Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 24, 2014

ဝေးဝေးလံလံ စွန့်စွန့်စားစား

သွားလာကြည့်ရှုရမည့် တူရကီနိုင်ငံမှ (၆) နေရာ

နိုင်ငံတကာက ခရီးသွားဧည့်သည်
 အစုအပြုံကြီးကတော့တူရကီနိုင်ငံက  မြို့ တော် အီစတန်ဘူလ် ကို  မဲပြီး သဲသဲ မဲမဲကို ရောက်ရှိလာကြပါပြီ။အစ္စတန်ဘူလ် ဆိုတာက တကယ့် ရှေးဟောင်းမင်းနေမြို့တော်ကြီးတစ်မြို့ မဟုတ်ပါလား။
သိပ်ကို ခမ်းနား သိုက်မြိုက် ခဲ့တဲ့မြို့ကြီးပါ။ ရိုးရာ ဓလေ့ ထုံးစံတွေ နှင့် မိမိတို့  ယဉ်ကျေးမှု နှင့် မိမိတို့  ဂုဏ်သိက္ခာ ရှိရှိ နေထိုင်ခဲ့ကြတာပါ။


တူရကီဟာ   ရှေးဟာင်း အမွေ အနှစ် အဆောက်အဦအပျက်အစီးတွေ  တစ်ပုံ တစ်ပင် ကြွယ်ဝချမ်းသာတဲ့ ရင်သပ် ရှုမောဖွယ် နိုင်ငံဖြစ် နေတာပါ။ တချို့ ဆိုလို့ ရှိရင် ထူးခြားတဲ့ နေရာတွေပါ။ ရေကို ချစ်တဲ့ ကုန်းတွင်းပိုင် ပင်လယ် ထဲက ထူးဆန်းသော မျက်စိ ရှိသူ ကြောင်ကလေး။ တောင်တန်းကြီးပေါ်မှာက နောအေးရဲ့ သမ္မာကျမ်းစာလာ လှေကြီး။ လှပတဲ့ မြေထဲပင်လယ်ရဲ့  နေ၀င်ချိန် အလှ တောင်တန်း ဆည်းဆာ ဒါတွေဟာ ကမ္ဘာတလွှား ခရီးသွားဧည့်သည်များ အကြိုက် တွေပါပဲ။ ခေတ်သစ် မြို့ တော် အစ္စစတန်ဘူလ် နဲ့   ရှေးဟောင်း မြို့ တော် အင်ကာရာ  သင် ရောက် အောင် ဆက်ဆက်လာခဲ့ပါ။ ဒါပေမဲ့ မြို့က သိပ်ကျယ်ဝန်းပြီး လေ့လာစရာ တွေက အလွန်ဆွဲဆောင်လွန်းတာကြောင့် ခရီးသွားဧည့်သည်တွေအတွက် ပင်ပန်း နိုင်ပါတယ်။ ရှု လို့ မဆုံး ကြည့်လို့ မဆုံးနိုင်တဲ့ မြို့တော်ရဲ့  ရိုးရာ ယဉ်ကျေးမှုတွေ က တခန်းတနားမို့ လား။

ရထားလေးနဲ့  သွားလို့ ကြည့်နိုင်တယ်။ ခရီးသွား ဧည့်သည်များဟာ စွန့် စွန့် စားစား သွားရ လာရ တဲ့ အလုပ် ကို တနေ့ တခြား ပို နှစ်သက် ခုံမင် လာကြတယ် တဲ့။ ဘယ်လောက် ဝေးဝေး  ဝေးပါစေ။ 
ကောင်းကင် ရထား လေးနဲ့  သွားကြရအောင်။ ဒါ တူရကီက အသည်းတယားယား စွန့် စားသွားလာရမယ့် အစီအစဉ်ကလေးပါ။ မြို့တော်အစ္စစတန်ဘူလ် နဲ့  မြို့ တော် အင်ကာရာ ကို သွားရင် ၀ှီကနဲဆို ၀ှီ ခေါ်လိုက်တာနဲ့  ချက်ချင်းပဲ ရောက်သွားမှာပါ။ ရထားအသစ်စက်စက် ကလေးနဲ့နော်။The Dogu Expresi က (Eastern Express) ညနေ  6 p.m.ထွက်ပါမယ်။ ကီလို မီတာ ၁၅၀၀ ဝေးတာမို့  ၂၄ နာရီလောက် တော့ စီးရ နိုင်ပါတယ်။ တူရကီဟာ သိပ်ကိုမှ ကျယ်ဝန်းလှတယ်။ 

