှိမှာပါ။ ရှေ့ခုံတန်းက မိန်းကလေးတချို့ဆိုရင် အံ့သြတဲ့အသွင်နဲ့ သမင်လည်ပြန်လှည့်ကြည့်ပြီး တီးတိုးတီးတိုးလုပ်နေကြတယ်။သူတို့ရဲ့ နှုတ်ခမ်း ထောင့်စွန်းတွေကတော့ တစ်ညီတစ်ညွတ်တည်းကွေးတက်နေကြပြီး ကျွန်မကို လှောင်ရယ်ချင်တဲ့ပုံက သူတို့မျက်နှာမှာ အထင်းသားပေါ်လွင်နေလေရဲ့။ ဒါကိုမြင်တော့ ရှက်ရွံ့သလိုဖြစ်သွားပြီး ကျွန်မရဲ့စိတ်ကူးကို ခပ်မြန်မြန်လက်စသတ်လိုက်ပေမယ့် နားထောင်မယ့်သူသာရှိမယ်ဆိုရင် စိတ်ကူးတွေကို ရွက်လွှင့်ပြီး မရပ်မနားပြောပစ်ချင်တဲ့ အထိပါပဲ။ မီးဖိုချောင်နဲ့ပတ်သက်တဲ့ စိတ်ကူးတွေဟာ တလွှာပြီးတလွှာ တကန့်ပြီးတကန့်နဲ့ ကျွန်မအတွေးထဲမှာ ရစ်ဝဲဖြာကျခဲ့ပါတယ်။
ကျွန်မရဲ့စိတ်ကူးဟာ ဘယ်သူနဲ့မှတူမနေဘဲ တမူကွဲပြားနေတာကြောင့် အများ တကာရဲ့ရယ်ပွဲဖွဲ့တာကို ခံခဲ့ရပါတယ်။ တကယ်မရှိတဲ့စိတ်ကူးကို ဟန်လုပ်ပြောတာမျိုး မဟုတ်ဘဲ အစစ်အမှန်စိတ်ကူးကို ပုံဖော်ပြောခဲ့တာမို့ သူတို့ဘယ်လိုထင်ထင် ကျွန်မ ကတော့ လိပ်ပြာလုံပါတယ်။ဆရာမက ပြောပါသေးတယ်။
'ခုခေတ်လူတွေဟာ အပြင်ထွက်အလုပ်လုပ်ချိန်များတာရယ်၊ အခြား အဖက်ဖက်က တိုးတက်လာတဲ့ နည်းပညာတွေဘက်ကို စိတ်ဝင်စားမှုပိုနေတာရယ် ဒါတွေကြောင့် မီးဖိုချောင်ကို ဘယ်သူမှလှည့်မကြည့်ချင်ကြတော့ဘူး'တဲ့။'အခြေအနေ အရပ်ရပ်ကြောင့် အိမ်ရှင်မတွေဟာလည်း မီးဖိုချောင်ကိုပစ်ပြီး အိမ်ပြင်ထွက်အလုပ်လုပ်နေကြပြီ။ မိုးလင်းတာနဲ့ မီးဖိုချောင်ထဲ ကသုတ်ကရက်ဝင်၊ ကပျာကရာချက်ပြုတ်စားသောက် ချိုင့်ဆွဲစရာရှိတာ ဆွဲထည့်သွားပြီး လုပ်ငန်းခွင်ပြေးကြနဲ့ အခုခေတ်အိမ်တစ်အိမ်မှာ ဖြစ်ကတတ်ဆန်းအထားဆုံးနေရာဟာ မီးဖိုချောင်ဖြစ်နေကြပြီ'တဲ့။ ဧည့်သည်ဟာ ဧည့်ခန်းမှာသာ ထိုင်တတ်တာကြောင့် လူတွေဟာဧည့်ခန်းကိုသာ အသားနားဆုံး ပြင်ဆင် မွမ်းမံတတ်ကြပြီး လူမမြင်တဲ့ အိမ်နောက်ဖေးမီးဖိုချောင်ကို ကောင်းကောင်းမွန်မွန်ထားဖို့ မလုပ်ချင်ကြတော့ဘူး'တဲ့။'ခုခေတ်မိန်းကလေးတွေဟာလည်း လစာကောင်းတဲ့ အလုပ်နောက် အလျင်မီအောင်လိုက်နေရတာနဲ့ ငွေမရတဲ့အလုပ် အထူးသဖြင့် ကိုယ့်အိမ်ထဲက မီးဖိုချောင်အလုပ်ကို မလုပ်ချင်ကြတော့ဘူး။ ဗိုက်ဆာချိန်ကျမှဖြစ်သလို ဝယ်ခြမ်းစားဖို့ အားသန်နေကြတယ်။ ထမင်းဟင်း မချက်တတ်ဘူး။ ထမင်းတစ်နပ် အတွက် မီးဖိုချောင်ထဲမှာ အချိန်ကုန်မခံနိုင်ဘူး၊ ဒီ့ထက်အရေးကြီးတဲ့အလုပ်တွေ အပြင်မှာ အပြည့်ဆိုတဲ့အသံတွေ ဟစ်ြေ အားလုံးကမေ့လျော့နေတဲ့ အရာတစ်ခုကို ကျွန်မက ဆွဲထုတ်ဖော်ပြလိုက်တဲ့ အတွက် ကျွန်မရဲ့စိတ်ကူးကို ဆရာမက အကောင်းဆုံးအဖြစ် အထူးတလည်ချီးမွမ်းခန်း ဖွင့်တဲ့အခါ ကျွန်မသူငယ်ချင်းတွေ ဆွေ့ဆွေ့ခုန်သွားကြတော့တာပါပဲ။ သူတို့ကိုလည်း အပြစ်တော့မဆိုသာပါဘူး။ ဘယ်သူမဆို ကိုယ့်စိတ်ကူးကိုသာ အကောင်းဆုံးအဖြစ် အချီးမွမ်းခံချင်ကြမှာပါ။ အဲဒီအချိန်ကစလို့ ကျွန်မဟာ သူတို့နဲ့အမြဲဆန့်ကျင်ပြုတတ်တဲ့ ဘေးတိုက်သွားတဲ့ဂဏန်းကောင် ဖြစ်ခဲ့တော့တာပါပဲ။ တကယ်ဆို ကျွန်မ အဲ့ဒီလောက် ရှည်ရှည်ဝေးဝေးမတွေးခဲ့မိရိုးအမှန်ပါ။ ဆရာမပြောမှပဲ ကျွန်မစိတ်ကူးဟာ အဲဒီလောက် တောင်မှတင့်တယ်ခမ်းနားသွားသလားလို့ အံ့သြမိရပါသေားတယ်။