Kayseri, Sivas နှင့် Erzurum, တို့ ကို ဖြတ်ကျော် ရပ်နားမှာ ဖြစ်ပါတယ်။ 
ရထားကက်ဘင် အိပ်ခန်းက ၂ ခန်းပါဝင်ပါတယ်။ စမ်းတွင်းရေဖြည့်ထားတဲ့ ရေခဲသေတ္တာငယ် ကလေးတခု ပါမယ်။ အပျော့စားသောက်စရာ အရက်ပါမယ်။အ၀တ်လျှော်စက်ပါမယ်။ ရေပူ ရေအေးစနစ် ပါရှိပါတယ်။ တစ်နေ့လုံး ဧည့်ကြိုလူငယ်လေးတွေက သင်တို့ အလိုကျ စားစရာ သောက်စရာတွေကို ဖွယ်ဖွယ်ရာရာ ယူဆောင် ပေးနေမှာပါ။ dining car လို့ ခေါ်တဲ့ စားစရာ သယ်ဆောင်လာမယ့်ကားလည်း လိုက်ပါလာနေပါပြီ။
တစ်ခုခု မှာကြားချင်ရင် အွန်လိုင်းကနေ Turkish State Railwaysကို (+90 0216 337 8724),  ဖုန်းနံပတ်အတိုင်း မှာကြားနိုင်ပါတယ်။ ကုန်ကျစရိတ်ကတော့ တယောက်ကို ၄၅ ဒေါ်လာ ထဲပါ။ အိပ်ခန်းခ ပါဝင်ပြီးဖြစ်ပါတယ်။
Hunt rare ruinsအပျက်အစီးပုံများကို အနံ့ ခံခြင်း
သင့်အနေနဲ့ လမ်းလျှောက်သွားကြည့်ဖို့ ဆိုတာ  မလွယ်လှဘူး။ရှေးဟောင်း အမွေအနှစ် ပေါင်းစုံက  မနည်းးလှဘူးလေ။တကယ်ပေါများ ကြွယ်ဝ လှပါတယ်။ပေါ်ပြူလာ အဖြစ်ဆုံးက Ephesus --ပါပဲ။တနှစ်ပတ်လုံး ခရီးသွားတိုးရစ်တွေ မပြတ် ၀င်ထွက် နေကြတယ်။

များပြားလှတဲ့ အပျက်အစီးပုံထဲမှ လိပ်တကောင် ၏ ရုပ်ကြွင်း ပန်းပု ဆရာတစ်ယောက်လက်ရာ 
Bodrum , Marmaris or Kusadasi စတဲ့ ကမ်းရိုးတန်း အနီး  အပန်းဖြေရိပ်သာများ ဟာလည်း နာမည်ကြီး လှတယ်။ Dalaman Airport.လေယာဉ်ကွင်း နှင့်လည်း ခရီးသွားများအတွက် အလွန်အဆင်ပြေစေနိုင်တဲ့ အနေအထားပါ။ ကားငှားရမ်းခလည်း သက်သာ ပါတယ် တဲ့။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀၀န်ကျင်က နာမည်ကျော် ပန်းပု ဆရာကြီးများ၏ လက်ရာကို ပြတိုက် များမှာ တွေ့ မြင် နိုင်ပါတယ်။ ပြတိုက်ရဲ့ လိပ်စာ က 
Ancient Aphrodisias, Geyre Bedesi, Karcasu; +90 256 448 8003; open (site and museum) April-October, daily 10 a.m.-7 p.m.; November-March, daily 10 a.m.-5 p.m.; ဖြစ်ပါတယ်။

Sail an inland sea
ပင်လယ်ထဲမှာ ရွက်လွှင့်ကြရအောင် 
ကီလိုမိတာ ၁၂၀လောက်ကိုတော့ ကျော်ဖြတ်ကြရမှာပါ။အနက်က မီတာ ၄၀၀လောက် ရှိပါတယ်။ Lake Van  တဲ့။ဒါဟာ ကုန်းတွင်းပိုင်း ပင်လယ်လေးတခုပေါ့။
ရေမှာ ဆားဓါတ်သတ္တုရည် ပျော်ဝင် ပါရှိနေပါတယ်။ရေတိမ်ပိုင်းမှာ အပြာရောင် နို့ နှစ်ရည်လို အဆင်းရှိပြီး အလွန် လှပ ပါတယ်။ ရေထွက်ပေါက် မရှိပါဘူး။ သဘာဝအတိုင်းမဟုတ်ဘဲ ရေနက် အတွင်းပိုင်းမှာ  ထူးဆန်းတဲ့ ဇီဝရုပ်  ဗက်တီးရီးယား တွေ အစုအဖွဲ့  နှင့် အုပ်စု ဖွဲ့ နေပုံဟာ မီတာ ၄၀ လောက်မြင့်တဲ့ မျှော်စင် လိုပါပဲ။ 
inci kefali ခေါ်တဲ့ ပုလဲရောင် ငါးတမျိုးကိုလည်း ထူးထူးဆန်းဆန်းတွေ့ နိုင်ပါတယ်။ hyper-alkaline အချဉ်ဓါတ်လွန်ကဲတဲ့ ရေမှာ ရှင်သန်နေထိုင်တဲ့ငါးတမျိုးသာ ဖြစ်ပါတယ်။ ပင်လယ်ရေ ပြင်မှာ ရွက်လွှင့် ထွက်ခွာဖို့  ၀ါသနာပါရင် ထွက်ခွာနိုင်ပါတယ်။ လူတိုင်လိုလို  အပျော် လှေ စီး ထွက်လေ့ရှိပါတယ်။
  
Van: odd-eyed swimming cats and an ancient church
ရှေးဟောင်း.ဘုရားကျောင်းတခုမှာ နေတဲ့ ကြောင်ကလေးတွေ ကြောင် သားပေါက် ကလေးတွေ က ရေကူးတတ်သတဲ့။ မျက်လုံးကလေးတွေကလည်း ထူးထူးဆန်းဆန်း ပြာလဲ့ ပြီးဝင်းတောက်နေသတဲ့။နှာတံကလေး က ပန်းနုရောင် သမ်းနေသတဲ့။ ရေသရဲ လေး များလား ထင်ရတယ်။ ရေမှာပျော်တယ် တဲ့။ရေတိမ်ပိုင်းမှာ သင်လည်း ရေကူးနိုင်ပါတယ်။ ရေပေါ်ပေါ်နေတာမို့  ရေမနစ် နိုင်ပါဘူးတဲ့။
ဟို လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်လောက်က အာမေးနီးယားနိုင်ငံဆိုတာ ရှိခဲ့တယ်။ အဲဒီနိုင်ငံရဲ့  အစိတ်အပိုင်းတခု ဖြစ်ခဲ့တယ်။ Akdamar Island ဆိုတာ အဲဒီ ရေကန်ရဲ့ ကမ်းခြေကနေ ၃ ကီလို မီတာ  လောက်ဝေးတယ်။အဲဒီ မှာ နေတဲ့ရှေးအာမေးနီးယန်းလူမျိုး Surb Kach ဆိုတာ ရှိတယ်။ (Holy Cross) churchလို့ ခေါ်တဲ့ ဘုရားကျောင်းမှာ နေတာပါ။ သူက ရေ ဆေးနှင့်ရော သစ်သားမှာပါ ထွင်းထုပြီး မှတ်တမ်းတင်ခဲ့တယ်။ ကြောင်လေးရှိတဲ့ Van  ကနေ၅၀ကီလိုမီတာ ဝေးတဲ့ Gevas ကို အလယ်အပတ်သွားရောက်နိုင်ပါသေးတယ်။
Grand Deniz Turizm, Van-Tatvan Highway, 40 kilometers from Gevaş and Van (+90 432 612 4038), offers boat trips to Akdamar and other islands in the lake.သွားရောက်နိုင်တဲ့ လိပ်စာကို ဖေါ်ပြပေးထားပါတယ်။
Cycle among mountains
Turkey has thousands of miles of mountain and forest trails.တူရကီမှာ တောတွေ တောင်တွေထဲ လည်ရ ပတ်ရတာ ဟာ တနေရာနှင့် တနေရာ မိုင် ပေါင်း များစွာ ကွာဝေးတတ်ပါတယ်။ ထူးခြားဆန်းပြားတဲ့ မြင်ကွင်းတွေကို ရှုစားဖို့  River Coruh တောင်ကြား နှင့် Kackarတောင်းတွေမှာ ဆက်သွယ်ထားတဲ့ ကောင်းကင် ရထားလေးတွေ ရှိပါတယ်။မြစ်ထဲမှာ ဖေါင်ကလေးနှင့် လည်ပတ်ချင်ရင်လည်း ရပါသေးတယ်။
မီတာ ၃၉၃၂ မြင့်တဲ့ နှင်းဖုံးတောင်တန်းတွေမှာ သွားရောင် လည်ပတ်နိုင်ပါသေးတယ်။