ကျွန်မဘဝမှာ မီးဖိုချောင်ကလေးတွေအတော်များများ ဖြတ်သန်းခဲ့ရဖူးပါတယ်။ အကောင်းစားမီးဖိုချောင်တွေ ဘယ်လောက်ပဲကြုံဆုံခဲ့ရစေဦးတော့၊ စိတ်ကူးထဲမှာ အပျံစားမီးဖိုချောင်တွေ ဘယ်လိုပဲပုံဖော်နှစ်သက်နေစေဦးတော့၊ ငယ်စဉ်ဘဝက နေထိုင် ကြီးပြင်းခဲ့ရတဲ့ မေမေ့ရဲ့မီးဖိုချောင်ကိုတော့ ဘယ်တော့မှမေ့နိုင်မယ်မထင်ဘူး။ မေ့မေ့ရဲ့ မီးဖိုချောင်ဟာ အိမ်မကြီးရဲ့ တစ်ဖက်မှာ သီးသန့်ရှိပြီး မီးဖိုချောင်ဆိုပေမယ့် လူနေအိမ် တစ်လုံးစာလောက်တောင်မှ ကျယ်ဝန်းပါတယ်။ အိမ်ရှေ့ကဖြတ်သွားသူတွေ အမှတ်တမဲ့မြင်မိရင် ဒါဟာမိသားတစ်စုနေတဲ့ အိမ်တစ်အိမ်လို့ အထင်ရောက်ကြမှာပါ။ နောက်မှ မီးဖိုချောင်မှန်း သူတို့သိသွားကြတယ်။
ဒီလိုသိရတာဟာလည်း ဖေ့ဖေ့ရဲ့ဖိတ်ခေါ်မှု ကြောင့်ဆိုပါတော့။ ဖေဖေဟာ ဧည့်သည်လာတိုင်း သူ့စိတ်ကူးအတိုင်း ဆောက်ထားတဲ့ သူ့လက်ရာအိမ်ကို ဘယ်လိုဖွဲ့စည်းထားတယ်၊ ဘယ်လောက်ကျယ်ဝန်းတယ်ဆိုတာ (ကြွားလုံးထုတ်ပြီး) လိုက်လံပြသတတ်လို့ပါပဲ။ အိမ်ဟာ ဖေ့ဖေ့စိတ်ကူးနဲ့အိမ်ဆိုပေမယ့် အိမ်ရှင်မဖြစ်တဲ့မေမေက မီးဖိုချောင်ရဲ့အရှင်သခင်ဖြစ်လေတော့ ဒါဟာမေ့မေ့ရဲ့မီးဖိုချောင်ပေါ့နော်။ မေ့မေ့ရဲ့ မီးဖိုချောင်ဟာ အုတ်ချပ်နီနီလေးတွေ ကာရံထားပြီး လေကောင်းလေသန့်ရတဲ့ ခပ်မြင့်မြင့် ပြူတင်းပေါက်တွေရှိပါတယ်။ ပြူတင်းတံခါးတွေမှာ သံတိုင်တွေခပ်စိပ်စိပ် တပ်ထားတာမို့ တံခါးရွက်တွေကို စိတ်ချလက်ချ ဟင်းလင်းဖွင့်ထားနိုင်တယ်။ ဒါကြောင့် လင်းလင်းချင်းချင်းရှိပြီး လေဝင်လေထွက်ကောင်းတယ်။ မီးသွေးဖိုနှစ်ဖိုကို အုတ်နဲ့ အသေဆောက်ထားပြီး အပေါ်မှာမီးခိုးခေါင်းတိုင်တစ်ခု လုပ်ထားပါတယ်။ လျှပ်စစ်မီးဖိုတွေ ဆင်ထားပေမယ့် ကျွန်မတို့မြို့ကလေးက မီးပျက်တတ်တာများတော့ မီးသွေးဖိုနဲ့ပဲ စခန်း သွားရတာများပါတယ်။
ဟင်းသီးဟင်းရွက် သားငါးနဲ့ သစ်သီးတွေ မပြတ်ထည့်ထားတဲ့ ရေခဲသေတ္တာ အိုကြီးကို မီးဖိုချောင်ရဲ့ထောင့်တစ်နေရာမှာ ထားတယ်။ ကျွန်မတို့ မီးဖိုချောင်အတွက် ရေခဲသေတ္တာဟာ သိပ်တော့မလိုအပ်ပါဘူး။လတ်ဆတ်တဲ့ အသီးအရွက် သားငါးတွေ အချိန်မရွေးဝယ်နိုင်တဲ့ဈေးလေးတစ်ခု ကျွန်မတဲ့တို့အိမ်နားမှာ ရှိနေလို့ပါပဲ။ တကယ်ဆို ကျွန်မအနေနဲ့အိမ်တစ်လုံးမှာ မီးဖိုချောင်ကို အနှစ်သက်ဆုံး အတွယ်တာဆုံးဖြစ်တယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပါဘူး။ ပြန်စဉ်းစားကြည့်ရင် သဘာဝကျပါတယ်။
မိုးလင်းလို့အိပ်ယာက နိုးထတာနဲ့ မိခင်ကိုတွယ်တာတဲ့ သမီးလေး တစ်ယောက် ဟာ သူ့မိခင်ရှိရာနေရာကို အပြေးသွားစမြဲပါ။ အဲဒီအခါ သူအပြေးသွားတိုင်း သူ့မိခင်ဟာမီးဖိုချောင်ထဲမှာ မဟုတ်လား။မီးဖိုချောင်ထဲမှာ အချိန်ပြည့် အလုပ်လုပ်နေတတ်တဲ့ မေမေတစ်ယောက်ရဲ့အနားမှာ ချွဲနွဲ့နေချင်တဲ့ သမီးလေးကျွန်မအတွက် မေမေအမြဲရှိတတ်တဲ့ မီးဖိုချောင်သည်သာ ရင်းနှီးကျွမ်းဝင်ရာ ချစ်ခင်တွယ်တာရာ အားကိုးခိုလှုံရာ အရပ် အဝန်းလေးတစ်ခုဖြစ်ခဲ့တာ မဆန်းလှပါဘူးနော်။ ပြီးတော့ ကျွန်မက ဘာအစားအစာမဆို မကြိုက်တာမရှိဘဲ အကုန်လုံးစားတတ်တဲ့ မိန်းကလေးတစ်ယောက်လဲ ဖြစ်ခဲ့ပါသေးတယ်။ မီးဖိုချောင်ထဲမှာ မေမေအမြဲရှိနေတာရယ် အစားအစာခုံမင်တာရယ် ဒီအချက်နှစ်ချက်ဟာ မီးဖိုချောင်တွေကိုနှစ်သက်မြတ်နိုးရတဲ့ အဓိကအကြောင်းရင်းတွေဖြစ်မယ်ထင်ရဲ့။
တခြားအိမ်တွေတော့ ဘယ်လိုရှိမယ်မဆိုနိုင်ဘူး။ ကျွန်မတို့အိမ်မှာတော့ လူစုံတက်စုံအရှိဆုံးနေရာကို ပြပါဆိုရင် မီးဖိုချောင်ကိုသာညွှန်ပြရမှာပါ။ ကျွန်မတို့မောင်နှမ တတွေ ကစားသွားသွား၊ ကျောင်းသွားသွား၊ အလုပ်သွားသွား စားသောက်ချိန်အမီတော့ မီးဖိုချောင်ဆီကို တိုင်ပင်မထားပါပဲ အကုန်လုံးပြန်လာကြတာချည်းပါပဲ။ ဖေဖေဟာ သူဘယ်လောက် ဆာနှင့်နေပါစေ၊ သားသမီးတွေ အကုန်စုံတဲ့အထိစောင့်ပြီး ထမင်းလက်ဆုံ စားလေ့ရှိတယ်။ ပြီးတော့ တစ်ချို့လူတွေလို မီးဖိုချောင်ဟာ ငါတို့ယောက်ျားတွေနဲ့မဆိုင်ဘူး၊ မိန်းမတွေအလုပ်လို့သဘောမထားဘဲ သူစားချင်တဲ့ (မေမေမချက်ရဲတဲ့ ဖားတို့ ဂဏန်းတို့ ငါးရှဥ့်တို့ ဆိတ်ဝက်ကလီစာတို့) ဟင်းတွေကို သူ့ဘာသာဈေးဝယ်လာပြီး ကိုယ်တိုင် ဝယ်ချက်လေ့ရှိတာမို့ ကျွန်မတို့မီးဖိုချောင်ဟာ စားဆိုမှုးနှစ်ယောက်နဲ့စိုစိုပြည်ပြည်တွေ့ရတတ်တယ်။
ပြီးတော့ ဖေဖေဝင်ချက်တဲ့နေ့ဆို ကျွန်မတို့ပိုပျော်မိတယ်။ဖေဖေနဲ့မေမေဟာ သူ့ဟင်းကကောင်းတယ် ငါ့ဟင်းက ကောင်းတယ်၊သူ့ဟင်းကိုကလေးတွေ ပိုကြိုက်တယ် ငါ့ဟင်းကိုကလေးတွေ ပိုကြိုက်တယ်နဲ့ အပြိုင်အဆိုင်ချက်ကြလို့ပါပဲ။ အဲ့ဒီမှာ အဖေတူသမီးနဲ့ အမေတူသားသမီးရယ်ဆိုပြီး ကွဲပြားပေါ်ထွက်လာစရာ အကြောင်းရှိပေမယ့် မေမေတစ်ဘက်လှည့်နေချိန် ဖေဖေ့ဟင်းပိုကောင်းတယ်၊ ဖေဖေ့အလစ်မှာ မေမေ့ဟင်းပို ကောင်းတယ်နဲ့ မျက်စပစ်ပြောပြီး နောက်ဆုံး ကျွန်မတို့ သားသမီးတွေကတော့ ဖေဖေ့ဟင်းရော မေမေ့ဟင်းပါ အကုန်ပြောင်တဲ့အထိ ဝိုင်းတွယ်ကြတာချည်းပါပဲ။ ဒါ့ကြောင့် နွေးထွေးမှု၊ စည်းလုံးမှု၊ စိုပြည်မှုတွေလွှမ်းခြုံခဲ့တဲ့ မေမေ့မီးဖိုချောင်ကလေးကို ကျွန်မသေသည့်တိုင်အောင် မေ့ရနိုင်မယ် မဟုတ်တော့ပါဘူး။
ကျွန်မက သည်မီးဖိုချောင်လေးထဲမှာ မေမေ့ကို ကူညီလုပ်ကိုင်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ကူညီမှုဟာ တကယ့်အစိတ်အပိုင်းသေးသေးကလေး ဖြစ်သွားစေတဲ့အထိ မေမေ့ရဲ့မီးဖိုချောင်အလုပ်တွေဟာ အံ့ဘနန်းများပြားပြီး ကြီးကျယ်ခမ်းနားနေတတ်ပါတယ်။ တစ်နေ့တစ်နေ့ မဆုံးနိုင်အောင် များပြားတဲ့ မီးဖိုချောင်လုပ်ငန်းတွေကြားမှာ ကျွန်မဟာ မေမေ့လိုတော့ ဇွဲရှိရှိမလုပ်နိုင်ခဲ့ပါဘူး။ လုပ်ခွင့်လည်း မရဘူး။ ငယ်တုန်းကျတော့လည်း ဓါးရှမှာစိုးလို့၊ အပူလောင်မှာစိုးလို့၊ ကြီးတော့လည်း အတန်းကြီးသည့်အလျောက် ကျောင်းစာတွေများလို့ စာကိုသာကျက်မှတ်ဖို့ ကျွန်မကို မီးဖိုချောင်ထဲကနေ မေမေတွန်းထုတ်ခဲ့တာကြောင့် မေမေ့ရဲ့မီးဖိုချောင်ထဲမှာ ကျွန်မဟာ မဝင်ဆံ့နိုင်ခဲ့ပါဘူး။ ဧည့်ခံပွဲတွေ၊ အခမ်းအနားတွေ၊ လုပ်ငန်းခွင်တွေမှာ ဘယ်လောက်ပဲ ဝင်ဆန့်ဝင်ဆန့် မီးဖိုချောင်တစ်ခုခုမှာ ဝင်ဆန့်နိုင်ခြင်း မရှိတဲ့လူဟာလူရာမဝင်သေးသလို လူဖြစ်ရကျိုး မနပ်သေးသလိုပဲလို့ ကျွန်မစိတ်အထင်ရောက်မိတယ်။ တစ်နေ့နေ့မှာတော့ မီးဖိုချောင်တစ်ခုထဲမှာ အရေးပါ အရာရောက်သူအဖြစ် ထဲထဲဝင်ဝင် ဝင်ဆန့်နိုင်တဲ့သူ တစ်ဦးဖြစ်ဖို့ ကျွန်မမျှော်လင့်ပါတယ်။
မိသားစုကို တွယ်တာတဲ့ ကျွန်မအဖို့ မိသားစုတစ်စုလုံး စုစုစည်းစည်းရှိတဲ့ သည်မီးဖိုချောင်ကိုချစ်ခင်တွယ်တာမိတာ မဆန်းတော့ပါဘူးနော်။
မကြာခင်မှာပဲ နောက်ထပ်မီးဖိုချောင်တစ်ခုကို ကျွန်မကြုံရပါတယ်။ကြည့်မြင့်တိုင်နယ်မြေမှာ ပထမနှစ်စတက်တဲ့အခါ ကျောင်းနဲ့ခပ်နီးနီးမှာ အဆောင်တစ်ခု ငှားနေပါတယ်။ အဲဒီအဆောင်ပိုင်ရှင်အဒေါ်ကြီးရဲ့ မီးဖိုချောင်ပါပဲ။ အဆောင်သူတွေအတွက် ထမင်းဟင်းချက်ရောင်းတဲ့အခါ တစ်ခြားအဆောင်သူတွေက ချိုင့်တွေခွက်တွေနဲ့ လာတွယ်သွားပြီးကိုယ့်အခန်းကို ကိုယ်ပြန်စားကြ ပေမယ့် ကျွန်မက သူ့ရဲ့မီးဖိုချောင်မှာပဲ စားပါတယ်။အိမ်နဲ့မခွဲစဖူး စတင်ခွဲရလို့ အိမ်လွမ်းဝေဒနာကို တနင့်တပိုးခံစားနေရတဲ့ ကျွန်မအတွက် သူ့ရဲ့မီးဖိုချောင်ထဲရောက်ရတာ မြို့ကလေးမေမေ့ရဲ့မီးဖိုချောင်ထဲ ပြန်ရောက်ရသလို ခံစားရလို့ပါ။ ဝေးကွာနေတဲ့ မေမေ့ရဲ့အရိပ်သဏ္ဌာန်ကို သည်မီးဖိုချောင်မှာ ရိပ်ကနဲရိပ်ကနဲ ပြန်လည်မြင်ယောင်မိရတတ်တာမို့ မေမေ့ကို လွမ်းတဲ့စိတ်တွေ သက်သာရာရပြီး နွေးထွေးလုံခြုံမှုကိုလည်း တစ်ပြိုင်နက်ခံစားမိရလို့ပါပဲ။
သူ့ရဲ့မီးဖိုချောင်ဟာ မေမေရဲ့မီးဖိုချောင်လိုကျယ်ကျယ်ဝန်းဝန်းမဟုတ်ပေမယ့် ကျွန်မ နှစ်သက်မိပြန်တယ်။ အဆောင်ပြန်ဝင်နောက်ကျရင် လကုန်ရက်ရောက်လို့ အဆောင်လခပေးတာ နောက်ကျရင် ယောက်ျားလေးဧည့်သည်လာရင် မျက်နှာရှစ်ခေါက် ချိုးနဲ့ ပုပ်သိုးသိုးမှုန်ကုပ်ကုပ် ကြည့်ကြည့်နေတတ်တဲ့ အဆောင်ရှင်အဒေါ်ကြီးဟာ သူ့ရဲ့မီးဖိုချောင်ထဲမှာ ချက်ပြုတ်ကြော်လှော်နေစဉ်မှာတော့ အဲ့ဒီအလိုမကျမှုတွေကင်းစင်နေပြီး ကမ္ဘာကြီးအတွက် တကယ့်အရေးပါတဲ့ စက်ယန္တရားကြီးတစ်ခု လည်ပတ်နေတာကို ကိုယ်တိုင်ကိုယ်ကျကိုင်တွယ်မောင်းနှင်နေရသလို ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ စီမံခန့်ခွဲချက်ပြုတ်နေပုံဟာ အမှန်ပဲကြည့်ကောင်းပြီးအားကျစရာလည်းကောင်းလှပါတယ်။ သူ့ကိုကြည့်ပြီး သူ့မီးဖိုချောင်ထဲထမင်းထိုင်စားနေရတာဟာ သူ့ဆီက အဲ့ဒီယုံကြည်မှုတွေ ကျွန်မဆီကိုကူးလူးသက်ဝင်လာသလို ခံစားရတယ်။ သူချက်ကျွေးတဲ့ အစားအစာ တစ်နပ်စာ စားပြီး သူ့မီးဖိုချောင်ထဲက တစ်ခါတစ်ခေါက်ပြန်ထွက်လာတိုင်း ကျွန်မကိုယ်ထဲ မှာ ထူးခြားတဲ့အားအင်တွေ ပြည့်ဖြိုြး
ကျွန်မဟာ ဘယ်လောက်ထိပဲမီးဖိုချောင်ကို တွယ်တာနှစ်သက်မိသလဲဆိုရင် စာမေးပွဲရက်အတွင်း စာကြည့်တာတောင်မှပဲ ထိုင်စရာခုံရယ်လို့သီးသန့်မရှိတဲ့ အဲဒီ မီးဖိုချောင်ရဲ့ထောင့်တစ်နေမှာ ကြမ်းပြင်ပေါ်စာအုပ်တွေချပြီး စာသွားကြည့်တဲ့အထိပါပဲ။ မေမေ့ရဲ့မီးဖိုချောင်ထဲမှာ အိမ်စာတွေထိုင်လုပ်ရင်း မေမေချက်တဲ့ဟင်းတွေကို ခေါင်း တငြိမ့်ငြိမ့်နဲ့ လျှာအရသာခံထိုင်မြည်းရင်း ကုန်လွန်ခဲ့ရတဲ့ကလေးဘဝအချိန်တွေကိုလည်း ပြန်ပြောင်းသတိရ လွမ်းဆွတ်မိရတတ်တယ်ဆိုတာ ဝန်ခံပါတယ်။
ပထမနှစ်၊ ဒုတိယနှစ် နှစ်နှစ်တာကျွမ်းဝင်ခဲ့ရတဲ့ အဲဒီမီးဖိုချောင်လေးကို ခွဲခွာထားရစ်ပြီး တတိယနှစ်မှာတော့ ဘုံမီးဖိုချောင်လေးတစ်ခုနဲ့ ကျွန်မတွေ့ခဲ့ရတယ်။ အဲ့ဒီအဆောင်ပိုင်ရှင်က ထမင်းဟင်းချက်စားခွင့်ပြုပြီး မီးဖိုချောင်နေရာတစ်ခု သီးသန့် ပေးထားလို့ပါပဲ။ တကယ်တော့ အဆောင်တန်းလျားရဲ့အနောက်ဘက်မှာ အဖီ ထုတ်လိုက်ပြီး အဲဒီလူသွားလမ်းအရှည်ကလေးမှာ ချက်ပြုတ်ဖို့ခွင့်ပြုထားတာပါ။ အဆောင်သူအားလုံးပိုင်တဲ့ ဘုံမီးဖိုချောင်ကလေးပဲဆိုပါတော့။ ကျဉ်းမြောင်းတဲ့နေရာကလေးမို့ ကိုယ့်နေရာနဲ့ကိုယ် သတ်မှတ်ထားလို့မရဘဲ သူပြီးရင်ကိုယ်ဝင်၊ ကိုယ်ဝင်ရင် သူကဖယ်နဲ့ အလျဉ်းသင့်သလို ရွှေ့ ပြောင်းလုပ်ကိုင်ကြရလို့ အတော့်ကို ကသီလင်တနိုင်ပေမဲ့ ဒီဘုံမီးဖိုချောင်ကလေးကိုလည်း ကျွန်မနှစ်သက်မိပါတယ်။
မေဂျာမတူ အတန်းမတူလို့ကျောင်းအတူမသွားဖြစ်ကြတဲ့ အဆောင်သူတွေဟာ ကျောင်းကပြန်လာပြီးနောက် ညနေစာချက်ပြုတ်ချိန်မှာတော့ ဘုံမီးဖိုချောင်ကလေးထဲမှာ စကားတပြောပြော၊ တရုန်းရုန်းနဲ့အဖွဲ့ကျသွားကြပါတယ်။ ပုံမှန်ချက်ပြုတ်မစားတဲ့သူ တောင်မှ အနည်းဆုံးကော်ဖီသောက်ဖို့ ရေနွေးကြိုတာမျိုး၊ ခေါက်ဆွဲပြုတ်လုပ်စားတာမျိုး ရှိတာကြောင့် ဒီဘုံမီးဖိုချောင်ကလေးကို ဘယ်သူမှကင်းကွာပြီးမနေနိုင်ကြပါဘူး။ ဟင်းချက်တဲ့အဆာပလာပစ္စည်းတွေ ကိုယ့်မှာကုန်ရင် သူ့ဆီတောင်း၊ သူ့မှာလိုတဲ့အခါ ကိုယ်ကပေးနဲ့ ကျောင်းအတူသွား ပရက်တီကယ် အတူတွဲလုပ်တာထက် ပိုပြီးအဓိကကျတဲ့ ရင်းနှီးခင်မင်မှုမျိုးကို ကျွန်မတို့အချင်းချင်း အပြည့်အဝရကြပါတယ်။ ဒီလိုအတွင်း ကျကျ ရင်းနှီးမှုမျိုးကို တခြားဘယ်မှာမှ မရနိုင်ဘူးလို့ ကျွန်မထင်ပါတယ်။ ဒါဟာ မီးဖိုချောင်လေးကပေးတဲ့ ညီညွတ်ခြင်းသဘောကိုဖော်ဆောင်တဲ့ ခင်မင်မှုတွေပါ။
ကျွန်မတို့ကြားမှာ ပညာအဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ လူမျိုးအသွေးအရောင်၊ ကိုးကွယ်ယုံကြည်မှု စသည်ဖြင့် အဲ့ဒီအရာတွေကွဲပြားခြားနားမှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အားနည်းချက်အားသာချက် အရာခပ်သိမ်းဟာ သည်ဘုံမီးဖိုချောင်လေးထဲမှာတော့ နည်းနည်းကလေးမှအသုံးမဝင်တဲ့ အပိုပစ္စည်းတွေရယ်ပါ။
'တို့အိမ်မှာ ဘယ်လိုနေနိုင်တယ်၊တို့တော့ ဘယ်လိုဘယ်ချမ်းသာ...'ဆိုတဲ့ စကားတွေ ဟာလဲ ကျွန်မတို့သုံးနေတဲ့ အညံ့စားဆားတစ်ထုပ်လောက်တောင်မှ အသုံးမကျပါဘူး။ ချက်ပြုတ်ပြီးစီးတဲ့အခါ မီးဖိုချောင်ထဲကနေ လွင့်ထွက်ကွယ်ပျောက် သွားကြရမယ့် မီးခိုးငွေ့မီးခိုးမျှင်တွေရယ်ပါ။ အရာမထင်ပါဘူး။ သည်ဘုံမီးဖိုချောင် လေးထဲမှာတော့ ကျွန်မတို့အားလုံးအတူတူ တစ်ပြေးညီရှိကြပါတယ်။ မီးဖိုချောင်လေးထဲ အတူတကွရှိနေကြစဉ်မှာ ကျွန်မတို့ဟာ ဘယ်သူမှ ဝတ်ကောင်းစားလှတွေ ဝတ်ဆင် မထားကြဘူး။ ဘယ်သူမှ မိတ်ကပ်နှုတ်ခမ်းနီတွေ ခြယ်သမထားကြဘူး။ ဘယ်သူမှ ဘိနပ်အကောင်းစားတွေစီးမထားကြဘူး။ ပြီးတော့ ဘယ်သူမဆို အိမ်ကိုလွမ်းဖူးကြတယ်။ ဘယ်သူမဆို ပိုက်ဆံပြတ်ဖူးကြတယ်။ ဘယ်သူမဆို အကြောင်းတစ်ခုခုကြောင့် စိတ်ရှုပ်ငိြုေ
ဘာတွေဘယ်လိုပဲဖြစ်နေနေ နောက်ဆုံးတော့ သည်မီးဖိုချောင်လေးထဲမှာ တရုန်းရုန်းနဲ့ လည်ပတ်နေကြတာပါပဲ။ ဝမ်းဗိုက်ရဲ့ဆာလောင်မှုကို ကျွန်မတို့ လျစ်လျူရှုလို့မှ မရတာ။ မီးဖိုချောင်ထဲမှာ စကားတပြောပြောနဲ့၊ ချက်ပြုတ်စားသောက်ကြ ရင်းနဲ့ ကျွန်မတို့ရဲ့လက်ရှိပြဿနာအခက်အခဲတွေကိုတောင်မှ အံ့သြစရာ လျစ်လျူရှု နိုင်ခဲ့ကြပါတယ်။
နောက်ဆုံးနှစ်မှာ ကျွန်မအဆောင်ပြောင်းပြီး ထပ်တွေ့ရတဲ့ မီးဖိုချောင်ကလေး ကတော့ မီးဖိုချောင်လို့မဆိုသာတဲ့ တိတ်တခိုးမီးဖိုချောင်ကလေးပါ။ အဲဒီအဆောင်ရှင်က ချက်ပြုတ်စားသောက်ခွင့် မပြုတဲ့အတွက်၊ 'မီးပူတိုက်သည်မှအပ တခြားအသုံးမပြုရ'လို့ စာတန်းကပ်ထားတဲ့ ကုတင်ခြေရင်းက ပလပ်ပေါက်မှာ ကိုယ့်ဟာကိုယ် စားချင်တာ လေးတွေ တိတ်တိတ်လုပ်စားရတာမို့ ကျွန်မအတွက် ဒါဟာ တိတ်တခိုးမီးဖိုချောင်လေး ပဲပေါ့။ ကုတင်တစ်လုံး၊ စားပွဲတစ်လုံးစာသာရှိပြီး အခန်းကျဉ်းလေးထဲမှာ ထမင်းပေါင်း အိုးတစ်ခုနဲ့ ပန်းကန်ခွက်ယောက်တချို့တို့ကကျွန်မရဲ့မီးဖိုချောင်ပစ္စည်းတွေပါ။ သူတို့ဟာ အခန်းထဲမှာ ဝံ့ဝံြ့