Pick your trail
နွေရာသီ ဇွန်လကနေ သြဂတ်စ်လထိ လယ်လို့ ပတ်လို့  အကောင်းဆုံးပေါ့။ အစ္စတန်ဘူလ် က စားသောက်ဆိုင်တွေကတော့ အပျံစားတွေချည်းပါပဲ။ ပင်လယ်နက်ကမ်းခြေကိုလည်း သင် ရောက်ဖူးသွားမှာပါ။ Ankaraကနေ ကောင်းကင် ရထားလေးနဲ့ သွားချင်ရင်တော့ ရင်တဖိုဖို နှင့် တကယ့်ကို စွန့ စားရပါလိမ့်မယ်။  Erzurum မှနေ Istanbul  သိ့ မဟုတ် သို့  သို့ မဟုတ်  Ankaraသို့   ရထားလေးနဲ့  လည်နိုင်ပါတယ်။.ကီလို မီတာ ၁၂၀လောက်တော့ဝေးနိုင်ပါတယ်။
တကယ့်ကို ခမ်းနားလှတဲ့ ကောင်းကင် ရထားလေးပါပဲ။ခြေနင်းပြီးသွားတဲ့ကောင်းကင် ကြိုးရထားလည်း ရှိပါသေးတယ် ။
The Lycian Way ခရီးစဉ်ကလေးက နှစ်သက်စရာပါပဲ။   အေဂျီယန် ပင်လယ်ကနေ မြေထဲ့ပင်လယ်ထိ လမ်းလျှောက် သွားနိုင်ဖို့  ၂၀၀၀ခုနှစ်က ခရီးပေါက်နိုင်ပါတယ်.။   Lycian coast ကမ်းခြေနှင့်အပြိုင်  လမ်းကြေင်း ရှာဖွေ တီထွင် ခဲ့တာပါ။  Antalya-based  အခြေစိုက်စခန်းက Kate Clow က ထူထောင်ခဲ့ပါတယ်အပန်းဖြေစခန်းတွေ ဧည့်ဂေဟာတွေလည်း ခရီးလမ်းတလျှောက် ပြည့်နက် နေပါတယ်။ခရီးသွားမယ် ဆိုရင် တော့ ဘယ်လို အစီအစဉ်မျိုးပံ ဖြစ်ဖြစ် အားလုံးဟာ အတူတူ ချောမွေ့နေပါလိမ့်မယ်။ မီတာ ၁၈၀၀ နီးပါး ဝေးကွာပါလိမ့်မယ်။

A view along the Lycian Way
လမ်းလျှောက်သွားမယ် ဆိုရင် အနည်းဆုံး ကီလိုမီတာ ၅၀၉ ကွာလှမ်းမှာ ဆိုတော့ သီတင်းလေးပတ်တော့ အချိန်ပေးရပါလိမ့်မယ်။သင် မလျှောက်နိုင်ဘူး ဆိုရင်လည်း ပြည့်တွင်း သယ်ယူ ပို့ ဆောင်ရေး တွေ ရှိနေတာမို့  တရက် နှရက် နှင့် ရောက်နိုင်ပါတယ်။  
လေကြောင်းခရီးစဉ် အများအပြား ရှိနေပါတယ်။ဥရောပလေကြောင်းခရီးစဉ်နှင့်လည်း တိုက်ရိုက် ပျံသန်း သွားရောက်နိုင်ပါတယ်။
အကောင်းဆုံးလည်ပတ်ဖို့  အချိန်ကတော့ အေပြီ ။မေနှင့် အောက်တိုဘာ လများမှာ ဖြစ်ပါတယ်။
 Lycianway.com or Cultureroutesinturkey.com ကို ဆက်သွယ်နိုင်ပါတယ်။