အဲဒီမှာ လမ်းဘေးထမင်းဆိုင်တစ်ဆိုင်ရဲ့ မီးဖိုချောင်တစ်ခုနဲ့ပါ ကျွန်မ ရင်းနှီးသွားခဲ့ပြန်ပါတယ်။ အဲဒီ ထမင်းဆိုင်မှာ ထမင်းစားတိုင်း စားပွဲခင်းတွေအကျအနနဲ့ ခင်းကျင်းပြင်ဆင်ထားတဲ့နေရာထက် ဆိုင်ရဲ့နောက်ထဲက မီးဖိုချောင်ကိုပဲ ကျွန်မ ကြည့်လို့ နေမိတတ်တယ်။ အများအားဖြင့် လာစားသမျှသူတွေဟာ ဆီညှော်နံ့ မီးခိုးနံ့နဲ့ဝေးရာ အပြင်ဘက်ကျကျစားပွဲမှာ နေရာယူတတ်ကြပေမယ့် ကျွန်မကတော့ ဒီလိုမဟုတ်ဘူး။ မီးဖိုချောင်ကို ခြုံငုံမြင်သာနိုင်တဲ့ အတွင်းပိုင်းအကျဆုံးစားပွဲမှာသာ ထိုင်လေ့ရှိပါတယ်။ နောက်ပိုင်းဆိုင်ရှင်နဲ့ ရင်းနှီးလာတဲ့အခါ ကျွန်မဟာ ထမင်းပန်းကန်တွေကို ကိုယ်တိုင် သယ်ယူ စားသောက်တော့တာပေါ့။ ကျောင်းသွားခါနီး အဝတ်အစားတွေနဲ့ ဒီလိုပြုမူတာကို အဓိပ္ပါယ်မရှိဘူးလို့ တချို့က မြင်ကြတယ်။ ကျွန်မအထင် ဒီလိုလုပ်ခြင်းအားဖြင့် (မီးဖိုချောင်နဲ့ကင်းကွာလို့ အေးစက်စပြုနေတဲ့) ကျွန်မရဲ့နှလုံးသွေးတွေဟာ တဖန်ပြန်လည်ပူနွေးလာကြပြီး ကျွန်မရဲ့အားအင် တက်ကြွမှုအလုံးစုံဟာ တဟုန်ထိုးမြင့်တက်လာ သလို ခံစားရတာမို့ ကျွန်မအတွက်တော့ အဓိပ္ပါယ်တစ်ခုရှိနေပါတယ်။ ဒါတင် မကသေးပါဘူး။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ကျွန်မဟာ မြို့ထဲအိမ်ကနေ ကျောင်းလာတက်ကြတဲ့ သူငယ်ချင်းတွေဆီ သွားလည်တတ်တယ်။ ကျွန်မအနေနဲ့ ဒါဟာမီးဖိုချောင်တွေဆီအလည်အပတ်သွားပြီး နွေးထွေးမှုကို ရှာဖွေခိုလှုံဖို့ ကြိုးစားခြင်းပါ။သူငယ်ချင်းတွေရဲ့ မေမေတွေက အဆောင်သူလေးမို့ အစားအသောက်ဆင်းရဲရှာမယ်ဆိုပြီး ကျွန်မရောက်လာတိုင်း ကောင်းပေ့ဆိုတဲ့စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံကြတယ်။
ဒါပေမယ့် ကျွန်မတကယ်တမ်း စိတ်ဝင်စားတာက ချက်ပြုတ်ပြီး စားပွဲပေါ်အဆင်သင့်ခင်းကျင်းပေးလာတဲ့ အစားအသောက် ပန်းကန်တွေမဟုတ်ဘဲ ဒီအစား အစာတွေရအောင် ချက်ပြုတ်တဲ့အမေတစ်ယောက်နဲ့အတူ သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာ သက်ဝင်စီးမြော နေတဲ့ မီးဖိုချောက်လေးတစ်ခုကိုပါ အရှင်လတ်လတ်တွေ့မြင်နေရမှတော့ ဧည့်ခန်းဆီသွားပြီး မဆိုင်သူတွေလို အခန့်သားကြီး ထိုင်မနေချင်ပါဘူး။ မီးဖိုချောင်လေး တွေနဲ့ အရင်ကကျွမ်းဝင်မှုရှိခဲ့ဖူးတယ်ဆိုတာကို အခုမီးဖိုချောင်ကလေး သိစေချင်တယ်။ ကူညီ လုပ်ကိုင်ပေးရင်းနဲ့ လူနဲ့လူ၊ လူနဲ့မီးဖိုချောင် အဲဒီလို ယှက်နွယ်ပြီး သက်ဝင်စီးမြောရတဲ့ အရသာကိုခံစားချင်တာလေ။
အစပိုင်းမှာ အားတုန့်အားနာဖယ်ထုတ်ကြပေမဲ့ နောက်ပိုင်းမှာ ကျွန်မက အပေါ်ယံမဟုတ်ဘဲ စိတ်နှလုံးနှစ်မြှုပ်ပြီး ကူညီမှုပေးချင်တာမှန်း သိသွားတဲ့အခါ သူတို့ဝမ်းမြောက်ဝမ်းသာခွင့်ပြုလာကြပါပြီ။
ကျွန်မရင်းနှီးခွင့်ရတဲ့အထဲမှာ (၁ဝ)ပေ ပတ်လည်သာရှိတဲ့ တိုက်ခန်းမီးဖိုချောင် ကျဉ်းကျဉ်းတွေရယ်၊ ဟိုတယ်က စားဖိုဆောင်တမျှ ခမ်းနားကျယ်ဝန်းလှတဲ့ အပျံစား မီးဖိုချောင်တွေရယ်၊ ကြက်သွန်ခွံတွေ ဟင်းရွက်ဖတ်နဲ့အမှိုက်သရိုက်တွေ ဖွာလန် ကြဲနေတဲ့ ညစ်ထေးထေးမီးဖိုချောင်တွေရယ်၊ အနေစုတ်ပေမယ့် မြပဝါပိတ်ပါးတစ်စလို ရှင်းသန့်သန့်မီးဖိုချောင်တွေရယ် မီးဖိုချောင်အမျိုးမျိုးအဖုံဖုံကို ကျွန်မတွေ့မြင်ရတယ်။ ပြီးတော့ တစ်ပြိုင်နက်တည်းမှာပဲ အိမ်ရှင်မ မေမေတွေ အမျိုးမျိုးအစုံစုံကိုလဲ ကျွန်မ တွေ့ကြုံရ ပါတယ်။ ချွေးတလုံးလုံးနဲ့ လက်တွေနဲ့ချက်ပြုတ်တဲ့ မေမေတွေရယ်၊ လက်ညှိုးထိုးညွှန် ကြားပြီး ပါးစပ်တွေနဲ့ ချက်ပြုတ်တဲ့မေမေတွေရယ် စုံလို့ပါပဲ။ စိတ်ရှည်မှုမရှိတဲ့ မေမေတွေကို တွေ့တဲ့အခါမှာတော့ သားသမီး (၇)ယောက်ကို အဆင်သင့်စားသောက်နိုင်အောင် ဘယ်လိုစိတ်ရှည်မှုမျိုးနဲ့များ ကျွန်မရဲ့ မေမေချက်ပြုတ်ကျွေးခဲ့တာပါလိမ့်လို့ အတွေးဖြာရ တော့တာပါပဲ။ မေမေ့မှာ မီးဖိုချောင်တစ်ခုလုံးကို နိုင်နင်းတဲ့ (မျက်လှည့်ပြသလို) မှော်အတတ်ပညာများ ကိန်းဝပ်နေရော့သလားလို့ တအံ့တသြဖြစ်မိတဲ့အထိပါပဲ။
ကျောင်းပြီးတဲ့အခါ မေမေရဲ့မီးဖိုချောင်နဲ့ ဝေးကွာရပြန်တဲ့အကြောင်းက ကျွန်မဟာ အိမ်ထောင်ပြုပြီး ခင်ပွန်းသည်ရဲ့ အိမ်ကိုလိုက်သွားခဲ့လို့ပါ။ အဲဒီမှာ ကျွန်မအတွက် နောက်ထပ် မီးဖိုချောင်အသစ်တစ်ခုနဲ့ မလွဲမသွေကြုံ ရပြန်ပါတယ်။(အဲ့ဒါဟာ ကျွန်မနဲ့ဘယ်တော့မှ အသားကျလာမှာမဟုတ်တဲ့ အမြဲအသစ်ဖြစ်နေမယ့် တစိမ်းတရံစာ မီးဖိုချောင်ဆိုတာကို နောင်ကာလကြာရှည်မှ ကျွန်မ သိလိုက်ရတယ်)။ သည်မီးဖိုချောင်ဟာ မေမေ့ရဲ့မီးဖိုချောင်လို ကျယ်ဝန်းလှပေမဲ့ ပစ္စည်းတွေဟာ သူ့နေရာနဲ့သူ ဘယ်တော့ မှရှိမနေကြဘူး။ အိမ်သားတွေများတာကြောင့်ထင်ရဲ့။ ဆာတဲ့သူက ကိုယ့်ဖာသာဝင်စားနဲ့ သူတစ်လူ ငါတမင်းပြုကျင့်တဲ့ပုံစံကြောင့် မီးဖိုချောင်ဟာ အတော် ဖရိုဖရဲနိုင်တယ်လို့ ကျွန်မမြင်မိတယ်။
သည်မီးဖိုချောင်ထဲရောက်ပါမှ ကျွန်မဟာနွေးထွေးမှု၊ စည်းလုံးမှု၊ စိုပြည်မှုတွေ မပြတ်လွှမ်းခြုံနေတဲ့ မေမေရဲ့မီးဖိုချောင်ကို အရမ်းကာရော လွမ်းဆွတ်မိတော့တယ်။ မေမေရဲ့မီးဖိုချောင်မှာ မေမေ့လိုဝင်ဆန့်နိုင်အောင် ကြိုးစားပြီး မေမေ့ကိုတစ်လှည့် ကျေးဇူးပြုမယ်ဆိုတဲ့ စိတ်ကူးတွေရှိခဲ့ဖူးပေမဲ့ လက်ရှိအခြေအနေအရ ကျွန်မဟာ ဟောသည့်အိမ်ရဲ့မီးဖိုချောင်ထဲ ရောက်နေပါပြီ။ အဓိကအရေးပါသူ တစ်ဦးအနေနဲ့ တော့မဟုတ်ပါဘူး။ သူတို့စိတ်တိုင်းမကျတာကို သတိထားရှောင်၊ သူတို့စိတ်တိုင်း ကျတာကို အထူးလုပ်ဆောင်ပေးရတဲ့ အရံလူတစ်ဦးအနေနဲ့သာပါ။တစိမ်းဆန်မှု၊ အလိုမကျမှု၊ မယုံသင်္ကာမှု၊ စိတ်မရှည်မှုနဲ့ ငြူစူကပ်တွက်မှုတွေ ဒီအိမ်ရဲ့မီးဖိုချောင်နံရံမှာ ဘယ်လောက်ပဲကပ်ငြိနေစေဦးတော့ မီးဖိုချောင်ကတော့ မီးဖိုချောင်ပဲမို့ ကျွန်မနှစ်သက်မိတယ်ဆိုတာ သံသယဖြစ်ဖို့မလိုပါဘူး။
ညနက်နက်ကျမှ အလုပ်က ပြန်ရောက်လာမယ့် ခင်ပွန်းသည်ကိုစောင့်ဆိုင်းရင်း မနက်အတွက်ရေနွေးကျို၊ တစ်နေ့တာ စားကြွင်းစားကျန်တွေကို အမှိုက်ပုံးထဲစွန့်ပစ်၊ အိုးခွက်ပန်းကန်တွေကို အကုန်အစင်ဆေးကြောပြီး နေရာတကျစီစဉ် မှောက်ထား လိုက်တယ်။ ဒီဟာတွေကို ကျွန်မအနေနဲ့မလုပ်ဘဲ နေရင်ရနိုင်ပေမဲ့ ဒီလိုလုပ်ခြင်းဟာ တစ်နည်းအားဖြင့် တစိမ်းဆန်နေတဲ့ မီးဖိုချောင် လေးကို ကျွန်မနဲ့ရင်းနှီးလာအောင် မီးဖိုချောင်လေးကို ကျွန်မချစ်သလို ကျွန်မကို မီးဖိုချောင်က ချစ်ခင်လာအောင် တွေ့ထိ လေ့ကျင့်ပေး နေခြင်းပါပဲ။
ဒီလိုလုပ်နေခိုက်မှာ တစ်နေ့တာအေးစက်နေတဲ့ ကျွန်မရဲ့နှလုံးသွေးတွေဟာ ပူနွေးလည်ပတ်လာပြီး ကျွန်မဟာထူးထူးကဲကဲ လွတ်လပ်ပျော်ရွှင်နေပါတယ်။ စိတ်ဟာလည်း နေ့ခင်းတုန်းဆီက တင်းကျပ်မှုတွေ လျော့ပါးလာပြီး အထူးပဲ တက်ကြွရွှင်လန်းနေပါတယ်။
ပြီးတဲ့အခါ ရေချိုးပြီးခါစကလေးငယ်တစ်ယောက် သနပ်ခါးပါးကွက်ကြားနဲ့ မွှေးမွှေးပျံ့ပျံ့ရွှင်ရွှင်မြူးမြူးရှိနေသလို သပ်ရပ်ကျော့ရှင်းသွားတဲ့ မီးဖိုချောင်ကလေးကိုကြည့်ပြီး ညအမှောင်ထဲမှာ တိတ်တဆိတ်လေးကြည်နူးနေမိတယ်။ ဒီအိမ်ရဲ့မီးဖိုချောင်ဟာ ကျွန်မ ကြိုက်နှစ်သက်တဲ့အနေအထားမျိုးမဟုတ်ပေမဲ့ ဘယ်မီးဖိုချောင်မဆို ချစ်ခင်နှစ်သက် လေ့ရှိတဲ့ ကျွန်မကတော့ ကိုယ့်လက်ရာလေးတွေ (တဒင်္ဂအားဖြင့်) လွှမ်းခြုံနေတဲ့ဒီမီးဖိုချောင်လေးကို ကြည့်ပြီး ကျေနပ်ရပါတယ်။
မိုးလင်းတဲ့အခါ အိမ်သားတွေ တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆင့် နောက်ဆင့်နိုးထလာရင်တော့ ကျွန်မရဲ့ညတုန်းက အစီအစဉ်တကျ ထားသိုမှုတွေဟာ တစ်ခုပြီးတစ်ခုဖရိုဖရဲဖြစ်ကုန်ဦးတော့မှာ။ ဒါပေမဲ့ ကျွန်မ မပူပါဘူး။ ဒီအနေအထားတွေ ခဏလေးနဲ့ပျက်စီးယိုယွင်းသွားခဲ့ရင် ဒါဟာ မီးဖိုချောင်ထဲနောက်တစ်ခါ အမြန်ဆုံးပြန်ဝင်ရဖို့ အခွင့်အလမ်းတစ်ရပ်ပေါ်တာပါပဲလို့ တွေးပြီး သဘောကျနေမိတယ်။
တကယ့်ဝမ်းနည်းစရာအကောင်းဆုံးအဖြစ်က မီးဖိုချောင်လေးတွေကို အထူးတလည် ချစ်ခင်နှစ်သက်မိတဲ့ ကျွန်မလို မိန်းကလေးဟာ ခုချိန်ထိ ကိုယ်ပိုင်မီးဖို ချောင်လေးတစ်ခုတောင်မှ မရှိနိုင်သေးတာပါပဲ။
ကျွန်မဆိုလိုတာက ကိုယ့်လက် ကိုယ့်ခြေနဲ့ပိုင်ပိုင်နိုင်နိုင်လုပ်ခွင့်ရတဲ့ မီးဖိုချောင် လေးမျိုးကိုပါ။ ပန်းကန်ခွက်ယောက်တွေ ဆီဆား ငန်ပြာရည်အချိုရည် စသဖြင့် မီးဖိုချောင်နဲ့ပတ်သက်တဲ့ ပစ္စည်လေးတွေကို ကျွန်မစိတ်ကူးနဲ့ကျွန်မ သင့်လျော်သလို စီမံခန့်ခွဲပြီးနေရာချထားခွင့် ရှိရမယ်။ အာလူးအခွံခွာတာကအစ ကျွန်မစိတ်ကူးနဲ့ကျွန်မ ပုံဖော်လှီးဖြတ်ခွင့်ရှိရမယ်။ ပြီးရင် ဟင်းတစ်ခွက်ကို ကျွန်မစိတ်ကူးနဲ့ကျွန်မ အစအဆုံးစီမံချက်ပြုတ်ခွင့်ရရမယ်။ ဟင်းတွေကျက်တဲ့အခါ ကျွန်မဖာသာသင့်တင့်တဲ့ ဟင်းခွက်တွေရွေးချယ်ထည့်ပြုလို့ ပြင်ဆင်ခွင့်ရှိရမယ်။ ဒါကိုဆိုလိုတာပါ။
အရင်ကတော့ ဟိုတယ်စားဖိုဆောင်တမျှ ခမ်းနားကျယ်ဝန်းတဲ့ အကောင်းစား မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ မီးဖိုချောင်အပျံစားတစ်ခုကို စိတ်ကူးမျှော်လင့်ဖူးတယ်။ အခုတော့ ကျဉ်းကျဉ်းကလေးပဲဖြစ်ပါစေ၊ ရှိသင့်ရှိထိုက်တဲ့ အလောတော် ပစ္စည်းကလေးတွေနဲ့ အသင့်အတင့်မီးဖိုချောင်တစ်ခုကိုသာ လိုချင်ပါတော့တယ်။ စိတ်ရောကိုယ်ပါ နစ်မြှုပ်ပြီး အရေးပါသူအဖြစ် ဝင်ဆန့်နိုင်ဖို့ကသာ အဓိကအကျဆုံးလို့ ကျွန်မသိလိုက်ရလို့ပါ။
အဲဒီလို မီးဖိုချောင်ကလေးဆီကို ဘယ်အချိန် ဘယ်ကာလကျမှ အရောက် သွားနိုင်ပါ့မလဲလို့တွေးရင်း အဲဒါဟာ အခုညအိပ်မက်ကနိုးထလာမယ့် မနက်ဖြန် နံနက်ခင်းလေးပဲ ဖြစ်လိမ့်နိုးနိုးနဲ့ ကျွန်မလေ နှစ်နှစ်ခြိုက်ခြိုက်တောင် အိပ်မရနိုင် တော့တဲ့အထိ ရင်တထိတ်ထိတ်နဲ့ မျှော်လင့် စောင့်စားနေမိပါတော့တယ်။
စုမီအောင်
၂ဝဝ၃၊ ဖေဖော်ဝါရီ၊ ချယ်ရီမဂ္ဂဇင်း
No comments:
Post a Comment