ဘုရားသခင် ဗျာဒိတ်ပေးခြင်းခံရတယ် ဆိုတဲ့ သမ္မာကျမ်းစာလာ နောအေးရဲ့ လှေကြီးစခန်းချ နားနေရာ Mt. Ararat).ကို ၀င်ရောက် ခိုနား လေ့လာနိုင်ပါတယ်။ တူရကီတောင်တန်းတွေရဲ့  အပေါ်မှာ နောအေးရဲ့  လှေကြီး ခိုနားခဲ့သေးသတဲ့။ မီတာ၅၁၃၇မြင့်ပါတယ်။
တချို့က အယုံအကြည် ရှိကြတယ်။ Ararat  တောင်ထိပ် အချွန်ကနေ တူရကီ ရှိရာကို  လှမ်းမျှော်ကြည့်ရင် တကယ့် ပြားပြား ချပ်ချပ် လေးပဲ မြင်ရတယ်တဲ့။ အီရန်နဲ့ အာမေးနီးယားလည်း အတူတူပါပဲ။ ဘယ်လိုပဲ လမ်းညွှန်စာအုပ်တွေ သုံးသုံး Mt. Ararat ကတော့ ခရီးလမ်း ကြမ်းလွန်းတယ် တဲ့။ ကျွမ်းကျင်သူများသာသွားဖို့ သင့်တယ်။ သို့ သော်လည်း ၀ါသနာပါလို့  စိတ်ဓါတ် ကြံ့ ခိုင်ရင် အရှုံး မပေးပါနှင့် ဆက်ဆက် တက်ရောက်ပါလို့  အားပေးထားပါတယ်။ အပူဒါဏ် အအေးဒါဏ်ကိုတော့ ခံနိုင်ရည် ရှိရပါလိမ့်မယ်။

The  great Istanbul hotels အီစတန်ဘူလ် က ဟိုတယ်များ 
ဟိုတယ်တွေက အပျံစားနော်။ မဆလာ အနံ့ သင်းသင်းမွှေးမွှေးလေးကို စားရဖွယ် ရှိပါတယ်။ဒါပေမဲ့ အနောက်တိုင်းအစားအစာကို သင် မှာမယ်ဆို ဘာမဆို မှာကြားလို့ ရပါတယ်။အပျော်ထမ်း ဂိုက်ကလေးတွေကိုတော့ ရှောင်ကျင်ပါ လို့  သတိပေးထားပါတယ်။ အသွားအပြန် ၅ရက်ဆို ပြည့်စုံပါတယ်။ ခပ်သွက်သွက် ရှောက်လေ့ရှိတဲ့ မြည်းပုကလေးတွေကိုလည်း သင် စီးရနိုင်ပါတယ်။ အစ္စတန်ဘူလ် ရဲ အရှေ့ဘက် ကီလိုမီတာ ၁၅၀၀အကွာက Dogubayazit  မြို့ကို သင် တွေ့ရမှာပါ။ လေးနာရီ ငါးနာရီလောက် မောင်းရင် Erzurum နဲ့  Van လေဆိပ်ကို ရောက်ပါလိမ့်မယ်။ Turkish Mountaineering Federation, Hani A Blok Kat 4, 06050 Ulus, Ankara; +90 312310 1578ကို ဆက်သွယ်နိုင်ပါတယ်။

တူရကီ ခရီးစဉ်ကတော့ စွန့် စားခန်းတွေ ချည်းပါပဲ။ ပျော်စရာလည်းကောင်းပါတယ်။ သင် ကားလမ်း။ ရထားလမ်း လေကြောင်းလမ်း စသည် အနည်းဆုံး ဘတ်စ် စသည် သင် သုံးစွဲ သွားရောက်ရပါလိမ့်မယ်။ရေကြောင်းခရီးစဉ်များမှာ လဘက်ရည် အရက်ချို အခမဲ့ အခမဲ့။ ရေနဲ့  သွားရေစာ အခမဲ့ပါ။ မီနီဘတ်စ်တွေလည်း ပြေးဆွဲ နေပါတယ်။ တခြား အခက်အခဲ ဘာမှ မရှိနိုင်ပါ။ တူရကီ မြို့တော်ကို လာရောက်လည်ပတ်ကြဖို့  ဖိတ်ခေါ်နေပါတယ်။ 

Florist
Ref: CNN Travel
(Living Fashion Magazine, October, 2014)

No comments: